## PAGE 334

**ကတမာဟိ တီဟိ**=အဘယ်သုံးမျိုးကုန်သော၊ (**ဝဍ္ဎီဟိ**=တို့ဖြင့်၊-**ဝဍ္ဎန္တိ**=သနည်း) **သာခါပတ္တပလာသေန**=အကိုင်းအခက်, စိမ်းလန်းသော သစ်ရွက်ဖြင့်၊ **ပလာသ**=စိမ်းလန်းသော၊ **ပတ္တ**=အရွက်။ [အင်္ဂုတ္တိုရ်ဋ္ဌ၊ တ-၂၂ (ပဉ္စကနိပါတ်စာပိုဒ်-၄၀)၌ကား ထိုနှစ်ပုဒ်ကို အနက်တူ ပရိယာယ်ပြု၍ဖွင့်၏] **ဝဍ္ဎန္တိ**=ကုန်၏၊ **တစပပဋိကာယ**=အခွံအပွေးဖြင့်။ပ။ **ဖေဂ္ဂုသာရေန**=အကာ, အနှစ်ဖြင့်ပ။

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **သဒ္ဓံ**=သဒ္ဓါတရားရှိသော၊ **ကုလပတိ**=အမျိုး၌ အရှင်သခင် အကြီးအကဲပုဂ္ဂိုလ်ကို၊ **နိဿာယ**=မှီ၍၊ **အန္တောဇနော**=သားမယားစသော အတွင်းသူ လူအပေါင်းသည်။ပ။ **ဝဍ္ဎတိ**=ကြီးပွား၏။ပ။ **သဒ္ဓါယ**=သဒ္ဓါတရားဖြင့်၊ **ဝဍ္ဎတိ**=၏၊ **သီလေန**=သီလဖြင့်။ပ။ **ပညာယ**=ပညာဖြင့်ပ။ **တီဟိ**=ကုန်သော၊ **ဣမာဟိ ဝဍ္ဎီဟိ**=တို့ဖြင့်ပ။

အရညသို့ =တောအရပ်တည်းဟူသော၊ **ဝနေ**=တောအုပ်၌၊ **ဗြဟာ**=ကြီးမားသော၊ **သေလော**=ကျောက်ဖြင့်ပြီးသော၊ **ပဗ္ဗတော**=တောင်သည်၊ (**အတ္ထိ**=ရှိ၏) **တံ**=ထိုကျောက်တောင်ကြီးကို၊ **ဥပနိဿာယ**=မှီ၍၊ **ဝနပ္ပတိနော**=တော၌အရှင်သခင်အကြီးအကဲ ဖြစ်ကုန်သော၊ **ဝါ**=တောကိုလွှမ်းမိုး, တောစိုးဖြစ်ကုန်သော၊ **တေ ရုက္ခာ**=ထိုသစ်ပင်ကြီးတို့သည်၊ **ဝဍ္ဎန္တေ ယထာ**=ကြီးပွားကုန်သကဲ့သို့၊ **တထေဝ**=ထို့အတူပင်၊ **ဣဓ**=ဤလောက၌၊ **သီလသမ္ပန္န**=သီလနှင့်ပြည့်စုံသော၊ **သဒ္ဓံ**=သော၊ **ကုလပတိ**=ကို၊ **ဥပနိဿာယ**=မှီခိုကြကုန်၍၊ **ပုတ္တဒါရာ စ**=သားမယားတို့သည်လည်းကောင်း၊ **ဗန္ဓဝါ**=သားချင်းတော်စပ်သူတို့သည်လည်းကောင်း၊ **အမစ္စာ**=အပေါင်းအသင်း သူငယ်ချင်းတို့သည်လည်းကောင်း၊ **ဉာတိသံဃာ စ**=ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊ **ယေ**=အကြင်သူတို့သည်၊ **အဿ (ကုလပတိနော)**=ထိုအမျိုး၌ အရှင်သခင်အကြီးအကဲ ပုဂ္ဂိုလ်၏၊ **အနုဇီဝိနော**=မှီို၍ အသက်မွေးသူတို့သည်၊ (**ဟောန္တိ**=ဖြစ်ကုန်၏၊ **တေ စ**=ထိုမှီခို၍အသက်မွေးသူတို့သည်လည်းကောင်း) **ဝဍ္ဎန္တိ**=ကြီးပွားကြကုန်၏။

**အတ္တဒတ္တံ**=မိမိအကျိုးကို၊ **ဝိစက္ခဏာ**=စဉ်းစားဆင်ခြင် မြှော်မြင်ကြကုန်သော၊ **တေ**=ထိုသားမယားတို့သည်၊ [တျာဿ=တေ+အဿ] **သီလဝတော**=သီလရှိသော၊ **အဿ (ကုလပတိနော)**=၏၊ **သီလံ**=သိလကိုလည်းကောင်း၊ **စာဂံ**=စွန့်ကြဲပေးကမ်းခြင်းကို လည်းကောင်း၊ **သုစရိတာနိ စ**=ကောင်းသော အကျင့်စရိုက်တို့ကိုလည်းကောင်း၊ **ပဿမာနာ**=တွေ့မြင်ကြရကုန်သည် အဖြစ်ကြောင့်၊ **အနုကုဗ္ဗန္တိ**-အတုလိုက်၍ ပြုကျင့်ကြကုန်၏၊ (**တေ**-ထိုအတုလိုက်၍ပြုကျင့်သော ပုဂ္ဂိုလ်တို့သည်) ဣ၊ဤလူ့ပြည်၌၊ **သုဂတိဂါမိနံ**=ကောင်းသော

## PAGE 335

ဘဝသို့ သွားကြောင်းဖြစ်သော၊ **မဂ္ဂံ**=လမ်းခရီးဟူသော၊ **ဓမ္မံ**=အကျင့်တရားကို၊ **စရိတွာန**=ကျင့်ကြပြီး၍၊ ဒေဝလောကသို့=နတ်ပြည်၌၊ **နန္ဒိနော**=နှစ်သက်ရွှင်လန်းကြကုန်လျက်၊ **ကာမကာမိနော**=ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရကုန်လျက်၊ **မောဒန္တိ**=ဝမ်းမြောက်ကြရကုန်၏၊ ဣတိ(အဝေါစ) နဝမံ။

#### ၁၀-အာတပ္ပကရဏီယသုတ်

**၅၀။** **ဘိက္ခဝေ**=တို့၊ **တီဟိ**=သုံးပါးကုန်သော၊ **ဌာနေဟိ**=အကြောင်းတို့ကြောင့်၊ **အာတပ္ပံ**=ပြင်းထန်သော လုံ့လဝီရိယကို၊ (ကိလေသာတို့ကို ပူပန် လောင်ကျွမ်းစေတတ်သော ဝီရိယကို) **ကရဏီယံ**=ပြုသင့်၏၊ **ကတမေဟိ တီဟိ**=အဘယ်သုံးပါးကုန်သော၊ (**ဌာနေဟိ**=တို့ကြောင့်၊ **အာတပ္ပံ ကရဏီယံ**=ပြုသင့်သနည်း) [ဧကကနိပါတ်စာပိုဒ်-၃၉၄-လည်းကြည့်။ပ။ **အနုပ္ပါဒါယ**=ငှာ၊ **အာတပ္ပံ**=ကို၊' **ကရဏီယံ** ပြုသင့်၏။ပ။ **ဥပ္ပန္နာနံ**=ဖြစ်ပေါ်လာကုန်သော၊ **သာရီရိကာနံ**=ခန္ဓာကိုယ်၌ စွဲကပ်နေကုန်သော၊ **ဒုက္ခာနံ**=ခဲယဉ်းသဖြင့် သည်းခံအပ်ကုန်သော၊ **ဝါ**=သည်းခံနိုင်ခဲ့ကုန်သော၊ [ဒက္ခေန မိတဗ္ဗာတိ ဒုက္ခာ၊ ဒု+ခမု+က္ခိ] **တိဗ္ဗာနံ**=ထူထပ်ကုန်သော၊ (အဆက်မပြတ် တရစပ်ဖြစ်ခြင်းအားဖြင့် ထူထပ်ကုန်သော) **ဝါ**= (ပူပြင်းဆင်းရဲစေခြင်းအားဖြင့်) ကြမ်းကြုတ်ကုန်သော၊ **ခရာနံ**=ကြမ်းတမ်းခက်ထန်ကုန်သော၊ **ကဋုကာနံ**=ထက်မြက်စူးရှကုန်သော၊ ဝါခါးစပ်သော အရသာနှင့် တူကုန်သော၊ **အသာတာနံ**=ချို့သာခံချင်ဖွယ်မကောင်းကုန်သော၊ **အမနာပါနံ**=စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်သော၊ **ဝါ**=မနှစ်မြို့ဖွယ်ဖြစ်ကုန်သော၊ **ပါဏဟရာနံ**=အသက်ကိုဆောင်ယူပယ်ရှားနိုင်ကုန်သော၊ **ဝေဒနာနံ**=ဝေဒနာတို့ကို၊ **အဓိဝါသနာယ**-သည်းခံခြင်းငှာ။ပ။

**ဘိက္ခဝေ**=တို့၊ **ယတော**=အကြင်အခါ၌၊ **ဘိက္ခု**=ရဟန်းသည်။ပ။ ဘိက္ခဝေးတို့ (**တတော**=ထိုအခါ၌) **အယံ ဘိက္ခု**=ဤရဟန်းကို၊ သမ္မာနည်းလမ်းမှန်အားဖြင့်၊ **ဒုက္ခဿ**=ဝဋ်ဒုက္ခ၏၊ **အန္တကိရိယာယ**=အဆုံးကိုပြုခြင်းငှာ၊ **အာတာပိ**=ပြင်းထန်သော ဝီရိယ ရှိသော ပုဂ္ဂိုလ်ဟူ၍၊ **နိပကော**=ပညာရှိပုဂ္ဂိုလ်ဟူ၍၊ **သတော**-ကမ္မဋ္ဌာန်းအာရုံ၌ အမြဲမပြတ် အမှတ်ရနေသော ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။

ဣတိ(အဝေါစ) ဒသမံ၊

#### ၁၁-မဟာစောရသုတ်

**၅၁။** **ဘိက္ခဝေ**=တို့၊ **တီဟိ**=သုံးပါးကုန်သော၊ **အင်္ဂေဟိ**=အကြောင်းအင်္ဂါတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **မဟာစောရော**=အင်အားကောင်းသော
## PAGE 336

ခိုးသားဓားပြကြီးသည်၊ (ခန္ဓာကိုယ်အင်အားကြီးမား၍ နောက်လိုက် အခြအရံ များပြားလျက် 'အကြီးအကျယ် လုယက်တိုက်ခိုက်မှုကို ပြုစွမ်းနိုင်သောခိုးသားဓားပြဗိုလ်ကြီးသည်) **သန္ဓိမ္ပိ**=အိမ်နံရံအစပ်ကိုလည်း၊ **ဆိန္ဒတိ**=ဖောက်ဖြတ်၏၊ **နိလောပမ္ပိ**=အကြွင်းအကျန်မရှိအောင် လုယက်ခြင်းအားဖြင့်လည်း၊ **ဝါ**= . . .လုယက်၍လည်း၊ **ဟရတိ**=ဆောင်ယူသွား၏၊ **နိရဝသေသော လောပေါ ဝိလုမ္ပနံ နိလောပေါ။** ၎င်းကို ကြိယာဝိသေသန အနက်ပြန်ဆိုသည်၊ “**နိလောပံ**=ယက်ခြင်းကို၊ **ကတွာပိ**=ပြု၍လည်း၊ **ဟရတိ**=၏”ဟု ကတွာပုဒ် ထည့်သော်လည်း ဆိုနိုင်၏] **ဧကာဂါရိကမ္ပိ**= တအိမ်တည်း၌သာ ဝိုင်းရံလုယူခြင်းကိုလည်း၊ **ကရောတိ**=ပြု၏၊ **ဧကာဂါရေ နိသုတ္တော ဝိလောပေါ ဧကာဂါရိကော]** **ပရိပန္ထေ ပိ**=လူသွားလမ်းခရီး၌လည်း၊ **တိဋ္ဌတိ**=လုယူခြင်းငှာ တည်နေ၏။

**ကတမေဟိ**=အဘယ်မည်ကုန်သော၊ **တီဟိ**=ကုန်သော၊ (**အင်္ဂေဟိ**=တို့နှင့်၊ **သမန္နာဂတော။ပ။ တိဋ္ဌတိ**=သနည်း)

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤလောက၌၊ **မဟာစောရော**=သည်၊ **ဝိသမနိဿိတော စ**=မညီညာသော နေရာကို မှီခို ပုန်းအောင်းသည်လည်း၊ **ဟောတိ**=၏၊ **ဂဟနနိဿိတော စ**=ရှုပ်ထွေးထူထပ်သော အရပ်ကို မှီခိုပုန်းအောင်းနေသည်လည်း၊ **ဟောတိ**=၏၊ **ဗလဝနိဿိတော စ**=တန်ခိုးစွမ်းအား ကြီးမားသော ပုဂ္ဂိုလ်ကို မှီခိုအားထားသည်လည်း၊ **ဟောတိ**=၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **မဟာစောရော**=သည်၊ **ဝိသမနိဿိတော**=မညီညာသောနေရာကို မှီခိုပုန်းအောင်းနေသည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤလောက၌၊ **မဟာစောရော**=သည်၊ **နဒီဝိဒုဂ္ဂံ ဝါ**=ခက်ခဲစွာ သွားရသော မြစ်အလယ်ကျွန်းကိုသော်လည်းကောင်း၊ [ဧကကနိပါတ်စာပိုဒ်-၃၂၂-သုတ်လည်းကြည့်] **ပဗ္ဗတဝိသမံ ဝါ**=မညီညာသော တောင်ကြား အရပ်ကိုသော်လည်းကောင်း၊ **နိဿိတော**=မှီခိုပုန်းအောင်းနေသည်၊ **ဟောတိ**=ဖြစ်၏၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံ**=ဤသို့သော အခြင်းအရာအားဖြင့်။ပ။ **တိဏဂဟနံ ဝါ**=ရှုပ်ထွေးထူထပ်သော မြက်တောကိုသော်လည်းကောင်း **ရုက္ခဂဟနံ ဝါ**=ရှုပ်ထွေးထူထပ်သော သစ်တောကိုသော်လည်းကောင်း၊ **ရောဓံ**=အကိုင်းအခက်, ရောယှက်ပူးကပ်, သစ်ပင်ချင်းစပ်၍ ထူထပ်လှသော၊ **မဟာဝနသဏ္ဍ ဝါ**=ကြီးစွာသော တောအုပ်ကိုသော်လည်းကောင်း၊ [အဋ္ဌကထာ၌ ရောဓံကို မဟာဝနသဏ္ဍ၏ ဝိသေသနအဖြစ်ဖြင့် ဖွင့်ထားသောကြောင့် မဟာဝနသဏ္ဍမှ ဝါသဒ္ဒါပို၏] **နိဿိတော**=မှီခိုပုန်းအောင်းနေသည်၊ **ဟောတိ**=၏။ပ။

