## PAGE 292

=မေးလျှောက်ပြီ) **ကုမာရ**=မင်းသား၊ **ဧဝံ**=အေးဟုတ်ပါ၏၊ [တနည်း-**ဧဝံ ကုမာရ**=ဟုတ်တယ်မင်းသား] (**အဟံ**=ငါသည်) **သုခံ**=စွာ၊ **အသယိတ္ထံ**=ကျိန်းစက်ရပါ၏၊ **စ ပန**=အမှန်တကယ်အားဖြင့်၊ **လောကေ**-သတ္တလောက၌၊ **ယေ**=အကြင်ပုဂ္ဂိုလ်တို့သည်၊ **သုခံ**=စွာ၊ **သေန္တိ**=ကျိန်းစက်ကြရကုန်၏၊ **တေသံ**=ထိုပုဂ္ဂိုလ်တို့တွင်၊ **အဟံ**=ငါသည်။ **အညတရော**=တဦး အပါအဝင်တည်း။

**ဣတိ** (အဝေါစ=မိန့်)

**ဘန္တေ**=အရှင်ဘုရား၊ **ဟေမန္တိကာ**=ဆောင်းဥတု၌ဖြစ်သော၊ **ရတ္တိ**=ညဉ့်သည်၊ **သိတာ**=အေးလှပါ၏၊ **အန္တရဋ္ဌကော**=တပို့တွဲလ, တပေါင်းလတို့၏အကြား၌

**၁။ အန္တရဋ္ဌက ဖြစ်သင့်သောရက်များ။** ။ **အဋ္ဌ ပရိမာဏာနိ ယဿ သမယဿာတိ အဋ္ဌကော**=ရှစ်ခု အတိုင်းအတာ ပမာဏရှိသော နေ့ရက်အချိန်ကာလ။ **အန္တရေ**=တပို့တွဲလ, တပေါင်းလတို့၏ အကြားကာလ၌၊ **အဋ္ဌကော**=ရှစ်ခုသော နေ့ရက် အချိန်ကာလသည်၊ **အန္တရဋ္ဌကော**=အန္တရဋ္ဌက မည်၏။ တပို့တွဲလ၏ နောက်ဆုံးလေးရက်နှင့် တပေါင်းလ၏ အဦးအစပဌမဆုံးလေးရက်အားဖြင့် ရက်ပေါင်းရှစ်ရက်ကို အန္တရဋ္ဌက ခေါ်သည်ဟု ဤသုတ်အဋ္ဌကထာနှင့် မဟာဝါစီဝရက္ခန္ဓက အဋ္ဌကထာ (၄၀၉)တို့၌ ဖွင့်ထား၏။

ယင်းသို့ ဖွင့်ဆိုထားရာ၌ မြန်မာပြည်မှာ သတ်မှတ်ထားအပ်သော ရက်လအတိုင်း တပို့တွဲလဆုတ် (၁၁)ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကို အန္တရဋ္ဌကဟု မဆိုသင့်ကြောင်းနှင့် တပို့တွဲလဆန်း (၁၂)ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကိုသာ အန္တရဋ္ဌကဟု ဆိုသင့်ကြောင်းကို ဤနိဿယ ပဌမအကြိမ်ရိုက်၌ အကျဉ်းချုပ်မျှ ရေးသားခဲ့၏။ ယခုထက် ပြည့်စုံအောင် အနည်းငယ် ချဲ့ထွင်ရေးပါဦးမည်။

**ရက်လသတ်မှတ်ပုံ နှစ်မျိုး။** ။ ပိဋကကျမ်းဂန်တို့၌ **မာဃ**(တပို့တွဲလ), **ဖဂ္ဂုဏ**(တပေါင်းလ)စသည်ဖြင့် ခေါ်ဝေါ် သုံးနှုန်းထားရာ၌ ထိုလများ၏ ကုန်ဆုံးသောနေ့ရက် သတ်မှတ်ပုံ နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးနှုန်း ထားသည်ကို တွေ့ရ၏။ ထိုသတ်မှတ်ပုံ နှစ်မျိုးမှာ-

(၁) ယခုမြန်မာပြည်မှာ အသုံးပြုသော ပြက္ခဒိန်အတိုင်း လဆန်းတရက်နေ့မှစ၍ တရက်, နှစ်ရက်စသည် ရေတွက်ပြီးလျှင် ကောင်းကင်မှ လဝန်းကြီးကွယ်ပျောက်သွားသောနေ့ (လကွယ်နေ့) အရောက်တွင် ရက်ပေါင်း (၃၀) သို့မဟုတ် (၂၉)ရက် ပြည့်၍ လကုန်သည်, တလပြည့်သည်ဟု ခေါ်ဝေါ်သတ်မှတ်

## PAGE 293

ရှစ်ရက်အတိုင်းအရှည်ရှိသော အခါကာလသည်၊ **ဟိမပါတသမယော**=ဆီးနှင်းကျရာ အခါပါတည်း၊ **ဘူမိ**=မြေသည်၊ **ဂေါကဋကဟတာ**=နွားခွာအကြား, လွှသွားဆူးချွန်, ရွှံ့ညွန်ခြောက်တို့သည် ဖျက်ဆီးထားအပ်သည်။ ဝါ=နွားခွာထားခြင်းလည်း ရှိ၏။ ထိုသတ်မှတ်ချက် အတိုင်းပင် **ပုဗ္ဗကတ္တိကမာသဿ ကာဠပက္ခစာတုဒ္ဒသော**=သီတင်းကျွတ်လဆုတ် (၁၄)ရက် (ကင်္ခါ၊ နှာ-၈၆) စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကိုလည်း တွေ့ရ၏။ ထိုအသုံးအနှုန်းကို မြန်မာနှင့် သီဟိုဠ်(သီရိလင်္ကာ) အသုံးအနှုန်းဟု ဆရာတော် အရှင်မြတ်များ မိန့်တော်မူကြ၏။

(၂) ကောင်းကင်မှ လဝန်းကြီး ပြည့်သောနေ့ (လပြည့်နေ့)တွင် လဝန်းကြီး ပြည့်သလို ရက်(၃၀)တလပြည့်၍, သို့မဟုတ် (၂၉)ရက် တလပြည့်၍ လကုန်သည်ဟု သတ်မှတ်ထားခြင်းလည်း ရှိ၏။ ထိုခေါ်ဝေါ်သတ်မှတ်ချက် အတိုင်းဆိုလျှင် တပို့တွဲလပြည့်နေ့ ရောက်လျှင် တပို့တွဲလကုန်၏။

လပြည့်ကျော်တရက်နေ့ကစ၍ တပို့တွဲလ မဟုတ်တော့၊ တပေါင်းလဘက်သို့ ရောက်သွားလေပြီ၊ ထိုသတ်မှတ်ချက်သည် မြန်မာပြည်အနေအားဖြင့် အတော်ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း ပိဋကကျမ်းဂန်တို့၌ကား တော်တော်များများ တွေ့နိုင်၍ အထူးအဆန်း မဟုတ်တော့ပါ၊ နမူနာ သာဓက အနည်းငယ်မျှ ထုတ်ပြရသော်-

**ကတ္တိကပုဏ္ဏမာယံ ပဝါရေတွာ မာဂသိရမာသဿ ပဌမဒိဝသေ** (ပါရာဇိကဏ် အဋ္ဌကထာ၊ ပ-၁၆၄)။ ဤ၌ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းနှင့် မြန်မာ အခေါ်အဝေါ်ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် တရက်နေ့ကို **မာဂသိရမာသဿ ပဌမဒိဝသေ** (နတ္တော်လ၏ ပဌမနေ့)ဟု ခေါ်ဆိုထားသည်ဟု သာရတ္ထဋီကာ (ပ-၄၅၃)၌ မိန့်ဆို၏။ ထိုအခေါ်အဝေါ်သည် စန္ဒမာသ အခေါ်အဝေါ် ဖြစ်သည်ဟုလည်း ဝိမတိဋီကာ (ပ-၉၆) မိန့်၏။

**ကတ္တိကမာသဿ ပစ္ဆိမဒိဝသော နာမ ပစ္ဆိမကတ္တိကမာသဿ ပုဏ္ဏမာ**=တန်ဆောင်မုန်းလပြည့်နေ့သည် တန်ဆောင်မုန်းလ၏ နောက်ဆုံးနေ့မည်၏။ (ဝဿိကသာဋိကာသိက္ခာပုဒ် ကင်္ခါဋီကာသစ်-၃၃၃)။ **တဒဟုပေါသထေ ပန္နရသေ ကောမုဒိယာ စာတုမာသိနိယာ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ** (သီလက္ခန်ပါဠိတော်၊ သာမညဖလသုတ်-၄၅)။ ဤပါဠိတော်၌လည်း တန်ဆောင်မုန်းလပြည့်နေ့သည် ရက်ပေါင်း (၂၉)ရက် တလပြည့်၍ ပုဏ္ဏ
## PAGE 294

အကြား, ဆူးချွန်များသည် ပိုင်းခြားဖျက်ဆီးထားအပ်သည်၊ (**ဟုတွာ**=ဖြစ်၍) ခရာ=ကြမ်းတမ်းလှပါ၏၊ **ပဏ္ဏသန္တာရော**=သစ်ရွက်အခင်းသည်၊ **တနုကော**=ပါးလှပ်နေပါ၏၊ **ရုက္ခဿ**-သစ်ပင်၏၊ **ပတ္တာနိ**=အရွက်တို့သည်၊ **ဝိရဠာနိ**=မည်၏ဟု ထိုသုတ်အဋ္ဌကထာဋီကာတို့၌ မိန့်ဆိုထား၏။ **ပုရိမပုဏ္ဏမိတောဟိ ပဋ္ဌာယ ယာဝ အပရာ ပုဏ္ဏမီ၊ တာဝ ဧကော မာသောတိ တတ္ထ ဝေါဟာရော**=ရှေ့လပြည့်မှစ၍ နောက်လပြည့်အထိ တလဟူ၍ ထိုမဇ္ဈိမဒေသအိန္ဒိယ၌ ခေါ်ဝေါ် သတ်မှတ်သည်။ (သီလက္ခန်ဋီကာသစ်၊ ဒု-၁၂၀)

#### ယခုအိန္ဒိယ ပြက္ခဒိန်

ထို့အပြင် ယခု အိန္ဒိယပြည်၌ ပုံနှိပ်ထုတ်ဝေသော ပြက္ခဒိန်များ၌လည်း လဆုတ်တရက်နေ့မှ စ၍ တရက်, နှစ်ရက်စသည် ရေတွက်ပြီး လပြည့်နေ့အရောက်တွင် ရက်ပေါင်း(၃၀)တလ, (၂၉)ရက် တလ သတ်မှတ်ထားခြင်းကြောင့် မြန်မာပြည်နှင့် မတူကြောင်း စုံစမ်းသိရှိရသည်သာ မက မြန်မာပြည်အတွင်းမှာပင် ဟိန္ဒူအသင်းဖြစ်သော သနန္တနဓမ္မပါလက အဖွဲ့ချုပ်မှ ထုတ်ဝေသော ပြက္خဒိန်၌လည်း မြန်မာအခေါ်အဝေါ် ဖြစ်သော ပြာသိုလဆုတ်တရက်ကို မာဃကဏှ (တပို့တွဲလဆုတ်) တရက်ဟုလည်းကောင်း, မြန်မာလို တပို့တွဲလဆုတ် တရက်ကို ဖဂ္ဂုဏကဏှ (တပေါင်းလဆုတ်) တရက်ဟုလည်းကောင်း ဤသို့စသည်ဖြင့် ရက်စွဲရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ရ၏။

အိန္ဒိယပြည်၏ ထိုရက်လ သတ်မှတ်ချက်သည် ဘုရားမပွင့်မီကစ၍ ယခုအချိန်အထိ အပြောင်းအလဲ မရှိသော သတ်မှတ်ချက်ဖြစ်၏။ သို့ဖြစ်ရကား ဤ**အင်္ဂုတ္တိုရ်**ပါဠိတော်နှင့် **ဝိနည်းမဟာဝါ စီဝရက္ခန္ဓက**ပါဠိတော် (၄၀၁)၌ ပါရှိသော **အန္တရဋ္ဌက**ရက်ကိုလည်း ထိုအိန္ဒိယပြည်အတိုင်းသာ ယူသင့်သောကြောင့် တပို့တွဲလဆန်း (၁၂)ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကိုသာ **အန္တရဋ္ဌက** (တပို့တွဲလ, တပေါင်းလတို့၏အကြား ရက်ရှစ်ရက်)ဟု ခေါ်ဆိုသင့်၏။ ရာသီဥတု အခြေအနေ အားဖြင့်ဆိုလျှင်လည်း-

ထိုရှစ်ရက်သည် အလွန်အေးသော ရက်များဖြစ်နိုင်၏။ တပို့တွဲလဆုတ် (၁၁)ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကား မြန်မာလို **အန္တရဋ္ဌက**ရက်ဟု ဆိုဖွယ်ရှိသော်လည်း ဆောင်းဥတုကုန်ခါနီး၍ အအေးပေါ့သွားပြီ ဖြစ်သဖြင့် “**သီတာ ဘန္တေ ဟေမန္တိကာ ရတ္တိ**” ဟူသော ပါဠိတော်နှင့် မကိုက်ညီတော့ပေ၊

