## PAGE 343

(ဟုတွာ-ဖြစ်၍)**အတ္တဗျာဓာယပိ**=မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း၊ **စေတေတိ**=ကြံစည်အားထုတ်၏၊ **ပရဗျာဓာယပိ** သူတစ်ပါးကို ဆင်းရဲစေခြင်း ငှာလည်း၊ **စေတေတိ**=၏၊ **ဥဘယဗျာဓာယပိ**=နှစ်ဦးလုံးဆင်းရဲစေခြင်းငှါလည်း၊ **စေတေတိ**=၏ ၊**စေတသိကံ**=စိတ်၌ဖြစ်သော၊ **ဒုက္ခ**=ဒုက္ခဖြစ်သော၊ **ဒေါမနဿမ္ပိ**= နှလုံးမသာယာမှု ဒေါမနဿဝေဒနာကိုလည်း၊ **ပဋိသံဝေဒေတိ**= ခံစားရ၏၊ **ရာဂေ**=ရာဂကို၊ **ပဟီနေ**=ပယ်အပ်ပြီးသော်၊ **အတ္တဗျာဓာယပိ**= လည်း၊ **နေဝ စေတေတိ**=မကြံစည် အားမထုတ်၊ **ပရဗျာဓာယပိ**=လည်း၊ **နု စေတေတိ**= မကြံစည် အားမထုတ်။ပ။**ဒေါမနဿံ**=ကို၊ **နှ ပဋိသံဝေဒေတိ**- မခံစားရ၊

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ရတ္တော**=သည်။ [ပေယျာလ ဖော်ဆိုမည်]**ရာဂေန**=သည်၊ **အဘိဘူတော**=သည်၊ **ပရိယာဒိစိတ္တော**=သည်၊ (ဟုတွာ)**ကာယေန**=ဖြင့်၊ **ဒုစ္စရိတံ**=ကို၊ [ဒုကနိပါတ်စာပိုဒ် ၁-သုတ်ကြည့် **စရတိ**=ကျင့်၏။ပ။**ရာဂေ**=ကို၊ **ပဟီနေ**=သော်၊ **ကာယေန**=ဖြင့်၊ **ဒုစ္စရိတံ**=ကို၊ **နေဝ စရတိ**=မကျင့်တော့။ပ။

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ရတ္တော**-သည်။ **ရာဂေန အဘိဘူတော ပရိယာ ဒိန္နစိတ္တော** (ဟုတွာ) **အတ္တတ္တမ္ပိ**-မိမိ၏အကျိုးကိုလည်း၊ (မိမိ၏ မျက်မှောက် ဘဝ၌ ဖြစ်သော အကျိုး, တမလွန်ဘဝ၌ ဖြစ်သောအကျိုး, လောကီ လောကုတ္တရာ ရောနှောသောအကျိုးကိုလည်း) **ယထာဘူတံ**=ဟုတ်မှန်စွာ၊ **နပ္ပဇာနာတိ**=မသိ၊ **ပရတ္ထမ္ပိ**=သူတစ်ပါးအကျိုးကိုလည်း၊ (သူတစ်ပါး၏ မျက်မှောက်……ကိုလည်း)။ပ။**ဥဘယတ္ထမ္ပိ**=နှစ်ဦးလုံး၏အကျိုးကိုလည်း၊ (နှစ်ဦးလုံး၏ မျက်……လည်း)၊ပ။**ပဇာနာတိ**=သိ၏။ပ။**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဧဝမ္ပိ**= ဤသို့ရာဂကို ပယ်သတ်ခြင်းအကျင့်ဖြင့်လည်း၊ **သန္ဒိဋ္ဌိကော**=သော၊ **အကာလိကော**=သော ။ပ။ **ဝိညူဟိ**=တို့သည်၊ **ပစ္စတ္တံ**=၌၊ **ဝါ**=လျှင်၊ **ဝေဒိတဗ္ဗော**=သော၊ **ဓမ္မော**=မဂ်တရားသည်၊ **ဟောတိ**=ထင်ရှားဖြစ်၏၊

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဒုဋ္ဌော**=ဒေါသသည် ဖျက်ဆီးအပ်သောသူသည်၊ **ဝါ**= ဒေါသကြီးသောသူသည်၊ **ဒေါသေန**= ဒေါသသည်။ပ။**ဧဝမ္ပိ**=ဤသို့ဒေါသကို ပယ်သတ်ခြင်းအကျင့်ဖြင့်လည်း။ပ။ **မူဠော** မောဟကြီးသောသူသည်၊ **ဝါ**= မောဟကြီးသောသူသည်။ပ။**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဧဝမ္ပိ**=ဤသို့မောဟကို ပယ်သတ်ခြင်းဖြင့်လည်း။ပ။**ဟောတိ**=၏၊ **ဣတိ**- ဤသို့၊(အဝေါစ= မိန့်တော်မူပြီ) [အဘိက္ကန္တ စသည်ကို ဒုကစာပိုဒ်(၁၆)ကြည့်] **ပရိဗ္ဗာဇကသုတ်**၌- **ဗြာဟ္မဏ ပရိဗ္ဗာဇကော**=ပုဏ္ဏားဇာတ်ရှိသော ပရိဗိုဇ်သည်။ပ။ =

## PAGE 344

### ၅-နိဗ္ဗုတသုတ်

**၅၆။** **အထ ခေါ**=၌၊ **ဇာဏုသောဏိ**= ဇာဏုသောဏိမည်သော၊ [ဒုကစာပိုဒ်(၁၇)ကြည့်] **ဗြာဟ္မဏော**=သည်။ပ။**ဘော ဂေါတမ**၊ "**သန္ဒိဋ္ဌိကံ**=သော၊ **နိဗ္ဗာနံ**=နိဗ္ဗာန်၊ **သန္ဒိဋ္ဌိကံ**=သော၊ **နိဗ္ဗာနံ**=နိဗ္ဗာန်"**ဣတိ**=သို့၊ **ဝုစ္စတိ**=၏၊ **ဘော ဂေါတမ**၊ **ကိတ္တာဝတာ**=ဖြင့်၊ **သန္ဒိဋ္ဌိကံ**=သော၊ **အကာလိကံ**=ဆိုင်းငံ့မျှော်လင့်၊အချိန်ကြာမြင့်မှ ဉာဏ်ဖြင့်ဆိုက်ရောက် မျက်မှောက်ပြုထိုက်သည်မဟုတ်သော၊ **ဝါ**= သစ္စာလေးဖြာ သိမြင်ရာအခါ၌ပင် ဉာဏ်ဖြင့်ဆိုက်ရောက် မျက်မှောက်ပြုထိုက်သော၊နိဗ္ဗာန်ကိုယူရမည်ဖြစ်၍ နိဗ္ဗာန်နှင့် လျော်အောင် အနက်ဖွင့်ရသည်]**ဧဟိပဿိကံ**=သော၊ **သြပနေယိုကံ**= မဂ်ဉာဏ်ဖြင့် ချဉ်းကပ်ထိုက်သော၊ **ဝိညူဟိ**=တို့သည်၊ **ပစ္စတ္တံ**=၌၊ **ဝါ**=လျှင်၊ **ဝေဒိတဗ္ဗော**=သော၊ **နိဗ္ဗာနံ**-နိဗ္ဗာန်သည်၊ **ဟောတိ**=ဉာဏ်၌ပေါ်ထင် မြင်လာပါသနည်း၊ **ဣတိ** (အဝေါစ=လျှောက်)။ပ။

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ယတော**=အကြင်အခါ၌၊ **အယံ**=ဤပုဂ္ဂိုလ်သည်၊ **အနဝသေသံ**=အကြွင်းအကျန် မရှိအောင်၊ **ရာဂက္ခယံ**=ရာဂကုန်ရာ အရဟတ္တ ဖိုလ်ချမ်းသာကို၊ **ပဋိသံဝေဒေတိ**=ခံစား၏၊ **အနဝသေသံ**=အောင်၊ **ဒေါသက္ခယံ**- ဒေါသကုန်ရာ အရဟတ္တဖိုလ်ချမ်းသာကို။ပ။**မောဟက္ခယံ**=ကို။**ပဋိသံဝေဒေတိ**= ၏၊ **ဗြာဟ္မဏ**=ပုဏ္ဏား၊(တတော=ထိုအခါ၌)**ဧဝံ**=ဤသို့ ရာဂ, ဒေါသ,မောဟ ကုန်ရာ အရဟတ္တဖိုလ်ချမ်းသာကို ခံစားခြင်းဖြင့်၊ **သန္ဒိဋ္ဌိကံ**=သော၊ ။ပ။ **ဝေဒိတဗ္ဗော**=သော၊ **နိဗ္ဗာနံ**=သည်၊ **ဟောတိ**=၏၊ **ဣတိ**(အဝေါစ)**ရာဂေ ပဟီနေ** စသော ဝါကျတို့ဖြင့် ရာဂ, ဒေါသ, မောဟတို့ကို ပယ်သတ်ခြင်းဖြင့် မဂ်ဉာဏ်၌ နိဗ္ဗာန်အာရုံထင်လာပုံကိုပြ၍ ယတော ခေါ စသောဝါကျတို့ဖြင့် အရဟတ္တဖိုလ်ချမ်းသာကို ခံစားခြင်းဖြင့် အရဟတ္တဖိုလ်၌ နိဗ္ဗာန်အာရုံ ထင်လာပုံကိုပြသည်ဟု အဓိပ္ပါယ်စဉ်းစားမိ၏၊ အနဝသေသံဟု ဟောတော်မူ ခြင်းကြောင့် အောက်ဖိုလ်ကိုမယူဘဲ အရဟတ္တဖိုလ်ကိုသာယူသည်]

### ၆-ပလောကသုတ်

**၅၇။** **အထ ခေါ**=၌၊ **အညတရော**=သော၊ **ဗြာဟ္မဏမဟာသာလော**= များသောဥစ္စာရှိသော ပုဏ္ဏားသည်။ပ။**သော ဗြာဟ္မဏမဟာသာလော**= ထိုများသောဥစ္စာရှိသော ပုဏ္ဏားသည်။ပ။**ဘော ဂေါတမ**၊ **ပုဗ္ဗကာနံ**= ရှေး၌ဖြစ်ကုန်သော၊ **ဗုဒ္ဓါနံ**-အရွယ်အားဖြင့် ကြီးကုန်သော၊ **မဟလ္လကာနံ**=
## PAGE 345

အဖိုးကြီးအိုဖြစ်ကုန်သော၊ အာစရိယာပါစရိယာနံ=မိမိတို့ဆရာနှင့်မိမိတို့ဆရာ၏ ဆရာဖြစ်ကုန်သော။ ဘာသမာနာနံ=ရှေးဟောင်းနှောင်းဖြစ်ကို ပြောဆိုကြကုန်သော၊ ဗြာဟ္မဏာနံ=ပုဏ္ဏားတို့၏၊ ဧတံ=ဤစကားကို၊

သုတံ-ကြားအပ်ဖူးပါပြီ၊(ကိန္တိ=သို့၊ သုတံ-ဟူမူ)ပုဗ္ဗေ=ရှေး၌၊ သုတံ [အနက်မရှိ] အယံ လောကော=ဤလောကသည် အဝီစိ မဏ္ဍေ=အဝီစိ ငရဲကြီးကဲ့သို့၊ မနုဿေဟိ=လူတို့ဖြင့်။ ဖုဋ္ဌော=ပြည့်နေသည်၊ အဟောသိ-ဖြစ်ပြီ။ တနည်း'အဝီစိ= အဝီစိငရဲကြီးသည်၊ ဖုဋ္ဌော မဏ္ဍေ=ငရဲဘုံသား သတ္တဝါများဖြင့် ထိစပ်ပြည့်ကြပ်နေသကဲ့သို့၊ တထာ=ထို့အတူ၊ ပုဗ္ဗေ=ရှေး၌၊ အယံ လောကော=သည်၊ မနုဿေဟိ=လူတို့ဖြင့်၊ ဖုဋ္ဌော=ပြည့်နေသည်၊

အဟောသိ-ဖြစ်ပြီ။ ဤသို့လည်း ဥပမာန, ဥပမေယျ ခွဲပေးလိုက ပေးပါ] ဂါမ, နိဂမ, ရာဇဓာနိယော=ရွာ, နိဂုံး, မင်းနေပြည်တော်တို့သည်၊

ကုက္ကုဋသံပါတိကာ=ကြက်ပျံတကျ စည်ကားကုန်၏၊ ဝါ=တရွာ၏ အိမ်အမိုးမှ ပျံတက်သွားသောကြက်၏ အခြားရွာအိမ်အပေါ်၌ သက်ဆင်းနိုင်ခြင်းရှိကုန်၏။ ဣတိ-ဤသို့၊(သုတံ-ကြားအပ်ဖူးပါပြီ)ဘောဂေါတမ=မ၊ ယေန= အကြင်အကြောင်းကြောင့်၊ယေန ဧတရဟိမှ"ယေန"တည်း ဧတရဟိ=ယခုအခါ၌၊

မနုဿာနံ=လူတို့၏၊ ခယော=ကုန်ခြင်းသည်၊ ဟောတိ=၏၊ တစ္စတ္တံ=နည်းပါးကုန်သည်အဖြစ်သည်၊ ပညာယတိ=ထင်ရှား၏၊ ဂါမာပိ= ရှေးကရွာတို့သည်လည်း၊ အဂါမာ=(ယခုအခါ)ရွာမဟုတ်တော့ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ နိဂမာပိ=ရှေးကနိဂုံးတို့သည်လည်း၊ အနိဂမာ=(ယခုအခါ)နိဂုံးမဟုတ်တော့ကုန်သည်၊ ဟောန္တိ=၏၊ နဂရာပိ=ရှေးကမြို့တို့သည်လည်း၊

အနဂရာ=ကုန်သည်။ ပ။ ဇနပဒါပိ=ရှေးကဇနပုဒ်တို့သည်လည်း၊ အဇနပဒါ=ကုန်သည်၊ ဟောန္တိ=၏၊ သော ဟေတု=ထိုအကြောင်းဟိတ်သည်၊ (ထိုလူတို့နည်းပါးခြင်း၏အကြောင်းဟိတ်သည်) ကောနခေါ=အဘယ်ပါနည်း၊ သော ပစ္စယော=ထိုအကြောင်းပစ္စည်းသည်၊ ကော=အဘယ်ပါနည်း။ ဣတိ (အဝေါစ=လျှောက်ပြီ)

၁။

။ ကုက္ကုဋသံပါတိကာ။ ၊ မြန်မာဝေါဟာရ၌ "ကြက်ပျံမကျ စည်ကားသည်"ဟုလည်း အသုံးရှိ၏။ ကုက္ကုဋာနံ သံပါတော ကုက္ကုဋသံပါတော=ပျံတက်သောကြက်တို့၏ သက်ဆင်းနိုင်ခြင်း၊ သော ဧတာသု အတ္ထိတိ ကုက္ကုဋသံပါတိကာ-ပျံတက်သောကြက်တို့ သက်ဆင်းနိုင်ခြင်းရှိရာဒေသဖြစ်သောရွာ၊ နိဂုံး၊ မင်းနေပြည်များ။(တနည်း) သံပါဒေါ=ခြေဖြင့် သွားနိုင်ခြင်း။

သံပါဒေါ ဧတာသု အတ္တီတိ ကုက္ကုဋသံပါဒိကာ=ကြက်တို့ခြေဖြင့် သွားနိုင်ခြင်းရှိကုန်၏-ဟုလည်း အဋ္ဌကထာ၌ ပါဌ်တမျိုး ဖွင့်သေး၏။

ကုက္ကု

