## PAGE 358

**ပဒကော**=ဗျာကရုဏ်းကျမ်းလာ ပုဒ်ဝါကျကို သင်အံပို့ချတတ်၏၊ (ဗျာကရုဏ်းကျမ်း၌ပါသော နာမ်အာချာတ်စသောပုဒ်နှင့် ဝါကျကို သင်အံပို့ချတတ်၏)။

**၁။ ပဒကော ဝေယျာကရဏော။** ။ပါနိတိကျမ်း၊ စန္ဒြကျမ်းစသော ယခုထိအောင်ရှိသေးသော ရှေးခေတ်က သက္ကတသဒ္ဒါကျမ်းတို့ကို ဗျာကရုဏ်းကျမ်းဟု ခေါ်၏။ ကစ္စည်း၊ သဒ္ဒနီတိ၊ မောဂ္ဂလ္လာန်စသော ပါဠိသဒ္ဒါဗျာကရုဏ်းကျမ်းများကား တိကဏ္ဏပုဏ္ဏား၏လက်ထက်၌ မရှိသေးသောကြောင့် ဤနေရာနှင့် မဆိုင်။ “ပဒံ တဒဝသေသဉ္စ ဗျာကရဏံ အဓီယတိ ဝေဒေတိစာတိ ပဒကော ဝေယျာကရဏော” ဟူ၍ ပဒကောနှင့် ဝေယျာကရဏောဟူသော နှစ်ပုဒ်ကို ဝိဂြိုဟ်ဝါကျတစ်ခုစီခွဲ၍ မဖွင့်ပြဘဲ တစ်ခုတည်းပေါင်း၍ အဋ္ဌကထာ၌ ဖွင့်ပြ၏။

ထိုဝိဂြိုဟ်ဝါကျ၌ မဇ္ဈိမပဏ္ဏာသ၊ ဗြဟ္မာယုသုတ်အဋ္ဌကထာ (၂၄၉) ၌ “ပဒဉ္စ တဒဝသေသဉ္စ” ဟု စသဒ္ဒါနှစ်လုံးပါ၏။ ထိုတွင် ပဒဉ္စဖြင့် ပုဒ်ကိုယူထားသောကြောင့် တဒဝသေသဉ္စဖြင့် ဝါကျကိုယူရ၏။ ပဒဉ္စ တဒဝသေသဉ္စဖြင့် ပုဒ်ဝါကျဟူသော သဒ္ဒဗျာကရုဏ်းကိုပြဆို၍ ဗျာကရဏံဖြင့် အနက်အဓိပ္ပါယ်ဟူသော အတ္ထဗျာကရုဏ်းကို ပြဆို၏။ [တဒဝသေသန္တိ ဝုတ္တာဝသေသံ ဝါကျံ။ ဧတ္တာဝတာ သဒ္ဒဗျာကရဏံ ဝတွာ ပုန “ဗျာကရဏန္တိ” အတ္ထဗျာကရဏမာဟ။ ဋီကာ]

ဤဋီကာစကားကို ထောက်၍ ပဒဉ္စ တဒဝသေသဉ္စ ဟူသော အဋ္ဌကထာအဖွင့်သည် ပါဠိတော်မှ “ပဒကော” တစ်ပုဒ်တည်း၏ အဖွင့်ဖြစ်ကြောင်း သိသာ၏။ ထို့ကြောင့် ပဒကော၌ ပဒဖြင့် ပုဒ်ကိုသာမက ဝါကျကိုလည်းယူရ၏၊ သီလက္ခန်ဋီကာသစ် (ဒု၊ ၂၂၄) ၌ကား တဒဝသေသံကို ဗျာကရဏံ၏ ဝိသေသနပြုလုပ် ပြီးလျှင် ထို တဒဝသေသံဖြင့် ဝါကျကို မယူဘဲ ပုဒ်မှကြွင်းကျန်သော ပကတိပစ္စည်းစသော သဒ္ဒလက္ခဏာကိုယူထား၏၊ ဤအင်္ဂုတ္တိုရ်ဋီကာနှင့် မကိုက်ညီချေ။

ပဒံ ကာယတီတိ ပဒကော (ပုဒ်ဝါကျကို သင်အံပို့ချသူ) ထိုပုဒ်ဝါကျဟူသည်လည်း ဗျာကရုဏ်းကျမ်း၌ပါရှိသော နာမ်၊ အာချာတ်၊ ဥပသာရ၊ နိပါတ်ဟူသော ပုဒ်များနှင့် ဗျာကရုဏ်းကျမ်းမှ ဝါကျများတည်း၊ ဤ၌ ပဒကော၊ ဝေယျာကရဏောဟူသော နှစ်ပါဌ်လုံးဖြင့်ပင် ဗျာကရုဏ်းကျမ်းကို သင်အံပို့ချသူဟုချည်း ဆိုလိုသောကြောင့် အဓိပ္ပါယ်ထပ်တူဖြစ်နေ၏။ ထို့ကြောင့် ပဒကောဖြင့် သဒ္ဒဗျာကရုဏ်း၌ ကျွမ်းကျင်

## PAGE 359

ပို့ချတတ်၏၊ **ဝါ**=ဝေဒကျမ်းတို့ကို ပုဒ်ဝါကျအားဖြင့် သင်အံ ပို့ချတတ်၏)။

**ဝေယျာကရဏော**=ဗျာကရုဏ်းကျမ်း၏ အနက်အဓိပ္ပါယ်ကို သင်အံပို့ချတတ်၏။

**လောကာယတ၊ မဟာပုရိသလက္ခဏေသု**=လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌၊ **ဝါ**=အနာဂတ်စီးပွါး ကုသိုလ်တရားကို ပုံကိုပြ၍ ဝေယျာကရဏောဖြင့် အတ္ထဗျာကရုဏ်း၌ ကျွမ်းကျင်ပုံကို ပြသည်ဟု ထိုနှစ်ပုဒ်၏ ထူးခြားချက်ကို ဤသုတ်ဋီကာကို နည်းမှီး၍ သိရသည်။

ဋီကာတို့၌ “တေ ဧဝ ဝေဒေ ပဒသော ကာယတီတိ ပဒကော” ဟု တစ်နည်း ဝိဂြိုဟ်ပြုသေး၏၊ ထိုအလို “**ပဒကော**=ဝေဒကျမ်းတို့ကို ပုဒ်ဝါကျအားဖြင့် သင်အံ ပို့ချသူ” ဟု ဆိုလိုသောကြောင့် ဝေယျာကရဏောနှင့် အဓိပ္ပါယ်မထပ်တော့ပေ။ သီလက္ခန်ဋီကာသစ်၌ကား “ပဒသောတိ ဂဇ္ဇဗန္ဓပဇ္ဇဗန္ဓပဒေန=စုဏ္ဏိယအဖွဲ့ပုဒ်၊ ဂါထာအဖွဲ့ပုဒ်အားဖြင့်” ဟု ဖွင့်လေ၏။

ယခုပြခဲ့သော ဋီကာတို့အလို … ပဒကောသည် (ဇာတကံပုဒ်ကဲ့သို့) ပဒသဒ္ဒူပပဒ၊ ကေဓာတ်၊ အပစ္စည်းဖြင့်ပြီးသော ကိတန္တ သမာသ်ပုဒ်တည်း။

မောဂ္ဂလ္လာန် ၄-ကဏ္ဍ၊ ၁၄-သုတ်အလို ပဒပုဒ် ကပစ္စည်းဖြင့်ပြီးသော တဒွိတ်ပုဒ်ဖြစ်၏။ ၎င်းသုတ် ပဋိကာ၌ “ကမပဒသဒ္ဒေဟိ ဗေဒင်္ဂဝိသေသာ ကထိယန္တိ” ဟုလည်းကောင်း၊ ၎င်းနိသျ၌ “**ပဒကော**=ပဒကျမ်းကို သင်သူ၊ သိသူ” ဟု အနက်ပေးပြီးလျှင် ကမ ပဒတို့လည်း ဝေဒ၌ အကျုံးဝင်သော ဂန္ထဝိသေသတို့တည်း” ဟုလည်းကောင်း မိန့်ဆို၏။

ဤနေရာ၌ … ဆရာတို့ကား “တံ အမီတေတံ ဇာနာတိ” ဟူသော မောဂ္ဂလ္လာန်သုတ်မှ ဇာနာတိနှင့် ကိုက်ညီအောင် “အဓီယတိ၊ ဝေဒေတိ” ဟူသော အဋ္ဌကထာမှ ဝုဒ္ဓိနှင့်တကွသော ဝေဒေတိဟူသော ပါဌ်ကို ဝုဒ္ဓိမဲ့ဖြင့် “ဝိဒတိ” ဟု ပြင်တော်မူကြ၏။ သို့သော် ဗြဟ္မာယုသုတ်ဋ္ဌ၌ ပဝေဒေတိဟု ပဥပသာရပင် အပိုပါလျက်ရှိသောကြောင့် မပြင်သင့်ဟု ယူဆ၏၊ အဓိရှေးရှိသော ဣဓာတ်၌ ဣကို ဧပြု၊ ဧကို အယပြုလျှင် အဓိယတိဟု ဖြစ်နိုင်၏၊ သို့သော် အမီတေဟု ရှိလျှင် ကောင်း၏။

**၁။ လောကာယတကျမ်း။** ။လောကာယတကျမ်းဟူသည် ကုသိုလ်ကောင်းမှုပြုလိုစိတ် ဖြစ်ပေါ်မလာစေနိုင်သောကျမ်းတည်း၊ ကျီးကန်းက ဖြူတယ်၊ ဘာကြောင့်လဲ? အရိုးဖြူလို့ပေါ့၊ ဗျိုင်းက နီတယ်၊ သွေးနီလို့၊ ဤသို့စသည်ဖြင့် အကျိုးမရှိသော အကြောင်းအရာများကို ရေးသားထားသော တိတ္ထိယတို့ ကျမ်းဂန်ဖြစ်၏ဟု ဝိနည်းစူဠဝါ အဋ္ဌကထာ (၅၆) စသည်၌ ဖွင့်၏။
## PAGE 360

သတ္တဝါအပေါင်း အားမထုတ်ကြောင်း ကျမ်းဂန်နှင့် ဘုရား အစရှိသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ကို ဖော်ပြသော ကျမ်းဂန်တို့၌၊

**အနဝယော**=အပြည့်အစုံ သင်ကြားတတ်မြောက်ပြီးသည်၊ **ဝါ**=အခက်အခဲမရှိ အပြည့်အစုံ ဆောင်ထား မှတ်သားနိုင်သည်၊ **ဝါ**=အခက်အခဲမရှိ အပြည့်အစုံ ရွတ်ဆို ပြောပြနိုင်သည်၊ (ဟောတိ-ဖြစ်၏)[ဣတိသဒ္ဒါမလို] **ဘော ဂေါတမ**-မ။ **ဧဝံ**-ဤသို့သော အကြောင်းဖြင့်။

**ဗြာဟ္မဏာ**=ပုဏ္ဏားတို့သည်၊ **ဗြာဟ္မဏံ**=ပုဏ္ဏားထူးချွန် လူရည်မွန်တစ်ဦးကို၊ **တေဝိဇံ**-ဟူ၍၊ **ပညာပေန္တိ**=ပြောဆိုသတ်မှတ် ပညတ်ကြပါကုန်၏၊ **ဣတိ**=ဤသို့၊ (အဝေါစ=လျှောက်ပြီ)

**ဗြာဟ္မဏ**-ပုဏ္ဏား၊ **အညထာ**=တမျိုးတခြားသော အကြောင်းဖြင့်၊ (မြတ်စွာဘုရား သာသနာတော်၌ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် မတူ ကွဲပြားခြားနားသောအကြောင်းဖြင့်) **ဗြာဟ္မဏာ**=တို့သည်၊ **ဗြာဟ္မဏံ**=ကို၊ **တေဝိဇ္ဇ**=သုံးပါးသောဝိဇ္ဇာရှိသူဟူ၍၊ **ဝါ**=တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍၊ **ပညာပေန္တိ**=ကုန်၏၊

**အညထာ စ ပန**=တမျိုးတခြားသော အကြောင်းဖြင့်သာလျှင်၊ (ပုဏ္ဏားတို့ဓလေ့ထုံးဟောင်း၌ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့်မတူ ကွဲပြားခြားနားသော အကြောင်းဖြင့်သာလျှင်) **အရိယဿ**-အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏၊

**၂။** **အနဝယော**။ န+အ+ဝယော ဟုဖြတ်၊ ဝယော၌ ဝယဓာတ်အပစ္စည်းဟုကြံ။ **ဝယတီတိ ဝယော**=အခက်အခဲမရှိ အပြည့်အစုံဆောင်ထားမှတ်သားနိုင်သူ၊ **ဝါ**=အခက်အခဲမရှိ အပြည့်အစုံရွတ်ဆိုပြောပြနိုင်သူ၊ **နဝယော အဝယော**=ထိုကဲ့သို့မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သူ၊ **နအဝယော အနဝယော**=ထိုကဲ့သို့မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သည် မဟုတ်သောသူ၊ **ဝါ**=အခက်အခဲမရှိ အပြည့်အစုံဆောင်ထား မှတ်သားနိုင်, ရွတ်ဆိုပြောပြနိုင်သူ။ ပဋိသေဓ နှစ်ချက်ဆင့်ထားသောကြောင့် မူရင်း“ဝယ”၏အနက်ကိုပင်ပြန်ယူရသည်။

ဤသုတ်အဋ္ဌကထာ၌ ဒုတိယပါရာဇိက ဓနိယဝတ္ထုအဋ္ဌကထာ၌ ကဲ့သို့ **အနဝယော** ကို “အနု+အဝယော”ဟု ပုဒ်ဖြတ်၍ ဒုတိယနည်းဖွင့်သေး၏၊ ထိုအလို ဝယ၌“ဝိ+အယ”ဟု ပုဒ်ဖြတ်၍ **အယနံ အယော**=ဖြစ်ခြင်း၊ **နအဃောဝယော**=မဖြစ်ခြင်း၊ **ဝါ**=ယုတ်လျော့ခြင်း, မပြည့်စုံခြင်း၊ **နတ္ထိဝယော ဧတဿာတိ အဝယော**= ယုတ်လျော့ခြင်းမရှိသူ၊ **ဝါ**=ပြည့်စုံသောအတတ်ရှိသူ၊ **အန** **အနု**(သိသင့်သိအပ် အရပ်ရပ်၌) **အဝယော အနဝယော**။

ဤအလို“**အနဝယော**=သိသင့်သိအပ် နှံ့ စပ် ကုံလုံပြည့်စုံသော အတတ်ရှိသည်” ဟု အနက်ဆို။

