## PAGE 328

ကုန်လျက်၊ **ဝိဟရန္တိ** = နေကြကုန်၏ တနည်း - မေ - ငါ၏၊ ယေ **သဗြဟ္မစာရီ** = အကြင်သီတင်းသုံးဖော် ရဟန်းတို့သည်၊ တံ **ဓမ္မံ** = ကို၊ **ဇာနံ** = ကုန်လျက်၊ ပဿံ = ကုန်လျက်၊ **ဝိဟရန္တိ** = ကုန်၏၊ မေ = ၏၊ တေ **သဗြဟ္မစာရီ** = ထိုသီတင်းသုံး ဖော်ရဟန်းတို့သည်၊ **သန္တိခေါ** = သာ၊ (တနည်း) တံ **ဓမ္မံ** = ကို၊ **ဇာနံ** = ကုန်လျက်၊ ပဿံ = ကုန်လျက်၊ **ဝိဟရန္တိ** = နေကြကုန်သော၊ မေ = ၏၊ **သဗြဟ္မစာရီ** = တို့သည်၊ **သန္တိခေါ** = သာ]

အဟံ - ငါသည်၊ ဧဝံ = ဤသို့၊ **သွာက္ခာတေ** = ကောင်းစွာ ဟော ကြားတော်မူ အပ်သော၊ **ဓမ္မဝိနယေ** = (တုတ်, ဓားမပါ) တရားဖြင့် ဆုံးမရာ သာသနာတော်၌၊ **ပဗ္ဗဇိတော** = ရဟန်းအဖြစ်သို့ ရောက်လာသည်၊ **သမာနော** = ဖြစ်ပါလျက်၊ ကုသီတော = ပျင်းရိလျက်၊ **ပမတ္တော** = မေ့လျော့လျက်၊ စေ ဝိဟရေယျံ - အကယ်၍နေငြားအံ့၊ တံ = ထိုသို့ နေခြင်းသည်၊ မေ = ငါ့အား၊ ပတိရူပံ = သင့်လျော်သည်၊ **နအဿ** = မဖြစ်ရာ၊ ဣတိ **(ပဋိသင်္ခတိ** = ဆင်ခြင်စဉ်းစား၏) သော ထိုရဟန်းသည်၊ ဣတိ = သို့၊ **ပဋိသင်္ခတိ** = ဆင်ခြင်စဉ်းစား ပြန်၏။

ပသော = ထိုရဟန်းသည်၊ ဓမ္မံ ယေဝ = လောကုတ္တရာ တရားကိုးပါးကို သာလျှင်။ပ။ **ဘိက္ခဝေ** = တို့၊ ဣဒံ = ဤလောကုတ္တရာ တရားကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကို။ပ။

[ဂါထာ]

ပုရိသ = အမောင်ယောက်ျား၊ **(ယသ္မာ** = အကြင့်ကြောင့်၊ **ကမ္မံ** = အသင်ပြုလုပ်အပ်သော လုပ်ငန်းကို) သစ္စံ ဝါ = ဟုတ်မှန်သော လုပ်ငန်းဟူ၍ လည်းကောင်း၊ ယဒိ သို့မဟုတ်၊ မုသာ ဝါ = မှားယွင်းသော လုပ်ငန်းဟူ၍ လည်းကောင်း၊ တေ = သင်၏၊ **အတ္တာ** = မိမိကိုယ်တိုင်သည်သာလျှင်၊ ဇာနာတိ - **သိ၏၊(တသ္မာ** = ထို့ကြောင့်) လောကေ = လောက၌၊ **ပါပကမ္မံ** = မကောင်းမှု အကုသိုလ်ကို၊ **ပကုဗ္ဗတော** = ပြုလုပ်သောသူ မှာ၊ ရဟော **နာမ** = ဆိတ်ကွယ်ရာ ဌာနမည်သည်၊ **နတ္ထိ** = မရှိ၊ (ဣတိ - ဤသို့၊ **ဝေဒိတဗ္ဗ** = **သိနိုင်၏)** = ဘော = အိုအမောင်ယောက်ျား၊ ယော(တွံ) အကြင်သင်သည်၊ ဝတ အမှန်တကယ်ပင်၊ ကလျာဏံ = ကောင်းသော၊ **သက္ခီ(သက္ခိ)** = မျက်မြင်သက်သေ ဖြစ်သော၊ **အတ္တာနံ** = မိမိကိုယ်ကို၊ အတိမညသိ (မျက်မြင်သက်သေ မဟုတ်ဟု) ကျော်လွန်၍ အောက်မေ့မှတ်ထင်၏။ ဝါ = မထင်မဲ့မြင် ပြု၏။ **အတ္တနိ** = မိမိ၌၊ **သန္တ** = အမှန်တကယ် ရှိနေသော၊ ပါပံ = မကောင်းမှုကို၊ **အတ္တာနံ** = မိမိကိုယ်တိုင်ပင် မသိအောင်၊ **ပရိဂုယှသိ** = ဖုံးအုပ်၏။ ဝါ = ဖုံးအုပ်မည်ဟု ကြိုးစား၏။

အတ္တာနံ ပရိဂူ ဟင်္သတိ ယထာ မေ အတ္တာပိ န ဇာနာတိ၊ ဧဝံ နံ (ပါပ) ပရိဂူ ဟာမီတိ ဝါယမသိ ဟူသော အဋ္ဌကထာနှင့် အညီ ပရိဂုယှသိအတွက် ပါပံဟူသော

## PAGE 329

ကံပုဒ်ရှိနေပြီး ဖြစ်သောကြောင့် အတ္တာနံဟူသော ဒြပ်ဟောပုဒ်ကို ကြိယာ ဝိသေသန အနက်ပေးရ၏။ အတ္တာနံအရ မိမိကိုယ်တိုင်ကိုသာ မက မိမိကိုယ်တိုင် မသိခြင်း ကြိယာတိုင်အောင် ဌာနပစာရ အားဖြင့်ယူပါ]။

**လောကသ္မိံ** = လောက၌၊ ဝိသမံ = မညီမမျှ၊ ဝါ = မတရားသဖြင့်၊ **စရန္တ** = ပြုကျင့်သော၊ ဗာလံ = မိုက်မဲသော၊ (တံ တုဝံ - ထိုသင့်ကို) ဒေဝါ စ - နတ်တို့ သည်လည်းကောင်း၊ တထာဂတာ စ = မြတ်စွာဘုရားတို့သည်လည်းကောင်း၊ **ပဿန္တိ** = တွေ့ မြင်ကြကုန်၏။

တသ္မာ ဟိ - ထို့ကြောင့်ပင်၊ အတ္တာဓိပတေယျကော စ = မိမိဟူသော အကြီးအကဲ ရှိသည်လည်း ဖြစ်သော၊ ဝါ = မိမိကိုယ်ကို အကြီး အကဲ တင်မြောက်ထားသည်လည်းဖြစ်သော၊ လောကာဓိပေါ စ = သတ္တလောက ဟူသော အကြီးအကဲရှိသည်လည်းဖြစ်သော၊ ဝါ = သော၊ နိပကော စ = ပညာရှိ လည်းဖြစ်သော၊ ပဋိပက္ခ နိပယတိ ဝိသောသေတီတိ **နိပကော** = ဆန့်ကျင်ဘက် ကิလေသာကို ခြောက်သွေ့ စေတတ်သော ပုဂ္ဂိုလ်၊ ပညာရှိ။ **နိ+ပေ+အ** = နိပယ၊ ယကိုကပြု ဈာယီ စ = ကိလေသာတို့ကို ရှို့မြှိုက် ဖျက်ဆီးတတ်သည်လည်း ဖြစ်သော၊ ဓမ္မာဓိပေါ စ = လောကုတ္တရာ တရားဟူသော အကြီးအကဲ ရှိသည် လည်းဖြစ်သော၊ အနုဓမ္မစာရီ စ = လောကုတ္တရာတရားအား လျော်သော ကုသိုလ်တရားကို ကျင့်လေ့ရှိသည်လည်းဖြစ်သော၊ သစ္စပရက္ကမော စ = ခိုင်မြဲဧကန် မှန်သောဝီရိယရှိသည်လည်းဖြစ်သော၊ **မုနိ** = ရဟန်းသည်၊ န ဟီယတိ - ပညာ အစရှိသောဂုဏ်မှ မဆုတ်ယုတ်၊ **ပဓာနဝါ** = လုံ့လဝီရိယရှိသော၊ ယော **မုနိ** = အကြင်ရဟန္တာပုဂ္ဂိုလ်သည်၊ မာရံ = ကိလေသမာရ်ကို၊ ပသယှ = လွှမ်းမိုးနှိပ်စက်၍၊ **အန္တကံ** = ကုသိုလ်တရား ဆုံးပါးပျက်စီးအောင် ပြုတတ်သော ကိလေသမာရ်ကို၊ အဘိဘုယျ လွှမ်းမိုး၍၊ **ဇာတိက္ခယံ** = ပဋိသန္ဓေနေခြင်း၏ကုန်ကြောင်း အရဟတ္တဖိုလ်သို့၊ ဖုသိ = ရောက်ပြီး တာဒီသော = ထိုသို့သဘောရှိသော၊ လောကဝိဒူ = လောကသုံးပါးကို ထင်ရှားစွာ သိတတ်သော၊ သုမေဓသော = ကောင်းသောပညာရှိသော၊ **သဗ္ဗေသု** = အားလုံး ကုန်သော၊ **ဓမ္မေသု** = တေဘူမကတရားတို့၌၊ **အတမ္မယော** = ထိုတဏှာဖြင့်ဖြစ်သည် မဟုတ်သော၊ ဝါ = ထိုတဏှာ၏အလိုသို့ မလိုက်သော၊ သော **မုနိ** = ထိုရဟန္တာ ပုဂ္ဂိုလ်သည်၊ န ဟီယတိ = ပညာအစရှိသော ဂုဏ်တို့မှ မဆုတ်ယုတ်။

["တမ္မ ယော”၌ တသဒ္ဒါနောင် မယ ပစ္စည်းသက်။ တာယ (တဏှာယ) နိဗ္ဗတ္တော တမ္မယော၊ န တမ္မယော **အတမ္မယော]**
## PAGE 330

#### ၅-စူဠဝဂ်

**၄၁။ ၁-သမ္မုခီဘာဝသုတ်**

**ဘိက္ခဝေ** = ရဟန်းတို့၊ **တိဏ္ဏ** = သုံးမျိုးသုံးစားတို့၏၊ **သမ္မုခီဘာဝ** = မျက်မှောက်၌ ထင်ရှားဖြစ်ခြင်းကြောင့်၊ [**သမ္မုခေါ ဘဝတိ ယေန သော သမ္မခီဘာဝေါ** = မျက်မှောက်ဖြစ်ကြောင်းဖြစ်သော ထင်ရှားဖြစ်သည်၏ အဖြစ်။ ဋီကာဝိဂြိုဟ်]

**သဒ္ဓေါ** = သဒ္ဓါတရားရှိသော၊ **ကုလပုတ္တော** = အမျိုးကောင်းသားသည်၊ **ဗဟုံ** = များစွာသော၊ **ပုညံ** = ဒါနကုသိုလ်ကို၊ **ပသဝတိ** = မိမိသန္တာန်၌ ဖြစ်စေ၏၊ **ဝါ** = ရရှိ၏၊ **ကတမေသံ** = အဘယ်မည်ကုန်သော၊ **တိဏ္ဏိ** = သုံးမျိုးသုံးစားတို့၏၊ (**သမ္မုခီဘာဝ** = ကြောင့်၊ **သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ** = သနည်း)

**ဘိက္ခဝေ** = ရဟန်းတို့၊ **သဒ္ဓါယ** = သဒ္ဓါတရား၏။ပ။ **ပသဝတိ**၏၊ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒေယျဓမ္မဿ** = လှူဖွယ်ဝတ္ထု၏။ပ။ **ဒက္ခိဏေယျာနံ** = အလှူခံပုဂ္ဂိုလ်တို့၏။ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဣမေသံ တိဏ္ဏ** = ဤသုံးမျိုးတို့၏။ပ။ ပဌမံ။

**၄၂။ ၂-တိဋ္ဌာနသုတ်**

**ဘိက္ခဝေ** = ရဟန်းတို့၊ **တီဟိ** = သုံးပါးကုန်သော၊ **ဌာနေဟိ** = အကြောင်းတို့ဖြင့်၊ **သဒ္ဓေါ** = သဒ္ဓါတရားရှိသူဟူ၍၊ **ပသန္နော** = ရတနာသုံးပါး၌ ကြည်ညိုသူဟူ၍၊ **ဝေဒိတဗ္ဗော** = သိနိုင်၏၊ **ကတမေဟိ** = အဘယ်မည်ကုန်သော၊ **တီဟိ** = ကုန်သော၊ (**ဌာနေဟိ**။ပ။**ဝေဒိတဗ္ဗော**နည်း)

**သီလဝန္တာနံ** = သီလရှိသော ပုဂ္ဂိုလ်တို့ကို၊ **ဒဿနကာမော** = ဖူးမြင်ခြင်းငှာ အလိုရှိသည်၊ **ဟောတိ** = ၏၊ **သဒ္ဓမ္မံ** = (မြတ်စွာဘုရား ဟောကြားတော်မူအပ်သော) သူတော်ကောင်းတရားကို၊ **သောတုကာမော** = ကြားနာခြင်းငှာ အလိုရှိသည်၊ **ဟောတိ** = ၏၊ **ဝိဂတမလမစ္ဆေရေန** = ကင်းသောဝန်တိုမှ အညစ်အကြေးရှိသော၊ [**မစ္ဆေရ** = ဝန်တိုမှဟူသော + **မလ** = အညစ်အကြေးဟု အတ္ထက္ကမဖြစ်၏] **စေတသာ** = စိတ်ဖြင့်၊ **မုတ္တစာဂေါ** = လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲမှုရှိလျက်၊ **ပယတပါဏိ** = ဆေးကြောအပ်ပြီးသော လက်ရှိလျက်၊ **ဝေါဿဂ္ဂရတော** = စွန့်လွှတ်လှူဒါန်းခြင်း၌ မွေ့လျော်လျက်၊ **ယာစယောဂေါ** = တောင်းရမ်းအလှူခံခြင်းငှာ သင့်လျော်လျက်၊ **ဝါ** = တောင်းရမ်းအလှူခံသူတို့နှင့် ယှဉ်တွဲမှုရှိလျက်၊ **ဒါနသံဝိဘာဂရတော** = ပေးလှူခြင်း၊ ခွဲခြမ်းဝေဘန်ခြင်း၌ မွေ့လျော်လျက်၊ **အဂါရသေန** = အိမ်၌ **အာဝသတိ** = နေ၏။

**ဘိက္ခဝေ** = ရဟန်းတို့၊ **တီဟိ ဣမေဟိ ဌာနေဟိ**။ပ။

(**ယော** = အကြင်ပုဂ္ဂိုလ်သည်) **သီလဝတံ** = သီလရှိသော ပုဂ္ဂိုလ်တို့ကို၊ **ဒဿနကာမော** = ဖူးမြင်ခြင်းငှာ အလိုရှိ၏၊ **သဒ္ဓမ္မံ** = ကို၊ **သောတုမ်** = နာယူခြင်းငှာ၊

