## PAGE 325

(**ဓမ္မော**=တရားတော်မြတ်သည်) **သန္ဒိဋ္ဌိကော**=ဉာဏ်ဖြင့် ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပေတည်း။

**အကာလိကော**=အကျိုးပေးခွင့် ဆိုင်းငံ့သင့်ရာ အချိန်အခါမရှိသော တရားတော်ပေတည်း၊ ဝါ= ယခုချက်ချင်း မယွင်းတိကျ **သန္ဒိဋ္ဌိကော**။။

သွာက္ခာတောပုဒ်အရ ပရိယတ္တိတရားကိုယူ၍ အနုက်ပြန်ဆိုသည်။ **သန္ဒိဋ္ဌိကော**စသည်၌-**သံ**(သယံ) ဒဗ္ဗာတိ **သန္နိဋ္ဌိ**- ကိုယ်တိုင်သိမြင်ထိုက်သောတရား။ (မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ကိုးပါးသော လောကုတ္တရာ တရားတည်း)။ **သန္ဒိဋ္ဌိ ဧဝ သန္ဒိဋ္ဌိကော**။

အရိယသာဝကသည် မဂ်ဖိုလ်ကို သိမြင်ရာ၌ သူတပါးထံမှ တဆင့်စကားအားထားယုံကြည်၍ သိမြင်ရသည် မဟုတ်၊ အရိယသာဝက ကိုယ်တိုင်ပင် ဆင်ခြင်ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့် သိမြင်၏။ ယင်းသို့ ကိုယ်တိုင်ကိုယ်တွေ့ သိမြင်ရ သိမြင်နိုင်သော လောကုတ္တရာ တရားကိုးပါးကို သန္ဒိဋ္ဌိကဟု ဆိုလို၏။

**အကာလိကော**။။ **အကာလ**=(ဆိုင်းငံ့ထားရမည့်) အချိန်အခါမရှိသော အရိယမဂ်တရား။ **နတ္ထိ** (**အာဂမေတဗ္ဗော**) **ကာလော ယဿာတိ အကာလော**၊ **အကာလော ဧဝ အကာလိကော**။

လောကီကုသိုလ်တရားတို့သည် ငါးရက် (၇)ရက်စသည် အချိန်ကြာမြင့်မှ သော်လည်းကောင်း, ဒုတိယဘဝ တတိယဘဝ စသည်သို့ ရောက်မှသော်လည်းကောင်း အကျိုးပေး၏။ အရိယမဂ်တရား များကား အရိယဖိုလ်ဟူသော အကျိုးကို ပေးဖို့အတွက် ယင်းသို့အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်မဟုတ်၊ မဂ္ဂဝီထိဖြစ်စဉ်အတိုင်း အရိယမဂ်ဖြစ်၍ ချုပ်ပြီးသည်နှင့် တပြိုင်နက် အရိယဖိုလ် အကျိုးတရား ပေါ်လာ၏။ ယင်းသို့ ယခုချက်ချင်း မယွင်းတိကျ အရိယဖိုလ် အကျိုးကိုပေးသော အရိယမဂ်လေးပါး တရားကို အကာလိကဟု ခေါ်၏။

**ဧဟိပဿိကော**။။ **ဧဟိ**=လာပါ+**ပဿ**=ကြည့်ရှုလှည့်စမ်းပါ၊ ကျင့်ကြံအားထုတ်ကြည့်စမ်းပါ+ (**ဣတိ**=ဤသို့ ဖိတ်ခေါ်ပြသမှုကို).+**ဣက**= ထိုက်သော(သင့်လျော်သော) လောကုတ္တရာ တရားကိုးပါး။ **ဧဟိ ပဿ ဣတိ အရဟတီတိ ဧဟိပဿိကော**။

လက်ထဲမှာ ဘာမျှမရှိဘဲ လက်သီးကိုသာ ဆုတ်ပြပြီး "ဟောဒီ လက်သီးဆုပ်ထဲမှာ ရွှေရှိတယ်၊ ငွေရှိတယ်၊ လာကြပါ၊ ကြည့်လှည့်ကြစမ်းပါ"ဟူ၍ ဖိတ်ခေါ်ပြရန် မဖြစ်နိုင်၊ အကယ်၍ လက်သီးဆုပ် ထဲမှာ ပစ္စည်းတခုခု ရှိနေစေကာမူ ထိုပစ္စည်းက မစင်မကြယ်ရွံစဖွယ် ကျင်ကြီး စသည် ဖြစ်နေပြန်လျှင်လည်း ယင်းသို့ဖိတ်ခေါ်ပြသရန် မဖြစ်နိုင်။

## PAGE 326

အရိယဖိုလ် အကျိုးကိုပေးသော တရားတော်ပေတည်း။ ဧဟိ ပဿိကော လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်းပါဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပေတည်း၊

**ဩပနေယျကော**=မိမိစိတ်မှာ မကွာစွဲအောင် ဆွဲကပ် ဆောင်လင့်

လောကုတ္တရာတရား ကိုးပါးသည်ကား အစစ်အမှန်ပရမတ်သဘော အနေအားဖြင့်လည်း တကယ်ရှိသောတရား (ဝိဇ္ဇမာနတရား)ဖြစ်၏။ တိမ်တိုက်ကင်း၍ သန့်ရှင်းစင်ကြယ်သော ကောင်းကင်ပြင်က လပြည့်ဝန်းကြီးနှင့် အများ မြင်သာအောင် ချပြထားအပ်သော အဖိုးတန် တွင်းထွက်ပတ္တမြား ရတနာကဲ့သို့ အလွန်သန့်ရှင်းစင်ကြယ်သော တရား (ပရိသုဒ္ဓတရား)လည်း ဖြစ်၏။

သို့ဖြစ်ရကား ထိုလောကုတ္တရာတရား ကိုးပါးသည် ယင်းသို့ အမှန်တကယ်လည်းရှိ၍ အလွန်လည်း သန့်ရှင်းစင်ကြယ်သော တရားဖြစ်သောကြောင့် **ဧဟိ**=လာပါ၊ လိုက်ခဲ့ပါ၊ **ပဿ**=ကြည့်ရှုလှည့်စမ်းပါ"ဟူ၍ ဖိတ်ခေါ် ပြသထိုက်သော တရားဖြစ်၏။ ထို့ကြောင့် ဤအဓိပ္ပာယ် ဖွင့်ပြချက်အတိုင်း ထိုလောကုတ္တရာ တရားကိုးပါးကို **ဧဟိပဿိက**ဟု ခေါ်သည်။

||

**ဩပနေယျကော။။** **ဥပနေတဗ္ဗောတိ ဥပနေယျော**= ဆွဲကပ်ဆောင်ယူ ထိုက်သော တရား (တရားဘာဝနာတမျိုး အနေအားဖြင့် မိမိစိတ်ထဲ၌ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ်တရား)၊ **ဥပနေယျော ဧဝ ဩပနေယျကော**။ -

ဤလောက၌ အမှန်တကယ် အရေးကြီးဆုံး အလုပ်ကိစ္စကို ညွှန်ပြစမ်းပါဟု ဆိုလျှင် မဂ်ဖိုလ်တရားထူး ရအောင် အားထုတ်ခြင်း အလုပ်ကိစ္စကိုသာ ညွှန်ပြရမည် ဖြစ်၏။ အပါယ်ဘေးဒုက္ခ တွေ့ကြုံခံစားရခြင်း, အိုနာသေ ရုပ်နာမ် ခန္ဓာဒုက္ခ အစဉ်မပြတ် ဖြစ်နေခြင်း (ဘဝသံသရာ ကျင်လည်နေရခြင်း)တို့သည် ထိုမဂ်ဖိုလ် တရားထူးကို မရခြင်းကြောင့်သာ (**သစ္စာလေးပါး**ကို မသိမြင်ရခြင်းကြောင့်သာ) ဖြစ်၏။ ထို့ကြောင့် မဂ်ဖိုလ်တရားထူးရအောင် အားထုတ်ခြင်း အလုပ်ကိစ္စထက် အရေးကြီးသော အလုပ်ကိစ္စဟူ၍ မရှိတော့ပေ။

မီးကုန်ယမ်းကုန် အစွမ်းကုန် ပြောရလျှင် မိမိကိုယ်မှာ ဝတ်ဆင်ထားသော အဝတ်ကို (သို့မဟုတ်) ဦးခေါင်းဆံဥသျှောင်ကို မီးစွဲလောင်နေလျှင် သော်မှပင် ထိုမီးကို ငြိမ်းသတ်မှု မပြုသေးဘဲ ထို့ထက်အရေးကြီးသော မဂ်ဖိုလ် တရားထူး ရဖို့ကိစ္စကိုသာ အားထုတ်ရမည်၏။

သို့ဖြစ်ရကား ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရန် အလို့ငှါ ယင်းသို့ အရေးတကြီး အားထုတ်၍ မိမိစိတ်ထဲမှာ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ် လေးပါးကို **ဩပနေယျက**ဟု ခေါ်၏။ -
## PAGE 327

ဖြစ်စေသင့်သော တရားတော်ပေတည်း၊ ဝိညူဟိ = (သစ္စာလေးပါး တရားမြင်သိ) အရိယာပညာရှိတို့သည်၊ **ပစ္စတ္တံ** = မိမိ မိမိသန္တာန၌၊ ဝါ - မိမိ ကိုယ်တိုင် ကိုယ်တိုင်သာလျှင်၊ ဝါ = ကိုယ်စီကိုယ်င အသီးအသီး၊ **ဝေဒိတဗ္ဗော** = သိမြင် ခံစားထိုက်သော တရားတော်ပေတည်း၊ [ဣတိသဒ္ဒါ မလိုသေး] မေ = ငါ၏၊ **သဗြဟ္မစာရီ** = အတူတကွ မြတ်သော အကျင့်ကို ကျင့်ကြ ကုန်သော ရဟန်းတို့သည်၊ ဝါ = သီတင်းသုံးဖော်တို့သည်၊ **သန္တိခေါ** = ရှိကြ ကုန်သည်သာ၊ (တေ = ထိုသဗြဟ္မစာရီ ရဟန်းတို့သည်) တံ **ဓမ္မံ** = ထိုတရားတော်ကို၊ (ထိုသွာက္ခာတတာ, သန္ဒိဋ္ဌိကတာစသော ဂုဏ်တော်တို့နှင့် ပြည့်စုံသော တရားတော်ကို) ဇာနံ **(ဇာနန္တာ)** = သိကြကုန်လျက်၊ ပဿံ **(ပဿန္တာ)** = မြင်ကြ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

သစ္စာလေးပါး တရားသိမြင်သော ဥဂ္ဃဋိတညူစသော အရိယာပုဂ္ဂိုလ်တို့ကို ဤနေရာ၌ “ဝိညူ”ဟု ဆိုလို၏။ ဤ နေရာမှ ပစ္စတ္တံပုဒ်ကို ဝိစ္ဆေဒတ္ထအဗျယီဘာဝသမာသ်ဟု သဒ္ဒါကျမ်းတို့ နာမည် ပေး၍ “အတ္တာနံ အတ္တာနံ ပတိ ပစ္စတ္တံ - မိမိ မိမိ၌၊ (ကိုယ်စီကိုယ်င အသီး အသီး)” ဟု ဝစနတ္ထပြု၏။

“ကိုယ့်မဂ်, ကိုယ့်ဖိုလ်, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးအသီး ကိုယ်စီကိုယ်င”ဟူသော အနက်သဘောကို ပစ္စတ္တံပုဒ်က ဖော်ပြ၏။ ဆိုလိုသည်မှာ ဆရာသန္တာန၌ ဖြစ်ပွားစေအပ်သော အရိယမဂ်သည် ဆရာ့သန္တာနမှာ ရှိသောကိလေသာတို့ကိုသာ ပယ်၏။ တပည့်မှာရှိသော ကိလေသာတို့ကို မပယ်၊ ဆရာ့မှာရှိသော ဖလသမာပတ်ဖြင့်လည်း ဆရာ့အတွက်သာ ချမ်းသာစွာ နေရခြင်းဖြစ်နိုင်၏၊ တပည့်အတွက် မဖြစ်နိုင်၊ ထို့အတူ ဆရာမျက်မှောက်ပြု အပ်သော နိဗ္ဗာန်ကိုလည်း တပည့်က မျက်မှောက် မပြုနိုင်၊ ဥပမာအားဖြင့် **သူတစ်ပါး**ဦးခေါင်းမှာ ဆင်ယင်ထားသော တန်ဆာကို ကြည့်ရှုမြင်တွေ့လို့ ရသကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန် တရားများကား ထို့နည်းအလားတူ ကြည့်ရှုမြင်တွေ့ လို့ ရနိုင်သောတရားများ မဟုတ်၊ ငါသည် မဂ်ကို ဖြစ်ပွားစေအပ်ပြီ၊ ဖိုလ်ကိုရအပ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီဟူ၍ အရိယာပညာရှိတို့ ကိုယ့်မဂ်ဖိုလ်နိဗ္ဗာန်နှင့် ကိုယ် အသီးအသီး ကိုယ်စီကိုယ်င မိမိစိတ်၌သာ (မိမိကိုယ်တိုင်သာ)တွေ့ မြင် သိရှိ ခံစားရသည်ဟု “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”ဟူသော ဂုဏ်တော်ဝါကျက ဆိုလိုသည်၊ ဤအဓိပ္ပာယ်အတိုင်း ဤဂုဏ်တော်သည် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ကိုးပါးနှင့် သက်ဆိုင်၏။

