## PAGE 364

**ဇာတိသတမ္ပိ**=ဘဝအရာကိုလည်းကောင်း၊ **ဇာတိသဟဿမ္ပိ**=ဘဝအထောင်ကိုလည်းကောင်း၊ **ဇာတိသတသဟဿမ္ပိ**= ဘဝအသိန်းကို လည်းကောင်း၊

**အနေကေပိ သံဝဋ္ဋကပ္ပ**=များစွာကုန်သော သံဝဋ္ဋကပ်တို့ကို လည်းကောင်း၊ **ဝါ**=များစွာကုန်သော ပျက်စီးဆဲ .. အသင်္ချေယျကပ်တို့ကိုလည်းကောင်း၊ **အနေကေပိ ဝိဝဋ္ဋကပ္ပ**=များစွာကုန်သော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း၊ **ဝါ**=များစွာကုန်သော ဖြစ်ပွားဆဲ အသင်္ချေယျကပ်တို့ကိုလည်းကောင်း၊ **အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပ**= များစွာကုန်သော သံဝဋ္ဋကပ်, ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း (အနုဿရတိ= အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့၏၊ ကိန္တိ=အဘယ်သို့၊ အနုဿရတိ=နည်းဟူမူ)၊

(**အဟံ**=ငါသည်) **အမုတြ**=ထိုမည်သော သံဝဋ္ဋကပ်, ဘဝ, ယောနိ, ဂတိ၌၊ **ဧဝံနာမော**=ဤသို့သော နာမည်ရှိသူသည်၊ **ဧဝံဂေါတ္တော**=ဤသို့သော အနွယ်ရှိသူသည်၊ **ဧဝံဝဏ္ဏော**=ဤသို့သော အဆင်းရှိသူသည်၊ **ဧဝမာဟာရော**=ဤသို့သော အစာအာဟာရ ရှိသူသည်၊ **ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ**= ဤသို့သော သုခဒုက္ခတို့ကို ခံစားခြင်း ရှိသူသည်၊ **ဧဝမာယုပရိယန္တော**=ဤသို့သော အသက်အပိုင်းအခြား ရှိသူသည်၊ **အာသိ**=ဖြစ်ခဲ့ပြီ၊

**သော (အဟံ)**= ထိုငါသည်၊ **တတော**=ထိုဘဝ, ယောနိ, ဂတိမှ (ထိုဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ, သတ္တာဝါသ, သတ္တနိကာယမှ)၊ **စုတော**=ရွေ့လျောစုတေ သေလွန်ခဲ့သည် (**ဟုတွာ**=ဖြစ်၍)၊ **အမုတြ**=ထိုမည်သော ဘဝ, ယောနိ, ဂတိ၌၊ **ဥဒပါဒိ**=ဖြစ်ခဲ့ပြီ၊

**တတြာပိ**= ထိုဘဝ, ယောနိ, ဂတိ၌လည်း (**အဟံ**=ငါသည်)၊ **ဧဝံနာမော**=သည်၊ ။ပ။ **ဧဝမာယုပရိယန္တော**=သည်၊ **အာသိ**=ဖြစ်ခဲ့ဘူးပြီ၊ **သော (အဟံ)**=သည်၊ **တတော**=ထိုဘဝယောနိဂတိမှ၊ **စုတော**=သည် (**ဟုတွာ**)၊ **ဣဓ**=ဤယခုဘဝ၌ ဤမည်သော အမျိုးအနွယ်၌၊

၁။ အမုတြသဒ္ဒါ၏အနက် (၂) နည်း။ ။ “**အမုတြ**=ထိုမည်သော သံဝဋ္ဋကပ်ဝယ် . ထိုမည်သောဘဝ, ထိုမည်သောယောနိ, ထိုမည်သောဂတိ၌” စသည်ဖြင့် အနက်ဆိုလို၏၊ များစွာသောသံဝဋ္ဋကပ်နှင့် များစွာသောဘဝ, ယောနိ, ဂတိစသည်တို့ကို တစ်ခုတည်းပေါင်းစုကာ အမုတြသဒ္ဒါတစ်ခုတည်းဖြင့် သာမညမျှ ညွှန်ပြလိုက်ခြင်းတည်း၊

(တနည်း) **အမုတြ**=ထိုမည် ထိုမည်သော သံဝဋ္ဋကပ်ဝယ် ထိုမည်ထိုမည်သောဘဝ, ထိုမည်ထိုမည်သောယောနိ, ထိုမည်ထိုမည်သောဂတိ၌ ဟုအနက်ဆို၊ အမုတြ အမုတြ အာသိ ဟုဆိုလိုလျက် အမုတြတပုဒ်ချေထားခြင်း (**ဝိစ္ဆာလောပ**) တည်း။

## PAGE 365

**ဥပပန္နော**=ဖြစ်ရပြီ၊ **ဣတိ**=ဤသို့ (**အနုဿရတိ**=၏)၊

**ဣတိ**=ဤသို့၊ **သာကာရံ**=(ဝဏ္ဏ, အာဟာရစသော) အခြင်းအရာတို့နှင့်တကွဖြစ်သော၊ **ဝါ**=မြင်ရုံမျှဖြင့် မည်သူမည်ဝါဟု သိနိုင်ကြောင်းဖြစ်သော ဝဏ္ဏ, အာဟာရ စသည်တို့နှင့် တကွဖြစ်သော၊ [**အာကရိယတိ ဒိသွာဝ သတ္တော ဝိညာယတိ ဧတေဟီတိ အာကာရာ** ဟုဝိဂြိုဟ်ပြု၍ ဝဏ္ဏ, အာဟာရ, သုခဒုက္ခပဋိသံဝေဒန, အာယုပရိယန္တ တို့ကို **အာကာရ** ဟုခေါ်၏၊ ထို့နောက်- **သဟ အာကာရေဟိ ယော ပုဗ္ဗေနိဝါသော ဝတ္တတိတိ သာကာရော**]

**သဥဒ္ဒေသံ**= ညွှန်ပြ ပြောဆိုကြောင်း ဖြစ်သော နာမ, ဂေါတ္တနှင့်တကွဖြစ်သော၊ **ဥဒ္ဒိသီယတိ သတ္တော ဧတေနာတိ ဥဒ္ဒေသော**-သတ္တဝါ တစ်ဦးတစ်ယောက်ကို မြင်ရုံမျှဖြင့် မသိနိုင်၍ သိအောင် ညွှန်ပြပြောဆိုကြောင်း အမည်, အနွယ်တည်း၊ **သဟ ဥဒ္ဒေသေန ယော ပုဗ္ဗေနိဝါသော ဝတ္တတီတိ သဥဒ္ဒေသော**]

**အနေကဝိဟိတံ**=သော၊ **ပုဗ္ဗေနိဝါသံ**=ကို၊ **အနုဿရတိ**=၏၊

**အဿ**= ထိုရဟန်းသည်၊ **ဝါ**= ထိုရဟန်းမှာ၊ **ပဌမာ**=ရှေးဦးစွာ ဖြစ်ပေါ်လာသော၊ **အယံ ဝိဇ္ဇာ**=ဤပုဗ္ဗေနိဝါသကို သိတတ်သောဉာဏ်ကို၊ **ဝါ**=သည်၊ **အဓိဂတာ**=ရအပ်သည်၊ **ဟောတိ**=ဖြစ်၏။

[“**ယထာ တံ။ပ။ ဝိဟရတော**”ဟူသော ဥပမာနဝါကျကို ရှေးဦးစွာ အနက်ပေးပြီးမှ “**အဝိဇ္ဇာ ဝိဟတာ။ပ။ ဥပ္ပန္နော**”ဟူသော ဥပမေယျဝါကျကို အနက်ပေးမည်၊ ထို၌လည်း ဥပမေယျဝါကျမှ ဝိဟတာကို ဝိဟညေယျဟု လည်းကောင်း, ဥပ္ပန္နာကို ဥပ္ပဇ္ဇေယျဟုလည်းကောင်း အာချာတ်ကြိယာ ပြောင်းလဲကာ ဥပမာနဝါကျဘက်သို့ ဆောင်ယူ၍ အနက်ပေးမည်၊ ယသ္မာ, တသ္မာ, ဧဝမေဝံ, တဿ တို့ကား အသစ်ထည့်စွက်ပေးရသော ပါဌ်တို့တည်း]

**အပ္ပမတ္တဿ**=မမေ့လျော့ဘဲ၊ **အာတာပိနော**=ကိလေသာတို့ကို ပူပန်လောင်ကျွမ်းစေတတ်သော ဝီရိယရှိလျက်၊ **ပဟိတတ္တဿ**=ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက် (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရခြင်းငှာ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်)၊ [**ပဟိတ**=စေလွှတ်အပ်သော+**အတ္တာ**=စိတ် (ရှိသူ)]

**ဝိဟရတော**=နေသောပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှာ၊ **ယသ္မာ**=အကြင့်ကြောင့်၊ **ဝိဇ္ဇာ**=ပုဗ္ဗေနိဝါသကို သိတတ်သော ဉာဏ်သည်၊ **ဥပ္ပဇ္ဇေယျ**=ဖြစ်ပေါ်လာရာ၏၊ **တသ္မာ**=ထို့ကြောင့်၊ **အဝိဇ္ဇာ**=အဝိဇ္ဇာကို၊ **ဝါ**=ပုဗ္ဗေနိဝါသကို ဖုံးကွယ်တတ်သော မောဟကို၊ **ဝါ**=သည်၊ **ဝိဟညေယျ ယထာ**=ဖျက်ဆီးအပ်ရာသကဲ့သို့၊ **ဝါ**=ကင်းကွာပျက်စီးရာသကဲ့သို့၊ **ယသ္မာ**= ကြောင့်၊ **အာလောကော**=ပုဗ္ဗေနိဝါသဉာဏ်အရောင်အလင်းသည်။ **ဥပ္ပဇ္ဇေယျ**= ဖြစ်ပေါ်လာရာ၏၊ **တသ္မာ**=ထို့ကြောင့်၊ **တမော**=အဝိဇ္ဇာ
## PAGE 366

အမိုက်မှောင်ကို၊ ဝါ = သည်၊ **ဝိဟညေယျ ယထာ** = ကဲ့သို့၊ ဝါ = ကဲ့သို့ [“ယထာ တံ”မှ တံ အနက်မရှိ]

**ဧဝမေဝံ** - ဤအတူပင်၊ **တဿ** = ထိုပုဗ္ဗေနိဝါသဉာဏ်ဝိဇ္ဇာကို ရပြီးသော ရဟန်းမှာ၊ ယခုအခါ၌ “**အဝိဇ္ဇာ ဝိဟတာ။ပ။ဥပ္ပန္နော**”ဟူသော ဥပမေယျဝါကျတို့ကို အနက်ပေးမည် အကြောင်းအကျိုး ပေါ်လွင်အောင် ဝါကျကို ရှေ့နောက်ပြန်ပြီး ယသ္မာ တသ္မာ ထည့်စွက်၍ အဋ္ဌကထာ ဖွင့်သည့်အတိုင်း အနက်ပေးမည်] **ယသ္မာ** = ကြောင့်၊ **ဝိဇ္ဇာ** = ပုဗ္ဗေနိဝါသကို သိတတ်သော ဉာဏ်သည်၊ **ဥပ္ပန္နော** = ဖြစ်ပေါ်လာပြီ၊ **တသ္မာ** = ကြောင့်၊ **အဝိဇ္ဇာ** = အဝိဇ္ဇာကို၊ ဝါ = ပုဗ္ဗေနိဝါသကို ဖုံးကွယ်တတ်သော မောဟကို၊ ဝါ = သည်၊ **ဝိဟတာ** - ဖျက်ဆီးအပ်ပြီ။ ဝါ = ကင်းကွာပျက်စီးပြီ၊ [“အဝိဇ္ဇာကို + ဖျက်ဆီးအပ်ပြီ” ဟုလည်းကောင်း, “အဝိဇ္ဇာသည် + ကင်းကွာပျက်စီးပြီ” ဟုလည်းကောင်း ဆက်စပ်၍ အဓိပ္ပါယ်ယူပါ။ ဝိဟတာကို အဋ္ဌကထာ၌ ဝိနဋ္ဌာဟု ကတ္တားအနက် ဖွင့်၍ ဋီကာ၌ ဝိဒ္ဓန္တာဟု ကံအနက်ဖွင့်၏]

**ယသ္မာ** = ကြောင့်၊ **အာလောကော** = ပုဗ္ဗေနိဝါသဉာဏ် အရောင်အလင်းသည်။ - **ဥပ္ပန္နော**။ ဖြစ်ပေါ်လာပြီ၊ **တသ္မာ** = ကြောင့်၊ **တမော** = အဝိဇ္ဇာအမိုက်မှောင်ကို၊ ဝါ = သည်၊ **ဝိဟတော** = ဖျက်ဆီးအပ်ပြီ၊ ဝါ = ကင်းကွာပျက်စီးပြီ။

**သော** = စတုတ္ထဈာန်ရပြီးသော ထိုရဟန်းသည်၊ **ဧဝံ** = တိုင်း၊ ဝါ = ၍။ပ။ **သတ္တာနံ** = သတ္တဝါတို့၏၊ **စုတူပပါတဉာဏာယ** = စုတိပဋိသန္ဓေကို သိမြင်သော ဒိဗ္ဗစက္ခုဉာဏ်အကျိုးငှာ၊ ဝါ = စုတေခါနီးနှင့် ပဋိသန္ဓေနေပြီးစ သတ္တဝါတို့ကို သိမြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်အကျိုးငှာ၊ [စုတိ စ ဥပပါတော စ စုတူပပါတံ = စုတိနှင့် ပဋိသန္ဓေ၊ တသ္မိံ ဉာဏ် စုတူပပါတဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်ကိုပင် စုတူပပါတဉာဏ်ဟု ခေါ်၏] **စိတ္တံ** = ပရိကမ်စိတ်ကို၊ ဝါ = ဒိဗ္ဗစက္ခုဉာဏ်၏ရှေ့ပြေးဖြစ်သော ကြိုတင်စီစဉ်ပြုလုပ်သော စိတ်ကို၊ **အဘိနိန္နာမေတိ** = စုတူပပါတသို့ ရှေ့ရှု ညွှတ်စေ၏။

**သော** = ထိုရဟန်းသည်၊ (ပရိကမ်စိတ်ကို စုတူပပါတသို့ ရှေ့ရှု ညွှတ်စေသော ထိုရဟန်းသည်)၊ **ဒိဗ္ဗေန** = နတ်ပြည်၌ဖြစ်သော ပသာဒစက္ခုနှင့်

#### ၁။ ဒိဗ္ဗသဒ္ဒါ၏အနက်ဖွင့်များ။

**ဒိဝိ ဘဝံ ဒိဗ္ဗ** = နတ်ပြည်၌ဖြစ်သော ပသာဒစက္ခု၊ **ဒိဗ္ဗ ဝိယာတိ ဒိဗ္ဗိ** = ၎င်းနှင့်တူသော အဘိညာဉ်စက္ခု။ (တနည်း) **ဒိဗ္ဗန်** = ဒိဗ္ဗဝိဟာရဖြစ်သော ရူပဈာန်လေးပါးတို့၏အစွမ်းဖြင့် ရအပ်သော၊ အကြောင်းရူပဈာန်လေးပါးကို **ဒိဗ္ဗ** ဟုခေါ်၏။ သို့သော် ဤ၌မူ အကျိုးအဘိညာဉ်စက္ခုတိုင်အောင် ကာရဏူပစာရအားဖြင့် ဆွဲယူ၍ (အဋ္ဌကထာဖွင့်သည့်အတိုင်း) အနက်ပေးသည်] ဝါ = ပါဒကဈာန်ဖြစ်သော

