## PAGE 310

အဟုတ်အမှန်ကား၊ **ယံ**=အကြင်အကြောင်းအရာကို၊ **မေ**=ငါသည်၊ **သာမံဧဝ**=ကိုယ်တိုင်သာလျှင်၊ **ဥာတံ**=သိအပ်ပြီး **သာမံဧဝ**=လျှင်၊ **ဒိဋ္ဌိ**-မြင်အပ်ပြီ၊ **သာမံဧဝ**=လျှင်၊ **ဝိဒိတံ**=ထင်ရှားသိအပ်ပြီ၊ **တံဝေ**=ထိုကိုယ်တိုင် သိမြင်အပ်သော အကြောင်းအရာကိုသာလျှင်၊ **အဟံ**=သည်၊ **ဝဒါမိ**=ဟောတော်မူ၏၊ **ဣတိ** (**အဝေါ်စ**=မိန့်)

**ယေ မာဏဝါ**=အကြင်သတ္တဝါတို့သည်၊ **ဒေဝဒူတေဟိ**=(သူအို, နာ, သေ၊ သုံးထွေသော) သေမင်းစေတမန်တို့သည်၊ **စောဒိတာ**=တိုက်တွန်းဟောပြ ဆုံးမအပ်ပါကုန်လျက်၊ **ပမန္တိ**=မေ့လျော့ပေါ့ဆ နေကြကုန်၏။ **နရာ**=ဗာလမည်တွင် ပုထုဇဉ်ဖြစ်ကြကုန်သော၊ **တေ မာဏဝါ**=ထိုသတ္တဝါတို့သည်၊ **ဟီနကာယူပဂါ**=ယုတ်ညံ့သော သတ္တဝါအပေါင်းသို့ လားရောက်ကြကုန်လျက်၊ **ဝါ**=ယုတ်ညံ့သော ကိုယ်ခန္ဓာအတ္တဘောသို့ လားရောက်ကြကုန်လျက်။ **ဒီဃရတ္တံ**=ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ **သောစန္တိ**=ဝမ်းနည်းပူဆွေးနေကြရကုန်၏၊ **ဣဓ**=ဤလောက၌၊ **သန္တော**=ကိလေသာခပ်သိမ်း ငြိမ်းအေးတော်မူကြကုန်သော၊ **ယေစ သပ္ပုရိသာ**=အကြင်သူတော်ကောင်းတို့သည်ကား၊ **ဒေဝဒူတေဟိ**-တို့သည်၊ **စောဒိတာ**=တိုက်တွန်းဟောပြ ဆုံးမအပ်ကုန်သည်၊

(**ဟုတွာ**=ဖြစ်ကြ၍၊ **ဝါ**=ဖြစ်ကြခြင်းကြောင့်) **အရိယဓမ္မေ**= အရိယာ သူတော်ကောင်းတို့၏ တရား၌၊ **ကုဒါစနံ**=အဘယ်အခါမျှ၊ **န ပမန္တိ**=မမေ့လျော့ကြကုန်။ (**တေ သပ္ပုရိသာ**=ထိုသူတော်ကောင်းတို့သည်) **ဇာတိမရဏသမ္ဘဝေ** ပဋိသန္ဓေနေခြင်း, သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော၊ **ဥပါဒါနေ**=ဥပါဒါန် တရားလေးပါး၌၊ **ဝါ**=ပြင်းထန်မြဲမြံစွာ ဖမ်းယူတတ်သော တဏှာဒိဋ္ဌိတရား၌၊ **ဘယံ**=ကြောက်ဖွယ်ဘေးကို၊ **ဒိသွာ**=တွေ့မြင်ကြ၍၊ **အနုပါဒါ** (**အနုပါဒါယ**)=ဥပါဒါန်လေးပါးတို့ဖြင့် တစုံတခုသော အာရုံကို ပြင်းထန်မြဲမြံစွာ မဖမ်းယူကြကုန်၍၊ **ဝါ**=ဥပါဒါန်.....မဖမ်းယူကြခြင်းကြောင့်၊ **ဇာတိမရဏသင်္ခယေ**=ပဋိသန္ဓေနေခြင်း, သေခြင်း၏ ကုန်ရာနိဗ္ဗာန်၌၊ **ဝိမုစ္စန္တိ**=လွတ်လွတ်ကင်းကင်း နှလုံးသွင်းသက်ဝင်ကြကုန်၏။ **အပ္ပမာဒါ**=မမေ့လျော့ကြကုန်သော၊ **တေ** (**သပ္ပုရိသာ**)တို့သည်၊ **သုခိနော**=လောကုတ္တရာ ချမ်းသာရှိကြကုန်လျက်၊ **ဒိဋ္ဌဓမ္မာဘိနိဗ္ဗူတာ**-ယခုမျက်မှောက် အတ္တဘော၌ ကိလေသာခပ်သိမ်း ငြိမ်းခြင်းဖြင့် ငြိမ်းအေးကြကုန်လျက်၊ **သဗ္ဗဝေရဘယာတီတာ**=အားလုံးသော ရန်ဘေးကို ကျော်လွှားကြကုန်လျက်၊ **သဗ္ဗဒုက္ခံ**=အားလုံးသော ဝဋ်ဆင်းရဲကို၊ **ဥပစ္စဂုံ့**=လွန်မြောက်ကြကုန်ပြီ၊ **ဣတိ**(**အဝေါစ**=မိန့်တော်မူပြီ)

## PAGE 311

၃၇။ **ဘိက္ခဝေ**=ရဟန်းတို့၊ **ပက္ခဿ**=လဆန်းရက်ပိုင်း, လဆုတ်ရက်ပိုင်း၏၊ **အဋ္ဌမိယံ**=ရှစ်ရက်မြောက်ဥပုသ်နေ့၌၊ **စတုန္နံ**=လေးယောက်ကုန်သော **မဟာရာဇာနံ**=နတ်မင်းကြီးတို့၏၊ **ပါရိသဇ္ဇာ**-အခြွေအရံ နတ်ပရိသတ်တွင် အပါအဝင် ဖြစ်ကုန်သော၊ **အမစ္စာ**=အပါးတော်မြဲနတ်ကြီးတို့သည်၊ **ဣမံ လောကံ**=ဤလူ လောကကို၊ **အနုဝိစရန္တိ**=လှည့်လည်စုံစမ်းကြကုန်၏၊ (**ကိန္တိ**=အဘယ်ကို သိလို၍၊ **အနုဝိစရန္တိ**=မူ) **ကစ္စ**=အဘယ်သို့လေနည်း၊ **ဗဟူ**=များစွာကုန်သော၊ **မနုဿာ**=လူတို့သည်၊ **မနုဿေ**=လူတို့၌၊ **မတ္တေယျာ**=မိခင်၏ အကျိုးစီးပွားကို ဆောင်ရွက်ကုန်သည်၊ **ပေတ္တေယျာ**-ဖခင်၏ အကျိုးစီးပွားကို ဆောင်ရွက်ကုန်သည်၊ **သာမညာ**=ရဟန်းတို့၏အကျိုး.....ကုန်သည်၊ **ဗြဟ္မညာ**=ရဟန္တာတို့၏ အကျိုး....ကုန်သည်၊ **ကုလေ**=အမျိုး၌၊ **ဇေဋ္ဌာပစာယီနော**=ကြီးသောသူတို့ကို ရိုသေကုန်သည်၊ (**ဟောန္တိ**=ဖြစ်ကြပါကုန်၏လော) **ဥပေါသထံ**=ဥပုသ်သီလကို၊ **ဥပဝသန္တိ**=စောင့်ထိန်းကြပါကုန်၏လော၊ **ပဋိဇာဂရောန္တိ**=ဥပုသ်အကြို,အပိုဆင့်ပွား နိုးနိုးကြားကြား စောင့်ထိန်းကြပါကုန်၏လော၊ **ပုညာနိံ**=တခြားသော ကုသိုလ်ကောင်းမှုတို့ကို၊ **ကရောန္တိ**=ပြုကြပါကုန်၏လော၊ "**ဣတိ**=ဤအကြောင်းကို သိလို၍၊ (**အနုဝိစရန္တိ**-၏) **ဘိက္ခဝေ**=တို့၊ **ပက္ခဿ**=၏၊ **စာတုဒ္ဒသီ**-၁၄-ရက်မြောက် ဥပုသ်နေ့၌ ။ပ။ **ပုတ္တာ**=သားတို့သည်

၁။ **ပဋိဇာဂရောန္တိ**။ ။ **ပဋိ ပဋိ**=ထပ်ကာ ထပ်ကာ+**ဇာဂရောန္တိ**=နိုးနိုးကြားကြား ဥပုသ်စောင့်ကုန်၏။ **ပဉ္စမီ**, **အဋ္ဌမီ**, **စာတုဒ္ဒသီ**, **ပန္နရသီ**ဟူ၍ လဆန်းပိုင်း၌ လေးဥပုသ်, လဆုတ်ပိုင်း၌ လေးဥပုသ်ဟု တလတလ၌ မူလဥပုသ် ရှစ်ရက်စီ ရှို၏။ (ရက်မစုံလ၌ကား **ပန္နရသီ**ဥပုသ် တရက်လျော့၏)

ထိုမူလဥပုသ်၏ **ပဋိဇာဂရ** (အကြိုအပို) ဥပုသ်လည်း ရှိသေး၏။ လေးရက်နေ့သည် **ပဉ္စမ**ဥပုသ်၏ အကြို (**ပဋိဇာဂရ**) ဥပုသ်ဖြစ်၍ (၆)ရက်နေ့သည် အပို(**ပဋိဇာဂရ**) ဥပုသ်ဖြစ်၏။

ဤနည်းအားဖြင့် (၇)ရက်နေ့နှင့် (၉)ရက်နေ့ကိုလည်းကောင်း၊ ၁၃-ရက်နေ့နှင့် လပြည့်ကျော်တရက် လဆန်းတရက်ကို လည်းကောင်း အကြိုအပို (**ပဋိဇာဂရ**) ဥပုသ်ဖြစ်ပုံကို သိပါ။ **ပန္နရသီ**ဥပုသ်နေ့မှန်သမျှ အကြိုဥပုသ်မရှိသကဲ့သို့ ရက်စုံလဆုတ်၏ **စာတုဒ္ဒသီ**ဥပုသ်မှာလည်း အပိုဆင့်ပွား ဥပုသ်မရှိဟု မှတ်ပါ။
## PAGE 312

ပ။ ဘိက္ခဝေ=တို့၊ ပန္နရသေ ၁၅-ရက်မြောက်သော၊ ဥပေါသထေ=ဥပုသ်ဖြစ်သော၊ တဒဟု=ထိုနေ့၌၊ စတ္တာရော=လေးယောက်ကုန်သော၊ မဟာရာဇာနော=နတ်မင်းကြီးတို့သည်၊ သာမံ ဧဝ=ကိုယ်တိုင်သာလျှင် ။ပ။

ဘိက္ခဝေ=တို့၊ အပ္ပကာ=အနည်းငယ်မျှလောက်ကုန်သော၊ မနုဿာ=လူတို့သည် ။ပ။ ဇေဋ္ဌာပစာယိနော=ကုန်သည်၊ သစေ ဟောန္တိ=အကယ်၍ဖြစ်ကုန်အံ့၊ ဥပေါသထံ=ကို၊ သစေ ဥပဝသန္တိ=အကယ်၍ စောင့်ထိန်းကုန်အံ့၊ သစေ ပဋိဇာဂရောန္တိ=အံ့၊ ပုညာနိ=တို့ကို၊ သစေ ကရောန္တိ=အံ့၊ ဘိက္ခဝေ=တို့၊ (ဧဝံ သန္တေသု-ဤသို့ ဖြစ်ကုန်လသော်) တမေနံ=ထိုအကြောင်းကို၊ စတ္တာရော=ကုန်သော၊ မဟာရာဇာနော=တို့သည်၊ သုဓမ္မာယ=သုဓမ္မာမည်သော၊ သုဘာယ=နတ်သဘင်၌၊ ဝါ=စည်းဝေးရာ ခန်းမဆောင်၌၊ သန္နိသိန္နာနံ=ပေါင်းစုထိုင်နေကြကုန်သော၊ သန္နိပတိတာနံ=တစုတဝေးတည်း ရောက်နေကြကုန်သော၊ တာဝတိံသာနံ=တာဝတိံသာဘုံသား ဖြစ်ကုန်သော၊ ဒေဝါနံ=နတ်တို့အား၊ အာရောစေန္တိ=ပြောကြားကြကုန်၏၊ (ကိန္တိ=အဘယ်သို့၊ အာရောစေန္တိ=ဟူမူ) မာရိသာ=ဒုက္ခကင်းငြား အချင်းနတ်သားတို့၊ အပ္ပကာ=ကုန်သော၊ မနုဿာ ။ပ။ ကရောန္တိ=ကုန်၏၊ ဣတိ=သို့၊ (အာရောစေန္တိ=ကုန်၏)၊ ဘိက္ခဝေ=တို့၊ တေန=ထိုသို့ ပြောကြားခြင်းကြောင့်၊ ဝါ=ထိုသို့ ကုသိုလ်ကောင်းမှုပြုသော လူတို့နည်းပါးကုန်သည်အဖြစ်ကြောင့်၊ တာဝတိံသာ=တာဝတိံသာဘုံ၌ ဖြစ်ကုန်သော၊ ဒေဝါ=နတ်တို့သည်၊ "ဘော= အိုနတ်သားတို့၊ ဒိဗ္ဗာ=နတ်ပြည်၌ဖြစ်ကုန်သော၊ ကာယာ=နတ်အပေါင်းတို့သည်၊ ပရိဟာယိဿန္တိ ဝတ=ယုတ်လျော့နည်း ပါးကုန်တော့မည်တကား၊ အသုရကာယာ=အပါယ်လေးဘုံသားသတ္တဝါအပေါင်းတို့သည်၊ ပရိုပူရိဿန္တိ ဝတ=အရေအတွက် တိုးပွားများပြားကုန်တော့မည်တကား၊" ဣတိ=ဤသို့၊ အနတ္တမနာ=ပီတိသောမနဿတို့ယူအပ်သော စိတ်မရှိကုန်သည်၊ ဝါ=စိတ်မချမ်းသာကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။

ဘိက္ခဝေ=တို့၊ ပုန=ထိုသို့ မဟုတ်မူ၍၊ ဗဟူ=ကုန်သော၊ မနုဿာ ။ပ။ ဘိက္ခဝေ=တို့၊ တေန=ထိုသို့ပြောကြားခြင်းကြောင့်၊ ဝါ=ထိုသို့ ကုသိုလ်ကောင်းမှုပြုသော လူတို့များပြားကုန်သည်အဖြစ်ကြောင့်၊ အတ္တမနာ=ပီတိသောမနဿတို့ ယူအပ်သော စိတ်ရှိကြကုန်သည်၊ ဝါ=နှစ်သက်ဝမ်းမြောက်ကြကုန်သည် ။ပ။ ဘိက္ခဝေ=တို့၊ ဘူတပုဗ္ဗိ=ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းဝတ္ထုကား၊ ဒေဝါနံ=နတ်တို့၏၊ ဣန္ဒော=အစိုးရသူ နတ်ဘုရင်ဖြစ်သော၊ သက္ကော=သိကြားမင်းသည်၊ တာဝတိံသေ=တာဝတိံသာဘုံသား ဖြစ်ကုန်သော၊ ဒေဝေ=နတ်တို့ကို၊ အနုနယမာနော=ဟောပြောသိစေသော်၊ တာယံ ဝေလာယံ=ဟောပြောသိစေရာ ထိုအခါ၌၊ ဣမံ ဂါထံ=ဤဂါထာကဗျာကို၊ အဘာသိ=သီဆိုပြီ (ကိန္တိ=အဘယ်သို့၊ အဘာသိ=သနည်းဟူမူ)

**ယော နရော=အကြင်ပုဂ္ဂိုလ်သည်၊ မာဒိသော=ငါကဲ့သို့သော သိကြားမင်းသည်၊ အဿ=ဖြစ်ငြားအံ့၊ ဝါ=ဖြစ်လျှင်၊ သော (နရော) ပိ=ထိုငါကဲ့သို့ သိကြားမင်းဖြစ်သော သူသည်လည်း၊ တနည်း-ယော နရော=သည်၊ မာဒိသော=ငါကဲ့သို့သော စည်းစိမ်ရှင်သိကြားမင်းသည်၊ အဿ=ဖြစ်လိုငြားအံ့၊ ဝါ=ဖြစ်ချင်လျှင်၊ သော နရောပိ=ထိုငါကဲ့သို့ သိကြားမင်းဖြစ် ချင်သူသည်လည်း]၊** ပက္ခဿ=လဆန်းရက်ပိုင်း, လဆုတ်ရက်ပိုင်း၏။ စာတုဒ္ဒသီ=၁၄-ရက်မြောက် ဥပုသ်နေ့ပတ်လုံး လည်းကောင်း၊ ပဉ္စဒသီ=၁၅-ရက်မြောက် ဥပုသ်နေ့ပတ်လုံးလည်းကောင်း၊ အစ္စန္တ သံယောဂေစေတံ ဥပယောဂဝစနံ။ မိတ္တာထေရီဂါထာ အဋ္ဌကထာ၊ ၃၉] ပက္ခဿ=၏၊ "ယာ အဋ္ဌမီ=အကြင်ရှစ်ရက်မြောက် ဥပုသ်နေ့သည်၊ (အတ္ထိ=ရှိ၏၊ တံ အဋ္ဌမိ" စ=ထိုရှစ်ရက်မြောက် ဥပုသ်နေ့ပတ်လုံး လည်းကောင်း)၊ ပါဋိဟာရိယပက္ခဉ္စ=ရက်ရှည်မပြတ် စောင့်ထိန်းအပ်သည့်

