## PAGE 322

**ဣတိ**=ဤသို့နှလုံးသွင်း၍ (**ပဗ္ဗဇိတော**=ရဟန်းအဖြစ်သို့ရောက်လာခဲ့၏) **ပန**=ထို့ပြင် **အဟံ**=ငါသည်၊ **ယာဒိသကေ**=အကြင်ကဲ့သို့ တွေ့ကြုံခံစားခဲ့ရကုန်သော၊ **ကာမေ**=ကာမဂုဏ်အာရုံတို့ကို၊ **ဩဟာယ**=ပယ်စွန့်၍ ။ပ။ **ပဗ္ဗဇိတော**=ရောက်လာခဲ့၏။ **တာဒိသကေ**=ထိုကဲ့သို့ပင် တွေ့ကြုံခံစားရဦးမည် ဖြစ်ကုန်သော၊ **ကာမေ ဝါ**=တို့ကိုလည်းကောင်း၊ **တာဒိသကေ**=ထိုကဲ့သို့ပင်၊ **ပါပိဋ္ဌတရေ**=သာ၍ ယုတ်ညံ့ကုန်သော၊ (**ကာမေ ဝါ**=တို့ကိုလည်းကောင်း)၊ **စေ ပရိယေသေယျ**=အကယ်၍ ရှာဖွေနေလေရာ ငြားအံ့၊ **တံ**=ထိုသို့ ရှာဖွေနေခြင်းသည်။ **မေ**=ငါ့အား၊ **န ပဋိရူပံ**=မသင့်လျော်၊ **ဣတိ**=သို့ (**ပဋိသဉ္စိက္ခတိ**=၏)

**သော**=ထိုရဟန်းသည်၊ **ဣတိ ပဋိသဉ္စိက္ခတိ**-၏၊ (**ကိန္တိ**=အဘယ်သို့၊ **ပဋိသဉ္စိက္ခတိ**=မူ) **မေ**=ငါ၏၊ ဝါ=ငါသည်၊ **ဝီရိယံ**=ဝီရိယသည်၊ **အာရဒ္ဓံ**=အားထုတ်အပ်ပြီးသည်၊ ဝါ=-ပြီးစီးစေအပ်သည်၊ ["အာရဒ္ဓတ္တာ=အားထုတ်အပ်ပြီးသည် အဖြစ်ကြောင့်"ဟု ဟိတ်ပါဌ်ပြင်၍ လိုက်ဆိုလိုက ဆိုပါ၊ နောက်၌လည်း ဤနည်းအတိုင်းပင်] **အသလ္လိနံ**=မတွန့်ဆုတ်သည်၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့၊ **သတိ**=သတိသည်၊ **ဥပဋ္ဌိတာ**=အာရုံ၌ စွဲကပ်တည်နေသည် (**ဥပဋ္ဌိတတ္တာ**=အာရုံ၌ စွဲကပ်တည်နေသည် အဖြစ်ကြောင့်ပင်) **အသမ္မုဋ္ဌာ**=မကင်းလွတ်သည်၊ (**ဘဝိဿတိ**=တ္တံ) **ကာယော**=ရူပကာယ, နာမကာယသည်၊ **ပဿဒ္ဓေါ**=အပူခပ်သိမ်းကင်းငြိမ်းသည်၊ (**ပဿဒ္ဓတ္တာ**=အပူခပ်သိမ်း ကင်းငြိမ်းသည် အဖြစ်ကြောင့်ပင်) **အသာရဒ္ဓေါ**=ပူလောင်ခြင်း မရှိသည်၊ (**ဘဝိဿတိ**) **စိတ္တံ**=စိတ်သည်၊ **သမ္မာသမာဟိတံ**=အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်သည်၊ (**သမာဟိတတ္တာ**ကြောင့်ပင်) **ဧကဂ္ဂံ**=တခုတည်းသော အာရုံရှိသည်၊ ဝါ=တည်ကြည် ငြိမ်သက်သည်၊ (**ဘဝိဿတိ**) **ဣတိ** (**ပဋိသဉ္စိက္ခတိ**)

**သော**=ထိုရဟန်းသည်၊ **အတ္တာနံယေဝ**=မိမိကိုယ်ကိုသာလျှင်၊ **အဓိပတိ**=အကြီးအကဲကို၊ **ကရိတွာ**=ပြု၍၊ **အကုသလံ**-အကုသိုလ်ကို **ပဇဟတိ**=ပယ်စွန့်၏၊ **ကုသလံ**=ကုသိုလ်ကို၊ **ဘာဝေတိ**=ဖြစ်ပွားစေ၏၊ **သာဝဇ္ဇံ**=အပြစ်ရှိသော အကုသိုလ်ကို၊ **ပဇဟတိ**=၏၊ **အနဝဇ္ဇံ**=အပြစ်မရှိသော ကုသိုလ်ကို၊ **ဘာဝေတိ**=၏၊ **သုဒ္ဓံ**- (ရာဂအစရှိသော အညစ်အကြေး ကင်းဝေး) စင်ကြယ်အောင်၊ **အတ္တာနံ**=မိမိကိုယ်စိတ်ကို၊ **ပရိဟရတိ**=ပြုစုစောင့်ရှောက်၏။

**ဘိက္ခဝေ**=တို့၊ **ဣဒံ**=ဤမိမိကိုယ်ကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကို၊ **အတ္တာဓိပတေယျ**=အတ္တာဓိပတေယျ ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။ ပ။ **အဟံ**=ငါသည်၊ **ဧဝံ**=ဤသို့ ဝဋ်ဒုက္ခအားလုံး ကုန်ဆုံးအောင် အားထုတ်လိုသော ဆန္ဒဖြင့်၊ **ပဗ္ဗဇိတော**=ရဟန်းအဖြစ်သို့ ရောက်လာခဲ့သည်၊ **သမာနော**=ဖြစ်ပါလျက်၊ **ကာမဝိတတ္တံ ဝါ**=ကာမဝိတက်ကိုလည်း၊ ဝါ=ကာမရာဂနှင့်

## PAGE 323

ယှဉ်သော အကြံအစည်ကိုလည်း၊ ဝါ-ဝတ္ထုကာမတို့ကို အာရုံပြု၍ ဖြစ်သောအကြံအစည်ကိုလည်း၊ **စေ ဝိတက္ကေယျ**=အကယ်၍ကြံစည်နေငြားအံ့၊ **ဗျာပါဒဝိတက္ကံ ဝါ**=ဗျာပါဒဝိတက်ကိုလည်း၊ ဝါ=ဒေါသနှင့် ယှဉ်သော အကြံအစည်ကိုလည်း၊ **စေ ဝိတက္ကေယျ**=အံ့၊ **ဝိဟိံသာဝိတက္ကံ ဝါ**=ကိုလည်း၊ ဝါ=သတ္တဝါတို့ကို ညှင်းဆဲမှု ဒေါသစသော အကုသိုလ်နှင့်ယှဉ်သော အကြံအစည်ကိုလည်း၊ **စေ ဝိတက္ကေယျ**=အံ့၊ **အယံ လောကသန္နိဝါသော**=ဤသတ္တဝါတို့ ပေါင်းစုနေထိုင်ရာ လောကကြီးသည်၊ [**သံဂမ္မ နိဝသန္တိ သတ္တာ ဧတ္ထာတိ သန္နိဝါသော**၊ **လောကော ဧဝ သန္နိဝါသော**] **မဟာ**=ကြီးမား ကျယ်ဝန်းလှ၏။

**မဟန္တသ္မိံ**=ကြီးမားကျယ်ဝန်းလှသော **လောကသန္နိဝါသေ**=ကြီး၌၊ **ဣဒ္ဓိမန္တော**=ကြီးသော တန်ခိုးရှိကုန်သော၊ **ဒိဗ္ဗစက္ခု**=ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော၊ ဝါ=နတ်မျက်စိကဲ့သို့ တောင်နံရံခြားကွယ်သော ရူပါရုံနှင့် ဝေးကွာလှစွာ, သေးငယ်စွာသော ရူပါရုံကို မြင်စွမ်းနိုင်သော အဘိညာဉ်မျက်စိ ရှိကုန်သော၊ **ပရစိတ္တဝိဒူနော**=သူတပါးစိတ်ကို သိနိုင်ကုန်သော၊ **သမဏဗြာဟ္မဏာ**=ရဟန်း, သူတော်ကောင်းတို့သည်၊ **သန္တိ**=ရှိကုန်၏၊ **တေ**=ထိုရဟန်း, သူတော်ကောင်းတို့သည်၊ **ဒူရတောပိ**=အဝေးမှလည်း၊ **ပဿန္တိ**=ငါ့ကို မြင်နိုင်ကုန်၏။

**အာသန္နာ**=ငါ၏ အနီးအပါးမှာပင်နေကုန်သည်၊ (**သမာနာပိ**=ဖြစ်ပါကုန်သော်လည်း၊ **တေ**=ထိုရဟန်း, သူတော်ကောင်းတို့ကို) **န ဒိဿန္တိ**=ငါကမမြင်အပ် မမြင်နိုင်ကုန်၊ (**တေ**-ထိုရဟန်း သူတော်ကောင်းတို့သည်) **စေတသာပိ**=သူတို့၏စိတ်ဖြင့်လည်း၊ **စိတ္တံ**=အခြားသူ၏ စိတ်ကို၊ **ပဇာနန္တိ**=ကွဲကွဲပြားပြား သိကြကုန်၏။

**တေပိ**=ထိုရဟန်းသူတော်ကောင်း တို့သည်လည်း၊ **မံ**=ငါ့ကို၊ "**ဘော**=အိုအချင်းတို့၊ **ဣမံ ကုလပုတ္တံ**=ဤအမျိုးကောင်း သားကို၊ **ပဿထ**=ကြည့်ကြကုန်လော၊ (**အယံ ကုလပုတ္တော**=ဤအမျိုးကောင်းသားသည်) **သဒ္ဓါ** (**သဒ္ဓါယ**) =သဒ္ဓါတရားဖြင့် (ရတနာသုံးတန်, ကံနှင့် ကံအကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့်) [**သဒ္ဓါယ**-၌ နှာဝိဘတ်၏ကာရိယဖြစ်သော ယအက္ခရာကိုချေထားသည်။ တနည်း-**သဒ္ဓါ**(**သဒ္ဓါယ**)=ရတနာသုံးတန်, ကံနှင့် ကံ၏အကျိုးကိုယုံကြည်၍၊ ဝါ=ယုံကြည်ခြင်းကြောင့်။ ဤနည်း၌ သဒ္ဓါပုဒ်သည် တွာပစ္စယန္တပုဒ်တည်း၊ တွာပစ္စည်း၏ ကာရိယ"ယ"ကို ချေထားသည်]။ ပ။ **ပဗ္ဗဇိတော**=ရောက်လာသည်၊ **သမာနော**=ဖြစ်ပါလျက်၊ **ပါပကေဟိ**=ယုတ်မာကုန်သော၊ **အကုသလေဟိ**=အကုသိုလ် ဖြစ်ကုန်သော၊ **ဓမ္မေဟိ**=တရားတို့ဖြင့်၊ **ဝေါကိဏ္ဏော**
## PAGE 324

=ရောပြွမ်းလျက်၊ **ဝိဟရတိ**=နေထိုင်၏၊ **ဣတိဧဝံ**=ဤသို့၊ **ဇာနေယျ**= သိကြလေကုန်ရာ၏။ **ဣဒ္ဓိမန္တိနိယော**=ကြီးသော တန်ခိုးရှိကုန်သော၊ **ဒိဗ္ဗစက္ခုကာ**= နတ်ပြည်၌ဖြစ်သော မျက်စိရှိကုန်သော၊ **ပရစိတ္တဝိဒုနိယော**-သူတပါးစိတ်ကို သိနိုင်ကုန်သော၊ **ဒေဝတာပိ**=နတ်တို့သည်လည်း၊ **သန္တိ**=ရှိကုန်၏။ **တာ**=ထိုနတ်တို့သည်။ပ။ **အာသန္နာ**-ကုန်သည်၊ (**သမာနာပိ**=လည်း၊ **တာ**=ထိုနတ်တို့ကို) **န ဒိဿန္တိ**=ကုန်း (**တာ**=ထိုနတ်တို့သည်) **စေတသာပိ**။ပ။ **တာပိ**=ထိုနတ်တို့သည်လည်း။ပ။ **သော**-ထိုရဟန်းသည်၊ **လောကံယေဝ** သတ္တလောကကိုသာလျှင်။ပ။ **ဣဒံ**=ဤသတ္တလောကကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကိုပ။ **ဘဂဝတာ**=မြတ်စွာဘုရားသည်၊ **ဓမ္မော**=တရားတော်မြတ်ကို၊ **သွာက္ခာတော**"= ကောင်းစွာ ဟောကြားတော်မူအပ်၏။

**၁။** သွာက္ခာတော, သန္ဒိဋ္ဌိကော-စသည်။။ သွာက္ခာတောစသော တရားဂုဏ်တော်တို့ကို နိဿယခန်း၌ သာမညမျှသာ အနက်ပေးခဲ့၏။ ဝိသုဒ္ဓိမဂ်၌ ဂုဏ်တော်တပုဒ် တပုဒ်အတွက် တရားအမျိုးမျိုး ခွဲယူ ၍ နည်းအမျိုးမျိုး ဖွင့်ပြထား၏။ ဤ၌ တနည်းလောက်မျှကိုသာယူ၍ သူ့ပုဒ်နှင့် သူ့ဆိုင်ရာ တရားတော်ကို အသီးအသီး တွဲဖက်ကာ အနက်ပေးပြဦးမည်---

**ဘဂဝတာ**-သည်၊ **ဓမ္မော**=ပရိယတ္တိ တရားတော်ကို၊ **သွာက္ခာတော**= အစ, အလယ်, အဆုံး၊ သုံးပါးလုံးစုံ, ကောင်းခြင်းဂုဏ်နှင့်, ပြည့်စုံသေချာ ကောင်းစွာဟောကြားတော်မှုအပ်ပါပေ၏။

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **သန္ဒိဋ္ဌိကော**=တဆင့်စကား, အားမထားဘဲ, ဘုရားတပည့်, အရိယာအရှင်, သူတော်စင်တို့, ဆင်ခြင်ပစ္စဝေက္ခဏာ, ဉာဏ်ပညာဖြင့်, အသင့်ကိုယ်တိုင်, သိမြင်နိုင်သော တရားတော်ပေတည်း၊

**ဓမ္မော**= မဂ်လေးပါး တရားတော်သည်၊ **အကာလိကော**=တည်း၊ [နိဿယခန်းက အတိုင်းဆိုပါ]

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဧဟိပဿိကော**=တည်း၊

**ဓမ္မော**= မဂ်ဖိုလ်ရှစ်ရပ် တရားတော်မြတ်သည်၊ **ဩပနေယျကော**=အဝတ်, ဥသျှောင်, မီးစွဲလောင်လည်း, ငြိမ်းအောင်သတ်ရေး, မပြုသေးဘဲ, အရေးတကြီး, ပြီးစီးသင့်ရာ, ဘာဝနာအနေ, မသွေအမြဲ, စိတ်မှာစွဲအောင်, ဆွဲကပ်ဆောင်လင့်, ဖြစ်စေသင့်သော တရားတော်ပေတည်း၊

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို၊ **ဝိညူဟိ**=တို့သည်၊ ပစ္စတ္တံ၌၊ **ဝေဒိတဗ္ဗော**=သိမြင်ခံစား ထိုက်ပါပေ၏။

