## PAGE 313

၁။ ပါဋိဟာရိယပက္ခ။ ။ နိဗဒ္ဓဥပေါသထ (အဆက်မပြတ် စောင့်ထိန်းအပ်သော ဥပုသ်သီလ)ကို ပါဋိဟာရိယပက္ခဟု အဋ္ဌကထာ၌ ဖွင့်ဆို၏။ ထိုဥပုသ်သီလ သုံးမျိုးကား---

(၁) ဝါတွင်းသုံးလတိတိ စောင့်ထိန်းအပ်သော ဥပုသ်သီလ။ (၂) ထိုသုံးလ မစွမ်းနိုင်ခဲ့သော် သီတင်းကျွတ်လပြည့် ပဌမပဝါရဏာနေ့နှင့် တန်ဆောင်မုန်းလပြည့် ဒုတိယပဝါရဏာနေ့တို့၏အကြား တလတိတိ စောင့်ထိန်းအပ်သော ဥပုသ်သီလ။ (၃) ထိုတလမစွမ်းနိုင်ခဲ့သော် ပဌမပဝါရဏာနေ့မှစ၍ ၁၅-ရက်တိတိ စောင့်ထိန်းအပ်သော ဥပုသ်သီလဟူသော သုံးမျိုးတည်း။

[သံယုတ်ဋ္ဌ (ပ-၂၈၁)၌ကား ယခင်ပဋိဇာဂရဥပုသ်၌ ပြခဲ့သော အဋ္ဌမီ, စာတုဒ္ဒသိ, ပန္နရသီတို့၏ အကြိုအပို ဥပုသ်နှင့် အမှတ်(၃) ဥပုသ်ကို ပါဋိဟာရိယပက္ခဟု ဖွင့်ဆို၏။

ဟရိတဗ္ဗော ဝတ္တေတဗ္ဗောတိ ဟာရိယော=ဖြစ်စေသင့် (စောင့်ထိန်းသင့်)သော ဥပုသ်သီလ။ ပဋိပဋိ (ထပ်ကာထပ်ကာ) ဟာရိယော ပဋိဟာရိယော၊ သော ဧဝ ပါဋိဟာရိယော။ ပက္ခ=ဘက်၊ အုပ်စု။ ပါဋိဟာရိယော အကျင့်မြတ်သုံးဖြာ ဥပုသ်အချိန်အခါ ကာလပတ်လုံးလည်းကောင်း၊ အဋ္ဌင်္ဂသု သမာဂတံ=(ပါဏာတိပါတာ ဝေရမဏိစသော) ရှစ်ပါးသော ဥပုသ်ဂုဏ်အင်္ဂါတို့နှင့် ကောင်းစွာပြည့်စုံသော၊ ဥပေါသထံ=ဥပုသ်သီလကို၊ ဥပဝသေယျ=စောင့်ထိန်းထိုက်၏၊ ဝါ=စောင့်ထိန်းရမည်၊ [ယျဝိဘတ်ကို အရဟအနက်နှင့် အာဏတ္တိအနက်ဟောကြားသည်] ဣတိ=ဤသို့၊ (အဘာသိ=သီဆိုပြီ)

## PAGE 314

ဘိက္ခဝေ=တို့၊ ပုန ထိုသို့ သီဆိုအပ်ပါသော်လည်း၊ ဒေဝါနံ=တို့၏၊ ဣန္ဒေန=သော၊ သက္ကေန=သည်၊ သာ ဧသာ ဂါထာ=ထိုဂါထာကို၊ ဒုဂ္ဂီတာ=မကောင်းသဖြင့် သီဆိုအပ်ပြီ၊ ဝါ=မထိုက်မတန် သီဆိုအပ်ပြီ၊ န သုဂ္ဂီတာ=ကောင်းစွာ သီဆိုအပ်သည်မဟုတ်၊ ဝါ=မှန်ကန်စွာ သီဆိုအပ်သည်မဟုတ်၊ ဒုဗ္ဗာသိတာ=မကောင်းသဖြင့် ရွတ်ဆိုပြောပြအပ်ပြီ၊ နသုဘာသိတာ=ကောင်းမွန်မှန်ကန်စွာ ရွတ်ဆိုပြောပြအပ်သည်မဟုတ်။ ကိဿ ဟေတု=အဘယ်အကြောင်းကြောင့်။ တံ=ထိုသို့ မကောင်းသဖြင့် သီဆိုခြင်းသည်၊ (ဟောတိ=ဖြစ်သနည်း ဟူမူ) ဘိက္ခဝေ=တို့၊ ဟိ(ယသ္မာ)=အကြောင်းကြောင့်၊ ဒေဝါနံ=တို့၏၊ ဣန္ဒော=သော၊ သက္ကော=သည်၊ အဝီတရာဂေါ=မကင်းရှင်းသော ရာဂရှိ၏ ။ပ။ အဝီတမောဟော=ရှိ၏၊ ဣတိ=ထို့ကြောင့်၊ တံ=ထိုသို့ မကောင်းသဖြင့် သီဆိုခြင်းသည်၊ ဟောတိ=ဖြစ်၏) ဘိက္ခဝေ=တို့၊ စ=အစစ်အမှန်အားဖြင့် ယော သော ဘိက္ခု=အကြင်ရဟန်းသည်၊ အရဟံ=ကိလေသာတို့မှ ဝေးကွာ၏၊ ခီဏာသဝေါ=ကုန်ခန်းပြီးသော အာသဝရှိ၏။ ဝုသိတဝါ=မြတ်သော မဂ်အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ဗြဟ္မစရိယော=မြတ်သောအကျင့်ရှိ၏၊ ဤပါဌ်မှာ အပိုသက်သက်သာတည်း။ နောက်သုတ်နှင့် ဆက္ကအင်္ဂုတ္တိုရ်-၃၁၅-၌လည်းမပါ။ အဋ္ဌကထာ၌လည်း မဖွင့်၊ ဒီဃ,ပါထိကဝဂ်၊ ၆၈၊ ၈၀-စသည်နှင့် မူလပဏ္ဏာသ၊ ၅၊ ၁၉၄-စသော အခြားပါဠိတော် များစွာတို့၌လည်း ဤပါဌ်မရှိ၊ "ဝုသိတဗြဟ္မစရိယော"နှင့် ဆင်တူယိုးမှားဖြစ်ပြီး ပါနေဟန် တူ၏]

ကတကရဏီယော=ပြုအပ်ပြီးသော ပရိညာစသော မဂ်ကိစ္စရှိ၏၊ ဝါ ပက္ခေါ ပါဋိဟာရိယပန္နော=အမြဲမပြတ် ထပ်ကာထပ်ကာ စောင့်ထိန်းသင့်သော ဥပုသ်သီလအစု။ ဤ၌ကား ထိုပါဋိဟာရိယ ဥပုသ်သီလစောင့်ထိန်းရာ နေ့ရက်ကာလကို ဌာနုပစာရအားဖြင့် ပါဋိဟာရိယပက္ခဟု ယူရာ၏။ သို့မဟုတ် "ပါဋိဟာရိယဿ ပက္ခော (ပါဋိဟာရိယ ဥပုသ်သီလ၏ ရက်ပိုင်းကာလ)ဟု ဆန္နီတပ္ပုရိသ ကြံပါ။
## PAGE 315

မဂ်လေးပါးဖြင့် ပြုသင့်သော ပရိညာ, ပဟာန, ဘာဝနာ, သစ္ဆိကိရိယာဟူသော ကိစ္စကို ပြုပြီးလေပြီ။ **ဩရဟိတဘာရော**=စွန့်ချအပ်ပြီးသော ခန္ဓာစသော ဝန် ထုပ် ဝန်ပိုးရှိ၏၊ **ဝါ**=ဝန်ထုပ်ဝန်ပိုးကဲ့သို့ လွှမ်းမိုးဖိစီးတတ်သော ခန္ဓာကိလေသာ အဘိသင်္ခါရတို့ကို စွန့်ပစ်ပယ်ချပြီးလေပြီ၊ **အနုပ္ပတ္တသဒတ္တော**= ရောက်အပ်ရအပ်ပြီးသော အရဟတ္တဖိုလ်ဟူသော ကိုယ်ပိုင်အကျိုးစီးပွားရှိ၏။
[**သဒတ္ထ**=သက+အတ္ထ=မိမိကိုယ်ပိုင် အကျိုး] **ပရိက္ခဏဘဝသံယောဇနော**= ကုန်ခန်းပြီးသော ဘဝအနှောင်အဖွဲ့ ရှိ၏၊ **သမ္မာ**=အကြောင်းမှန်, နည်းလမ်းမှန် အားဖြင့်၊ အညာ(အညာယ)=ဝိပဿနာပညာ, မဂ်ပညာဖြင့်သိ၍၊ ဝိမုတ္တော-ကိလေသာတို့မှ လွတ်မြောက်လေပြီ၊ **ဝါ**=နိဗ္ဗာန်၌ ညွတ်ကိုင်းလေပြီ၊ **ဘိက္ခဝေ**=တို့၊ **တဿဘိက္ခုနော**=အာသဝကုန်ခန်း ထိုရဟန်းအား၊ "စာတုဒ္ဒသိ။ပ။
မာဒိသောနရော"**တိ**="စာတုဒ္ဒသိ။ပ။ မာဒိသောနရော" ဟူသော၊ **ဧတံ**= ဤဂါထာစကားကို၊ **ဝါ**=သည်၊ **ဝစနာယ**=သီဆိုခြင်းငှာ၊ **ကလံ**=သင့်လျော်၏။
ယော **နရော**=အကြင်ပုဂ္ဂိုလ်သည်၊ **မာဒိသော**=အာသဝကုန်ခန်း ငါကဲ့သို့သောရဟန်းသည်၊ **အဿ**=ဖြစ်ငြားအံ့၊ သော **နရောပိ**=ထိုအာသဝကုန်ခန်း ငါကဲ့သို့သော ရဟန်းသည်လည်း၊ တနည်း-ယော **နရော**=အကြင်ပုဂ္ဂိုလ်သည်၊
**မာဒိသော**=ငါကဲ့သို့ အရဟတ္တဖိုလ်စည်းစိမ် ရရှိပြီးသော ရဟန်းသည်၊ **အဿ**=ဖြစ်လိုငြားအံ့၊ **ဝါ**=ဖြစ်ချင်လျှင်၊ သော **နရောပိ**=အရဟတ္တဖိုလ် စည်းစိမ် ရရှိလိုသော ထိုရဟန်းသည်လည်း] **စာတုဒ္ဒသိ**=လည်းကောင်း စသည်ဆိုပါ]
ပ။ ကိဿ **ဟေတု**=ကြောင့်၊ **တံ**=ထိုသို့သီဆိုသင့်ခြင်းသည်၊ (**ဟောတိ**=မူ)
**ဘိက္ခဝေ**=တို့၊ **ဟိ**=အကြောင်းကြောင့်၊ **သောဘိက္ခု**=ထိုရဟန်းသည်၊ **ဝီတရာဂေါ**=ကင်းပြီးသောရာဂရှိ၏ ။ပ။ **ဝီတမောဟော**=ရှိ၏၊ **ဣတိ**=ထို့ကြောင့်၊ (**တံ**=ထိုသို့သီဆိုသင့်ခြင်းသည်၊ **ဟောတိ**=၏) ဣတိ(**အဝေါစ**=မိန့်)
၃၈(စာပိုဒ်)။ ဂ'ဒုတိယစတုမဟာရာဇသုတ်။ ။ ဤသုတ်၌ ထူးသော **ပုဒ်နက်ကား-ဇာတိယာ**=ပဋိသန္ဓေနေခြင်းမှလည်းကောင်း၊ **ဝါ**=ဘဝအသစ်ထပ်ကာဖြစ်ရခြင်းမှ လည်းကောင်း၊ **ဇရာယ**=အိုမင်းရင့်ရော်ခြင်းမှလည်းကောင်း၊
**မရဏေန**=သေခြင်းမှလည်းကောင်း၊ **သောကေဟိ**=ဝမ်းနည်းခြင်းတို့မှလည်းကောင်း၊ **ပရိဒေဝေဟိ**=ငိုကြွေးခြင်းတို့မှလည်းကောင်း၊ **ဒုက္ခဟိ**=ကိုယ်ဆင်းရဲတို့မှလည်းကောင်း၊ **ဒေါမနဿေဟိ**=စိတ်ဆင်းရဲခြင်းတို့မှလည်းကောင်း၊ **ဥပါယာသေဟိ**=ပြင်းထန်စွာ ပင်ပန်းခြင်းတို့မှလည်းကောင်း၊ **အပရိမုတ္တော**=မလွတ်မြောက်သေး၊ **ဒုက္ခသ္မာ**=ဝဋ်ဒုက္ခအားလုံးမှ၊ **အပရိမုတ္တော**=သေး၊ **ဣတိ**=ဤသို့(အဟံ=ငါသည်) **ဝဒါမိ**=မိန့်ဆို၏ ။ပ ပရိမုတ္တော=လွတ်မြောက်ပြီ။

