## PAGE 301

တို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးဦးတို့တည်း။ပ။ **ဘိက္ခဝေ**=တို့။ **ဣဓ**=ဤ လောက၌၊ **ဧကစ္စော**=အချို့သောသူသည်၊ **ကာယေန**=ကိုယ်ဖြင့်၊ ဝါ=ကာယ ဒွါရဖြင့်၊ **ဒုစ္စရိတံ**=ဒုစ္စရိတ်အကုသိုလ်ကို၊ **စရတိ**=ပြုကျင့်၏၊ **ဝါစာယ**နှုတ်ဖြင့်၊ ဝါ=ဝစီဒွါရဖြင့်ပ။ **မနသာ**=စိတ်ဖြင့်၊ ဝါ=မနောဒွါရဖြင့်။ပ။**သော**=ထိုသူသည်။ပ။

ပုဂ္ဂိုလ် သုံးဦးကို **ဒူတ**ဟု ဆိုလို၏။ ထိုသုံးဦးတို့သည် ပင်ကိုသဘာဝအားဖြင့်ပင် မြင်ရသူလူအပေါင်းကို ထိတ်လန့်တုန်လှုပ်စေနိုင်၏။ ထို့ကြောင့်-

"မောင်မင်း...အသင်သည် ယခုပင် သေမင်းထံမှောက်သို့ ငါတို့နှင့် အတူလိုက်ခဲ့ ရမည်ဟူ၍ တွေ့ သမျှ လူအပေါင်းကို အထိတ်တလန့်ဖြစ်အောင် ထိုသုံးဦးတို့သည် သတိပေး နှိုးဆော်သကဲ့သို့ ဖြစ်နေကုန်၏။ ဟိုလူကို ညှဉ်းဆဲနှိပ်စက်ရအောင် ငါလာခဲ့မည်၊ အသင်က အဲဒီလူကို ဘယ်ကိုမျှ ရုန်းကန် ထွက်မပြေးနိုင်အောင် သူ့ဆံပင်ကို မြဲမြဲဖမ်းဆွဲထားလိုက်ဟူ၍ သေမင်းက ထိုသုံးဦးကို အမိန့်ပေး၏။ ထိုသုံးဦးကလည်း သေမင်း၏ အမိန့် အာဏာကို တသဝေမတိမ်း လိုက်နာပြုလုပ်၏။ ထို့ကြောင့်-

**"မဉ္စူဒေဝဿ အာဏာကရာ ဒူတာ ဝိယာတိ ဟိ ဒူတာတိ ဝုစ္စန္တိ"**

ဟူသော ဋီကာနှင့် အညီ "ဒူတာ ဝိယာတိ ဒူတာ (စေတမန်နှင့် တူသော သူများ)"ဟု ဥပမာတဒ္ဓိတ်ဆင့်ကာ "ဒေဝဿ ဒူတာ ဒေဝဒူတာ"ဟု နတ္ထပြု၍ သေမင်း (**ဒေဝ**)၏ အမိန့်နာခံ စေတမန်နှင့်တူသော သူအို, သူနာ, သူသေဟူသော ပုဂ္ဂိုလ်သုံးဦးတို့ကို **ဒေဝဒူတ**ဟု ခေါ်သည်။ ဤတိုင်အောင် အဋ္ဌကထာအဖွင့် ပဌမနည်း ဖြစ်၏။

**ဒုတိယနည်း**။ ။ နတ်ဝတ်တန်ဆာ ဆင်ယင်ထားသော နတ်တဦးဦးက ကောင်းကင်မှာရပ်ပြီး "အသင်ဟာ နက်ဖြန်မှာ သေလိမ့်မည်"ဟု ပြောလျှင် ထိုနတ်၏ စကားသည် အမှန်တကယ် ယုံကြည်ဖွယ် ဖြစ်နေ၏။ ထို့အတူ သူအို, သူနာ, သူသေ သုံးဦးတို့သည်လည်း ထိတ်လန့်ဖွယ် အသွင်ကို ပြကာ "အသင်လည်းပဲ ငါလိုသေရမည့်သူ သေခြင်းသဘောရှိသူ ဖြစ်သည်ဟု သတိပေး နှိုးဆော် သကဲ့သို့ ဖြစ်နေ၏၊ ထိုသုံးဦးတို့၏ သတိပေး နှိုးဆော်စကားသည်လည်း နတ်ကပြောသော စကားကဲ့သို့ပင် မလွဲဧကန်မှန်၍ တကယ်ယုံကြည်ရမည့် စကားဖြစ်၏။ ထို့ကြောင့် ထိုသုံးဦးတို့သည် နတ်နှင့်တူရကား "ဒေဝါ ဝိယ ဒူတာတိ ဒေဝဒူတာ"ဟူသော အဋ္ဌကထာနှင့်အညီ ဒေဝါ ဝိယာတိ ဒေဝါ (နတ်နှင့်တူသောသူများ)၊ ဒေဝါ စ တေ ဒူတာ စာတိ ဒေဝဒူတာ (နတ်နှင့်

## PAGE 302

**စရိတွာ**=ပြုကျင့်ပြီး၍။ပ။ **ဥပပဇ္ဇတိ**=လားရောက်၏။ [ဧကက စာပိုဒ်- ၄၃-ကြည့်] **ဘိက္ခဝေ**=တို့၊ **တမေနံ**=ထိုငရဲသို့ လားရောက်သောသူကို၊ **နိရယပါလာ** =ငရဲထိန်းတို့သည်၊ **နာနာဗာဟာသု**=အမျိုးမျိုးသော လက်မောင်းတို့၌၊ **ဂဟေ တွာ**=ဆွဲကိုင်၍၊ **ယမဿ**=ယမမည်သော၊ (သတ္တဝါတို့ကို မိမိတို့ ဆည်းပူး အားထုတ်ခဲ့သော ကုသိုလ်ကောင်းမှု၌ စီစဉ်သတ်မှတ် သတိရစေတတ်သည် အဖြစ်ကြောင့် ယမမည်သော) **ရညော**=ဗိမာန်ပိုင်ရှင် ပြိတ္တာမင်းကို၊ **ဒဿေန္တိ** =မြင်စေကြကုန်၏၊ ဝါ=ပြကြကုန်၏။ (ကိန္တိ=အဘယ်သို့ သံတော်ဦးတင်၍၊ **ဒဿေန္တိ**=ဟူမူ)

**ဒေဝ**=မင်းမြတ်၊ **အယံ ပုရိသော**=ဤယောက်ျားသည်၊ **အမာတေယျော** မခြား ပြောစကားအတည် ယုံကြည်ထိုက်သော ပုဂ္ဂိုလ်သုံးဦး)ဟု ဝစနတ္ထပြု၍ သူအို, သူနာ, သူသေဟူသော ပုဂ္ဂိုလ်သုံးဦးကို **ဒေဝဒူတ**ဟု ခေါ်သည်။

**တတိယနည်း**။ ။တနည်းအားဖြင့် ဝိသုဒ္ဓိနတ်ဖြစ်သော ရဟန္တာဗြဟ္မာကြီး များကို **ဒေဝ**ဟု ခေါ်၏။ **ပစ္ဆိမဘဝိက** (ဘုရားဖြစ်မည့် နောက်ဆုံးဘဝသို့ ရောက်နေကြသော) ဘုရားအလောင်းတော်တို့ကို ထိုဝိသုဒ္ဓိနတ်ဗြဟ္မာကြီး များသည် သူအို, သူနာ, သူသေ, ရဟန်းအသွင် ဖန်ဆင်း ပြကြ၏။ ယင်းသို့ ဖန်ဆင်းပြအပ်သော ထိုသူအိုစသည်ကို မြင်ကြရသဖြင့် ဘုရားအလောင်းတော် တို့သည် သံဝေဂဉာဏ်ဖြစ်ပွား၍ ထီးနန်းစည်းစိမ်ကို စွန့်ခွာပြီး ရဟန်းပြုတော်မူကြ၏။ ထိုဝိသုဒ္ဓိနတ်ဗြဟ္မာကြီးများသည် ဘုရားအလောင်းတော်တို့မှ လွဲ၍ အခြားဘယ်သူ့ကိုမျှ ယင်းသို့ ဖန်ဆင်း မပြကြပါ။ သို့သော် ဘုရားအလောင်း မတော်ကို ဖန်ဆင်းပြခဲ့သည်ကို အကြောင်းပြု၍ ယခုမျက်မြင် သူအို, သူနာ, သူသေသုံးဦးတို့ကိုလည်း ဝိသုဒ္ဓိနတ်ဗြဟ္မာတို့က ဖန်ဆင်းပြလိုက်သော စေတမန် **ဒေဝဒူတ** အဖြစ်ဖြင့် ပရိယာယ်သဘော တင်စား၍ **ဒေဝဒူတ**ဟု ခေါ်ဝေါ် သုံးနှုန်းထားသည်။ **ဒေဝါနံ ဝိသုဒ္ဓိဒေဝါနံ ဒူတာ ဒေဝဒူတာ**= ဝိသုဒ္ဓိနတ်ဗြဟ္မာ ရဟန္တာတို့၏ စေတမန်များ။

ပါဠိတော်၌မူ "**ဒေဝဒူတာနိ**"ဟု နပုလ္လိင်ဖြင့် ရှိ၏။ **ဒေဝဒူတာ**=ဟု ပုလ္လင်ဖြင့် ဆိုလိုလျက် လိင်္ဂဝိပလ္လာသနည်းအားဖြင့် ပုလ္လိင်မှ နပုလ္လိင်သို့ ကူးပြောင်း၍ **ဒေဝဒူတာနိ**ဟု ဟောတော်မူသည်ဟု အဋ္ဌကထာ မိန့်၏။ တနည်းအားဖြင့် **ဒူတ**သဒ္ဒါသည် ပုလ္လိင်, နပုလ္လိင်နှစ်မျိုး ရှိနိုင်သော ပုဒ်ဖြစ်သည် ဟုလည်း ဋီကာမိန့်ဆို၏။
## PAGE 303

**မိခင်၏အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်၊ ဝါ = မိခင်၌ ရက်စက်စော်ကားပြစ်မှားသူတည်း၊ မာတု+ဏေယျ။ မာတု ဟိတော မတ္တေယျော၊ န မတ္တေယျော]**

**အပေတ္တေယျော** = ဘခင်၏ အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်၊ ဝါ = တည်း၊

**အသာမညော** = မကောင်းမှုတို့ကို ငြိမ်းစေပြီးသော ရဟန္တာတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်၊ ဝါ = တည်း၊ [သမဏ+ဏှ]

**အဗြဟ္မညော** = မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေပြီးသော ရဟန္တာတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်၊ ဝါ = တည်း၊ [ဗြာဟ္မဏ+ကျ]

**ကုလေ** = အမျိုး၌၊ **နဋ္ဌာပစာယိ** = ကြီးသောသူတို့ကို ရိုသေတတ်သူမဟုတ်၊

**ဒေဝေါ** = မင်းမြတ်သည်၊ **ဣမဿ** = ဤယောက်ျားအား၊ **ဒဏ္ဍ** = ပြစ်ဒဏ်ကို၊ **ပဏေတု** = ချမှတ်တော်မူပါ။ ဣတိ = ဤသို့ သံတော်ဦးတင်၍၊ (ဒဿေန္တိ = ကုန်၏)

**ဘိက္ခဝေ** = ရဟန်းတို့၊ **တမေနံ** = ထိုယောက်ျားကို၊ **ယမော** = ယမမည်သော၊ **ရာဇာ** = မင်းသည်၊ **ပဌမံ** = ရှေးဦးစွာသော၊ **ဒေဝဒူတံ** = သေမင်း၏ စေတမန်ကို၊ ဝါ = သေမင်းစေတမန်၏ အကြောင်းအရာကို၊ **သမနုယုဉ္စတိ** = အဖြေပေးအောင် စစ်ဆေးမေးမြန်း၏။ (မေးမြန်းရာ၌ လိုက်နာရမည့် ကျင့်ဝတ်ကို လိုက်နာစေလျက် စစ်ဆေးမေးမြန်း၏)

**သမနုဂါဟတိ** = (အယူအဆကို မပြောင်းမလဲ တည်မြဲစေကာ) နှိုက်ယူမေးမြန်း၏။ **သမနုဘာသတိ** = (အကြောင်းယုတ္တိ အမှန်သဘော ပေါ်အောင်) မေးမြန်း၏။

"**အမ္ဘော ပုရိသ** = အမောင်ယောက်ျား၊ **တွံ** = သင်သည်၊ **မနုဿေသု** = လူတို့၌၊ **ပဌမံ** = ရှေးဦးစွာသော၊ **ဒေဝဒူတံ** = သေမင်းတမန်ကို၊ **ပါတုဘူတံ** = ထင်ရှားဖြစ်ပေါ်နေသည်ကို၊ **န အဒ္ဒသ** = မမြင်ခဲ့ဖူးလော" ဣတိ = ဤသို့ (သမနုယုဉ္စတိ = ၏၊ သမနုဂါဟတိ = ၏။ သမနုဘာသတိ = ၏)

"**န အဒ္ဒသံ ဘန္တေ** = မမြင်ခဲ့ဖူးပါအရှင်" ဣတိ ဧဝံ = ဤသို့၊ **သော** = ထိုယောက်ျားသည်၊ **အာဟ** = ဖြေဆို၏။ ပ။ ဧဝံ = ဤသို့၊ **အာဟ** = မေးမြန်း၏ (ကိန္တိ = အဘယ်သို့၊ **အာဟ** = မူ)

**အမ္ဘော ပုရိသ** = ယောက်ျား၊ **တွံ** = သင်သည်၊ **မနုဿေသု** = လူတို့၌၊ **ဇာတိယာ** = အမိဝမ်းမှ မွေးဖွားခြင်းဖြင့်၊ ဝါ = အမိဝမ်းမှ မွေးဖွားချိန်မှစ၍၊ **အာသီတိကံ ဝါ** = နှစ်ပေါင်းရှစ်ဆယ် အသက်အရွယ်ရှိသည်သော်လည်း ဖြစ်သော၊ **နာဝုတိကံ ဝါ** = နှစ်ပေါင်းကိုးဆယ် အသက်အရွယ်ရှိသည်သော်လည်းဖြစ်သော၊ **ဝဿသတိကံ ဝါ** = နှစ်ပေါင်းတရာ အသက်အရွယ် ရှိသည်သော်လည်း ဖြစ်သော၊ **ဒိတ္တံ** = ဇရာစီးနင်း အိုမင်းနေသော၊ **ဂေါပါနသိဝင်္ကံ** = အခြင်ရနယ်အကောက်ကဲ့သို့

