## PAGE 352

**သီလက္ခန္ဓေန**=သီလအစုအဝေးနှင့်၊ ဝါ=သီလဂုဏ်နှင့်၊ **သမန္နာဂတော**=သည်၊ **ဟောတိ**=၏။ပ။ **သမာဓိက္ခန္ဓေန**= သမာဓိ အစုအဝေးနှင့်၊ ဝါ=သမာဓိဂုဏ်နှင့်။ပ။ **ပညာက္ခန္ဓေန**= ပညာအစုအဝေးနှင့်၊ ဝါ=ပညာဂုဏ်နှင့်။ပ။ **ဝိမုတ္တိက္ခန္ဓေန**= အရဟတ္တဖိုလ်ဝိမုတ္တိ အစုအဝေးနှင့်၊ ဝါ= အရဟတ္တဖိုလ် ဝိမုတ္တိဟူသောဂုဏ်နှင့် ။ပ။ **ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန** အရဟတ္တဖိုလ်ဝိမုတ္တိကို သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ် အစုအဝေးနှင့်၊ ဝါ= ဉာဏဉာဏ် ဟူသောဂုဏ်နှင့် ။ပ။ **ပဉ္စဟိ**=ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ**= ဤဂုဏ်အင်္ဂါတို့နှင့်ပ။ **ဣတိ**=ဤသို့၊ **ပဉ္စင်္ဂဝိပ္ပဟီနေ**= ပယ်အပ်ပြီးသော ငါးပါးသော အကြောင်းအင်္ဂါရှိသော၊ **ပဉ္စင်္ဂသမန္နာဂတေ**= ငါးပါးသော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော (ပုဂ္ဂလေ။ ပုဂ္ဂိုလ်အား) **ဒိန္န**=ပေးလှူကြောင်း ဒါနစေတနာကို၊ **မဟပ္ဖလန္တိ**= များသော အကျိုးရှိ၏ဟူ၍၊ **ဝဒါမိ**= ပြောဟော၏၊ **ဣတိ (အဝေါစ)**

**ဣတိ**-ဤသို့ဤပုံ အမျိုးမျိုးကုန်သော၊ **ကဏှာသု**=မည်းနက်ကုန်သော၊ **ဂေါသု ဝါ** = နွားမတို့၌ သော်လည်းကောင်း၊ **သေတာသု** = ဖြူကုန်သော၊ **ဂေါသု ဝါ**=နွားမတို့၌သော်လည်းကောင်း၊ **ရောဟိဏီသု**=နီကုန်သော၊ **ဂေါသု ဝါ**=လည်းကောင်း၊ **ဟရိသု**=ရွှေဝါရောင် အဆင်းရှိကုန်သော၊ **ဂေါသု ဝါ**=လည်းကောင်း၊ **ဟရိသဒ္ဒါ**သည် အစိမ်းရောင်ဟူသောအနက်နှင့် ရွှေ (သုဝဏ္ဏ) ဟူသောအနက်တို့ကိုဟော၏။ ဤ၌စိမ်းသောအဆင်းရှိသော နွားဟု ဆိုသင့် မဆိုသင့် (၎င်းနွားရှိမရှိ) စဉ်းစားပါ] **ကမ္မာသာသု**=ပြောက်ကျားသော အဆင်းရှိ ကုန်သော၊ **ဂေါသု ဝါ**=လည်းကောင်း၊ **သရူပါသု**=မိမိ၏သားငယ်နှင့်တူသော အဆင်းရှိကုန်သော၊ **ဂေါသု ဝါ**=လည်းကောင်း၊ **ပါရေဝတသု**= ခိုပြာရောင် အဆင်းရှိကုန်သော၊ **ဂေါသု ဝါ**=လည်းကောင်း၊ **ယာသု ကာသုစိ**= အမှတ်မရှိ တမျိုးမျိုးကုန်သော၊ **ဧတာသု**=ဤနွားမတို့၌၊ **ဒန္တော**= လိမ္မာယဉ်ကျေးသော၊ **ဓောရယှော**=ဝန်ကိုဆောင်နိုင်သော၊ [**ဓုရံ ဝတီတိ ဓောရယှော**၊ ဓုရပုဒ် ယှဏ်ပစ္စည်း] **ဗလသမ္ပန္နော**=ခွန်အားနှင့်ပြည့်စုံသော၊ **ကလျာဏဇဝနိက္ကမော**။

## PAGE 353

ကောင်းမွန်ဖြောင့်မတ်သော အရှိန်အဟုန်ဖြင့် သွားတတ်သော၊ [**ဇဝ**= အရှိန်အဟုန် + **နိက္ကမ**=သွားတတ်] **ပုင်္ဂဝေါ**=ဥသဘနွားလားသည်၊ **ဇာယတိ**= ဖြစ်ထွန်းပေါက်ဖွားအံ့၊ **တမေ၀**=ထိုဥသဘနွားလားကိုသာလျှင်၊ **ဘာရေ**= ရွက်ဆောင်သည်ပိုးအပ်သောဝန်၌၊ **ယုဉ္ဇန္တိ**-ပူးယှဉ်ဖွဲ့စပ် တပ်ထားကြကုန်၏။ **အဿ**=ထိုဥသဘနွားလား၏၊ **ဝဏ္ဏံ** အသွေးအရောင် ကို၊ **န ပရိက္ခရေ**=မစူးစမ်းမစစ်ဆေးကြတော့ကုန်။

**ဧဝမေဝံ**=ဤအတူပင်၊ **မနုဿေသု**=လူတို့၌၊ **ယသ္မိံ ကသ္မီစိ**=တဦးဦးသော၊ **ဇာတိယေ**=အမျိုး၌ [**ဇာတိ နိဗ္ဗတ္တိ ယာတိ ဥပဂစ္ဆတိတိ ဇာတိယော**= ဖြစ်ခြင်းသို့ ရောက်တတ်သော အမျိုး] **ခတ္တိယေ**=မင်းမျိုး၌သော်လည်းကောင်း၊ **ဗြာဟ္မဏေ**=ပုဏ္ဏားမျိုး၌သော်လည်းကောင်း၊ **ဝေေဿ**=ကုန်သည် လယ်လုပ် လူတန်းစားမျိုး၌သော်လည်းကောင်း၊ **စဏ္ဍာလ-ပုက္ကုသေ**-ဒွန်းစဏ္ဍားနှင့် ပန်းမှိုက်သွန် မစင်ကျုံးသမားဖြစ်သော၊ **သုဒ္ဓေ**=လူဆင်းရဲမျိုး၌ သော်လည်းကောင်း၊ **ယာသု ကာသုစိ**=တဦးဦးကုန်သော၊ **ဧတာသု**=ဤအမျိုးတို့၌၊ **ဒန္တော**=ယဉ်ကျေးသော၊ **သုဗ္ဗတော**=ကောင်းသောအကျင့်ရှိသော၊ **ဓမ္မဋ္ဌော**=တရား၌တည်သော၊ **သီလသမ္ပန္နော**=သီလနှင့်ပြည့်စုံသော၊ **သစ္စဝါဒီ**=မှန်ကန်သော စကားကိုသာ ပြောလေ့ရှိသော၊ **ဟိရီမနော**=မကောင်းမှုကို စက်ဆုပ်ခြင်းသဘောနှင့် ယှဉ်တွဲသောစိတ်ရှိသော၊ **ပဟီနဇာတိမရဏော**- ပယ်အပ်ပြီးသော ပဋိသန္ဓေနေခြင်း, သေခြင်းရှိသော၊ **ဗြဟ္မစရိယဿ**= မြတ်သောအရိယမဂ်အကျင့်၏၊ **ကေဝလိ**=အားလုံးပြည့်စုံသည် အဖြစ်ရှိသော၊ ဝါ=အားလုံးအပြည့်အစုံ ကျင့်သုံးပြီးသော၊ [**မဂ္ဂဗြဟ္မစရိယလေးပါးလုံးကို ပြည့်စုံကုန်စင်အောင် ကျင့်သုံးပြီးသောဟူလို၊ ကေဝလံ သကလဘာဝေါ ဗြဟ္မစရိယဿ ပရိပုဏ္ဏဘာဝေါ အဿ အတ္ထီတိ ကေဝလီ။**]

**ပန္နဘာရော**=စွန့်ချပစ်ပယ်အပ်ပြီးသော ခန္ဓာစသော ဝန်ထုပ်ဝန်ပိုးရှိသော၊ ဝါ=(ခန္ဓာဝန်, ကိလေသာဝန်, ကာမဂုဏ်ဝန်ဟူသော) ဝန်ထုပ်ဝန်ပိုးကို စွန့်ချပစ်ပယ်ပြီးသော၊ **ဝိသံယုတ္တော**- ယောဂလေးပါးတို့နှင့် ကင်းကွာပြီးသော၊ **ကတကိစ္စော**=မဂ်လေးပါးတို့ဖြင့် ပြုအပ်ပြီးသောကိစ္စရှိသော၊ **အနာသဝေါ**= အာသဝကိလေသာမရှိသော၊ **သဗ္ဗဓမ္မာနံ**=အားလုံးသော ခန္ဓာ, အာယတန, ဓာတ်တရားတို့၏၊ **ပါရဂူ**= အပြီးအဆုံးသို့ရောက်သော (အဘိညာအစထား, ခြောက်ပါးပြီးမြောက်, အဆုံးသို့ ရောက်သော)၊ **အနုပါဒါယ**= တစုံတခုသော သင်္ခတတရားကို ငါ, ငါ့ဥစ္စာဟု မစွဲလမ်း မဖမ်းယူမူ၍၊ **နိဗ္ဗူတော**= ကိလေသာဟူအပူမသန်းအေးချမ်းပြီးသော၊ (**ခီဏာသဝေါ**= ရဟန္တာ ပုဂ္ဂိုလ်သည်) **ဇာယတိ**=
## PAGE 354

ဖြစ်ထွန်းပေါက်ဖွား၏။ **ဝိရဇေ**=ကင်းရှင်းသော ရာဂစသောမြူရှိသော၊

**တသ္မိံ ယေဝ ခေတ္တေ**= ထိုလယ်ယာမြေကောင်းပမာ ရဟန္တာပုဂ္ဂိုလ်၌သာလျှင်၊

**ဒက္ခိဏာ**= ဒါနကုသိုလ်မျိုးစေ့သည်၊ **ဝိပုလာ**=အကျိုးတရားအားဖြင့် စည်ပင်ဖွံ့ထား ကြီးမားသည်၊ **ဟောတိ**=၏၊ **အဝိဇာနန္တာ**= မသိ နားမလည် ကြသော၊ (ဒါနမျိုးစေ့၏စည်ပင်ရာ လယ်ယာမြေကောင်းကို မသိကြကုန်သော) **ဒုမ္မေဓာ**= ပညာမရှိကုန်သော၊ **အဿုတာဝိနော**= လယ်ယာမြေကောင်း အဆုံးအဖြတ်ကို) မကြားဖူးကုန်သော၊ **ဗာလာ စ**=လူဖျင်းလူအတို့သည်ကား၊

**ဗဟိဒ္ဓါ**= ဤသာသနာတော်မှ အပြင်အပ၌၊ **ဒါနာနိ**=လှူဖွယ်ဝတ္ထုတို့ကို၊

**ဒေန္တိ**= ပေးလှူကြကုန်၏၊ **သန္တေ**=ဘုရားအစရှိသော သူတော်ကောင်းတို့ကို၊

**န ဥပါသရေ**= မဆည်းကပ်ကြကုန်။

ယေ စ-အကြင်ပုဂ္ဂိုလ်တို့သည်ကား၊ **သပ္ပညေ**=ပညာနှင့် တကွဖြစ် ကုန်သော၊ **ဓီရသမ္မတေ**=ပညာရှိတို့ချီးကျူးသမှု အသိအမှတ်ပြုအပ်ကုန်သော၊

**သန္တေ**=တို့ကို၊ **ဥပါသန္တိ**=ဆည်းကပ်ကြကုန်၏၊ **နေသံ**=ထိုပုဂ္ဂိုလ်တို့၏ ၊

**သဒ္ဓါ**=သဒ္ဓါတရားသည်၊ **သုဂတေ**=မြတ်စွာဘုရား၌၊ **မူလဇာတာ**=ဖြစ်ပွား သော အမြစ်ရှိ၏၊ **ပတိဋ္ဌိတာ**=စွဲမြဲတည်တံ့၏၊ **တေ**=ထိုပုဂ္ဂိုလ်တို့သည်၊

**ဒေဝလောကဉ္စ**=နတ်ပြည်သို့လည်း၊ **ယန္တိ**=ရောက်ကြကုန်၏၊ **ဝါ**=သို့မဟုတ်၊

**ဣဓ**=ဤလူ့ပြည်၌၊ **ကုလေ**=မင်း, ပုဏ္ဏား, ကုန်သည်, လယ်သမားမျိုး၌၊

**ဇာယရေ**=ဖြစ်ကြကုန်၏၊ **တေ တေ ပဏ္ဍိတာ**=ထိုပညာရှိတို့သည်၊ (**ပူရေတွာ**=သီလ, သမာဓိ, ပညာဂုဏ်တို့ကို ပြည့်စုံစေကြကုန်ပြီး၍)**အနုပုဗ္ဗေန**=အစဉ်အားဖြင့်၊

**နိဗ္ဗာနံ**= နိဗ္ဗာန်သို့၊ **အဓိဂစ္ဆန္တိ**=ရောက်ကြကုန်၏၊ **ဣတိ**=ဤသို့၊(**အဝေါစ**= မိန့်တော်မူပြီ)**သတ္တမံ**=(၇)ခုမြောက်သုတ်တည်း။

**ဂ- တိကဏ္ဏသုတ်**

**၅၉။** **အထ ခေါ**=၌၊ **တိကဏ္ဏာ**=တိကဏ္ဌမည်သော၊ **ဗြာဟ္မဏော**= ပုဏ္ဏားသည်၊ ယေန ။ပ။ **ဘဂဝတော**=မြတ်စွာဘုရား၏၊ **သမ္မုခါ**=ရှေ့တော် မှောက်၌၊ (**နိသီဒိတွာ**=ထိုင်၍) **တေဝိဇ္ဇာနံ**=သုံးမျိုးသော ဝိဇ္ဇာရှိကုန်သော၊

**ဗြာဟ္မဏာနံ**=ပုဏ္ဏားတို့၏၊ [သုဒံ၊ ကားနိပါတ်မျှ] **ဝဏ္ဏ**=ဂုဏ်ကို၊ **ဘာသတိ**= ချီးမွမ်းပြောဆို၏။(**ကိန္တိ**=သို့၊ **ဘာသတိ**=မူ)**တေဝိဇ္ဇာ**=သုံးမျိုးသောဝိဇ္ဇာ ရှိကုန်သော၊ **ဗြာဟ္မဏာ**=တို့သည်၊ ဧဝမ္ပိ-ဤသို့ဤပုံ ပညာ,ဝိရိယ စသည်နှင့် ပြည့်စုံကြပါပေကုန်၏၊ **တေဝိဇ္ဇာ**=ကုန်သော၊ **ဗြာဟ္မဏာ**=တို့သည်၊ **ဣတိပိ**= ဤရွေ့ဤမျှသော အကြောင်းကြောင့် ပညာ,ဝီရိယစသည်နှင့် ပြည့်စုံကြပါ ပေကုန်၏၊ **ဣတိ**=ဤသို့၊ (**ဘာသတိ**=ချီးမွမ်းပြောဆို၏) [တနည်း-တေ ဝိဇ္ဇာ=ကုန်သော၊ **ဗြာဟ္မဏာ**=တို့သည်၊ **ဧဝမ္ပိ**=ဤသို့ဤပုံလည်း၊ ပဏ္ဍိတာ-

