## PAGE 286

**သံသုဒ္ဓံ** =(စတုတ္ထဈာန်အရဟတ္တဖိုလ်၌ဖြစ်သော) **ဥပေက္ခာသတိ**တို့ဖြင့် ကောင်းစွာသန့်ရှင်းစင်ကြယ်သော၊ **ဓမ္မတက္ကပုရေဇဝံ**=သစ္စာလေးပါး တရားတို့ကို ကြံစည်စဉ်းစားတတ်သော **သမ္မာသင်္ကပ္ပမဂ္ဂင်**ဟူသော ရှေ့ဆောင်ရှေ့သွားရှိသော၊ **အဝိဇ္ဇာယ**=အဝိဇ္ဇာအမှောင်ထုကို၊ **ပဘေဒနံ**= ထပ်၍ငြိမ်းစေသောအားဖြင့်) ဖျက်ဆီးတတ်သော၊ **ဝါ**=ဖျက်ဆီးရာဖြစ်သော နိဗ္ဗာန်ကို အာရုံပြုသော၊ (**အရဟတ္တဖလံ**=အရဟတ္တဖိုလ်ကို) **အညာဝိမောက္ခ** =**အညာဝိမောက္ခ**မည်၏ဟူ၍၊ **ဝါ**=အညိန္ဒြေ၏ အဆုံး၌ဖြစ်သော လွတ်မြောက်သော တရားဟူ၍၊ **ဝါ**=ပိုင်းခြားသိတတ်သော ပညာဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသောတရား ဟူ၍၊ **ပဗြူမိ** ဟောကြားတော်မူ၏။

#### ၄-နိဒါနသုတ်

**၃၄။** **ဘိက္ခဝေ**=တို့၊ **ကမ္မာနံ**=ဝဋဂါမိကံတို့၏၊ **ဝါ**=ဝဋ်ဆင်းရဲသို့ လားရောက်စေတတ်သော ကံတို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ဖြစ်ခြင်းငှာ၊ **ဝါ**=အားထုတ်စုဆောင်းခြင်းငှာ၊ **နိဒါနာနိ**=အကြောင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **တီဏိ**=သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်း ဟူမူ၊ **ကမ္မာနံ**=ဝဋဂါမိကံတို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ငှာ၊ **ဝါ**=ငှာ၊ **လောဘော**=လောဘဟူသော၊ **ဝါ**=လိုချင်တပ်မက်ခြင်း သဘောဟူသော၊ နိ

**၁။** **အညာဝိမောက္ခံ**။ **ပ**။ **ပဘေဒနံ**။ ။ " (**ပဋိပ္ပဿဒ္ဓိဝသေန**) [OCR_UNCERTAIN]**တီတိ ပဘေဒနံ** (ထပ်၍ငြိမ်းစေသောအားဖြင့် ဖျက်ဆီးတတ်သော အရဟတ္တဖိုလ်)ဟု ဝစနတ္ထပြု၍ အရဟတ္တဖိုလ်ကို ကောက်။ (တနည်း) **ပဘိန္ဒတိ ဧတ္ထ နိဗ္ဗာနေတိ ပဘေဒနံ** (ဖျက်ဆီးရာနိဗ္ဗာန်)ဟု ပြု၍ နိဗ္ဗာန်ကိုအရ ကောက်ပြီးနောက် အာရုံအကြောင်းဖြစ်သော နိဗ္ဗာန်၏ **ပဘေဒန**ဟူသော နာမည်ကို အာရမ္မဏိက အကျိုးဖြစ်သော အရဟတ္တဖိုလ်၌ တင်စားသော **ကာရဏူပစာရ**အားဖြင့် အရဟတ္တဖိုလ်ကို ကောက်ရသည်။ **အညာဝိမောက္ခ**၌ "**အညာယ အညိန္ဒိယဿ ပရိယောသာနံ အညာ**"ဟု **ပရိယောသာနပုဒ်** အကျေကြံပြီးနောက် **အညာယ ဥပ္ပန္နော ဝိမောက္ခော အညာဝိမောက္ခော**=အညိ၏အဆုံး၌ဖြစ်သော လွတ်မြောက်သောတရား။ (တနည်း) **အာဇာနာတီတိ အညာ**၊ **အညာယ ဝိမောက္ခော အညာဝိမောက္ခော**=ပိုင်းခြားသိတတ်သောပညာဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသောတရား။

## PAGE 287

**ဒါနံ**=အကြောင်းလည်းကောင်း၊ **ကမ္မာနံ**=တို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ငှာ၊ **ဝါ**=ငှာ၊ **ဒေါသော**=ဒေါသဟူသော၊ **ဝါ**=စိတ်ဆိုးမုန်းတီးခြင်း သဘောဟူသော၊ **နိဒါနံ**=လည်းကောင်း။**ပ**။ **မောဟော**=သော၊ **ဝါ**=အမှန်အတိုင်းမသိခြင်း တွေဝေခြင်းသဘောဟူသော၊ **နိဒါနံ**=လည်းကောင်းတည်း။ **ဘိက္ခဝေ**=တို့၊ **ယံ ကမ္မံ**=အကြင်ကံကို၊ **ဝါ**=အကြင်ကံသည်၊ **လောဘပကတံ**=လောဘသည် ပြုလုပ်အပ်၏၊ **ဝါ**=လောဘဖိစီး,လောဘကြီး၍ ပြုလုပ်အပ်၏။ **ဘောဇဇံ**= လောဘကြောင့်ဖြစ်၏၊ **လောဘနိဒါနံ**=လောဘဟူသော အကြောင်းရှိ၏။ **လောဘသမုဒယံ**= လောဘဟူသော ဖြစ်ကြောင်းရှိ၏။

**ယတ္ထ**=အကြင်ဘဝဟူသောဌာန၌၊ **အဿ** ထိုလောဘကြောင့်ဖြစ်သော ကံရှိသော ပုဂ္ဂိုလ်၏၊ **အတ္တဘာဝေါ**= ခန္ဓာအတ္တဘောသည်၊ **နိဗ္ဗတ္တတိ**=ထင်ရှားဖြစ်၏၊ **တတ္ထ**=ထိုဘဝခန္ဓာတို့၌၊ **တံ ကမ္မံ**=(လောဘကြောင့်ဖြစ်သော) ထိုကံသည်၊ **ဝိပစ္စတိ**=ရင့်ကျက်၏၊ **ဝါ**=အကျိုးပေး၏၊ **ယတ္ထ**=အကြင်ဘဝခန္ဓာတို့၌။**ပ**။ **တတ္ထ**=ထိုဘဝခန္ဓာတို့၌၊ **ဝါ**=တို့တွင်၊ **တဿ ကမ္မဿ**=ထိုကံ၏၊ **ဝိပါကံ**=အကျိုးကို၊ **ဒိဋ္ဌေ ဓမ္မေ ဝါ**=ယခုတွေ့ကြုံနေရသော ဘဝခန္ဓာ၌သော်လည်း၊ **ပဋိသံဝေဒေတိ**=ခံစားရ၏၊ **ဥပပဇ္ဇေ ဝါ**=ယခုဘဝ၏ အခြားမဲ့ ဒုတိယဘဝသို့ ရောက်၍သော်လည်း [ရောက်မှသော်လည်း] **ပဋိသံဝေဒေတိ**=၏၊ **အပရေ**=(ယခုဘဝနှင့် ဒုတိယဘဝမှ အခြားတပါးသော၊ **ပရိယာယေ ဝါ**=အကျိုးပေးဘို့ အလှည့်ကျသော ဘဝခန္ဓာ၌သော်လည်း၊ **ပဋိသံဝေဒေတိ**=၏ [ဤပါဠိတော်ကို ကြည့်၍ **ဒိဋ္ဌဓမ္မဝေဒနိယကံ**, **ဥပပဇ္ဇဝေဒနိယကံ**, **အပရပရိယာယဝေဒနိယကံ**ဟု ကံသုံးမျိုးခွဲရသည်၊ အဘိဓမ္မတ္ထသင်္ဂြိုဟ်၌မူ **အပရာပရိယ**ဟုပါဌ်ရှိသည်]

**ဘိက္ခဝေ**=တို့၊ **ယံကမ္မံ**=အကြင်ကံကို၊ **ဝါ**=သည်၊ **ဒေါသပကတံ**=ဒေါသသည် ပြုလုပ်အပ်၏၊ **ဝါ**=ဒေါသဖိစီး ဒေါသကြီး၍ပြုလုပ်အပ်၏၊ **ဒေါသဇံ**=ဒေါသကြောင့် ဖြစ်၏။**ပ**။

**ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **အခဏ္ဍာနိ**=မကျိုးမပြတ်ကုန်သော၊ **အပူတီနိ**=မပုပ်ဆွေးကုန်သော၊ **အဝါတာတပာတာနိ**=(အဆီသြဇာ ခန်းခြောက်အောင်) လေနေပူတို့ မဖျက်ဆီးအပ်ကုန်သော၊ [**န + ဝါတ = လေ + အာတပ**=နေပူ+ဟတ] **သာရာဒါနိ**=အနှစ်အဆန်ကို ယူကုန်သော၊ **ဝါ**=အနှစ်အဆန်ရှိကုန်သော၊ [**သာရံ အာဒိယန္တိ ဂဏှန္တိတိ သာရာဒါနိ**] **သုခသိဋ္ဌာနိ**=ဂိုဒေါင်၌ ကောင်းစွာတည်နေရကုန်သော၊ **ဝါ**=ဂိုဒေါင်၌ ကောင်းစွာ သိုလှောင်ထားအပ်ကုန်သော၊ **ဗီဇာနိ**=မျိုးစေ့တို့ကို၊ **သုခေတ္တ**=(မြေသြဇာရှိ၍) ကောင်းသော
## PAGE 288

လယ်ယာ၌၊ **သုပရိကမ္မကတာယ**=ကောင်းစွာထွန်ယက် ပြုလုပ်အပ်သော၊ **ဘူမိယာ**=မြေ၌၊ **နိက္ခိတ္တာနိ**=ကြဲချစိုက်ပျိုးအပ်ကုန်ငြားအံ့၊ **ဒေဝေါ စ**= မိုးသည်လည်း၊ **သမ္မာ**=ကောင်းစွာ၊ **ဓာရံ**=ရေအယဉ်ကို၊ **အနုပ္ပဒေစ္ဆေယျ**=ရွာသွန်းချငြားအံ့၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံ**=ဤအတိုင်းဖြစ်ခဲ့သော်၊ [ဇဝံ+အ။ အ အနက်မရှိ] **တာနိ ဗီဇာနိ**=ထိုမျိုးစေ့တို့သည်၊ **ဝုဒ္ဓိ**=အညှောက်ပေါ်ထွက် တိုးတက်ခြင်းသို့၊ **ဝိဋ္ဌိ**=အမြစ်သက်ဆင်း စည်ပင်ခြင်းသို့၊ **ဝေပုလ္လ**=အကိုင်းအခက်ဖြန့်ကား ပြန့်ပွားသည်အဖြစ်သို့၊ **အာပဇ္ဇေယျုံ**=ရောက်ကုန်ရာ၏ ပ၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **ကမ္မာနံ**=ဝဋ္ဋဂါမိကံတို့၏၊ ဝါ=တို့ကို၊ **သမုဒယောယ**=ငှာ၊ **နိဒါနာနိ**=တို့သည်။ **ဣမာနိ တီဏိ**=တို့တည်း။

[နိဂုံးဝါကျ] **ဘိက္ခဝေ**=ရဟန်းတို့၊ **ကမ္မာနံ**=ဝိဝဋ္ဋဂါမိကံတို့၏၊ ဝါ=ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ကံတို့၏၊ ဝါ=တို့ကို၊ **သမုဒယောယ**=ငှာ၊ ဝါ=ငှာ၊ **နိဒါနာနိ**=တို့သည်၊ **ဣမာနိ တီဏိ**။ပ။

**ကမ္မာနံ**=ဝိဝဋ္ဋဂါမိကံတို့၏၊ ဝါ=တို့ကို၊ **သမုဒယောယ**=ငှာ၊ **အလောဘော**=အလောဘတည်းဟူသော၊ ဝါ=လောဘ၏ ဆန့်ကျင်ဘက်တရားဟူသော၊ **နိဒါနံ**=အကြောင်းလည်းကောင်း။ပ။

**ယံ ကမ္မံ**=အကြင်ကံကို၊ ဝါ=သည်၊ **အလောဘပကတံ**=အလောဘသည် ပြုအပ်၏ ။ပ။ **လောဘေ**=လောဘသည်၊ **ဝိဂတေ**=(အရိယမဂ်ကိုရခြင်းကြောင့်) ကင်းကွာပြီးလသော်၊ **ဧဝံ**=ဤသို့လောဘကင်းကွာခြင်းဖြင့်၊ **တံ ကမ္မံ**= ထိုလောဘကြောင့်ဖြစ်သောကံသည်၊ **ပဟီနံ**=ပယ်အပ်ပြီးတော့သည်။

**ဥစ္ဆိန္နမူလံ**=အရဟတ္တမဂ်ဓားဖြင့်ပယ်ဖြတ်အပ်ပြီးသော အဝိဇ္ဇာတဏှာ အရင်းအမြစ်ရှိသည်၊ **တာလာဝတ္ထုကတံ**=(လည်ဆစ်ပြတ်ပြီး၍) အရွက်အသီး စသည်တို့၏ တည်နေရာမဖြစ်နိုင်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီးသည်၊ [တာလ+အဝတ္ထု+ကတ။ အဝတ္ထု=အရွက်အသီး စသည်တို့၏ တည်နေရာမဟုတ်သော + တာလ=ထန်းပင်ငုတ်ကဲ့သို့ + ကတ=ပြုအပ်ပြီးသောကံ။ စာပိုဒ်-၃၅-၌လည်းကြည့်]

**အနဘာဝံကတံ**= နောက်၌ ဖြစ်ခြင်းမရှိအောင် ပြုအပ်ပြီးသည်၊ **အာယတိံ**=နောင်အခါ၌၊ **အနုပ္ပါဒဓမ္မံ**= ဖြစ်ခြင်းသဘောမရှိသည် **ဟောတိ**=၏။ပ။

**သုခဖုသိတာနိ**=ကောင်းစွာစိုစွတ်ကုန်သော၊ **ဗီဇာနိ**=တို့သည်၊ (**ဘဝေယျုံ**=ရှိကုန်ရာ၏) **တာနိ**=ထိုမျိုးစေ့တို့ကို၊ **ပုရိသော**=ယောက်ျားသည်၊ **အဂ္ဂိနာ**=မီးဖြင့်၊ **ဍဟေယျ**=တိုက်ရာ၏။ **အဂ္ဂိနာ**=မီးဖြင့်၊ **ဍဟိတွာ**=တိုက်ပြီး၍၊ **မသိ**=မီးသွေးကို၊ **ကရေယျ**=ပြုရာ၏၊ **မသိံ**=မီးသွေးကို၊ **ကရိတွာ**=ပြုပြီး၍၊ **မဟာဝါတေ ဝါ**=ကြီးမားပြင်းထန်သော လေ၌သော်လည်း၊ **ဩဖုဏေယျ**=လွှင့်ရာ၏၊ **သီဃသောတာယ**=လျင်မြန်သောအယဉ်ရှိသော၊

