## PAGE 307

သဘောကို ။ပ။ **တုဏှိ**=ဆိတ်ဆိတ်နေသည်၊ **ဟောတိ**=ဖြစ်၏၊ **ဘိက္ခဝေ**=တို့၊ **တမေနံ**=ထိုယောက်ျားကို၊ **နိရယပါလာ**=တို့သည်၊ **ပဉ္စဝိဓဗန္ဓနံ နာမ**=ငါးမျိုးအပြားရှိသော ချုပ်နှောင်ခြင်းမည်သော **ကာရဏံ**=ညှင်းဆဲခြင်းကို၊ **ကရောန္တိ**=ပြုကြကုန်၏။ **တတ္တံ**=ပူလောင်လှစွာသော၊ **အယောခိလံ** (ထန်းပင်လုံးလောက်ရှိသော) သံချွန်တံကျင်ကြီးကို၊ **ဟတ္ထသ္မိံ**-ယာဘက်လက်၌၊ **ဂမေန္တိ**=ထိုးစိုက်ရိုက်သွင်းကြကုန်၏

။ပ။ **ဒုတိယသ္မိံ**=နှစ်ခုမြောက်သော၊ **ဟတ္ထသ္မိံ**=ဝဲဘက်လက်၌ ။ပ။ **ပါဒသ္မိံ**=ယာဘက်ခြေ၌ ။ပ။ **မဇ္ဈေ**=အလည်တည့်တည့်ဖြစ်သော၊ **ဥရသ္မိံ**=ရင်ဘတ်၌

။ပ။ **သော**=ထိုယောက်ျားသည်၊ **တတ္ထ**-ထိုငရဲ၌၊ **ဒုက္ခာ**- ခဲယဉ်းသဖြင့် သည်းခံအပ်ကုန်သော၊ ဝါ=သည်းခံနိုင်ခဲကုန်သော၊ **တိဗ္ဗာ**=ထူထပ်ကုန်သော၊ **ခရာ**-ကြမ်းတမ်းကုန်သော၊ **ကဋုကာ**= ထက်မြက်စူးရှကုန်သော၊ ဝါ=ခါးစပ်သောအရသာနှင့် တူကုန်သော၊ **ဝေဒနာ**-ဒုက္khဝေဒနာတို့ကို၊ **ဝေဒိယတိ**=ခံစားနေရ၏၊ **စ**=ထို့အပြင်၊ ဝါ =ပြီးတော့၊ **ယာဝ**=အကြင်မျှလောက်သော ကာလပတ်လုံး၊ **တံပါပကမ္မံ**=ထိုမကောင်းမှုကံသည်၊ **နဗျန္တီ ဟောတိ**=ကင်းသောအဆုံးအပိုင်းအခြား ရှိသည် မဖြစ်သေး၊ ဝါ=မကုန်သေး၊ [**ဗျန္တ** = **ဝိ** + **အန္တ**။ **ဝိဂတော အန္တော ယဿ ပါပကမ္မဿာတိ ဗျန္တံ**၊ ထို့နောက် ဤလာ၍ “**ဗျန္တီဟောတိ**”ဟု ဖြစ်၏။ သဒ္ဒနီတိ ၁၃၃၈-သုတ်]၊ **တာဝ**=ထိုမျှလောက် ကာလပတ်လုံး၊ **ကာလံ**=သေဆုံးခြင်းကို၊ **န ကရောတိ**=မပြု

။ပ။ **သံဝေသေတွာ**=အိပ်စေ၍၊ (ရဲရဲပြောင်ပြောင် တောက်လောင်သော သံမြေပြင်ပေါ်၌ အိပ်စေ၍) **ကုဌာရီဟိ**=ပုဆိန်ကြီးတို့ဖြင့်၊ (အိမ်၏အမိုး တခြမ်းလောက်ရှိသော ပုဆိန်ကြီးတို့ဖြင့်) **တစ္ဆန္တိ**=ခုတ်ရွေကြကုန်၏။

။ပ။ **ဥဒ္ဓံပါဒံ**=အထက်၌ခြေထောက်ရှိအောင်၊ [**ဥဒ္ဓံ ပါဒါ ယဿာတိ ဥဒ္ဓံပါဒေါ၊ တံ**] ဝါ=ခြေထောက်မိုးမျှော်၊ **အဓောသိရံ**=အောက်၌ ဦးခေါင်းရှိအောင်၊ ဝါ=ဦးခေါင်းစောက်ထိုး၊ **ဂဟေတွာ**=ဆွဲကိုင်ကြကုန်၍၊ **ဝါသီဟိ**= (ဗန်းစကောလောက်ရှိသော) ပဲခွပ်ကြီးတို့ဖြင့်

။ပ။ **ရထေ**-ရထား၌ (မီးလျှံကြွတက် တဝင်းဝင်းလက်နေသော ရထား၌) **ယောဇေတွာ**=တပ်၌၊ **အာဒိတ္တာယ**= မီးအဆင်းရောင် ဝင်းဝင်းပြောင်နေသော၊ [**အဂ္ဂိဝဏ္ဏေန အာဒိပ္ပတိ ပဇ္ဇလတီတိ အာဒိတ္တာ**] **သမ္ပဇ္ဇလိတာယ**-ဝန်းကျင်ပတ်ရံ, မီးလျှံကြွတက် ဝင်းဝင်းလက်နေသော၊ [**သမန္တတော ပဇ္ဇလတီတိ သမ္ပဇ္ဇလိတာ**] **သဇောတိဘူတာယ**=မီးလျှံအရောင်အလင်းနှင့် တကွဖြစ်၍ဖြစ်သော၊ (မီးတောက်မီးလျှံ, ပတ်ပတ်ရံဝင်း, တဆက်တည်းသော အရောင်အလင်းနှင့် တကွဖြစ်၍ဖြစ်သော)

## PAGE 308

**ဘူမိယာ**=မြေပြင်၌၊ **သာရေန္တိပိ**-ပြေးသွားလည်း ပြေးသွားစေကြကုန်၏။ ဝါ= မောင်းနှင်လည်း မောင်းနှင်ကြကုန်၏ ။ **ပစ္စာသာရေန္တိပိ**= တဖန်ပြေးလာလည်း ပြေးလာစေကြကုန်၏။ ဝါ=ပြန်၍လည်း မောင်းနှင်လာကြကုန်၏၊ **သော တတ္ထ ဒုက္ခာ** ။ပ။ **ဗျန္တီ ဟောတိ** [ဟုပေယျာလဖော်ပါ]

**မဟန္တံ**=(ဘုံခုနစ်ဆင့်ရှိ အထွတ်တပ်အိမ်ကြီးလောက်) ကြီးမားလှစွာသော၊ **အာဒိတ္တံ**=မီးအဆင်းရောင် ဝင်းဝင်းပြောင်နေသော၊ **သမ္ပဇ္ဇလိတံ**=သော၊ **သဇောတိဘူတံ**=သော၊ **အင်္ဂါရပဗ္ဗတံ**=မီးကျီးတောင်ပေါ်သို့၊ **အာရောပေန္တိပိ**= တက်လည်းတက်စေကြကုန်၏။ **သြရောပေန္တိပိ**=ဆင်းလည်း ဆင်းစေကြကုန်၏

**တတ္တာယ**=ပူလောင်လှစွာသော၊ **အာဒိတ္တာယ**=သော ။ပ။ **သဇောတိဘူတာယ**= သော၊ **လောဟကုမ္ဘိယာ**=သံအိုးကြီးထဲ၌၊ **ပက္ခိပန္တိ** =ပစ်ချထည့်သွင်းကြကုန်၏၊ **သော**-ထိုယောက်ျားသည်၊ **တတ္ထ**=ထိုသံအိုးကြီးထဲ၌၊ **ဖေဏုဒ္ဓေဟကံ**-အမြှုပ်တစိစိထစေလျက်၊ **ပစ္စမာနော**=ကျက်နေစဉ်၊ **သကိမ္ပိ**=တကြိမ်လည်း၊ **ဥဒ္ဓံ**=အထက်သို့၊ **ဂစ္ဆတိ**= ပေါ်တက်လာ၏။ **သကိမ္ပိ**=လည်း၊ **အဓော**=အောက်သို့၊ **ဂစ္ဆတိ**=နှစ်မြှုပ်သွား၏။ **သကိမ္ပိ**=လည်း၊ **တိရိယံ**=ဖီလာအရပ်သို့၊ **ဂစ္ဆတိ**-သွား၏

။ပ။ **မဟာနိရယေ**=အဝီစိငရဲကြီး၌၊ **ပက္ခိပန္တိ** =ပစ်ချကြကုန်၏၊ **ဘိက္ခဝေ**=တို့၊ **သော မဟာနိရယော**=ထိုအဝီစိငရဲကြီးသည်၊ ဝါ=ကို။

**စတုက္ကဏ္ဏော**-(လေးထောင့်သေတ္တာကဲ့သို့) လေးခုသောထောင့်ရှိ၏။ **စတုဒွါရော**=(အရပ်လေးမျက်နှာ ရှိသည့်အလျောက်) လေးပေါက်သော တံခါးရှိ၏။ **ဝိဘတ္တော**=(လေးဘက်တံခါး, အညီထား၍)နယ်မြေပိုင်းခြား ကန့်သတ်ထားအပ်၏၊ **ဘောဂသော**=ငရဲခံသတ္တဝါ အုပ်စုတို့ကို၊ (**ဌပေတွာ**=တံခါးနှင့်လမ်း, ဖြောင့်တန်းကိုက်ညီ, တသန့်စီထား၍) **မိတော**=(သတ္တဝါတို့၏ သဘောတူရာ ကံကြမ္မာဖြင့်) တိုင်းတာခွဲခြားထားအပ်၏။ **အယောပါကာရပရိယန္တော**-သံတံတိုင်းဟူသော အကာအရံ အပိုင်းအခြားရှိ၏။ **အယသာ**=(ကိုးယူဇနာရှိသော) သံပြားကြီးဖြင့်၊ **ပဋိကုဇ္ဇိတော**=ဖုံးအုပ်ထားအပ်၏။

**တဿ**-ထိုအဝီစိငရဲကြီး၏၊ **ဘူမိ**=မြေပြင်သည်၊ **အယောမယာ**=သံဖြင့်ပြီး၏၊ **တေဇသာ**=(ဝန်းကျင်ပတ်ရံ အလျှံပြောင်ညီး) လောင်မီးကြီးနှင့်၊ **ယုတာ**=အစဉ်အမြဲယှဉ်တွဲနေ၍၊ **ဇလိတာ**=ထိန်ထိန်ဝင်းဝင်း အလင်းကြီးလင်းလျက်၊ **သဗ္ဗဒါ**=အမြဲခပ်သိမ်း၊ **သမန္တာ**=ပတ်ပတ်လည်၌၊ **ယောဇနသတံ**=ယူဇနာတရာတိုင်အောင်၊ **ဖရိတွာ**=ဖြန့်၍၊ **တိဋ္ဌတိ**=တည်ရှိ၏၊ **ဣတိ** (**အဝေါစ**=မိန့်)
## PAGE 309

သုတ်ဋ္ဌ, ဋ္ဌိနှင့်တကွ ပေတဝတ္ထုဋ္ဌ (၄၈)မဟာနိဒ္ဒေသဋ္ဌ (၃၇၅)ဇာတ် ဋ္ဌ(မ-၂၈၉၊ သံကိစ္စဇာတ်)စသည်တို့ကို ကြည့်၍ အနက်ပေးသည်]

**ဘိက္ခဝေ**=တို့၊ **ဘူတပုဗ္ဗေ**=ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းဝတ္ထုကား၊ **ယမဿ**=ယမမည်သော၊ **ရညော**=မင်းမှာ၊ **ဧတံ**=ဤသို့ စဉ်းစားမိခြင်းသည်၊ **အဟောသိ**=ဖြစ်ဖူးပြီ။ (**ကိန္တိ**=သို့၊ **အဟောသိ**=မူ) **ယေ**=အကြင်သူတို့သည်၊ **လောကေ**=သတ္တလောက၌၊ **ပါပကာနိ**=ယုတ်မာကုန်သော၊ **ကမ္မာနိ**=အကုသိုလ်အမှုတို့ကို၊ **ကရောန္တိ**=ပြုလုပ်ကြကုန်၏၊ **တေ**=ထိုသူတို့ကို၊ **ဧဝရူပါ** (**ဧဝရူပါယ**)="ဤအလွန်အမင်း ရက်စက်ခြင်းသဘောရှိသော၊ **ဝိဝိဓာ** (**ဝိဝိဓာယ**)=အထူးထူးအဖုံဖုံ နည်းမျိုးစုံရှိသော၊ **ကမ္မကာရဏာ** (**ကမ္ပကာရဏာယ**)=ညှဉ်းပန်းနှိပ်စက်ခြင်းအမှုဖြင့်၊ **ကရီယန္တိ ကိရ ဘော**=ညှဉ်းပန်းနှိပ်စက်အပ်ကုန်လော့ဟရို့၊

[အကယ်၍ ကရဓာတ်ကို ဒွိကမ္မကဟု ယူဆလျှင်ကား **ဧဝရူပါ**စသော သုံးပုဒ်၌ ပဌမာယောဝိဘတ်ချည်းသာတည်း၊ **ကိရ**၏ အနက်ကို စတုက္ကနိပါတ် စာပိုဒ် ၃၃-ကြည့်] **အဟံ**=ငါသည်၊ **မနုဿတ္တံ**=လူ့အဖြစ်ကို၊ **လဘေယျ**=ရပါမူကား၊ **အဟောဝတ**=ဩော်ကောင်းလေစွ၊ **အရဟံ**=ကိလေသာရန်ဘေးကင်းဝေးတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေါ**-အမှားမပါ မှန်စွာပိုင်နိုင် ကိုယ်တိုင်စထွင်ကုန်စင်ခပင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တထာဂတော**=မြတ်စွာဘုရားသည်၊ **လောကေ**-သတ္တလောက၌၊ **ဥပ္ပဇ္ဇေယျ စ**=ပွင့်ထွန်းလည်း ပွင့်ထွန်းလာပါမူကား (**အဟော ဝတ**=စွ) **အဟံ**=ငါသည်၊ **တံဘဂဝန္တံ**=ထိုမြတ်စွာဘုရားကို၊ **ပယိရုပါသေပျံ စ**=ဆည်းကပ်လည်း ဆည်းကပ်ရပါမူကား၊ (**အဟော ဝတ**)

**သုဘဂဝါ**=ထိုမြတ်စွာဘုရားသည်၊ **မေ**=ငါ့အား၊ **ဓမ္မံ**=တရားကို၊ **ဒေသေယျ စ**=ဟောကြားလည်း ဟောကြားပါမူကား၊ (**အဟော ဝတ**) **အဟံ**=ငါသည်၊ **တဿ ဘဂဝတော**=ထိုမြတ်စွာဘုရား၏၊ **ဓမ္မံ**=ကို၊ **အာဇာနေယျ စ**=သိလည်းသိပါမူကား၊ (**အဟော ဝတ**) **ဣတိ**=ဤသို့ စဉ်းစားမိခြင်းသည်၊ (**အဟောသိ**) **ဘိက္ခဝေ**=တို့၊ **ပနှ**=ယုံကြည်ဖွယ်ရာအကြောင်း ထပ်လောင်း၍ ပြောရလျှင်ကား၊ **အဟံ**=ငါသည်၊ **တံ**=ထိုအကြောင်းအရာကို၊ ငရဲနှင့်စပ်သမျှသော ထိုအဖြစ်သနစ်ကို) **အညဿ**=ငါဘုရားမှတပါး တခြားသော၊ **သမဏဿ ဝါ**=ရဟန်း၏လည်းကောင်း၊ **ဗြာဟ္မဏဿဝါ**=ဗြာဟ္မဏ သူတော်ကောင်း၏ လည်းကောင်း (**ဝစနံ**=စကားကို) **သုတွာ**=တဆင့်ကြားရ၍၊ **ဧဝံ**=ဤသို့၊ **ဝဒါမိ**=ဟောတော်မူသည်မဟုတ်၊ **ဘိက္ခဝေ**=တို့၊ **အပ္ပစခေါ**=

