## PAGE 361

**ဝိနယေ**=ဆုံးမရာ သာသနာတော်၌၊ **ဝါ**-အဆုံးအမတရားတော်၌၊ **တေဝိဇ္ဇာ**=သုံးပါးသော ဝိဇ္ဇာရှိသော ပုဂ္ဂိုလ်သည်၊ **ဟောတိ**=ဖြစ်၏၊ **ဣတိ** (အဝေါစ-မိန့်)

**ဘော ဂေါတမ**၊ **ကထံ**=အဘယ်သို့သော အကြောင်းဖြင့်၊ **အရိယဿ**=၏။ **ဝိနယေ**-၌၊ **တေဝိဇ္ဇာ**-သည်၊ **ဟောတိ**= ဖြစ်ပါသနည်း၊ နောက်၌ သာဓုစသော ဝါကျရှိနေသောကြောင့် ဤနေရာ၌ “ယထာ ကထံ”မှ ယထာကို အနက်မရှိ နိပါတ်ကြံပါ **သာဓု**=တောင်းပန်ပါ၏၊ **ယထာ**-အကြင်အကြောင်းဖြင့် **အရိယဿ**-၏၊ **ဝိနယေ**-၌၊ **တေဝိဇ္ဇာ**-သည်၊ **ဟောတိ**=ဖြစ်၏၊ **တထာ**=ထိုအကြောင်းဖြင့်၊ (ထိုတေဝိဇ္ဇပုဂ္ဂိုလ် ဖြစ်ခြင်း၏အကြောင်းဖြင့်) **ဘဝံ ဂေါတမော**= အရှင်ဂေါတမသည်၊ **မေ**=အကျွန်ုပ်အား၊ **ဓမ္မံ**=တရားကို၊ **ဒေသေတု**= ဟောတော်မူပါ၊ **ဣတိ**=(အဝေါစ=လျှောက်) [တေန ဟိ စသည်ကို ဒုကစာပိုဒ် ၁၇-သုတ်ကြည့်] ။ပ။

**ဗြာဟ္မဏ**-ပုဏ္ဏား၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ [ဝိဝိစ္စေဝစသည်ကို ဒုကစာပိုဒ် ၁၃-၌ကြည့်]။ပ။

**သော**-ထိုစတုတ္ထဈာန်ရရှိပြီးသော ရဟန်းသည်၊ **ဧဝံ**=ဤဆိုအပ်ခဲ့ပြီးသော အစီအစဉ်အတိုင်း၊ **ဝါ**=ဤပဌမဈာန်ရခြင်းစသော အစဉ်အားဖြင့် စတုတ္ထဈာန်ကို ရပြီး၍၊ **ဣမိနာ ပဌမဇ္ဈာနာဓိဂမာဒိနာ ကမေန စတုတ္ထဇ္ဈာနံ ပဋိလဘိတွာတိ ဝုတ္တံ ဟောတိ**။

ဝိသုဒ္ဓိမဂ်၊ ဒု၊ ၅ **စိတ္တေ**=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်၊ **သမာဟိတေ**= စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်လသော်၊ **ပရိသုဒ္ဓေ**=ထက်ဝန်းကျင်မှ စင်ကြယ်လသော်၊ **ပရိယောဒါတေ**=ထက်ဝန်းကျင်မှ

**၁။** **သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ**။ ။ဤပုဒ်တို့ကို ဝိသုဒ္ဓိမဂ် စသည်တို့ဖွင့်သည့်အတိုင်း ပြည့်စုံစွာ အနက်ပေးလိုလျှင်--- **စိတ္တေ**=အဘိညာဉ် ၏အခြေခံ စတုတ္ထဈာန်စိတ်သည်၊ **ဝါ**=ကို၊ **သမာဟိတေ**=စတုတ္ထဈာန် သမာဓိဖြင့်အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်လသော်၊ **ဝါ**= စတုတ္ထဈာန်သမာဓိဖြင့်တည်ကြည်လသော်၊ တနည်း--**သမာဟိတေ**= စတုတ္ထဈာန်သမာဓိဖြင့်တည်ကြည်သော၊ **စိတ္တေ**=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည် **ပရိသုဒ္ဓေ**=ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းဖြင့်ထက်ဝန်းကျင်မှ စင်ကြယ်လသော်၊ (ပရိသုဒ္ဓတ္တာဝ= ထက်ဝန်းကျင်မှစင်ကြယ်သည် အဖြစ်ကြောင့်သာလျှင်) **ပရိယောဒါတေ**= သော်၊ **အနင်္ဂဏေ**=သော်၊ (အနင်္ဂဏတ္တာ ဧဝ=ရာဂဒေါသ အညစ်အကြေး မရှိသည်အဖြစ်ကြောင့်သာလျှင်) **ဝိဂတူပက္ကိလေသေ**=စိတ်ကိုပူးကပ်၍ နှိပ်စက်တတ်,.ပူပန်စေတတ်သော ရာဂဒေါသမှ ကင်းပြီးလသော်။

## PAGE 362

ဖြူစင်လသော်၊ **အနင်္ဂဏေ**=ရာဂဒေါသ အညစ်အကြေး မရှိလသော်၊ **ဝိဂတူပက္ကိလေသေ**=စိတ်ကို ပူးကပ် နှိပ်စက်တတ်သော ရာဂဒေါသ ကင်းကွာပြီး

[“စိတ္တံ ဥပဂန္ဓာ ကိလိဿတိ ဝိဗာဓိယတိ ဥပတာပီယတိ ယေဟိ ရာဂါဒိဟီတိ ဥပက္ကိလေသာ”ဟု အဝုတ္တကတ္တုသာဓနသော်လည်းကောင်း, “စိတ္တံ ဥပဂာ ကိလိဿန္တိ ဝိဗာဓန္တိ ဥပတာပေန္တိတိ ဥပက္ကိလေသာ” ဟု ဝုတ္တကတ္တုသာဓနသော်လည်းကောင်း ဝစနတ္ထပြု၍ စိတ်ကို ပူးကပ်၍နှိပ်စက်တတ်, ပူပန်စေတတ်ကုန်သော ရာဂ ဒေါသ တို့ကို“ဥပက္ကိလေသ”ဟုခေါ်ဆိုပြီးလျှင်“ဝိဂတာ ဥပက္ကိလေသာ ယတော စိတ္တတောတိ ဝိဂတူပက္ကိလေသံ (ကင်းပြီးသော ဥပက္ကိလေသရှိသောစိတ်)ဟူ၍ ပဉ္စမီဗဟုဗွီဟိသမာသ်တွဲပါ]

**မုဒုဘူတေ**=ကျေပြွန်စွာ ဖြစ်ပွားစေမှု အလေ့အလာပြုအပ်ပြီးဖြစ်၍နူးညံ့စွာဖြစ်လသော်၊ **ဝါ**=လိုတိုင်းပြီးမြောက် ဝသီဘော်သို့ရောက်ခြင်းအားဖြင့်နူးညံ့စွာဖြစ်လသော်၊(မုဒုဘူတတ္တာ ဝေ=နူးညံ့စွာဖြစ်သည် အဖြစ်ကြောင့်သာလျှင်) **ကမ္မနိယေ**=သော်၊ **ဌိတေ**-ဆိုအပ်ပြီးသော ထက်ဝန်းကျင်စင်ကြယ်ခြင်းစသော သဘောတို့၌ ခိုင်မြဲစွာရပ်တည်လသော်၊(ဌိတတ္တာဧဝ=ခိုင်မြဲစွာရပ်တည်သည် အဖြစ်ကြောင့်သာလျှင်) **အာနေဉ္စပ္ပတ္တေ**=သော်၊တနည်း--**ဋ္ဌိတေ**=မုဒုဘူတ, ကမ္မနိယဖြစ်ခြင်းကြောင့် မိမိအလိုကျခိုင်မြဲတည်တံ့လသော်၊ **အာနေဉ္စပ္ပတ္တေ**= အဿဒ္ဓိယစသော အကုသိုလ်တို့ကြောင့်တုန်လှုပ်ခြင်းမရှိသည် အဖြစ်သို့ ရောက်လသော်]

တနည်း--**စိတ္တေ**=အဘိညာဉ်၏အခြေခံ ၊ စတုတ္ထဈာန်စိတ်သည်၊ **သမာဟိတေ**=သော်၊ **ပရိသုဒ္ဓေ**=နီဝရဏအညစ်အကြေးတို့မှ ထက်ဝန်းကျင်ကင်းဝေးစင်ကြယ်လသော်၊ **ပရိယောဒါတေ**=ဝိတက်စသော အောက်အောက်ဈာန်အင်္ဂါတို့ကို ပယ်ခွါလွန်မြောက်ခြင်းကြောင့် ထက်ဝန်းကျင်မှဖြူစင်လသော်၊ **အနင်္ဂဏေ**=ဈာန်ရခြင်းကြောင့် ဖြစ်လာတတ်သောမာန, မာယာ, သာဌေယျစသော ယုတ်မာသော အလိုဆိုး အညစ်အကြေးမရှိလသော်၊ **ဝိဂတူပက္ကိလေသေ**=စိတ်ကိုပူးကပ် နှိပ်စက်တတ်, ပူပန်စေတတ်သော အဘိဇ္ဈာစသည် ကင်းကွာလသော်၊ **မုဒုဘူတေ**=လိုတိုင်းပြီးမြောက် ဝသီဘော်သို့ရောက်ခြင်း အားဖြင့် နူးညံ့စွာဖြစ်လသော်၊ **ကမ္မနိယေ**=တန်ခိုး၏ နီးကပ်သောအခြေခံအကြောင်းအဖြစ်သို့ ရောက်ခြင်းကြောင့် တန်ခိုးဖန်ဆင်းခြင်းအမှု၌ခိုင်ခံ့လျောက်ပတ်လသော်၊ **အာနေဉ္စပ္ပတ္တေ**=တုန်လှုပ်ခြင်းမရှိသည်အဖြစ်သို့ရောက်လောက်အောင်၊ **ဋ္ဌိတေ**=ဘာဝနာဈာန် ပြည့်စုံလုံလောက်၍ မြင့်မြတ်သည်အဖြစ်သို့ ရောက်ခြင်းဖြင့် ခိုင်မြဲတည်တံ့လသော်။ဤနောက်နည်း၌“**အာနေဉ္စပ္ပတ္တိ**”ပုဒ်သည်“**ဌိတေ**” ၏ ဝိသေသန,,
## PAGE 363

**လသော်**၊ **မုဒုဘူတေ**=နူးညံ့စွာ ဖြစ်လတ်သော်၊ **ကမ္မနိယေ**=တန်ခိုးဖန်ဆင်းခြင်း အမှုကိစ္စ၌ ခိုင်ခံ့လျောက်ပတ်လတ်သော်၊ **ဌိတေ**=ခိုင်မြဲတည်တံ့လတ်သော်၊ **အနုပ္ပတ္တေ**=တုန်လှုပ်ခြင်းမရှိသည် အဖြစ်သို့ ရောက်လတ်သော်၊

**ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ**= ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကျိုးငှာ၊ **ဝါ**=ရှေးဘဝက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ကြောင်း သတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ၊ **ဝါ**=ရှေးဘဝ၌ မိမိစိတ်, သူတစ်ပါးစိတ်ဖြင့် တွေ့ကြုံအာရုံပြုနေအပ်, ခွဲခြားသိမြင်အပ်သော တရားတို့ကို အောက်မေ့ကြောင်း သတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ၊

**စိတ္တံ**=ပရိကမ်စိတ်ကို၊ **ဝါ**=ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ ရှေ့ပြေးဖြစ်သော ကြိုတင်စီစဉ် ပြုလုပ်တတ်သော စိတ်ကို၊ **အဘိနိန္နာမေတိ**= ပုဗ္ဗေနိဝါသသို့ ရှေ့ရှုညွှတ်စေ၏။

ပရိကမ်စိတ်ဟူသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဖြစ်ပေါ်လာအောင် ကြိုတင် စီစဉ်ပြုလုပ်သော ကာမာဝစရမဟာကုသိုလ် ကြိယာစိတ်တည်း၊ ထိုပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသ (ရှေးဘဝ) ဆီသို့ ပို့လိုက်, နှင်လိုက်, ဦးလှည့်လိုက်မှသာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဖြစ်ပေါ်လာသည်။ [ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်ခန်းအတွက် အကျယ်တဝင့် ဖွင့်ပြသင့်သော တချို့အဖွင့်များကို အဋ္ဌကနိပါတ် စာပိုဒ် (၁၁) ဝေရဉ္စသုတ်နိဿယ၌ ဆက်လက် ကြည့်ကြပါကုန်]

**သော**=ထိုရဟန်းသည် (ပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသသို့ ရှေ့ရှုညွတ်စေသော ထိုရဟန်းသည်)၊ **အနေကဝိဟိတံ**=များသောအပြားရှိသော (ဘဝ, ယောနိ, ဂတိ စသည်ဖြင့် များသောအမျိုးအစား အကွဲအပြားရှိသော)၊ **ဝါ**=အမည်,အနွယ်စသော များသောအမျိုးအစား အကွဲအပြားတို့နှင့်တကွ ချဲ့ထွင် ဖွင့်ပြအပ်သော၊

**ပုဗ္ဗေနိဝါသံ**=ရှေးဘဝ၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို၊ **ဝါ**=ရှေးဘဝ၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်နှင့်တကွ ထိုခန္ဓာအစဉ်နှင့် ဆက်စပ်သော အမည် အနွယ်စသည်ကို၊ **အနုဿရတိ**=အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့၏၊

**သေယျထိဒံ**=အဘယ်သို့သော ပုဗ္ဗေနိဝါသကို (အနုဿရတိ=နည်းဟူမူ)၊

**ဧကမ္ပိ ဇာတိံ**=တခုသော ဘဝကိုလည်းကောင်း၊ **ဒွေပိ ဇာတိယော**=နှစ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ **တီဏိပိ ဇာတိယော**=သုံးခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ **စတ္တာရိပိ ဇာတိယော**=လေးခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ **ပဉ္စပိ ဇာတိယော**=ငါးခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ **ဒသပိ ဇာတိယော**=ဆယ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ **ဝီသတိမ္ပိ ဇာတိယော**=၂၀-သော ဘဝတို့ကိုလည်းကောင်း၊ **တိံသမ္ပိ ဇာတိယော**=၃၀-သော ဘဝတို့ကိုလည်းကောင်း၊ **စတ္တာလီသမ္ပိ ဇာတိယော**=၄၀-သော ဘဝတို့ကိုလည်းကောင်း၊ **ပညာသမ္ပိ ဇာတိယော**=၅၀-သော ဘဝတို့ကိုလည်းကောင်း၊

