## PAGE 349

၊အရှင်ဂေါတမ ပြောဟောအပ်ပြီးသော တရားစကားကို၊ **အနုဓမ္မံ**=အစဉ်လိုက်သောတရားစကားကို ဝါ=နောက်ထပ်တဆင့် ပြောဟောခြင်းကို၊ **ဗျာကရောန္တိ စ**=ပြောဟောလည်း ပြောဟောကြပါကုန်၏လော။

**သဟဓမ္မိကော**=အကြောင်းယုတ္တိနှင့် တကွဖြစ်သော၊ **ဝါဒါနုပါတော**=အရှင်ဂေါတမစကား၏ နောက်၌ဖြစ်လာခြင်းသည်၊ ဝါ=နောက်၌ဖြစ်လာသော အရှင်ဂေါတမစကားသည်၊ [တနည်း--**ဝါဒါနုပါတော**=သူတပါးတို့စကား၏ နောက်ထပ်ဖြစ်လာခြင်းသည်၊ ဝါ=နောက်ထပ်ဆင့်ပွား သူတပါးတို့ပြောစကားသည်၊] **ကောစိ**=စိုစဉ်းအနည်းငယ်မျှ၊ **ဂါရယုံ**=ကဲ့ရဲ့ထိုက်သော၊ **ဌာနံ**=အကြောင်းသို့၊ **န စ အာဂစ္ဆတိ**=မရောက်လည်း မရောက်ပါ၏လော၊ [**သဟ ဓမ္မေန ကာရဏေန ယော ဝတ္တတီတိ သဟဓမ္မော**၊ **သော ဧဝ သဟဓမ္မိကော**၊ **အနုပစ္ဆာ ပတနံ ပဝတ္တိ အနုပါတော**၊ **ဝါဒဿ ဝစနဿ အနုပါတော ဝါဒါနုပါတော**] ဟိ-အမှန်တကယ်ပင်၊ **မယံ**=အကျွန်ုပ်တို့သည်၊ **ဘဝန္တ ဂေါတမံ**=အရှင်ဂေါတမကို၊ **အဗ္ဘက္ခာတုကာမာ**=လွှမ်းမိုးဖိစီး၍ ပြောဆိုခြင်းငှါ အလိုမရှိပါကုန်၊ ဝါ=ကဲ့ရဲ့စွပ်စွဲခြင်းငှာ အလိုမရှိပါကုန်၊ **ဣတိ** (**အဝေါစ**=လျှောက်ပြီ)

**ဝစ္ဆ**=ဝစ္ဆ၊ **ယေ တေ**=အကြင်သူတို့သည်။ပ။ **တေ**=ထိုသူတို့သည်၊ **မေ**=ငါ၏၊ ဝါ=ငါသည်၊ **ဝုတ္တဝါဒိနော**=ကုန်သည်၊ (**ဟောန္တိ**) မဟုတ်ကြကုန်၊ **စ ပန**=အမှန်စင်စစ်အားဖြင့်၊ **အသတာ** (**အသန္တေန**)=ထင်ရှားမရှိသော အကြောင်းအရာဖြင့်၊ **အဘူတေန**=မဟုတ်မမှန်သော အကြောင်းအရာဖြင့်၊ **မံ**=ငါ့ကို၊ **အဗ္ဘာစိက္ခန္တိ**=လွှမ်းမိုးဖိစီး၍ ပြောကြကုန်၏၊ ဝါ=စွပ်စွဲကြကုန်၏၊ **ဝစ္ဆ**=ဝစ္ဆ၊ **ယော**=အကြင်သူသည်၊ **ဒါနံ**=အလှူကို၊ **ဒဒန္တံ**=ပေးလှူနေသော၊ **ပရံ**=သူတပါးကို၊ **ဝါရေတိ**=(မလှူနဲ့ဟု) တားမြစ်အံ့၊ **သော**=ထိုသူသည်၊ **တိဏ္ဏံ**=ဖွင့်သောကြောင့် ဤနေရာ၌ ဓမ္မသဒ္ဒါသည် ပြောဟောအပ်ပြီးသော တရားစကားဟူသော အနက်ကိုဟောသည်ဟုသိရ၏။ ထို့ကြောင့် **အဇ္ဈံဒဟတိ ဝိဒဟတီတိ ဓမ္မော** (အနက်အဓိပ္ပါယ်ကို စီမံတတ်သော တရားစကား) ဟု ဋီကာ ဝိဂြိုဟ်ပြုသည်။

“**အနုဓမ္မော နာမ ကထိတဿ ပဋိကထနံ**=ထိုပြောဟောအပ်ပြီးသော တရားစကား(ဓမ္m) ကို ထပ်မံပြောဟောခြင်းသည် အနုဓမ္မမည်၏” ဟူသော အဋ္ဌကထာအဖွင့်ကိုရှု၍ “**အနုဂတော ဓမ္မော အနုဓမ္မော**=(ပြောဟောအပ်ပြီးသော တရားစကားသို့) အစဉ်လိုက်သောစကား ဝါ=အစဉ်လိုက်သော စကားကို ပြောဆိုခြင်း (ပြောပြီးစကားကို ထပ်မံပြောဆိုခြင်း)။ **အနုဓမ္မ**ပုဒ်အရ စကားကိုသာမက ယင်းစကားကို ပြောဆိုခြင်းတိုင်အောင် ဌာနပစာရအားဖြင့်ယူပါ။

## PAGE 350

သုံးမျိုးတို့၏၊ **အန္တရာယကရော**=အန္တရာယ်ကို ပြုလုပ်သူမည်သည်၊ **တိဏ္ဏံ**=တို့၏၊ **ပါရိပုစ္ဆိကော**=လမ်းခရီး၌ ချောင်းမြောင်းတည်နေလျက် လုယက်သူမည်သည်၊ ဝါ=လမ်းခရီးဓားပြမည်သည်၊ [**ပရိပုစ္ဆေ မဂ္ဂေ တိဋ္ဌတီတိ ပါရိပုစ္ဆိကော**] **ဟောတိ**=ဖြစ်၏၊ **ကတမေသံ တိဏ္ဏံ**=အဘယ်သုံးမျိုးတို့၏၊ (**အန္တရာယကရော**=သည်၊ **ပါရိပုစ္ဆိကော**=သည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ) **ဒါယကဿ**=ပေးလှူသောအလှူရှင်၏၊ **ပုညန္တရာယကရော**=ကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်သူမည်သည်၊ **ဟောတိ**=၏၊ **ပဋိဂ္ဂါဟကာနံ**=အလှူခံပုဂ္ဂိုလ်တို့၏၊ **လာဘန္တရာယကရော**=ပစ္စည်းလာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ်သူမည်သည်၊ **ဟောတိ**=၏၊ **ပန**=ထို့ပြင်၊ **ပုဗ္ဗေဝ**=ရှေးဦးအစကပင်လျှင်၊ (သူတပါးတို့အတွက် ပုညန္တရာယ, လာဘန္တရာယ မပြုလုပ်မီ ရှေးဦးအစကပင်လျှင်) **အဿ**=အန္တရာယ်ပြုသော ထိုသူသည်၊ **အတ္တာ** [မိမိကိုယ်ကို **ခတော**, **ဥပဟတော**၌စပ်] ဝါ=မိမိကိုယ်သည် [**ဟောတိ**၌စပ်] **ခတော စ**=(ဂုဏ်ကိုတူးဖြိုခြင်းအားဖြင့်) တူးဖြိုအပ်သည်လည်းကောင်း၊ **ဥပဟတော စ**=(ဂုဏ်ကိုဖျက်ဆီးခြင်းအားဖြင့်) ဖျက်ဆီးအပ်သည်လည်းကောင်း။ **ဟောတိ**-၏။ပ။ **ဣမေသံ တိဏ္ဏံ**=ဤသုံးမျိုးတို့၏။ပ။ **ဣမေသံ တိဏ္ဏံ**=တို့၏၊ **ပါရိပုစ္ဆိကော**=သည်၊ **ဟောတိ**-၏၊

**ဝစ္ဆ**=ဝစ္ဆ၊ **ခေါ ပန**=အမှန်စင်စစ်အားဖြင့်၊ **အဟံ**=ငါသည်၊ **ဧဝံ**=ဤသို့၊ **ဝဒါမိ**=ပြောဟော၏ (ကိန္တိ=သို့၊ ဝဒါမိ=မူ) **စန္ဒနိကာယံ ဝါ**=မစင်ညွန်ပုပ်တွင်း၌လည်းကောင်း၊ **ဩဠိဂဏ္ဏေ ဝါ**=မစင်ညွန်ပုပ် လွှတ်ထုတ်ရာမြောင်း၌လည်းကောင်း၊ **ယေ တေ ပါဏာ**=အကြင်ပိုးမွှားသတ္တဝါတို့သည်၊ (**သန္တိ**=ရှိကုန်၏) ဟိကား နိပါတ်မျှ **တတြာပိ**=ထိုပိုးမွှားသတ္တဝါတို့၌သော်မှလည်း၊ **ယော**=အကြင်သူသည်၊ **ထာလိဓောဝနံ ဝါ**=အိုးဆေးရေကိုလည်းကောင်း၊ **သရာဝဓောဝနံ ဝါ**=ခွက်ဆေးရေကိုလည်းကောင်း၊ **ဆဍ္ဍေတိ**=စွန့်ငြားအံ့၊ (ကိန္တိ=အဘယ်သို့ကြံရွယ်၍၊ **ဆဍ္ဍေတိ**=စွန့်သနည်းဟူမှု) **တတ္ထ**=ထိုမစင်ညွန်ပုပ်တွင်းမြောင်း၌၊ **ယေ ပါဏာ**=အကြင်ပိုးမွှားသတ္တဝါတို့သည်၊ (**သန္တိ**-ရှိကုန်၏) **တေ** (**ပါဏာ**)=ထိုပိုးမွှားသတ္တဝါတို့သည်၊ **တေန**=ထိုအိုးခွက်ဆေးရေဖြင့်၊ **ယာပေန္တု**=စားသောက်မျှတ နေနိုင်ကြပါစေကုန်သတည်း၊ **ဣတိ**-ဤသို့ကြံရွယ်၍၊ (**ဆဍ္ဍေတိ**=စွန့်အံ့)

**ဝစ္ဆ**=ဝစ္ဆ၊ **တတောနိဒါနမ္ပိ**=ထိုအိုးခွက်ဆေးရေစွန့်ခြင်းဟူသော အကြောင်းကြောင့်သော်မှလည်း၊ **ပုညဿ**=ကုသိုလ်၏၊ **အာဂမံ**=ဖြစ်ခြင်းကို၊ **အဟံ**=ငါသည်၊ **ဝဒါမိ**=ပြောဟော၏၊ **မနုဿဘူတေ**=လူဖြစ်သောပုဂ္ဂိုလ်၌၊ ဝါ=လူဖြစ်သော ပုဂ္ဂိုလ်ကိုလှူဒါန်းခြင်း၌၊ **ဝါဒေါ**=ကုသိုလ်ဖြစ်၏ဟု အထူး
## PAGE 351

ပြောဆိုဖွယ်သည်၊ **ကော ပန (အတ္ထိ)**=အဘယ်မှာရှိတော့အံ့နည်း၊ **ဝစ္ဆ**=ဝစ္ဆ၊ **အပိစ**= အမှန်စင်စစ် ကား၊ **သီလဝတော**=သီလရှိသောပုဂ္ဂိုလ်အား၊ **ဒိန္နံ**=ပေးလှူကြောင်း ဒါနစေတနာကို၊ **မဟပ္ဖလံ**=များသောအကျိုးရှိ၏ဟူ၍၊ **အဟံ**=ငါသည်၊ ဝဒါမိ၏၊ **ဒုဿီလဿ**=သီလမရှိသူအား (ဒိန္န=ကို) **တထာ**= ထိုသီလရှိသူနှင့် ထပ်တူညီမျှပင်၊ (မဟပ္ဖလံ=၍) **နော (ဝဒါမိ)**=မပြောဟော၊ **သော** ထိုသီလရှိသော ပုဂ္ဂိုလ်သည်လည်း၊ **ပဉ္စင်္ဂဝိပ္ပဟီနော**=ပယ်အပ်ပြီးသော ငါးပါးသော အကြောင်း အင်္ဂါရှိသည်၊ **ပဉ္စင်္ဂသမန္နာဂတော**=ငါးပါးသော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသည်၊ **ဟောတိ**=ဖြစ်ရသေး၏။

**ပုစ္ဆာ။** = ကတမာနိ=အဘယ်မည်ကုန်သော၊ **ပဉ္စ**=ငါးပါးကုန်သော၊ **အင်္ဂါနိ**=အကြောင်းအင်္ဂါတို့ကို၊ ဝါ=တို့သည်၊ **ပဟီနာနိ**=ပယ်အပ်ပြီးကုန်သည်၊ **ဟောန္တိ**=ဖြစ်ကုန်သနည်း၊ **ကာမစ္ဆန္ဒော**=ကာမစ္ဆန္ဒကို၊ ဝါ=ကာမဂုဏ်အာရုံတို့၌ လိုချင်သော လောဘကို၊ ဝါ=သည်၊ **ပဟီနော**=ပယ်အပ်ပြီးသည်၊ **ဟောတိ**=ဖြစ်၏၊ **ဗျာပါဒေါ**=ဗျာပါဒကို၊ ဝါ=စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသကို၊ ဝါ-သည်။ပ။ **ထိန-မိဒ္ဓံ**=ထိနနှင့်မိဒ္ဓကို၊ ဝါ=စိတ်၏လေးလံထိုင်းမှိုင်းခြင်းနှင့် စေတသိက်၏ လေးလံထိုင်းမှိုင်းခြင်းကို။ပ။ **ဥဒ္ဓစ္စကုက္ကုစ္စံ**=ဥဒ္ဓစ္စကုက္ကုစ္စကို ဝါ=စိတ်ပျံ့လွင့်ခြင်းနှင့် နှောင်တတဖန် ပူပန်ခြင်းသဘောကို။ပ။ **ဝိစိကိစ္ဆာ**=ဝိစိကိစ္ဆာကို၊ ဝါ=ရတနာသုံးဖြာ, အကျင့်သိက္ခာ စသည်တို့၌ သို့လောသို့လော တွေးတောယုံမှားခြင်းသဘောကို၊ ဝါ=သည်။ပ၊ **ပဉ္စ**=ငါးပါးကုန်သော၊ **ဣမာနိ အင်္ဂါနိ**=ဤအကြောင်း အင်္ဂါတို့ကို၊ ဝါ=တို့သည်၊ **ဝိပ္ပဟီနာနိ**= ပယ်အပ်ပြီး ကုန်သည်၊ **ဟောန္တိ**=ဖြစ်ကုန်၏။

**ကတမေဟိ**=အဘယ်မည်ကုန်သော၊ **ပဉ္စဟိ**=ငါးပါးကုန်သော၊ **အင်္ဂေဟိ**=ဂုဏ်အင်္ဂါတို့နှင့်၊ **သမန္နာဂတော**= ပြည့်စုံသည်၊ **ဟောတိ**=နည်း၊ **အသေက္ခေန** ရဟန္တာတို့၏ ဥစ္စာဖြစ်သော၊ ဝါ= ရဟန္တာတို့၏ သန္တာန်၌ဖြစ်သော၊

**၁။**

**အသေက္ခေန သီလက္ခန္ဓေန။** ။အဋ္ဌကထာ၌ "ဣတရာနိ သိက္ခာပရိယောသာနပ္ပတ္တတာယ သယမ္ပိ အသေက္ခာနေဝ" ဟု ဖွင့်သေး၏၊ ထိုအဖွင့် အလို--"**အသေက္ခေန**= (အပြီးအစီးဖြည့်ကျင့်ပြီးသဖြင့်) ဖြည့်ကျင့်ဆဲ ဖြည့်ကျင့်လေ့ရှိသော တရားမဟုတ်သော" ဟု လည်းကောင်း, အ-အက္ခရာကို ဝုဒ္ဓိအနက်ဟောကြံ၍ "ဝါ=ကြီးပွားတိုးတက်သော ဖြည့်ကျင့်လေ့ရှိသော တရားဖြစ်သော" ဟု လည်းကောင်း အနက်ဆိုပါ။

သို့သော် ထိုအနက်သည် လောကုတ္တရာတရားများဖြစ်သော သီလက္ခန္ဓ စသော တရားလေးမျိုးနှင့်သာဆိုင်၏၊ ဝိမုတ္တိဉာဏဒဿနက္ခန္ဓ (ပစ္စဝေက္ခဏာ ဉာဏ်) နှင့်မဆိုင်၊ ပစ္စဝေက္ခဏာဉာဏ်သည် လောကိတရားဖြစ်သောကြောင့် မိမိသဘာဝအတိုင်း အသေက္ခဟူသော နာမည်ကို တိုက်ရိုက်မရနိုင်၊ **အသေက္ခဿ ပဝတ္တတ္တာ အသေက္ခံ** ဟူသော အဖွင့်အတိုင်း "**အသေက္ခဿ ဣဒံ အသေကံ**" ဟု တဒ္ဓိတ်ဆင့်၍ "**အသေက္ခမည်သော ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သောကြောင့်သာ (ဝါ=ရဟန္တာ၏ သန္တာန်၌ဖြစ်သောကြောင့်သာ) ပစ္စဝေက္ခဏာဉာဏ်သည် အသေက္ခဟူသော နာမည်ကိုရသည်။**" ဤနေရာမျိုး၌ သံယုတ်ဋ္ဌ (ပ-၁၅၂) ၌ တမျိုးဖွင့်ထား၏။

