## PAGE 355

ပညာရှိသူ ဖြစ်ပါပေကုန်၏၊ **ဧဝမ္ပိ**=ဤသို့ဤပုံလည်း၊ ဓီရာ လုံ့လဝီရိယရှိသူ ဖြစ်ပါပေကုန်၏၊ **ဧဝမ္ပိ**=လည်း၊ ဗျတ္တာ-သူတစ်ပါးဝါဒ,ပယ်ချလွှမ်းဖိ, သတ္တိ ကဲလွန်,လူရည်ချွန်ဖြစ်ကြပေကုန်၏၊ **ဧဝမ္ပိ**=လည်း၊ **ဗဟုဿုတာ**=မြောက်မြား လှစွာ,ကြားနာသင်မှတ် ကျမ်းဂန်တတ်ပုဂ္ဂိုလ်များဖြစ်ကြပေကုန်၏၊ **ဧဝမ္ပိ**= လည်း၊ **ဝါဒိနော**=အယူဝါဒဟောပြောသူများ ဖြစ်ကြပေကုန်၏၊ **ဝါ**=အယူဝါဒ, လမ်းပြတီထွင်,ကျွမ်းကျင်သူများဖြစ်ကြပေကုန်၏၊ **ဧဝမ္ပိ**=လည်း၊**သမ္မတာ**= များစွာသောလူအပေါင်းတို့က သူတော်ကောင်းဟု အသိအမှတ်ပြုခံရသူများ ဖြစ်ကြပေကုန်၏၊ **တေဝိဇ္ဇာ**=ကုန်သော၊ **ဗြာဟ္မဏာ**=တို့သည်၊**ဣတိပိ**= ဤရွေ့ဤမျှသော အကြောင်းကြောင့်လည်း။ **ပဏ္ဍိတာ**=ပညာရှိသူဖြစ်ကြပါပေ ကုန်၏၊ **ဣတိပိ**=လည်း၊ **ဓီရာ**=ကုန်၏၊ **ဣတိပိ**=လည်း၊ **ဗျတ္တာ**=ကုန်၏။ပ။

**ဣတိပိ**=လည်း၊ **သမ္မတာ**=ကုန်၏၊ **ဣတိ**=ဤသို့၊ **ဘာသတိ**=ချီးမွမ်းပြောဆို၏၊] **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ကထံ**=အဘယ်သို့သောအကြောင်းဖြင့်၊ **ဗြာဟ္မဏာ**= ပုဏ္ဏားတို့သည်၊ **ဗြာဟ္မဏံ**=ပုဏ္ဏားထူးချွန် လူရည်မွန်တဦးကို၊ တေဝိဇ္ဇ- ဝိဇ္ဇာသုံးပါးရှိသူဟူ၍၊ **ဝါ**=တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍၊ **ပညာပေန္တိ**=ပြောဆိုသတ်မှတ်, ပညတ်ကြကုန်သနည်း၊ ဤ၌ ယထာ ကထံမှ ယထာကို အနက်ပေးရဦးမည်၊

အဋ္ဌကထာဖွင့်သည့်အတိုင်း ပါဋ္ဌသေသများစွာ ထည့်ပေးမှ အဓိပ္ပါယ်ပြည့်စုံမည် ဖြစ်၍ ထိုအတိုင်းအနက်ပေးမည်] **ယထာ**=အကြင်သို့သော အကြောင်းဖြင့်၊

**ဧတံ**=ဤတေဝိဇ္ဇပုဂ္ဂိုလ်ဟု ပညတ်ခြင်းသည်၊ **ဝါ**=ကို၊**မယာ**=ငါသည်၊ ဇာနိတုံ သိခြင်းငှာ၊ **သက္ကာ**=စွမ်းနိုင်သည်၊ **ဟောတိ**=ဖြစ်၏၊ တထာ(တံ ကာရဏံ)= ထိုအကြောင်းကို၊ (ထိုတေဝိဇ္ဇပုဂ္ဂိုလ်ဟု ပညတ်ခြင်း၏အကြောင်းကို)**ဝဒေဟိ**= ပြောပြစမ်းပါလော၊ ဣတိ(**အဝေါစ**=မိန့်) [ဤ၌ ဧတံပုဒ်သည် သက္ကာ ဟောတိတို့၏ ဝုတ္တကတ္တားဖြစ်သော ပဌမာဝိဘစ္ဆ ပုဒ်တည်း၊ ၎င်းကို အဓိပ္ပါယ်ရရုံမျှ ရည်ရွယ်၍ ဇာနိတုံ၌လည်း စပ်နိုင်အောင် နောက်ထပ် ကံအနက်ပေးထားသည်] ဘော ဂေါတမ=အရှင်ဂေါတမ၊ **ဣဓ**=ဤလောက၌၊ **ဗြာဟ္မဏော**= ပုဏ္ဏားသည်၊**မမသိတောစ**=အမိဘက်မှလည်းကောင်း၊**ပိတုတော စ**=အဖဘက်မှ လည်းကောင်း၊ **ဥဘတော**= နှစ်ဖက်လုံးတို့ မှ၊ **သုဇာတော**=(မျိုးရိုးသန့်စင်) ကောင်းစွာဖွားမြင်သည်၊ **ဝါ**=မျိုးကွဲမစပ် သန့်ရှင်းသောဇာတ်ရှိသည်၊**သတ္တမာ**= ၁။အဋ္ဌကထာအဖွင့်။ ။တိုက်ဆိုင်ကြည့်ရန် အဋ္ဌကထာဖွင့်ဝါကျကား- ယထာ ကထံ ပန ဗြာဟ္မဏာတိ ဧတ္ထ ယထာတိ ကာရဏဝစနံ၊ ကထံ ပနာတိ ပုစ္ဆာဝစနံ ဣဒံ ဝုတ္တံ ဟောတိ-ကထံ ပန ဗြာဟ္မဏ ဗြာဟ္မဏာ တေဝိဇ္ဇ ပညာပေန္တိ၊ ယထာ ဧတံ သက္ကာ ဟောတိ ဇာနိတုံ၊ တံကာရဏံ ဝဒေဟီတိ။

## PAGE 356

ခုနစ်ဆက်မြောက်သော၊ ယာဝ **ပိတာမဟယုဂါ**=အဘိုးအဘွားတို့၏ အစုံအစုံ တိုင်အောင်၊ **ဝါ**=အဘိုးအဘွားတို့၏ အသက်တမ်း ပမာဏတိုင်အောင်၊

**သံသုဒ္ဓဂဟဏိကော**=စင်ကြယ်သော အမိဝမ်းတိုက်ရှိသည်၊ **ဇာတိဝါဒေန**= ဇာတ်ကို အကြောင်းပြု၍ ဖြစ်သော ကဲ့ရဲ့စကားကြောင့်၊ **အက္ခိတ္တော**= မပစ်ပယ်အပ်သည်၊ ဝါ-ထုတ်ပယ်မခံရသည်၊ **အနုပက္ကုဋ္ဌော**=မဆဲရေးအပ်သည်၊

. ၁။ပိတာမဟယုဂါ။ ။ “ယာဝ သတ္တမာ ပိတာမဟယုဂါ” ဟူသော ။

ပုဒ်တို့သည် သံသုဒ္ဓဂဟဏိကောဟူသော ရှေ့ပုဒ်၌လည်းကောင်း, အက္ခိတ္တော အနုပက္ကုဋ္ဌောဟူသော နောက်ပုဒ်တို့၌လည်းကောင်း စပ်နိုင်၏၊ ထို့ကြောင့် “သတ္တမာသော၊ ယာဝ **ပိတာမဟယုဂါ**=အောင်၊ **သံသုဒ္ဓဂဟဏိကော**= သည်၊ ဟောတိ၏၊ **သတ္တမာ**=သော။ယာဝ **ပိတာမဟယုဂါ**=အောင်၊

**ဇာတိဝါဒေန**=ကြောင့်၊ **အက္ခိတ္တော**=အပ်သည်၊ **အနုပက္ကုဋ္ဌော**=သည်၊

**ဟောတိ**=၏” ဟု ကာကောလောကနနည်းပေါ်လွင်အောင် ၎င်းပုဒ်တို့ကို နှစ်ကြိမ်ထပ်၍ အနက်ဆိုနိုင်သည်။

ပိတာ စ မာတာ စ ပိတရော(အဖေ,အမေတို့)။ ပိတူစုံ ပိတရော ပိတာမဟာ (အဖေ၏အဖေနှင့် အမေ၏အဖေဟူသော အဘိုးများ) ပိတုသဒ္ဒါနောင် ပိတုအနက်၌ အာမဟပစ္စည်းသက်၍ ပိတာမဟဟု ရုပ်ပြီး၏၊

ပိတာမဟသဒ္ဒါဖြင့် မာတာမဟ(အဘွား)ကိုပါယူဟု သီလက္ခန်ဋီကာ(၃၁၄)၌ ဖွင့်၏၊ ထို့ကြောင့် အဖဘက်က ဘိုးဘွားတစုံနှင့် အမိဘက်က ဘိုးဘွား တစုံအားဖြင့် နှစ်စုံလုံးယူနိုင်အောင်“ယုဂေါ စ ယုဂေါ စ ယုဂေါ”ဟု ဧကသေသ်ပြုပြီး, ပိတာမဟာနံ ယုဂေါ ပိတာမဟ**ယုဂေါ**=အဘိုးအဘွားတို့၏ အစုံအစုံ(အဖဘက်အစုံနှင့် အမိဘက်အစုံ)ဟု ဝစနတ္ထပြုပါ။ [ ဋီကာတို့၌ ယုဂေါ ဟု ပုလ္လိင်သြကာရန္တ နှင့် တွေ့ရသော်လည်း အဘိဓာန်တို့၌ နပုလ္လိင်သာပြသည်] ဤ၌ သတ္တမာဟုဆိုထားသောကြောင့် “ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် ဘောင်၊ ဘော”ဟု အထက်ဆွေမျိုး(၇)ဆက်ရှိရာတွင် နောက်ဆုံး (၇)ဆက်မြောက် “ဘောယောက်ျားနှင့်ဘောမိန်းမ”တို့သာ သတ္တမ ပိတာမဟယုဂ ဖြစ်သည်။ ပိတာမဟယုဂပုဒ် အဖွင့်ကို ဋီကာအတိုင်း ရေးထားသည်၊ ဋီကာတို့၌ ယုဂသဒ္ဒါကို ဒွန္ဒ(အစုံ) ဟူသော အနက်ဟော အဖြစ်ဖြင့် ဖွင့်ထား၏၊ အဋ္ဌကထာ၌"ယုဂန္တိ အာယုပ္ပမာဏံ **ဝုစ္စတိ**= အသက်တမ်း ပမာဏ (အသက်အပိုင်းအခြား) ကို ယုဂဟု ခေါ်ဆိုသည်”ဟု ဖွင့်သည်။

"
## PAGE 357

**ဝါ**=ဆဲရေးကဲ့ရဲ့မခံရသည်၊ **ဟောတိ**=ဖြစ်၏၊ **အဇ္ဈာယကော**=ဝေဒကျမ်းတို့ကို ရွတ်အံ သရဇ္ဈာယ်တတ်၏၊ **မန္တဓရော**= ဝေဒကျမ်းတို့ကို စိတ်၌ဆောင်ထား မှတ်သားနိုင်၏၊ **သနိဃဏ္ဍုကေဋုဘာနံ**=နိဃဏ္ဍမည်သော အဘိဓာန်ကျမ်း၊ ကေဋဘမည်သော ကဗျာအလင်္ကာကျမ်းတို့နှင့်တကွဖြစ်ကုန်သော၊ **သာက္ခရပ္ပဘေဒါနံ**= (ဌာန်၊ ကရုဏ်း၊ ဝိဂြိုဟ်စသည်ဖြင့်) အက္ခရာ ပုဒ်ပါဌ်တို့ကို ခွဲခြမ်းပြကြောင်းဖြစ်သော သိက္ခာကျမ်း၊ နိရုတ္တိကျမ်းတို့နှင့် တကွဖြစ်ကုန်သော၊ **ဣတိဟာသပဥ္စမာနံ**=ဣတိဟာသကျမ်းဟူသော ငါးကျမ်းမြောက်ရှိကုန်သော၊ **ဝါ**=ငါးကျမ်းမြောက်ဖြစ်သော ဣတိဟာသကျမ်း အပါအဝင်ဖြစ်ကုန်သော၊ **တိဏံ**=(ဣရု၊ ယဇု၊ သာမအားဖြင့်) သုံးပုံကုန်သော၊ **ဝေဒါနံ**=ဝေဒကျမ်းတို့၏၊ **ပါရဂျူ**=ပြီးစီးထုတ်ချောက် ဆုံးခန်းရောက်၏၊ (သဘောအနက်တွင်၊ မသက်ဝင်ဘဲ၊ နှုတ်တွင်မပြတ်၊ ရွတ်ဖတ်အံတည်း၊ သင်ယူနည်းဖြင့်၊ ပြီးစီးထုတ်ချောက်၊ ဆုံးခန်းရောက်၏) ဋီကာ၌ “အတ္ထာဝဓာရဏဝသေန” ဟူ၍ (သီလက္ခန်ဋီကာ၊ ၂၉၁-ကဲ့သို့) ပဋိသေဓန အက္ခရာပါစေရမည်]

**၁။ သာက္ခရပ္ပဘေဒါနံ။** ။အက္ခရာတို့ကို ဌာန်ကရိုဏ်းစသည်ဖြင့် ခွဲခြမ်းပြသော ကျမ်းကို သိက္ခာကျမ်းဟု ခေါ်၏။ အက္ခရာလာခြင်း၊ အက္ခရာရှေ့နောက်ပြန်ခြင်း၊ ချေခြင်းစသော လက္ခဏာငါးမျိုးတို့ဖြင့် သဒ္ဒါ၏အနက် (ဝစနတ္ထ) ကို ပြသောကျမ်းကို နိရုတ္တိကျမ်းဟု ခေါ်၏။

ဌာနကရဏာဒိဝိဘာဂတော နိဗ္ဗစနဝိဘာဂတော စ အက္ခရာ ပဘေဒီယန္တိ ဧတေဟီတိ အက္ခရပ္ပဘေဒါ=ဌာန်ကရိုဏ်းစသည်ကို ခွဲခြမ်းပြခြင်း၊ နိဗ္ဗစန (ဝစနတ္ထ) ကို ခွဲခြမ်းပြခြင်းအားဖြင့် အက္ခရာပုဒ်ပါဌ်တို့ကို ခွဲခြမ်းပြကြောင်းဖြစ်သော သိက္ခာကျမ်း၊ နိရုတ္တိကျမ်းများ။ သဟ အက္ခရပ္ပဘေဒေဟိ ယေ ဝတ္တန္တိတိ သက္ခရပ္ပဘေဒါ=ထိုနှစ်ကျမ်းတို့နှင့်တကွဖြစ်သော ဝေဒသုံးမျိုးတို့တည်း။

ဣရုဝေဒ၊ ယဇုဝေဒ၊ သာမဝေဒဟူသော ဝေဒသုံးမျိုး၌ အာထဗ္ဗဏဝေဒကို ထည့်လျှင် ဝေဒလေးမျိုးဖြစ်၏။ ထိုနောက် ပဉ္စမနေရာ၌ ဣတိဟာသကျမ်းကို ထည့်ခြင်းကြောင့် ဣတိဟာသပဉ္စမဟု ဆို၏။ “ဣတိဟ အာသ=ဤလိုဖြစ်ဖူးသတဲ့၊ ဣတိဟ အာသ=ဤလိုဖြစ်ဖူးသတဲ့” ဟူ၍ ရှေးဟောင်း နှောင်းဖြစ်ကို ပြသော ကျမ်းများကို ဣတိဟာသကျမ်းဟု ခေါ်သည်။

