## PAGE 340

ကုန်သည်၊ **အတ္ထ**=ဖြစ်ကုန်၏၊ **ဗြာဟ္မဏာ**=ပုဏ္ဏားတို့၊ **အယံ လောကော**=ဤသတ္တဝါအပေါင်းကို၊ **ဇရာယ**=အိုခြင်းသဘောသည်လည်းကောင်း၊ **ဗျာဓိနာ**=မကျန်းမမာ နာခြင်းသဘောသည်လည်းကောင်း၊ **မရဏေန**=သေခြင်းသဘောသည်လည်းကောင်း၊ **ဥပနီယတိ**=အဆင့်ဆင့်ခေါ်ဆောင်အပ်၏၊ [ဇာတိသည် ဇရာထံသို့လည်းကောင်း, ဇရာသည် ဗျာဓိထံသို့လည်းကောင်း, ဗျာဓိသည် မရဏထံသို့လည်းကောင်း, မရဏသည် ဇာတိထံသို့လည်းကောင်း သတ္တဝါတို့ကို အဆင့်ဆင့်ခေါ်ဆောင်သွား၏ဟူလို။]

**ဗြာဟ္မဏာ**=တို့၊ **လောကေ**=သတ္တဝါအပေါင်းကို၊ **ဇရာယ**=သည်လည်းကောင်း၊ **ဗျာဓိနာ**=လည်းကောင်း၊ **မရဏေန**=လည်းကောင်း။ **ဧဝံ**=ဤသို့၊ **ဥပနီယမာနေ**=အဆင့်ဆင့်ခေါ်ဆောင်အပ်လသော်၊ **ဣဓ**=ဤယခုဘဝ၌၊ **ကာယေန**=ကိုယ်ဖြင့်၊ **ဝါ**=ကာယဒွါရဖြင့်၊ **ယော သံယမော**=အကြင်စောင့်စည်းမှု ကုသိုလ်သည်လည်းကောင်း၊ **ဝါစာယ**=နှုတ်ဖြင့်၊ **ဝါ**=ဝစီဒွါရဖြင့်၊ **ယော သံယမော**=လည်းကောင်း၊ **မနသာ**=စိတ်ဖြင့်၊ **ဝါ**=မနောဒွါရဖြင့်၊ **ယော သံယမော**=လည်းကောင်း၊ (**အတ္ထိ**=ရှိ၏) **တံ**=ထိုစောင့်စည်းမှု ကုသိုလ်သည်၊ **တဿ ပေတဿ**=ထိုတမလွန်ဘဝသို့ ပြောင်းသွားသောသူ၏၊ **တာဏဉ္စ**=အကာအကွယ် အစောင့်အရှောက်သည်လည်းကောင်း၊ **လေဏဉ္စ**=ခိုအောင်းရာသည်လည်းကောင်း၊ **ဒီပဉ္စ**=တည်နေရာဌာနသည်လည်းကောင်း၊ **သရဏဉ္စ**=မှီခို အားထားရာသည်လည်းကောင်း၊ **ပရာယဏဉ္စ**=မြတ်သောလားရောက်အပ်သော ဂတိသည်လည်းကောင်း၊ (**ဟောတိ**=၏) **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)။

**ဇိဝိတံ**=အသက်ဇီဝိတိန္ဒြေကို၊ (**ဇရာယ**=ဇရာသည်) **ဥပနီယတိ**=မရဏထံသို့ ခေါ်ဆောင်သွားအပ်၏။ **အာယု**=သက်တမ်း ပမာဏသည်၊

**၁။** **ဥပနီယတိ ဇီဝိတံ**။ ။ ဤဂါထာကို ဤသုတ်ဋ္ဌဋီအထူးမဖွင့်။ ဒေဝတာသံယုတ်အဋ္ဌကထာ(၂၀)၌ **ဥပနီယတိ**ကို “ဇရာယ မရဏသန္တိကံ ဥပနိယတိ” ဟု ကမ္မရုပ်ဖွင့်သည့်နည်းအတိုင်း အနက်ပေးသည်။ **ဥပနီယတီတိ**=**ပရိက္ခိယတိ နိရုဇ္ဈတိ** (**ဝိနဿတီတိ အတ္ထော**)ဟု ဖွင့်သည့်နည်းအလို ဇီဝိတိန္ဒြေသည်။ **ဥပနီယတိ**=ကုန်ခန်းပျက်စီး၏”ဟု ကတ္တားအနက်ဆိုပါ။

**ဥပနီယတီတိ ဝါ သရသေနေဝ ဇီဝိတဿ မရဏူပဂမနံ ဝုတ္တန္တိ အာဟ ဥပဂစ္ဆတိ ဝါ အနုပုဗ္ဗေန မရဏံ ဥပေတီတိ အတ္ထော** တိ- ဟူသော ထို ဋ္ဌ,ဋီအဖွင့်အလို–**ဇီဝိတံ**=သည်။ **ဥပနီယတိ**=မိမိသဘောအလျောက် မရဏသို့ အစဉ်အားဖြင့်ရောက်၏"ဟုဆို။ ဤအလို **ဥပနီယတိ**သည် “သယံ ကရိယတေ ကရောတိ”၌ကဲ့သို့ ကမ္mကတ္တုရုပ်တည်း။

## PAGE 341

**ဝါ**=ဇီဝိတိန္ဒြေသည်၊ **အဒ္ဓု**=တိုတောင်းလှ၏၊ [သတ္တဝါတို့၏သက်တမ်းသည် အလွန်ဆုံး တစ်ရာ, တစ်ရာကျော်မျှသာဖြစ်၍ တိုတောင်းလှ၏၊ နာမ်ဇီဝိတိန္ဒြေသည်လည်း စိတ္တက္ခဏ တစ်ချက်ခန့်မျှသာ အသက်ရှည်သောကြောင့် တိုတောင်းလှ၏] **ဇရူပနီတဿ**=ဇရာသည် မရဏထံသို့ ခေါ်ဆောင်အပ်သောသူမှာ၊ **ဝါ**=အိုခြင်းသို့ ကပ်ရောက်သောသူမှာ၊ **တာဏာ**=ကယ်ဆယ်စောင့်ရှောက်နိုင်သူတို့သည်၊ **န သန္တိ**=မရှိတော့ကုန်၊ **မရဏေ**=သေခြင်း၌၊ **ဧတံ ဘယံ**=ဤကြောက်ဖွယ်ဘေးကို၊ [ဇီဝိတိန္ဒြေကို မရဏထံသို့ ဇရာကဆွဲခေါ်သွားခြင်း, အာယု၏တိုတောင်းလှခြင်း, ဇရူပနီတ ပုဂ္ဂိုလ်မှာ ကယ်နိုင်မည့်သူမရှိခြင်းဟူသော ဘေးသုံးမျိုးတည်း] **ပေက္ခမာနော**=ကြည့်ရှုဆင်ခြင်လျက်၊ **သုခါဝဟာနိ**=ချမ်းသာကို ဆောင်နိုင်ကုန်သော၊ **ပုညာနိ**=ကုသိုလ်ကောင်းမှုတို့ကို၊ **ကယိရာထ**=ပြုသင့်ပြုထိုက်၏၊ [သတ္တမီ ဧထဝိဘတ်ကို အရဟအနက်ဟော၏။]

**ဣဓ**=ဤယခုဘဝ၌၊ **ယောဓ**=**ယော**+**ဣဓ** **ကာယေန**=ကာယဒွါရဖြင့်လည်းကောင်း၊ **ဝါစာယ**=ဝစီဒွါရဖြင့်လည်းကောင်း၊ **ဥဒ**=ထိုမှတပါး၊ **စေတသာ**=စိတ်ဖြင့်လည်းကောင်း၊ **ဝါ**=မနောဒွါရဖြင့်လည်းကောင်း၊ **ယော သံယမော**=အကြင်စောင့်စည်းမှု ကုသိုလ်သည်။ **အတ္ထိ**=ရှိ၏ **ဇီဝမာနော**=အသက်ရှင်စဉ်မှာပင်၊ **ယံ ပုညံ**=အကြင်ကုသိုလ်ကို၊ **ပကရောတိ**=ကြိုးစားပြုလုပ်၏၊ **တံ**=ထိုကုသိုလ်သည် (ထိုသံယမ, ပုညကုသိုလ်သည်) **တဿ ပေတဿ**=၏၊ **သုခါယ**=ငှါ၊ **ဟောတိ**=၏၊ **ဣတိ** (**အဝေါစ**) **ပဌမံ**။

**၂-ဒုတိယဒ္ဓေဗြာဟ္မဏသုတ်**

**၅၃။** "**အာဒိတ္တော ခေါ အယံ ဗြာဟ္မဏာ**” စသော ဝါကျသို့သွားအံ့] **ဗြာဟ္မဏာ**=ပုဏ္ဏားတို့၊ **အယံ လောကော**=ဤသတ္တလောကကို၊ **ဇရာယ**=ဇရာမီးသည် လည်းကောင်း၊ **ဗျာဓိနာ**=ဗျာဓိမီးသည်လည်းကောင်း၊ **မရဏေန**=မရဏမီးသည်လည်းကောင်း၊ **အာဒိတ္တော**=လောင်အပ်၏။ **ဗြာဟ္မဏာ**=တို့ **ဧဝံ**=ဤသို့၊ **ဇရာယ**=သည်လည်းကောင်း။ ပ။ **မရဏေန**=လည်းကောင်း၊ **အာဒိတ္တေ**=လောင်အပ်သော၊ **လောကေ**=သတ္တလောက၌၊ **ဣဓ**=ဤယခုဘဝ၌၊ **ကာယေန**=ဖြင့်၊ **ယော သံယမော**။ ပ။

[ဂါထာ] **အာဒိတ္တသ္မိံ**=မီးလောင်အပ်သော၊ **အဂါရသ္မိံ**=အိမ်၌၊ **ယံ ဘာဇနံ**=အကြင်ပစ္စည်းဥစ္စာကို၊ **နီဟရတိ**=ဆွဲထုတ်ယူငင်၏၊ **တံ** (**ဘာဇနံ**)=ထိုဆွဲထုတ်ယူငင်အပ်သော ပစ္စည်းဥစ္စာသည်သာ၊ **တဿ**=ထိုအိမ်ရှင်၏၊ **အတ္ထာယ**=အကျိုးငှာ၊ **ဟောတိ**=ဖြစ်၏၊ **တတ္ထ**=ထိုအိမ်၌၊ **ယံ** (**ဘာဇနံ**)=ကို၊ **ဍယှတိ**=မီးလောင်အပ်၏၊ (**တံ ဘာဇနံ**=ထိုမီးလောင်အပ်သော ပစ္စည်းဥစ္စာသည်ကား၊ **တဿ**=ထိုအိမ်ရှင်၏၊ **အတ္ထာယ**=ဟူ၍) **နော စ ဟောတိ**=
## PAGE 342

မဖြစ်တော့သည်သာ၊ [နော စ ယံ တတ္ထ ဥယှတီတိ ယံ ပန တတ္ထ ဍယှတိ၊ စ ယံ အန္တမသော တိဏသန္တာရောပိ၊ သဗ္ဗ တဿ အနုပကရဏမေဝ ဟောတိ- ဟူသော ဇာတ်အဋ္ဌကထာ(တ၊ ၄၄၇)အဖွင့်အတိုင်း နောသည် ဥယုတိ၏ ပဋိသေဓ မဟုတ်ဟုမှတ်]

**ဧဝံ**=ဤအတူ၊ **လောကော**=သတ္တလောကကို၊ **ဇရာယ**=ဇရာမီးသည် လည်းကောင်း၊ **မရဏေနစ**=လည်းကောင်း၊ **အာဒိတ္တော**=၏၊ဤသုတ်၌ ဇရာစသောမီးသုံးမျိုးကိုသာ ခေါင်းတပ်၍ ဟောထား၏၊ ရာဂစသော မီး ၁၁-မျိုးလုံး ပါဝင်နိုင်သည်ပင်]

**ဒါနေန**=လှူဒါန်းပေးကမ်းကြောင်း ဒါနစေတနာဖြင့်၊ (လောကာ=တဆယ့်တသီး မီးလောင်အပ်သော သတ္တလောကမှ) **နီဟရေထေဝ**(နီဟရေထ ဧ၀)=လှူဖွယ်ပစ္စည်းကို ဆွဲထုတ်ယူငင်သင့်သည်သာ၊ **ဒိန္န**=(နည်းများမဟူ)ပေးလှူအပ်သော ပစ္စည်းဥစ္စာသည်သာ၊ **သုနီဟတံ**=ကောင်းစွာ ဆွဲထုတ်ယူငင်အပ်သည် မည်သည်၊ **ဟောတိ**-၏ပ။ ဒုတိယံ။

### ၃-အညတရဗြာဟ္မဏသုတ်

**၅၄။** **အထ ခေါ**=၌၊ **အညတရော**=တယောက်သော၊ **ဗြာဟ္မဏော**-ပုဏ္ဏားသည်။ပ။ **ဧကမန္တံ**=၌၊ **နိသိန္နော**=ထိုင်နေပြီးသော၊ **သော ဗြာဟ္မဏော**-သည်၊ **ဘဂဝန္တံ**=ကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=လျှောက်ထားပြီး (ကိန္တိ=အဘယ်သို့၊ အဝေါစ=လျှောက်ထားသနည်းဟူမှု)**ဘောဂေါတမ**=အရှင်ဂေါတမ၊"**သန္ဒိဋ္ဌိကော**=ဉာဏ်ဖြင့် ကိုယ်တိုင်သိမြင်နိုင်သော၊ **ဓမ္မော**=မဂ်တရား၊ **သန္ဒိဋ္ဌိကော**=သော၊ **ဓမ္မော**=မဂ်တရား၊"**ဣတိ**=ဤသို့၊ **ဝုစ္စတိ**=ဆိုအပ်၏၊ **ဘော ဂေါတမ**=မ၊ **ကိတ္တာဝတာ**-အဘယ်မျှလောက်အတိုင်းအရှည် ရှိသော အကျင့်ဖြင့်၊ **ဝါ**=အဘယ်မျှလောက်ကျင့်ခြင်းဖြင့်၊ **သန္ဒိဋ္ဌိကော**=သော၊ **အကာလိကော**=အကျိုးပေးခွင့်-----ခါမရှိသော၊ [စာပိုဒ် ၄၀-ကြည့်] **ဧဟိပဿိကော**=-----ပြတိုက်သော၊ **သြပနေယျကော**=စေသင့်သော၊ **ဝိညူဟိ**=တို့သည်၊ **ပစ္စတ္တံ**-၌၊ **ဝါ**=လျှင်၊ **ဝေဒိတဗ္ဗော**=သိမြင်ခံစားထိုက်သော၊ **ဓမ္မော**=မဂ်တရားသည်၊ **ဟောတိ နခေါ**=ထင်ရှားဖြစ်ပါသနည်း။**ဣတိ**=ဤသို့ (အဝေါစ=လျှောက်ပြီ)

**ဗြာဟ္မဏ**=ပုဏ္ဏား၊**ရတ္တော**=တပ်မက်သောသူသည်၊ **ရာဂေန**=ရာဂသည်၊ **အဘိဘူတော**=လွှမ်းမိုးနှိပ်စက်အပ်သည်၊ **ပရိယာဒိန္နစိတ္တော**=ထက်ဝန်းကျင်မှ ယူငင်အပ်သော စိတ်ရှိသည်၊ **ဝါ**=မှားယွင်းစွာ သုံးသပ်အပ်သောစိတ်ရှိသည်၊

