## PAGE 337

**မဟာစောရော**=သည်၊ **ရာဇာနံ ဝါ**=မင်းတို့ကိုလည်းကောင်း၊ **ရာဇမဟာမတ္တာနံ ဝါ**=မင်း၏ အမတ်ကြီးတို့ကိုလည်းကောင်း၊ [ဤနှစ်ပုဒ်၌ နံဝိဘတ်ကို ဒုတိယာအနက် ဟောအပ်ပါ၊ သို့မဟုတ် “**ရာဇာနံ ဝါ ရာဇမဟာမတ္တံ ဝါ**”ဟူ၍ ဧကဝုစ်အံဝိဘတ်ဖြင့်ချည်း သော်လည်း ရှိသင့်၏] **နိဿိတော**=မှီခိုအားထားသည်၊ **ဟောတိ**=၏၊

**တဿ**=ထိုသူခိုးကြီးမှာ၊ **ဧဝံ**=ဤသို့သော အကြံအစည်သည်၊ **ဟောတိ**=၏၊ (**ကိန္တိ**=အဘယ် အကြံအစည်သည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ) **မံ**=ငါ့ကို၊ **ကောစိ**=တယောက်ယောက်သောသူသည်၊ **ကိဉ္စိ**=ငါ၏ပြစ်မှု တခုခုကို၊ **သစေ ဝက္ခတိ**=အကယ်၍ ပြောဆိုလတ္တံ့ငြားအံ့။ (**ဧဝံ သတိ**=ဤသို့ပြောဆိုလတ္တံ့သည် ဖြစ်လသော်) **မေ**=ငါ၏၊ **ဣမေ ရာဇာနော ဝါ**=ဤမင်းတို့သည်လည်းကောင်း၊ **ဣမေ ရာဇမဟာမတ္တာ**=ဤမင်း အမတ်ကြီးတို့သည်လည်းကောင်း၊ **ပရိယောဓာယ**=ငါ၏အပြစ်ကို ဖုံးကွယ်ထား၍၊ **အတ္ထိ**=ငါ၏အကျိုးကို၊ **ဘဏိဿန္တိ**=ပြောကြကုန်လိမ့်မည်၊ [တနည်း-**ပရိယောဓာယ**=ထိုထိုအကြောင်း ယုတ္တိကို ကြံဖန်ထည့်သွင်းကြကုန်၍၊ (**မဟန္တံ**=ကြီးမားလှသော၊ **ဒေါသမ္ပိ**=အပြစ်ကိုသော်မှလည်း၊ **ဟရန္တာ**=ဖယ်ရှားကုန်လျက်၊) **အတ္ထိ**=ငါ၏အကျိုးကို၊ **ဘဏိဿန္တိ**=မည်] **ဣတိ**=ဤသို့သော အကြံအစည်သည်၊ (**ဟောတိ**=၏)

**ဝါ**-
**နံ**=ထိုသူခိုးဓားပြကြီးကို၊ **ကောစိ**=သည်၊ **ကိဉ္စိ**=ပြစ်မှုတခုခုကို၊ **သစေ အာဟ**=အကယ်၍ ပြောဆိုငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ပြောဆိုသည် ဖြစ်လသော်) [**တျာဿ**=တေ+အဿ] **အဿ**=ထိုသူခိုးကြီး၏၊ **တေ ရာဇာနော ဝါ**=ထိုမင်းတို့သည်လည်းကောင်း၊ **တေ ရာဇမဟာမတ္တာ ဝါ**=လည်းကောင်း၊ **ပရိယောဓာယ**=ခိုးသူကြီး၏ အပြစ်ကို ဖုံးကွယ်ထားကြ၍၊ **အတ္ထံ**=ခိုးသူကြီး၏ အကျိုးကို၊ **ဘဏန္တိ**=ပြောဆိုကြကုန်၏၊ [တနည်း-**ပရိယောဓာယ**=ထိုထိုအကြောင်းယုတ္တိကို ကြံဖန်ထည့်သွင်းကြကုန်၍၊ (**မဟန္တံ**=သော၊ **ဒေါသမ္ပိ**=လည်း၊ **ဟရန္တာ**=ကုန်လျက်) **အတ္ထံ**=ခိုးသူကြီး၏ အကျိုးကို၊ **ဘဏန္တိ**=၏] ။ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **တီဟိ**=ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ**=ဤအကြောင်းအင်္ဂါတို့နှင့် [“**ဣမေ ခေါ**”ဟူ၍ “ဟိ”ကျနေ၏။ ထို့နောက် **ခတံ ဥပဟတံ** စသည်ကို ဒုကနိပါတ်စာပိုဒ်-၁၃၅-ကြည့်]။ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ပါပဘိက္ခု**=ယုတ်မာသောရဟန်းသည်၊ **ဝိသမနိဿိတော စ**=မညီညာသော အကုသိုလ်ကို မှီသည်လည်းကောင်း၊ **ဂဟနနိဿိတော စ**=ရှုပ်ထွေးသော အကုသိုလ်ကို မှီသည်လည်းကောင်း၊ **ဗလဝနိဿိတော စ**=တန်ခိုးစွမ်းအား ကြီးမားသော ပုဂ္ဂိုလ်ကို မှီခိုအားထားသည်လည်းကောင်း၊ **ဟောတိ**=၏။

## PAGE 338

**ဘိက္ခဝေ**=ရဟန်းတို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ပါပဘိက္ခု**=သည်၊ **ဝိသမနိဿိတော**=မညီညာသော အကုသိုလ်ကို မှီသည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ။ပ။ **ဝိသမေန**=မညီညာသော၊ **ဝါ**=မပြေမညီ သွေဖီမှားယွင်း, ချွတ်ချော်ခြင်းရှိသော၊ **ကာယကမ္မုန**=ကာယကံနှင့်၊ [ဤတိကနိပါတ်စာပိုဒ်-၆-သုတ်လည်းကြည့်] **သမန္နာဂတော**=ပြည့်စုံသည်၊ **ဟောတိ**=၏။ပ။

**ပါပဘိက္ခု**=သည်၊ **မိစ္ဆာဒိဋ္ဌိကော**=မှားယွင်းသောအယူရှိသည်၊ **ဟောတိ**=၏၊ **အန္တဂ္ဂါဟိကာယ**=သဿတနှင့်ဥစ္ဆေဒဟူသော အဖို့အစွန်း တဖက်ဖက်ကို ဆုပ်ကိုင်ယူငင်တတ်သော၊ **ဒိဋ္ဌိယာ**=မိစ္ဆာအယူနှင့် ။ပ။

**တဿ**=ထိုယုတ်မာသော ရဟန်းမှာ၊ **ဧဝံ**=ဤသို့သော အကြံအစည်သည်၊ **ဟောတိ**=၏၊ (**ကိန္တိ**=အဘယ် အကြံအစည်သည်၊ **ဟောတိ**=ဟူမူ) **မံ**=ငါ့ကို၊ **ကောစိ**=သည်။ပ။

**နံ**=ထိုယုတ်မာသော ရဟန်းကို၊ **ကောစိ**=သည်၊ **ကိဉ္စိ**=ပြစ်မှုတခုခုကို၊ **သစေ အာဟ**=အကယ်၍ ပြောဆိုငြားအံ့၊ (**ဧဝံ သတိ**=ဖြစ်လသော်) **အဿ**=ထိုယုတ်မာသော ရဟန်း၏၊ **တေ ရာဇာနော ဝါ**=လည်းကောင်း။ပ။ **ပရိယောဓာယ**=ယုတ်မာသော ရဟန်းအပြစ်ကို ဖုံးကွယ်ထားကြ၍၊ **အတ္ထံ**=ယုတ်မာသောရဟန်း၏ အကျိုးကို၊ **ဘဏန္တိ**=၏ ။ပ။

**ဧကာဒသမံ**=၁၁ခုမြောက်သုတ်တည်း။

#### ၅-စူဠဝဂ္ဂေါ

**ပဉ္စမော**=ငါးခုမြောက်သော၊ **စူဠဝဂ္ဂေါ**=စူဠဝဂ်တည်း ။ပ။

### ပထမပဏ္ဏာသကော

**ပဌမော**=ရှေးဦးစွာသော၊ **ပဏ္ဏာသကော**=သုတ်ငါးဆယ်တစုသည်၊ **သမတ္တော**=ပြီးပြီ။
## PAGE 339

#### (၆) ၁-ဗြာဟ္မဏဝဂ်

**၅၂။** **အထ ခေါ**=ထိုအခါ၌၊ **ဇိဏ္ဏာ**=ကုန်သော၊ [ဒုကနိပါတ်စာပိုဒ် (၃၉)သုတ်ကြည့်]။ ပ။ **ဝယောအနပ္ပတ္တာ**=ကုန်သော၊ **ဇာတိယာ**=မွေးဖွားခြင်းအားဖြင့်၊ (မွေးဖွားချိန်မှစ၍) **ဝိသဝဿသတိကာ**=နှစ်ပေါင်း(၁၂၀) အသက်အရွယ်ရှိကုန်သော၊ **ဒွေ**=နှစ်ဦးကုန်သော၊ **ဗြာဟ္မဏာ**=ပုဏ္ဏားတို့သည်။ ပ။

**ဥပသင်္ကမိံသု**=ကုန်၏၊ [တိကနိပါတ်စာပိုဒ်(၂၁)ကြည့်]။ ပ။ **ဧကမန္တံ**=၌၊ **နိသိန္နော**=ထိုင်နေကြကုန်ပြီးသော၊ **တေ ဗြာဟ္မဏာ**=ထိုပုဏ္ဏားတို့သည်၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစုံ**=လျှောက်ထားကြကုန်ပြီ၊ (**ကိံ**=အဘယ်သို့၊ **အဝေါစုံ**=ဟူမူ) **ဘော ဂေါတမ**=အရှင်ဂေါတမ၊ **မယံ**=အကျွန်ုပ်တို့သည်၊ [အဿု အနက်မရှိ နိပါတ်] **ဇိဏ္ဏာ**=ကုန်သော။ ပ။ **ဇာတိယာ**=ဖြင့်၊ **ဝီသဝဿသတိကာ**=ကုန်သော၊ **ဗြာဟ္မဏာ**=ပုဏ္ဏားတို့ပါတည်း။ **စ**=ထို့အပြင်၊ **ဝါ**=ပြီးတော့၊ **တေ** (**မယံ**)=ထိုအကျွန်ုပ်တို့သည်၊ **အကတကလျာဏာ**=မပြုအပ်သေးသော ကောင်းမှုရှိကုန်သည်၊ **အကတကုသလာ**=မပြုအပ်သေးသော ကုိုလ်ရှိကုန်သည်၊ **အကတဘီရုတ္တာဏာ**=မပြုအပ်သေးသော ဒုဂ္ဂတိဘေး ကာကွယ်ရေး ကုသိုလ်ရှိကုန်သည်၊ **ဝါ**=ဒုဂ္ဂတိဘေး ကာကွယ်ရေး ကုသိုလ်ကို မပြုရသေးကုန်သည်၊ [**ဘီရု**=ဒုဂ္ဂတိဘေး **တာဏ**=ကာကွယ်ရေးကုသိုလ်] **အမှာ**=ဖြစ်ပါကုန်၏၊ **ဘဝံ ဂေါတမော**=အရှင်ဂေါတမသည်၊ **နော**=အကျွန်ုပ်တို့ကို၊ **ဩဝဒတု**=ဆုံးမတော်မူပါ၊ **ဘဝံ ဂေါတမော**=သည်၊ **နော**=တို့ကို၊ **အနုသာသတု**=သွန်သင်တော်မူပါ၊ **ဝါ**=ကံမြစ်တော်မူပါ၊ **တံ**=ယင်းသို့ဆုံးမသွန်သင်ခြင်းသည်၊ **အမှာကံ**=အကျွန်ုပ်တို့၏၊ **ဒီဃရတ္တံ**=ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ **ဟိတာယ**=စီးပွားအကျိုးငှာလည်းကောင်း၊ **သုခါယ**=ချမ်းသာခြင်းငှာ လည်းကောင်း၊ **အဿ**=ဖြစ်နိုင်ပါ၏၊ **ဣတိ**=ဤသို့၊ **အဝေါစုံ**=လျှောက်ကြကုန်ပြီ)။

**ဗြာဟ္မဏာ**=ပုဏ္ဏားတို့၊ **တုမှေ**=သင်တို့သည်၊ **တတ္ထ**=အမှန်တကယ်ပင်၊ တနည်း-**ဗြာဟ္မဏာ**=တို့၊ **တစ္ဆ**=သင်တို့စကားကို ငါလက်ခံပါ၏၊ **တုမှေ**=သင်တို့သည် **ဇိဏ္ဏာ**=ဇရာစီးနင်း အိုမင်းကြကုန်၏၊ **ဗုဒ္ဓါ**=ကုန်၏။ ပ။ **ဇာတိယာ**=ဖြင့်၊ **ဝိသဝဿသတိကာ**=ကုန်၏။ **စ**=ထို့အပြင်၊ **တေ** (**တုမှေ**)=ထိုသင်တို့သည်၊ **အကတကလျာဏာ**=ကုန်သည်။ ပ။ **အကတဘီရုတ္တာဏာ**=

