## PAGE 331

**ဣစ္ဆတိ** = အလိုရှိ၏၊ **မစ္ဆေရမလံ** = ဝန်တိုမှုအညစ်အကြေးကို၊ **ဝိနယေ** (**ဝိနယတိ**) = ပယ်ဖျောက်၏၊ **သော** = ထိုပုဂ္ဂိုလ်ကို၊ **ဝေ** = အမှန်စင်စစ်၊ **သဒ္ဓေါ** = သဒ္ဓါတရားရှိသူဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏၊ ဣတိ (**အဝေါစ**) ဒုတိယံ။

**၄၃။ ၃-အတ္ထဝသသုတ်**

**ဘိက္ခဝေ** = ရဟန်းတို့၊ **တယော** = သုံးမျိုးကုန်သော၊ **အတ္ถဝသေ** = အကြောင်းတို့ကို၊ [ဒုကနိပါတ်စာပိုဒ် ၂-၃၁၊ ၂၀၁၌ကြည့်] **သမ္ပဿမာနေန** = ကောင်းစွာမြော်မြင်သော ပုဂ္ဂိုလ်သည် **ပရေသံ** = သူတစ်ပါးတို့အား၊ **ဓမ္မံ** = တရားကို၊ **ဒေသေတုံ** = ဟောခြင်းငှာ၊ **အလံ ဧဝ** = သင့်လျော်သည်သာ၊ **ကတမေ** = အဘယ်မည်ကုန်သော၊ **တယော** = ကုန်သော၊ (**အတ္ถဝသေ**။ပ။ **အလံ** = သင့်လျော်သနည်း)

**ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **ဓမ္မံ** = သစ္စာလေးပါးတရားကို၊ **ဒေသေတိ** = ဟော၏၊ **သော** = ထိုဟောသောပုဂ္ဂိုလ်သည်၊ **အတ္ထပ္ပဋိသံဝေဒီ စ** = ပါဠိ၏ အနက်အဓိပ္ပါယ်ကို အသီးအသီး သိမြင်လေ့ရှိသည်လည်းကောင်း၊ [**အတ္ထ** = အဋ္ဌကထာဟူသော အကျယ်ဖွင့်ပြချက် အနက်အဓိပ္ပါယ်ကို + **ပဋိ** = အသီးအသီး၊ **ဝါ** = အသေးစိတ် + **သံဝေဒိ** = (ဤကား ဤပါဠိ၏အနက်ဖြစ်၏ဟု) အကျယ်ဖွင့်ပြတတ်သော ဉာဏ်ဖြင့် သိမြင်သည့်အလေ့အလာ ဓာတ်ခံရှိသည်]၊ **ဓမ္မပ္ပဋိသံဝေဒီ စ** = ပါဠိအသွားကို အသီးအသီး သိမြင်လေ့ရှိသည်လည်းကောင်း၊ **ဟောတိ** = ဖြစ်၏။

**ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **ဓမ္မံ** = သစ္စာလေးပါးတရားကို၊ **သုဏာတိ** = နာယူ၏၊ **သော** = ထိုနာယူသော ပုဂ္ဂိုလ်သည်။ပ။ **ယော စေဝ** = အကြင်ပုဂ္ဂိုလ်သည်လည်း။ပ။ **ယော** = အကြင်ပုဂ္ဂိုလ်သည်လည်း။ပ။ **တေ ဥဘော** = ထိုဟောသူ နာသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည်၊ **အတ္ထပ္ပဋိသံဝေဒိနော စ** = လေ့ရှိကုန်သည်လည်းကောင်း။ပ။ နောက်သုတ်၌ **ကထာ** = တရားစကားသည်။ **ပဝတ္တိ** = အဆက်မပြတ်ဖြစ်ခြင်းရှိသည်။ပ။ စတုတ္ထ။

**၄၅။ ၅-ပဏ္ဍိတသုတ်**

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့ကို၊ **ပဏ္ဍိတပညတ္တာနိ** = (ကောင်းမြတ်သော တရားဟု) ပညာရှိတို့ ရှေးဦးပဌမ ဟောပြောချီးကျူးအပ်ကုန်၏၊ **သပ္ပုရိသပညတ္တာနိ** = (ကောင်းမြတ်သော တရားဟု) ဘုရားအလောင်း သူတော်ကောင်းတို့ ရှေးဦးပဌမ ဟောပြောချီးကျူးအပ်ကုန်၏၊ **ကတမာနိ တီဏိ** = အဘယ်သုံးမျိုးတို့ကို၊ (**ပဏ္ဍိတပညတ္တာနိ** = အပ်ကုန်သနည်း၊

## PAGE 332

**သပ္ပုရိသပညတ္တာနိ** = နည်း)

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒါနံ** = လှူဒါန်းပေးကမ်းခြင်းကို၊ **ပဏ္ဍိတပညတ္တံ** = အပ်၏၊ **သပ္ပုရိသပညတ္တံ** = ၏၊ **ဘိက္ခဝေ** = ရဟန်းတို့၊ **ပဗ္ဗဇ္ဇာ** = ရှင်ရဟန်းအဖြစ်ကို။ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **မာတာပိတူနံ** = မိဘတို့ကို၊ **ဥပဋ္ဌာနံ** = ပြုစုစောင့်ရှောက်ခြင်းကို။ပ။ ဣတိ (**အဝေါစ**)

[ဂါထာ] **ဒါနံ** = လှူဒါန်းပေးကမ်းခြင်းကိုလည်းကောင်း၊ **အဟိံသာ** = သတ္တဝါတို့ကို မညှဉ်းဆဲကြောင်း ကရုဏာကိုလည်းကောင်း၊ (**သတ္တဝါတို့ကို မညှဉ်းဆဲကြောင်း စေတောဝိမုတ္တိ ကရုဏာဈာန်နှင့် ၎င်း၏ ရှေ့ပိုင်း ဥပစာရကရုဏာကိုလည်းကောင်း၊**) **သံယမော** = သီလ စောင့်ထိန်းခြင်းကိုလည်းကောင်း၊ **ဒမော** = စက္ခုစသော ဣန္ဒြေခြောက်ပါးတို့ကို ထိန်းချုပ်ဆုံးမခြင်းကိုလည်းကောင်း၊ **ဝါ** = ဥပုသ်စောင့်ထိန်းခြင်းဖြင့် စိတ်ကိုဆုံးမခြင်းကိုလည်းကောင်း၊ **ဝါ** = ဒေါသစသည်တို့ကို ဆုံးမနှိပ်ကွပ်တတ်သော ခန္တီတရားကိုလည်းကောင်း၊ **ဝါ** = ကိလေသာတို့ကို ဆုံးမနှိပ်ကွပ်တတ်သော ပညာကိုလည်းကောင်း၊ **ဗြဟ္မစာရိန်** = မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်သော၊ **သန္တာနံ** = မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏၊ **မာတာပိတုဥပဋ္ဌာနံ** = မိဘတို့ကို ပြုစုစောင့်ရှောက်ခြင်းကိုလည်းကောင်း၊ **သတ္တော** = သူတော်ကောင်းတို့သည်၊ **ဥပညတ္တံ** = ကောင်းမြတ်သောတရားဟု ရှေးဦးပဌမ ဟောပြောချီးကျူးအပ်၏။

**ဧတာနိ** = ဤဒါနစသော တရားသုံးပါးတို့သည်၊ [**ဒါန**, **ပဗ္ဗဇ္ဇာ**, **မာတာပိတုဥပဋ္ဌာန**ဟူသော တရားသုံးပါးတည်း] **ဝါ** = ဤမိဘတို့ကို ပြုစုစောင့်ရှောက်ခြင်းတို့သည်၊ **သတံ** = မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏၊ **ဌာနာနိ** = အကြောင်းတရားတို့ပေတည်း၊ **ယာနိ** = ယင်းသို့သော အကြောင်းတရားတို့ကို၊ **အရိယော** = (ဒါနစသော အကြောင်းတရားတို့ကို ကြိုးစားကျင့်တတ်) သူတော်သူမြတ်ဖြစ်သော၊ **ဝါ** = (မိဘတို့ကို ပြုစုစောင့်တတ်) သူတော်သူမြတ်ဖြစ်သော၊ **ဒဿနသမ္ပန္နော** = (ဒါနစသော အကြောင်းတရားတို့ကို ပြုလုပ်တတ်သော) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ **ဝါ** = (မိဘတို့ကို ပြုစုစောင့်ရှောက်တတ်သော) ဉာဏ်အမြင်နှင့်ပြည့်စုံသော၊ **ယော ပဏ္ဍိတော** = အကြင်ပညာရှိသည်၊ **သေဝေထ** = မှီဝဲသုံးစွဲ၏၊ **သ** (**သော ပဏ္ဍိတော**) = ထိုပညာရှိသည်၊ **သိဝံ** = ဘေးရန်ကုန်ခန်း အေးချမ်းသော၊ **လောကံ** = နတ်ပြည်သို့၊ **ဘဇတေ** = လားရောက်၏၊ ဣတိ (**အဝေါစ**) ပဉ္စမံ။
## PAGE 333

#### ၆။ သီလဝန္တသုတ္တံ

**၄၆။** **ဘိက္ခဝေ**=တို့၊ **သီလဝန္တော**=သီလရှိကုန်သော၊ **ပဗ္ဗဇိတာ**=ရဟန်းတို့သည်၊ **ယံ ဂါမံ ဝါ**=အကြင်ရွာကိုလည်းကောင်း၊ **ယံ နိဂမံ ဝါ**=အကြင်နိဂုံးကိုလည်းကောင်း၊ **ဥပနိဿာယ**=မှီခို၍၊ **ဝိဟရန္တိ**=နေတော်မူကြကုန်၏၊ **တတ္ထ**=ထိုရွာနိဂုံး၌၊ **မနုဿာ**=လူတို့သည်၊ **တီဟိ**=သုံးပါးကုန်သော၊ **ဌာနေဟိ**=အကြောင်းတို့ဖြင့်၊ **ဗဟုံ**=များစွာသော၊ **ပုညံ**=ကုသိုလ်ကောင်းမှုကို၊ **ပသဝန္တိ**=ဖြစ်ပွားစေကြကုန်၏၊ **ဝါ**=ရရှိကုန်၏၊ **ကတမေဟိ တီဟိ**=အဘယ်သုံးပါးသောအကြောင်းတို့ဖြင့်နည်း၊ **ကာယေန ဝါ**=ကိုယ်ဖြင့်လည်းကောင်း၊ **ဝါစာယ ဝါ**=နှုတ်ဖြင့်လည်းကောင်း၊ **မနသာ ဝါ**=စိတ်ဖြင့်လည်းကောင်းတည်း။

#### ၇-သင်္ခတလက္ခဏသုတ်

**၄၇။ ၄၈။** **ဘိက္ခဝေ**=တို့၊ **သင်္ခတဿ**=သင်္ခတတရား၏၊ **ဝါ**=အကြောင်းတရားတို့သည် ပေါင်းဆုံဆိုက်ရောက်၍ ပြုလုပ်စီမံအပ်သော တေဘူမကတရား၏၊ **သင်္ခတလက္ခဏာနိ**=သင်္ခတတရားဟု သိနိုင်ကြောင်း အမှတ်အသားတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **တီဏိ**=သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်းဟူမူ၊ **ဥပ္ပါဒေါ**=ဖြစ်ခြင်းကို၊ (အကြောင်းတရားတို့ ညီညွတ်ခြင်းကြောင့် ရုပ်နာမ်ခန္ဓာ၏ဖြစ်ခြင်းဥပါဒ်ကို) **ပညာယတိ**=သိအပ်၏၊ **ဝယော**=ပျက်စီးခြင်းကို၊ **ပညာယတိ**=၏၊ **ဌိတဿ**=တည်တံ့သော သင်္ခတတရား၏၊ **ဝါ**=ဥပါဒ်မှနောက် ကြံ့ခဏသို့ရောက်သော သင်္ခတတရား၏၊ **အညထတ္တံ**=တမျိုးတဖုံဖောက်ပြန် ပြောင်းလဲသည်အဖြစ်ကို၊ **ဝါ**=ရင့်ခြင်းကိုပ။ **ဣမာနိ တီဏိ**=တို့တည်း။ပ။

**အသင်္ခတဿ**=အသင်္ခတတရား၏၊ **ဝါ**=အကြောင်းတရားတို့သည် ပေါင်းဆုံဆိုက်ရောက်၍ ပြုလုပ်စီမံအပ်သည်မဟုတ်သော တရား၏၊ **အသင်္ခတလက္ခဏာနိ**=အသင်္ခတ တရားဟုသိနိုင်ကြောင်း အမှတ်အသားတို့သည်၊ **ဣမာနိ တီဏိ**=တည်း။ပ။ **ဥပ္ပါဒေါ**=ကို၊ **နု ပညာယတိ**=မသိအပ်။

အဋ္ဌမံ။

#### ၉-ပဗ္ဗတရာဇသုတ်

**၄၉။** **ဘိက္ခဝေ**=တို့၊ **ဟိမဝန္တ**=ဟိမဝန္တ မည်သော၊ **ပဗ္ဗတရာဇံ**=တောင်ဘုရင်မင်းကို၊ **နိဿာယ**=မှီ၍၊ **မဟာသာလာ**=ကြီးစွာသော သစ်ပင်တို့သည်၊ **တီဟိ**=သုံးမျိုးကုန်သော၊ **ဝဍ္ဎီဟိ**=ကြီးပွားခြင်းတို့ဖြင့်၊ **ဝဍ္ဎန္တိ**=ကြီးပွားကုန်၏ ၊

