## PAGE 346

ဗြာဟ္မဏ=ပုဏ္ဏား၊ ဧတရဟိ-ယခုအခါ၌၊ မနုဿာ=လူတို့သည်၊

အဓမ္မရာဂရတ္တာ-(သူတစ်ပါးပစ္စည်းဥစ္စာတို့၌) မတရားတပ်မက်ခြင်းဖြင့် တပ်မက်ကုန်သည်၊ ဝိသမလောဘာဘိဘူတာ=(သူတစ်ပါးပစ္စည်းဥစ္စာကို လိုချင်တပ်မက်သဖြင့်)မညီမျှသော လောဘသည် လွှမ်းမိုးအပ်ကုန်သည်၊ မိစ္ဆာဓမ္မပရေတာ=(ရာဂမဖြစ်သင့်ရာဝတ္ထုတို့၌) ဖေါက်ပြန်မှားယွင်း မှီဝဲခြင်းအကျင့်ဆိုးတို့ အစဉ်မပြတ် စွဲကပ်အပ်ကုန်သည်၊ (ဟောန္တိ=ဖြစ်ကုန်၏) တေ=ထိုလူတို့သည်၊ အဓမ္မရာဂရတ္တာ=ကုန်သည်။ ပ။ မိစ္ဆာဓမ္မပရေတာ=ကုန်သည်၊

(ဟောန္တိ=ဖြစ်ကြ၍)တိက္ခာနိ=အစွမ်းထက်မြက်ကုန်သော၊ သတ္ထာနိ=လက်နက်တို့ကို၊ ဂဟေတွာ=ဆွဲကိုင်ကြကုန်၍၊ အညမညံ=အချင်းချင်း၊ ဇီဝိတာ=ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတမှ၊ ဝေါရောပေန္တိ=ပယ်ခွင်းကြကုန်၏၊ တေန=ထို့ကြောင့်၊ (ထိုသို့ဇီဝိတပယ်ခွင်း သတ်ဖြတ်ကြခြင်းကြောင့်)ဗဟူ=များစွာကုန်သော၊ မနုဿာ လူတို့သည်၊ ကာလံ=သေခြင်းကို၊ ကရောန္တိ=ပြုကြကုန်၏၊

ဗြာဟ္မဏ=ပုဏ္ဏား၊ ယေန=အကြင်အကြောင်းကြောင့်၊ ဧတရဟိ=၌၊ မနုဿာနံ ခယော။ ပ။ အဇနပဒါ ဟောန္တိ=၏၊ အယမ္ပိ=ဤသို့ အဓမ္မရာဂဖြင့် တပ်မက်ကြသောလူတို့ အချင်းချင်းသတ်၍ သေကြေပျက်စီးကြခြင်းသည်လည်း၊

သော ဟေတု=ထိုလူတို့နည်းပါးခြင်း၏ အကြောင်းဟိတ်သည်၊ (ဟောတိ) အယမ္ပိ-ဤသို့ အဓမ္မရာဂဖြင့် တပ်မက်ကြသောလူတို့ အချင်းချင်းသတ်၍ သေကြေပျက်စီးကြခြင်းသည်လည်း၊[ပိသဒ္ဒါလိုက်ဆို] သော ပစ္စယော=ထိုလူတို့နည်းပါးခြင်း၏ အကြောင်းပစ္စည်းသည်၊(ဟောတိ) ဗြာဟ္မဏ-ပုဏ္ဏား၊ ပုန စ ပရံ=နောက်ထပ်အခြားသော အကြောင်းတမျိုးကား၊ တနည်း'ဗြာဟ္မဏ=ပုဏ္ဏား၊ ပုန စ-နောက်ထပ်တဖန်လည်း၊

အပရံ=အခြားအကြောင်းတမျိုးကို၊ အဟံ=ငါသည်၊ ဘာသိဿာမိ=ဟောတော်မူ[ဦးအံ့]ဧတရဟိ=၌၊ မနုဿာ။ ပ။ မိစ္ဆာဓမ္မပရေတာ=ကုန်သည်၊

(ဟောန္တိ)တေသံ-ထိုလူတို့သည်၊ အဓမ္မရာဂရတ္တာနံ=ကုန်သည်။ ပ။ မိစ္ဆာဓမ္မပရေတာနံ=ကုန်သည်၊(သမာနာနံ=ဖြစ်ကုန်လျှင်)ဒေဝေါ=မိုးသည်၊ သမ္မာ=ကောင်းစွာ၊ ဝါ=ရွာသင့်ရာအခါ၌၊ ဓာရံ=မိုးရေအရည်ကို၊ နာနပ္ပဝေစ္ဆတိ=မရွာသွန်း၊ တေန=ထိုသို့ကောင်းစွာ မိုးမရွာသွန်းခြင်းကြောင့်၊(တံ ဌာနံ=ထိုကောင်းစွာ မိုးမရွာသွန်းရာအရပ်သည်)ဒုဗ္ဘိက္ခ=ခက်ခဲသဖြင့် ရအပ်သော ထမင်းရှိသည်၊ ဝါ-ငတ်မွတ်ခေါင်းပါးအစာရှားသည်၊ [ဒုက္ခေန လဒွါ ဘိက္ခာ ယတ္ထာတိ ဒုဗ္ဘိက္ခုံ]ဒုဿ-မပြည့်စုံသော ကောက်စပါးရှိသည်

## PAGE 347

ဝါ=မိုးခေါင်ခြင်းဟူသော အကြောင်းတရားသည် ဖျက်ဆီးအပ်သော ကောက်စပါးရှိသည်၊ အသမ္ပန္နံ(ပစ္စယဒူသေန ဝါ ဒူသိတံ)သဿံ ယတ္တာတိ ဒုဿသေတဋ္ဌိကံ=ဖွေးဖွေးဖြူအောင် နှိပ်စက်တတ်သော ကောက်ရောဂါရှိသည်၊ သလာကာဝုတ္တံ=ကောက်ပင်အားလုံး ရိုးတံချည်းသာ ပြီးစီးရာဌာနသည်၊

ဟောတိ=ဖြစ်၏၊ တေန=ထို့ကြောင့်၊ (ထိုသို့ငတ်မွတ်ခေါင်းပါးအစာရှားသည် အဖြစ်ကြောင့်)။ ပ။ ကရောန္တိ=ပြုကုန်၏။

ဗြာဟ္မဏ=ပုဏ္ဏား၊ ယေန=အကြင်အကြောင်းကြောင့်၊ ဧတရဟိ=၌၊

မနုဿာနံ။ ပ။ အဇနပဒါ ဟောန္တိ=၏၊ အယမ္ပိ=ဤသို့ ငတ်မွတ်ခေါင်းပါး၍ လူတို့သေကြေပျက်စီးကြခြင်းသည်လည်း၊ သော ဟေတု=ထိုလူတို့နည်းပါးခြင်း၏ အကြောင်းသည်၊ ဟောတိ) အယမ္ပိ=ဤသို့ ငတ်မွတ်----လည်း၊ သော ပစ္စယော=သည်၊ (ဟောတိ)။ ပ။ အဓမ္မရာဂရတ္တာနံ----ဖြင့် တပ်မက်ကုန်သော ။ ပ။ မိစ္ဆာဓမ္မပရေတာနံ=ကုန်သော၊ တေသံ-ထိုလူတို့၏၊ ပဋ္ဌေ=သွားရာလမ်းခရီး၌)ယက္ခာ=ဘီလူးအကြီးအကဲတို့သည်၊ ဝါဠေ=ကြမ်းကြုတ်ကုန်သော၊

အမ=ဘီလူးတို့ကို၊ သြဿန္တိ-စေလွှတ်ကုန်၏၊ တေန=ထိုသို့စေလွှတ်ခြင်းကြောင့် ပ။ အယမ္ပိ=ဤဘီလူးအစားခံရ၍ လူတို့သေကြေပျက်စီးကြခြင်းသည်လည်း၊ သော ဟေတု=သည်၊(ဟောတိ)အယမ္ပိ=ဤဘီလူး ----လည်း၊ သောပစ္စယော=ထိုလူတို့နည်းပါးခြင်း၏ အကြောင်းသည်၊

(ဟောတိ)ဣတိ(အဝေါစ) သေတဋ္ဌိကံ သလာကာဝုတ္တံ။ ။ သေတဋ္ဌိကပုဒ်၏ ယခုပြန်ဆိုထားသော အနက်မျိုးအတွက် ပါရာဇိကဏ်အဋ္ဌကထာ၌ "သေတဋ္ဌိကာတိပိ ပါဌော"စသည်ဖြင့် မူကွဲပါဌ်ပြ၍ဖွင့်၏။ ဤ၌မူ "သေတဋ္ဌိကံ"ဟုချည်း ပါဌ်ရှိ၏၊

ထို့ကြောင့် "သေတာ အဋ္ဌိ(သဿရောဂေါ)ယတ္ထာတိ - သေတဋ္ဌိကံ"ဟု ဖြစ်ပြီးနောက် အဘိဓာန်ဋီကာ၊၄၅၄-ဂါထာ၌ ကဲ့သို့)ငုကို ငုပြုဟုကြံရပေ လိမ့်မည်၊ ဤသုတ် အဋ္ဌကထာ၌ သာမညမျှသာဖွင့်၏၊ ပါရာဇိကဏ် အဋ္ဌကထာ၌ ကဲ့သို့ အသေးစိတ်မဖွင့်။ အဋ္ဌကနိပါတ်စာပိုဒ်(၅၁) ဂေါတမီသုတ်၌ လည်းကြည့်ပါလေ။

တနည်းအားဖြင့် သာလိသီသ(စပါးနှံ)စသည်ကို အဋ္ဌိ(အရိုး)ဟု ဆိုပြီးလျှင် "သေတာနိ အဋ္ဌိနိ ယတ္တာတိ သေတဋ္ဌိကံ"ဟု ဝစနတ္ထပြု၍ "သေတဋ္ဌိကံ=(ပိုးကိုက်ခြင်းကြောင့်)ဖြူဖွေးသော စပါးနှံဟူသော အရိုးရှိသည်"ဟုသော်လည်း အနက်ကြံရာ၏။ ဝပိတံ ဝပိတံ သဿံ သလာကာမတ္တမေဝ ဝုတ္တံ နိဗ္ဗတ္တံ ယတ္ထာတိ သလာကာဝတ္တံ။ ဤ၌ ဝုတ္တသဒ္ဒါ နိပ္ပတ္တိ အနက်ဟောတည်း။
## PAGE 348

#### ၇။ ဝစ္ဆဂေါတ္တသုတ်

**၅၈။** **အထ ခေါ**=၌၊ **ဝစ္ဆဂေါတ္တော**=ဝစ္ဆဂေါတ္တမည်သော၊ **ပရိဗ္ဗာဇကော**=ပရိဗိုဇ်သည်။ပ။ **ဘော ဂေါတမ**=အရှင်ဂေါတမ၊ **မေ**=အကျွန်ုပ်သည်၊ **ဧတံ**=ဤအကြောင်းကို၊ **သုတံ**=ကြားအပ်ဖူးပါပြီ (ကိန္တိ=အဘယ်သို့၊ သုတံ=မှု) **သမဏော ဂေါတမော**=ရှင်ရဟန်းဂေါတမသည်၊ “**မယှမေဝ**=ငါ့အားသာလျှင်၊ **ဒါနံ**=အလှူကို (လှူဖွယ်ဝတ္ထုကို) **ဒါတဗ္ဗ**=ပေးလှူသင့်၏၊ **အညေသံ**=အခြားသောသူတို့အား၊ **ဒါနံ**=ကို၊ **န ဒါတဗ္ဗ**=မပေးလှူသင့်၊ **မယှံ**=ငါ၏၊ **သာဝကာနံ ဧဝ**=တပည့်တို့အားသာလျှင်၊ **ဒါနံ**=ကို၊ **ဒါတဗ္ဗ**=၏၊ **အညေသံ**=အခြားသောသူတို့၏၊ **သာဝကာနံ**=တို့အား၊ **ဒါနံ**=ကို၊ **န ဒါတဗ္ဗ**=သင့်၊ **မယှမေဝ**=ငါ့အားသာလျှင်၊ **ဒိန္နံ**=ပေးလှူကြောင်းစေတနာသည်၊ **မဟပ္ဖလံ**=များသောအကျိုးရှိ၏၊ **အညေသံ**=တို့အား၊ **ဒိန္နံ**=သည်၊ **န မဟပ္ဖလံ**=များသောအကျိုးမရှိ။ပ။

**ဣတိ ဧဝံ**=ဤသို့၊ **အာဟ**=ပြောဟော၏၊ **ဣတိ**=ဤသို့၊ **သုတံ**=ကြားအပ်ဖူးပါပြီ)၊ **မဟပ္ဖလန္တိ**=မဟပ္ဖလံ+ဣတိ-ဟု ပုဒ်ဖြတ်၊ ဣတိသဒ္ဒါနှစ်လုံးရှိသင့်ရာတွင် နောက်တလုံးကို ချေထားသည်၊ ထိုတွင် ပဌမ“ဣတိ”ကို **ဧဝမာဟ**၌ ဧဝံနှင့်တွဲ၍ အနက်ဆိုရ၏၊ ချေထားသော ဒုတိယ“ဣတိ”ကို **သုတမေတံ**သို့ ပြန်လှည့်စပ်ရသည်။]

**ဘော ဂေါတမ**=အရှင်ဂေါတမ၊ **ယေ တေ**=အကြင်သူတို့သည်၊ **ဧဝံ**=ဤသို့၊ **အာဟံသု**=ပြောဆိုကြကုန်ပြီး (ကိန္တိ အာဟံသု) **သမဏော ဂေါတမော**=သည်၊ **မယှမေဝ**=လျှင်၊ **ဒါနံ ဒါတဗ္ဗ**။ပ။ **အညေသံ**=တို့၏၊ **သာဝကာနံ**=တို့အား၊ **ဒိန္နံ**=သည်၊ **န မဟပ္ဖလံ**=များသောအကျိုးမရှိ၊ **ဣတိ ဧဝံ**=ဤသို့၊ **အာဟ**=ပြောဟော၏၊ (**ဣတိ**=သို့၊ **အာဟံသု**=ပြီ) ကစို့=အဘယ်သို့ပါနည်း၊ ဝါ-ဘယ့်နှယ်ပါလဲ၊ **တေ**=ထိုသူတို့သည်၊ **ဘောတော ဂေါတမဿ**=အရှင်ဂေါတမ၏၊ ဝါ=သည်၊ **ဝုတ္တဝါဒိနော**=ပြောဟောအပ်သော တရားစကားကိုပင် ထပ်မံပြောဟောသူတို့သည်။ **ဟောန္တိ**=ဖြစ်ပါကုန်၏လော) အရှင်ဂေါတမ ပြောဟောသည့်အတိုင်းပင် ထပ်မံပြောဟောတာမှ ဟုတ်ပါ၏လောဟူလို။ [**ဝုတ္တံ**=ပြောဟောအပ်ပြီးသော တရားစကားကို+**ဝဒန္တီတိ ဝါဒိနော**=ထပ်မံပြောဟောကြသောသူများ] **ဘဝန္တိ ဂေါတမံ**=အရှင်ဂေါတမကို၊ **အဘူတေန**=မဟုတ်မမှန်သော စကားဖြင့်၊ **န စ အဗ္ဘာစိက္ခန္တိ**=လွှမ်းမိုးဖီးစီး၍ မပြောလည်း မပြောကြပါကုန်၏လော၊ ဝါ=မစွပ်စွဲလည်း မစွပ်စွဲကြပါကုန်၏လော၊ **ဓမ္မဿ**=၁။

**ဓမ္မဿ စ အနုဓမ္မံ**။ ။**ဓမ္မော နာမ ကထိတကထာ**=ပြောဟောအပ်ပြီးသော တရားစကားသည် ဓမ္မမည်၏” ဟူ၍ အဋ္ဌကထာ

