## PAGE 304

၃၀။ ကောက်သော၊ **ဘောဂ္ဂံ** = အလွန်ခါးကုန်းနေသော၊ (ချိုးထားအပ်သကဲ့သို့ ခါး၌ ကောက်ကွေးနေသော ကိုယ်ရှိသော) **ဒဏ္ဍပရာယဏံ** = တောင်ဝှေးချည်းသာ ထောက်ကာရပ်သွား အားထားစရာရှိသော၊ **ပဝေဓမာနံ** = တုန်လှုပ်လျက်၊ **ဂစ္ဆန္တ** = သွားနေရသော၊ **အာတုရံ** = အိုမင်းမစွမ်း ပင်ပန်းနွမ်းနယ်နေသော၊ **ဂတယောဗ္ဗနံ** = ကျော်လွန်ပြီးသော ပျိုမျစ်နုနယ် ငယ်ရွယ်သူ၏ အဖြစ်ရှိသော၊ [ယုဝ+ဏ။ နုလာ၊ ယုဝဿ ဘာဝေါ ယောဗ္ဗနံ] ဝါ = ကျော်လွန်ပြီးသော ပဌမ, ဒုတိယ အရွယ်ရှိသော၊ **ခဏ္ဍဒန္တ** = ကျိုးသောသွားရှိသော၊ **ပလိတကေသံ** = ဖြူဖွေးသော ဆံပင်ရှိသော၊ **ဝိလူနံ** = ဆံပင်တို့ကို ဆွဲနုတ်ထားအပ်သကဲ့သို့ ပြောင်နေသော ဦးခေါင်းရှိသော၊ **ခလ္လိဋသိရံ** = (ဆံပင်အားလုံး ပိုးကိုက်ဖြတ်ထား အပ်သကဲ့သို့) များစွာပြောင်သော ဦးခေါင်းရှိသော၊ **ဝလိတံ** = တကိုယ်လုံး၌ ဖြစ်ပေါ်နေသော

၁။ **ဘောဂ္ဂံ, ဒဏ္ဍပရာယဏံ**-စသည်။ ။ **ဘောဂ္ဂံ**၌ ဘုဇ+တ။ ဘုဇတိ ကုဋ်လော (ကုဋိလာ ဝါ) ဘဝတီတိ ဘောဂ္ဂေါ ဘောဂ္ဂါ ဝါ (ကောက်ကွေးသောသူ) ဟု ဝစနတ္ထပြု။ ဘောန္တိ အတိ ဝိယ ဝင်္ကတာယ ဘောဂ္ဂံ၊ တာဒိသံ ပန သရီရံ ဘဂ္ဂ ဝိယ ဟောတီတိ အာဟ "**ဘဂ္ဂ**"န္တိ။ မူလပဏ္-ဋီ၊ ဒု၊ ၄၅။

**ဒဏ္ဍပရံ** = ဒဏ္ဍဂ္ဂဟဏပရံ (အလွန်အကဲ တောင်ဝှေး ကိုင်ဆောင်ရခြင်းရှိသော) အယနံ ဂမနံ ဧတဿာ (ဧတိဿာ ဝါ) တိ **ဒဏ္ဍပရာယဏော, ဒဏ္ဍပရာယဏာ ဝါ** = အလွန်အကဲ တောင်ဝှေးကိုင်ဆောင် အားပြုသွားရခြင်းရှိသော။

(တနည်း) အယတိ ဧတေနာတိ အန္နံ၊ ပရံ အယနံ ပရာယဏံ = အလွန်အကဲ … ကိုင်စွဲသွားရကြောင်းဖြစ်သော (တောင်ဝှေး)။ **ဒဏ္ဍော ပရာယဏံ ဧတဿာ** တိ **ဒဏ္ဍပရာယဏော** = အလွန်အကဲ ကိုင်စွဲသွားရကြောင်း တောင်ဝှေးရှိသော။ ဒိ, မဟာဝဂ္ဂဋီ (၄၅) ကို နည်းမှီးသည်။

ဝိ-ပုဗ္ဗ လူဓာတ်, တပစ္စည်း၊ ၎င်းတပစ္စည်းကို နပြု၊ ဝိလူယန္တေ ကေသာ ဒုက္ခိတွာ ဝိယ ဂယှန္တေ ဧတ္ထ သီသေ တိ **ဝိလူနံ**။ **ဝိလူနံ** (သီသံ) ဧတဿ (ဧတိဿာ ဝါ) အတ္ထိတိ **ဝိလူနော, ဝိလူနာ ဝါ**။ သက္ကတ အဘိဓာန်တို့၌ "ဆံပင်ကျွတ်၍ ဦးခေါင်းပြောင်သူ" ဟူသော အနက်ကို ဟောရာ၌ "ခလတိ, ခလိဋ, ခမွီဋ, ခန္ဓာဋ" ဟု လေးပုဒ် တွေ့ရ၏။ ခလိတဟုကား မတွေ့ရ၊ ထိုတွင် ခလွာဋပုဒ်မှ အသံတူအက္ခရာပြောင်းလျှင် ပါဠိ၌ **ခလ္လာဋ**ဟု ဖြစ်၏။

**ဝလိ** = အရေတွန့်။ **ဝလိ သမ္မာတာ ယဿာတိ ဝလိတော**၊ ဣတပစ္စည်း။ မူလပဏ္-ဋ္ဌ၊ ပ-၃၆၅ ၌ကား "**ဝလိ**" ဟု နပစ္စည်းဖြင့် ရှိ၏။

## PAGE 305

**အရေတွန့်ရှိသော၊ တိလကာဟတဂတ္တံ** = အဖြူပြောက်, အမဲပြောက် စွဲရောက်အပ်သော ကိုယ်ရှိသော၊ [တိလက = အဖြူပြောက်, အမဲပြောက်တို့ + အာဟတ = စွဲကပ်အပ်သော + ဂတ္တ = ကိုယ်]

**ဣတ္ထိံ ဝါ** = အဘွားကြီးအိုကိုလည်းကောင်း၊ **ပုရိသံ ဝါ** = အဘိုးကြီးအိုကို လည်းကောင်း၊ **န အဒ္ဒသ** = မမြင်ခဲ့ဖူးလော၊ ဣတိ (အာဟ = မေးမြန်း၏)။ "**အဒ္ဒသံ ဘန္တေ** = မြင်ခဲ့ဖူးပါ၏အရှင်" ဣတိ ဧဝံ = ဤသို့၊ ထိုယောက်ျားသည်၊ **အာဟ** = ဖြေဆို၏။

။ ပ ။ **အမ္ဘော ပုရိသ** = ယောက်ျား၊ **တဿ တေ** = ထိုသင်သည်၊ **ဝိညုဿ** = သိနားလည်သော၊ **မဟလ္လကဿ** = အသက်အရွယ်ကြီးသူသည်၊ **သတော** = ဖြစ်နေစဉ်၊ **ဧတံ** = ဤသို့ စဉ်းစားမိခြင်းသည်၊ **န အဟောသိ** = မဖြစ်ခဲ့ဖူးလော၊ (ကိန္တိ = အဘယ်သို့ စဉ်းစားမိခြင်းသည်၊ နု အဟောသိ = မဖြစ်ခဲ့ဖူးသနည်းဟူမူ)

**အဟမ္ပိ** = ငါလဲပဲ၊ **ဇရာဓမ္မော** = အိုခြင်းသဘောရှိသည်၊ **ဇရံ** = အိုခြင်းသဘောကို၊ **အနတီတော** = မကျော်လွန်နိုင်သည်၊ **အမှိ** = ဖြစ်၏၊ **ဟန္ဒ** = ယခု၊ **အဟံ** = ငါသည်၊ **ကာယေန** = ကိုယ်ဖြင့်လည်းကောင်း၊ **ဝါစာယ** = နှုတ်ဖြင့်လည်းကောင်း၊ **မနသာ** = စိတ်ဖြင့်လည်းကောင်း၊ **ကလျာဏံ** = ကုသိုလ်ကောင်းမှုကို၊ **ကရောမိ** = ပြုအံ့၊ ဣတိ = ဤသို့ စဉ်းစားမိခြင်းသည်၊ **န အဟောသိ** = မဖြစ်ခဲ့ဖူးလော၊ ဣတိ = သို့၊ (အာဟ = မေး၏)

"**နာသက္ခိဿံ ဘန္တေ** = ကုသိုလ်ပြုရန် မစွမ်းနိုင်ခဲ့ပါအရှင်၊ **ပမာဒဿံ ဘန္တေ** = မေ့လျော့နေခဲ့ပါသည်အရှင်" ဣတိ ဧဝံ = သို့၊ **သော** = သည်၊ **အာဟ** = ၏။ ပ။

**အမ္ဘော ပုရိသ** = ယောက်ျား၊ (တွံ = သည်) **ပမာဒတာယ** = မေ့လျော့နေသည်အဖြစ်ကြောင့်၊ **ကာယေန** = လည်းကောင်း။ ပ။ **မနသာ** = လည်းကောင်း၊ **ကလျာဏံ** = ကို၊ **န အကာသိ** = မပြုလုပ်ခဲ့၊ **အမ္ဘော ပုရိသ** = ယောက်ျား၊ တတ္ထ = အမှန်တကယ် ပမတ္တံ = မေ့လျော့သူကို၊ **ကရောန္တိ ယထာ** = အပြစ်ပေးမှု ပြုကြကုန်သကဲ့သို့၊ **တထာ** = ထို့အတူ၊ **တွံ** = သင့်ကို၊ **ကရိဿန္တိ** = အပြစ်ပေးမှု ပြုကြကုန်လတ္တံ့၊ [ယထာ တံ၌ တံကား အနက်မရှိ]

**တေ** = သင်၏၊ **တံ ဧတံ ပါပကမ္မံ** = ထိုမကောင်းမှုကို၊ **မာတရာ** = အမိသည်၊ **နေဝ ကတံ** = ပြုအပ်သည်မဟုတ်၊ **ပိတရာ** = အဘသည်၊ **န ကတံ** = ပြုအပ်သည်မဟုတ်၊ **ဘာတရာ** = ညီနှင့်အကိုသည် ။ ပ ။ **ဘဂိနိယာ** = အမ, နှမသည် ။ ပ ။ **မိတ္တာမစ္စေဟိ** = မိတ်ဆွေ, သူငယ်ချင်းများတို့သည်၊ [အမာ သဟ ဝတ္တန္တိ တတ္ထ တတ္ထ ကိစ္စတိ အမစ္စာ = ထိုထိုကိစ္စ၌ အတူတကွ ဖြစ်ဖက်သူငယ်ချင်းများ] ။ ပ ။ **ဉာတိသာလောဟိတေဟိ** = ဆွေမျိုး သွေးသားတော်စပ်သူတို့သည်၊ [လောဟိတေန သမ္ဗန္ဓာ သာလောဟိတာ] ဝါ = ဆွေမျိုးသားချင်းတို့သည်
## PAGE 306

။ပ။ **ဒေဝတာဟိ**=နတ်တို့သည် ။ပ။ **သမဏဗြာဟ္မဏေဟိ**= ရဟန်း, သူတော်ကောင်းတို့သည်၊ **နုကတံ**=မဟုတ်၊ **အထခေါ**=အဟုတ်သော်ကား၊ **တယာဝ**=သင်သည်သာ၊ **ဧတံ ပါပကမ္မံ**-ကို၊ **ကတံ**=ပြုအပ်ခဲ့ပြီ။ **တွံ ဧဝ**-သင်သည်သာလျှင်၊ **ဧတဿ**=ဤမကောင်းမှုကံ၏၊ **ဝိပါကံ**=အကျိုးကို၊ **ပဋိသံဝေဒိဿသိ**=ခံစားရလိမ့်မည်၊ **ဣတိ**=ဤသို့ (အာဟ=ပြော၏)

။ပ။ **ဒေဝဒူတံ**=ကို၊ **သမနုယုဉ္ဇိတွာ**=အဖြေပေးအောင် စစ်ဆေးမေးမြန်းပြီး၍၊ **သမနုဂါဟိတွာ**=အယူအဆ မပြောင်းမလဲ တည်မြဲစေကာ နှိုက်ယူ မေးမြန်းပြီး၍၊ **သမနုဘာသိတွာ**-အကြောင်းယုတ္တိ အမှန်သဘောပေါ်လာအောင် မေးမြန်းပြီး၍၊ **ဒုတိယံ**=နှစ်ဦးမြောက်သော ။ပ။ **အမ္ဘော ပုရိသ**=ကျား၊ **တွံ**=သည်၊ **မနုသေသု**=တို့၌။ **အာဗာဓိက**-အနာရောဂါ စွဲကပ်နေသော၊ **ဒုက္ခိတံ**=အလွန်ဖြစ်သော ဒုက္ခရှိသော၊ [**ဒုက္ခံ သဉ္ဇာတံ ယဿာတိ ဒုက္ခိတော**] ဝါ=ဒုက္ခရောက်နေသော၊ **ဒုက္ခံ ဣတော ဂတော ပတ္တောတိ ဒုက္ခိတော**၊ **ဂိလာနံ**=အပြင်းအထန် မကျန်းမာနေသော၊ **သကေ**-မိမိဥစ္စာဖြစ်သော၊ **မုတ္တကရီသေ**=ကျင်ငယ် ကျင်ကြီး၌၊ **ပလိပန္န**= ပေကျံလူးကပ်အပ်လျက်၊ **သေမာနံ**=အိပ်နေသော၊ **အညေဟိ**=အခြားသောသူတို့က၊ **ဝုဋ္ဌာပိယမာနံ**=ထစေအပ်သော၊ ဝါ=ထူပေးအပ်သော၊ **အညေဟိ**=တို့က၊ **သံဝေသိယမာနံ**=အိပ်စေအပ်သော၊ ဝါ=သိပ်ပေးအပ်သော၊ **ဣတ္ထိဝါ**= မိန်းမကို လည်းကောင်း၊ **ပုရိသံဝါ**=ယောက်ျားကိုလည်းကောင်း၊ **န အဒ္ဒသ**-မမြင်ခဲ့ဖူးလော၊ **ဣတိ** (အာဟ)

။ပ။ **ဗျာဓိဓမ္မော**=မကျန်းမမာ နာခြင်းသဘောရှိသည်၊ **ဗျာဓိ**=နာခြင်းသဘောကို၊ **အနတီတော**=သည်၊ **အမှိ**=ဖြစ်၏

။ပ။ **ဧကာဟမတံဝါ**=သေပြီး၍ တရက်ရှိသည်လည်းဖြစ်သော၊ **ဒွိဟမတံဝါ**-သေပြီး၍ နှစ်ရက်ရှိသည်လည်းဖြစ်သော၊ **တီဟမတံဝါ**=သေပြီး၍ သုံးရက်ရှိသည်လည်းဖြစ်သော၊ **ဥဒ္ဓုမာတကံ**=သေပြီးသည့်အထက် မှောင်နောက်ရက်၌ ကြွတက်ဖူးရောင် စက်ဆုပ်ဖွယ်အသေကောင်လည်းဖြစ်သော၊ [ဧကကနိပါတ် စာပိုဒ် ၄၆၃-ကြည့်] **ဝိနီလကံ**=ဖြူနီရောယှက် ညိုနက်မဲပုပ် စက်ဆုပ်ဖွယ်ဆောင် အသေကောင်လည်းဖြစ်သော၊ **ဝိပုဗ္ဗကဇာတံ**=ပြည်သွေးယိုကာ ရွံ့ဖွယ်ရာမသွေ ဖြစ်၍နေသော အသေကောင်လည်း ဖြစ်သော၊ [**ဝိဿန္ဒမာနော ပုဗ္ဗော ယဿာတိ ဝိပုဗ္ဗော၊ ကုစ္ဆိတော ဝိပုဗ္ဗော ဝိပုဗ္ဗကော၊ ဝိပုဗ္ဗကော ဟုတွာ ဇာတော ဝိပုဗ္ဗကဇာတော**] **ဣတ္ထိဝါ**=ကိုလည်းကောင်း၊ **ပုရိသံ ဝါ**=လည်းကောင်း၊ **န အဒ္ဒသ**=လော၊ **ဣတိ** (အာဟ)

။ပ။ **မရဏဓမ္မော**=သေခြင်း သဘောရှိသည်၊ **မရဏံ**=သေခြင်း

