## PAGE 289

**နဒိယာ ဝါ**=မြစ်၌သော်လည်း၊ **ပဝါဟေယျ**=မျှောရာ၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံ**=ဤသို့ဖျက်ဆီးပစ်လိုက်ခြင်းဖြင့်၊ **တာနိ ဗီဇာနိ**=ထိုမျိုးစေ့တို့သည်၊ **ဥစ္ဆိန္နမူလာနိ**=ပယ်ဖြတ်အပ်ပြီးသော အမြစ်အရင်းရှိကုန်သည်။ပ။ **အနုပ္ပါဒဓမ္မာနိ**=ဖြစ်ခြင်းသဘောမရှိကုန်သည်၊ **အဿု**=ဖြစ်ကုန်ရာ၏၊ [ဧဝံ အဿုတည်း]။

**အဝိဒ္ဒသု**=ပညာကင်းမဲ့သူလူမိုက်သည်၊ **လောဘဇံ စ**=လောဘကြောင့်ဖြစ်သောကံကိုလည်းကောင်း၊ **ဒေါသဇံ စေဝ**=ဒေါသကြောင့် ဖြစ်သောကံကိုလည်းကောင်း၊ **မောဟဇံ စာပိ**=မောဟကြောင့်ဖြစ်သောကံကိုလည်းကောင်း၊ (**ကရောတိ**=ပြု၏)။

**တေန**=ထိုပညာကင်းမဲ့သူလူမိုက်သည်၊ **အပ္ပံ ဝါ**=အနည်းငယ်သော်လည်းဖြစ်သော၊ **ယဒိ**=သို့မဟုတ်၊ **ဗဟုံ ဝါ**=အများအပြားသော် lợiဖြစ်သော၊ **ယံ ကမ္မံ**=အကြင်ကံကို၊ **ပကတံ**=ပြုလုပ်အပ်ပြီး၊ (**တေန**=ထိုလူမိုက်သည်) **တံ ကမ္မံ**=ထိုမိမိပြုအပ်သောကံကို၊ **ဣဓေဝ**=ဤခန္ဓာကိုယ် အတ္တဘော၌သာလျှင်၊ **ဝေဒနီယံ**=အကျိုးခံစားအပ်၏ (**ဝေဒနတ္ထာယ**=ထိုကံအကျိုးခံစားခြင်းငှာ)။

**အညံ**= မိမိခန္ဓာအတ္တဘောမှ တပါး အခြားသော၊ **ဝတ္ထု**=သူတပါးခန္ဓာအတ္တဘော ဟူသောတည်ရာသည်၊ **န ဝိဇ္ဇတိ**=မရှိ။ **တသ္မာ**=ထို့ကြောင့်၊ ဝါ=ထိုသို့ မိမိပြုခဲ့သော ကံ၏ မိမိခန္ဓာအတ္တဘော၌သာ အကျိုးခံစားရသည်အဖြစ်ကြောင့်၊ **ဝိဒ္ဒသု**=ကြောင်းကျိုးမြင်သိပညာရှိသော၊ (**ယော ဘိက္ခု**=အကြင်ရဟန္တာရဟန်းသည်) **လောဘဉ္စ**=လောဘဟူသောအကြောင်းရှိသော ကံကိုလည်းကောင်း၊ [“လောဘော ဧတဿ ကမ္မဿ အတ္တီတိ လောဘံ”ဟု အဿတ္ထိတ်ဝစနတ္ထပြု] ဝါ=လောဘကြောင့်ဖြစ်သောကံကိုလည်းကောင်း၊

၁။ **ဣဓေဝ တံ ဝေဒနီယံ**။ ။ “တံ ဝေဒနီယံ=ထိုကံကို ခံစားအပ်၏” ဟူရာ၌ ကံကို ခံစားသည်မဟုတ်၊ ကံ၏အကျိုးကိုသာ ခံစား၏။ ထို့ကြောင့် ဝေဒနီယသဒ္ဒါသည် အကျိုးဝိပါက်၏ အမည်ကို အကြောင်းကံ၌ တင်စားသော ဖလူပစာရတည်း၊ “ထိုကံသည် အကျိုးပေးရန် ရင့်သန်၏၊ အကျိုးပေး၏”ဟု အဖြောင့်မုချ အဓိပ္ပာယ်ယူပါ၊ နိဿယခန်း၌ကား မှတ်လွယ်အောင် **ဝေဒနီယံ**=အကျိုးခံစားအပ်၏ ဟု ပြီးစလွယ် အနက်ပေးထားလိုက်သည်။

တနည်းအားဖြင့် ဤသုတ်ဋီကာဝယ် ဒိဋ္ဌဓမ္မဝေဒနိယံ၌ **ဝေဒနီယံ** ကို **ဝေဒိတဗ္ဗဖလံ** ဟု ယခင်က ဖွင့်ခဲ့၏။ ထိုအတိုင်းပင် **တံ ကမ္မံ**=ထိုမိမိ ပြုအပ်ခဲ့သော ကံသည်၊ **ဣဓေဝ**=ဤဘဝ၌လျှင်၊ **ဝေဒနီယံ**=ခံစားအပ်သော အကျိုးရှိ၏ ဟုသော်လည်း အနက်ဆိုပါ။

## PAGE 290

**ဒေါသဉ္စ**=ဒေါသဟူသော အကြောင်းရှိသောကံကိုလည်းကောင်း၊ ဝါ=လည်းကောင်း၊ **မောဟဇဉ္စာပိ**=မောဟကြောင့်ဖြစ်သော ကံကိုလည်းကောင်း၊ (**န ကရောတိ**=မပြု)။

**သော ဘိက္ခု**=ထိုရဟန္တာရဟန်းသည်၊ **ဝိဇ္ဇံ**=အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာကို **ဥပ္ပါဒယံ** (**ဥပ္ပါဒေတွာ**)=ဖြစ်စေပြီး၍၊ [ဥ+ပဒ+ဏယ+တွာ။ ဤ၌ အနာပုစ္ဆဝါ ပက္ကမေယျ၌ကဲ့သို့ တွာကိုချေ၍ နိဂ္ဂဟိတ်လာ] (တနည်း) **ဥပ္ပါဒယံ** (**ဥပ္ပါဒယန္တော**)=ဖြစ်စေလျက်၊ [ဥ+ပဒ+ယ+အန္တ] **သဗ္ဗာ**=အားလုံးကုန်သော၊ **ဒုဂ္ဂတိယော**=ဒုဂ္ဂတိဘဝတို့ကို၊ ဝါ=ဒုဂ္ဂတိဘဝ, သုဂတိဘဝတို့ကို၊ ဝါ=သင်္ခါရဒုက္ခ၏ဖြစ်ရာ ကာမ ရူပ အရူပဘဝဟူသမျှတို့ကို၊ **ဇဟေ** (**ဇဟာတိ**)= ပယ်စွန့်တော်မူ၏။ [ဒုက္ခဿ သင်္ခါရဒုက္ခဿ ဂတိ ပဝတ္တိဋ္ဌာနံ ဒုဂ္ဂတိ ဣတိ(အဝေါစ)]

#### ၅-ဟတ္ထကသုတ်

**၃၅။** (**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ**=ဤဟတ္ထကသုတ်ကို) **ဧဝံ**=ဤသို့၊ **မေ**=သည်၊ **သုတံ**=ပြီ၊ (**ကထံ**=အဘယ်သို့။ သုတ်=ဟူမူ) **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **အာဠဝိယံ**=အာဠဝီတိုင်း၌၊ **ဂေါမဂ္ဂေ**=နွားတို့သွားရာ လမ်းခရီးအနီး၌၊ **သိံသပါဝနေ**=သင်းဘောပိတောက်ပင်တော၌၊ [ရှေးက “သိံသပါ=ယင်းတိုက်ပင်”ဟု အနက်ပေးကြ၏၊ စိစစ်ချက်ကို အဘိဓာန် နိဿယသစ် (၅၇၁-ဂါထာ) ၌ကြည့်] **ပဏ္ဏသန္တာရေ**=သစ်ရွက်အခင်းပေါ်၌ (အလိုလိုကြွေကျသော သစ်ရွက်တို့ကို စုရုံး၍ ပြုလုပ်အပ်သော အခင်းပေါ်၌) **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏။

**အထ**=သီတင်းသုံးနေတော်မူရာ ထိုအခါ၌၊

၁။ **အထ** သဒ္ဒါ၏ **အပိစ္ဆေဒ** အနက်။ ။ ဤနေရာ အဋ္ဌကထာဋီကာတို့၌ **အထ** သဒ္ဒါ၏ အနက်ကို အထူးတလည် ဖွင့်ထား၏။ ထိုအဖွင့်နှင့်အညီ အနက်ရှည်ရှည် ပြန်ဆိုလိုလျှင်- **အထ**=ယင်းသို့ အာဠဝီတိုင်းပြည် နွားလမ်းခရီးအနီးရှိ သင်းဘောပိတောက်ပင်တောဝယ် သစ်ရွက်အခင်းပေါ်၌ မြတ်စွာဘုရား ထိုင်နေတော်မူလသော်၊ ဝါ=ထိုသင်းဘောပိတောက်ပင် တောဝယ် သစ်ရွက်အခင်းပေါ်၌ မြတ်စွာဘုရား ထိုင်နေတော်မူခြင်းကิစ္စ မပြီးဆုံးသေးမီမှာပင်။

ဤသို့ အနက်ဆိုပါ၊ **အထ** တိ **အပိစ္ဆေဒတ္ထ** နိပါတော။ တတ္ထ ဘဂဝတော နိသဇ္ဇာယ အဝိစ္ဆန္နာယ ဧဝါတိ အတ္ထော။ တေနာဟ “ဧဝံ” န္တိအာဒိ။ ဋီကာ။
## PAGE 291

**ဟတ္ထကော**=ဟတ္ထကမည်သော၊ (အာဠဝကဘီလူး၏လက်မှ မြတ်စွာဘုရား၏ လက်တော်စသည်သို့ အဆင့်ဆင့်ကူးပြောင်းရောက်သွားတတ်သည် အဖြစ်ကြောင့် ဟတ္ထကမည်သော) **အာဠဝကော**=အာဠဝကမင်းသားသည်၊ **ဇင်္ဃာဝိဟာရံ**=ခြေသလုံး မြင်းခေါင်း,အညောင်းဖြေဖျောက်, လမ်းလျှောက်ခြင်းကို၊

**အနုစင်္ကမမာနော**=ထိုမှဤရောက် လျှောက်လသော်၊ **အနုဝိစရမာနော**=ထိုထိုဤဤ လှည့်လည်လသော်၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ ဂေါမဂ္ဂ။ပ။ **နိသိန္နံ**-ထိုင်နေတော်မူသည်ကို၊ **အဒ္ဒသ**=မြင်ပြီ၊ **ဒိသွာ**=မြင်ပြီး၍။ပ။

**ဘန္တေ**=မြတ်စွာဘုရား၊ **ကစ္စိ**=အဘယ်သို့ပါနည်း၊ [တနည်း-**ကစ္စိ ဘန္တေ**=ဘယ့်နှယ်ပါလဲ အရှင်ဘုရား] **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **သုခံ**=ချမ်းသာစွာ၊ **အသယိတ္ထ**=ကျိန်းစက်တော်မူရပါ၏လော၊ **ဣတိ**=ဤသို့၊ (အဝေါစ)

**၁။ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော။** ။ ဇင်္ဃာဝိဟာရံပုဒ်ကို ဤအတိုင်းကံအနက်ပေးလျှင် ဝိဟရဏကြိယာနှင့် အနုစင်္ကမနကြိယာတို့ မကွဲပြားဘဲ ကွဲပြားသကဲ့သို့ဆိုသောကြောင့် (စာရိကံ စရမာနောကဲ့သို့) အဘေဒဘေဒူပစာရတည်း (တနည်း) –**ဇင်္ဃာဝိဟာရံ**-ခြေသလုံး....ခြင်းငှာ” ဟုသော်လည်း အနက်ဆို။ **ဒိဝါဝိဟာရံ နိသီဒိ**, **အလဂဒ္ဒပရိယေသနံ စရမာနော**တို့၌ကဲ့သို့ အံဝိဘတ်ကို တဒတ္ထသမ္ပဒါန်အနက်၌ သက်။

(တနည်း) "**ဇင်္ဃာဝိဟာရံ**=ခြေသလုံး....ခြင်းဖြင့်” ဟု ကြိယာဝیسေသနအနက်လည်း ဆိုနိုင်၏။ **ဇင်္ဃာယ ဟိတော ဝိဟာရော သဉ္ဇာရော ဇင်္ဃာဝိဟာရော**=ခြေသလုံး မြင်းခေါင်း၏ အစီးအပွားဖြစ်သော လမ်းလျှောက်သွားလာခြင်း။

**ဇင်္ဃာသု ဝါ ဥပ္ပန္နကိလမထဝိနောဒနတ္ထော ဝိဟာရော ဇင်္ဃာဝိဟာရော**=ခြေသလုံးမြင်းခေါင်းတို့၌ဖြစ်သော ညောင်းညာမှုကို ဖြေဖျောက်ခြင်း အကျိုးရှိသောလမ်းလျှောက်ခြင်း။ ဤ၌သွားခြင်း ဣရိယာပုထ်ကိုပင် ဝိဟာရဟုဆိုသည်]

**၂။ အသယိတ္ထ, အသယိတ္ထံ။** ။ “**ကစ္စိ ဘန္တေ ဘဂဝါ သုခမသယိတ္ထ**”ဟူသော ဝါကျဝယ် “**အသယိတ္ထ**”၌ အဇ္ဇတ္တနီ အာဝိဘတ်တည်း။ [အဇ္ဇတ်အာမှာ ဒွေဘာ ဣပြု] –**ဧဝံ ကုမာရ သုခမသယိတ္ထံ** . . . . .**တသ္မာဟံ သုခမသယိတ္ထံ**”ဟူသော ဝါကျတို့၌ကား “**အသယိတ္ထ**”ကို အဇ္ဇတ္တနီ ဣဝိဘတ်ဖြင့် ရုပ်ပြီးစေရမည်ဖြစ်၏။ သီဓာတ်နောင် ဣဝိဘတ်ကို ထံပြု၍ “**အသယိတ္ထံ**”ဟု ရုပ်စီရင်ထားသည်ကို သဒ္ဒါကျမ်းတို့၌ မတွေ့ရ၊ “လဘသာ ဤဣနံ တ္ထထံ”သုတ်ဝယ် “ဤဣနံ တ္ထတံ”ဟူသော ယောဂဝိဘာဂဖြင့် ဣဝိဘတ်ကို စံပြုဟု ဆိုသင့်၏။

