## PAGE 367

တူသော၊ **ဝိသုဒ္ဓေန** = အယူစင်ကြယ်ကြောင်းဖြစ်သော၊ (စုတိပဋိသန္ဓေနှစ်မျိုးလုံးကို မြင်ခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိ, နဝသတ္တပါတုဘာဝဒိဋ္ဌိဟူသော အယူမှားတို့မှ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်သော) ဝါ = ဝိစိကိစ္ဆာ အစရှိသော တစ်ဆယ့်တစ်ပါးသော အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သော၊ **အတိက္ကန္တမာနုသကေန** = လူတို့မြင်နိုင်သော ရူပါရုံကို ကျော်လွန်၍ မြင်နိုင်သော၊ ရိုးရိုးလူတို့မြင်နိုင်သော အဆင်းရူပါရုံကို ကျော်လွန်၍ နတ်ရူပါရုံနှင့် နံရံ တောင်ခြားကွယ်နေသော ရူပါရုံ ဝေးကွာလှစွာ သေးငယ်စွာသော ရူပါရုံကို မြင်နိုင်သော] **စက္ခုနာ** = အဘိညာဉ်မျက်စိဖြင့်၊ **စဝမာနေ** = စုတေခါနီးကုန်သော၊ **သတ္တေ** = သတ္တဝါတို့ကိုလည်းကောင်း၊ **ဥပပဇ္ဇမာနေ** = ပဋိသန္ဓေ နေပြီးခါစ ဖြစ်ကုန်သော၊ သဗ္ဗေသတ္တဝါတို့ကိုလည်းကောင်း၊ **ဟီနေ** = ယုတ်နိမ့် အောက်ကျကုန်သော၊ **သတ္တေ** = လည်းကောင်း၊ **ပဏီတေ** = မြင့်မြတ်ကုန်သော၊ **သတ္တေ** -လည်းကောင်း၊ **သုဝဏ္ဏ** = ကောင်းသောအဆင်းရှိကုန်သော၊ ဝါ = အဆင်းလှကုန်သော၊ **သတ္တေ** = လည်းကောင်း၊ **ဒုဗ္ဗဏ္ဏေ** = မကောင်းသော အဆင်းရှိကုန်သော၊ ဝါ = အဆင်းမလှကုန်သော **သတ္တေ** = လည်းကောင်း၊ **သုဂတေ** = ကောင်းသောဘဝသို့ လားရောက်နေကြသော၊ **သုန္ဒရံ ဂတိံ ဂတာ သုဂတာ**] ဝါ = (ဥစ္စာဓန, ပေါကြွယ်ဝ၍) သုခသို့ရောက်နေကြကုန်သော၊ **သုခံ ဂတာ သုဂတာ**] **သတ္တေ** = လည်းကောင်း၊ **ဒုဂ္ဂတေ** = ဆင်းရဲနွမ်းပါးသော ဘဝသို့ လားရောက်နေကြကုန်သော၊ **ဒုက္ခံ ဂတိံ ဂတာ ဒုဂ္ဂတာ** ဝါ = ဥစ္စာမဲ့မွဲ ဒိဗ္ဗဝိဟာရကို မှီသော၊ မှီရာဌာန ပါဒကဈာန်၏ **ဒိဗ္ဗ** ဟူသော နာမည်ကို ဌာနီအဘိညာဉ်စက္ခု၌ တင်စားသော ဌာနူပစာရတည်း၊ ဝါ = ဒိဗ္ဗဝိဟာရဈာန်လေးပါး၌ ပါဝင်သော နိဿယပစ္စည်းဖြစ်သော ယှဉ်ဘက်ရူပါဝစရစတုတ္ထဈာန်ကို မှီသော၊ ဌာနူပစာရပင်] ဝါ = ထွန်းလင်း တောက်ပတတ်သော၊ **ဒိဗ္ဗတိ ဇောတယတီတိ ဒိဗ္ဗ**။ ဒိဝု+ကျ ] ဝါ = နံရံနှင့် တောင်စသည်တို့ကို မငြိမကပ်, ထုတ်ချင်းခတ်လျက် ဖြစ်တတ် မြင်တတ်သော (**ဒိဗ္ဗတိ ဂစ္ဆတိ အသဇ္ဇမာနံ ပဝတ္တတီတိ ဒိဗ္ဗံ**)

#### ၁။ အတိက္ကန္တမာနုသကေန။

**မနုဿာနံ ဣဒန္တိ မာနုသကံ** = လူတို့၏ ဥစ္စာဖြစ်သော ရူပါရုံ၊ ဝါ = လူတို့မြင်နိုင်သော ရူပါရုံ။ **မာနုသကံ** = လူတို့ ဥစ္စာဖြစ်သော ရူပါရုံကို၊ ဝါ = လူတို့မြင်နိုင်သော ရူပါရုံကို၊ **အတိက္ကန္တ** - ကျော်လွန်သော (ကျော်လွန်၍မြင်နိုင်သော) အဘိညာဉ်စက္ခု။ (တနည်း) **မာနုသကံ** = လူတို့၏ဥစ္စာဖြစ်သော မံသစက္ခုကို၊ ဝါ = ယင်းစက္ခု၏မြင်နိုင်ခြင်းကို **အတိက္ကန္တံ** = ကျော်လွန်သော အဘိညာဉ်စက္ခု၊ မာနုသကာတိက္ကန္တဟု ဆိုလိုလျက် ရှေ့နောက်ပြန်၍ **အတိက္ကန္တမာနုသကံ** ဟုဆိုသည်။

## PAGE 368

ဆင်းရဲခြင်းသို့ ရောက်နေကြကုန်သော၊ **ဒုက္ခံ ဂတာ ဒုဂ္ဂတာ** ] **သတ္တေ** = သတ္တဝါတို့ကိုလည်းကောင်း၊ **ပဿတိ** = မြင်ရ၏။ [ဤနေရာ၌ အကျယ်ဖွင့် အနက်များနှင့် ရှင်းလင်းချက်တို့ကို အဋ္ဌကနိပါတ် စာပိုဒ်(၁၁) ဝေရဉ္စသုတ်ကြည့်]

**ယထာကမ္မုပဂေ** = မိမိတို့ ဆည်းပူးအားထုတ်ခဲ့သမျှသော ကံအသီးသီးကြောင့် ထိုထိုဘုံဘဝသို့ လားရောက်နေကြကုန်သော၊ **ယထာကမ္မ** = မိမိတို့ ဆည်းပူးအားထုတ်အပ်ခဲ့သမျှသော ကံအသီးသီးကြောင့်၊ **ဥပဂ** = လားရောက်နေကြသော] **သတ္တေ** = သတ္တဝါတို့ကိုလည်း၊ **ပဇာနာတိ** = သိ၏၊ (ကိန္တိ = အဘယ်သို့၊ **ပဇာနာတိ** = သိသနည်းဟူမူ) **ဘောန္တော** = အိုအချင်းတို့၊ **ဝတ** = ဖြစ်မှဖြစ်ရလေခြင်း [ဝတသဒ္ဒါကို ခေဒအနက်ဟောအံ့] **ဣမေ သတ္တာ** = ဤသတ္တဝါတို့သည်၊ **ကာယဒုစ္စရိတေန** = ကာယဒုစ္စရိတ်အကုသိုလ်နှင့်၊ [ဧကကစာပိုဒ် ၂၈၄ စသည် ကြည့်] **သမန္နာဂတာ** = ပြည့်စုံကြကုန်၏။ပ။ **မနောဒုစ္စရိတေန** = နှင့်၊ **သမန္နာဂတာ** = ကုန်၏၊ **အရိယာနံ** = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို၊ **ဥပဝါဒကာ** = ကဲ့ရဲ့စွပ်စွဲ ဆဲရေးကြကုန်၏၊ **မိစ္ဆာဒိဋ္ဌိကာ** လွဲမှားဖောက်ပြန်သော အယူရှိကြကုန်၏၊ **မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ** - မိစ္ဆာဒိဋ္ဌိ၏ အစွမ်းဖြင့် ကောင်းစွာ လက်ခံကျင့်သုံးအပ်သော ကံအမျိုးမျိုး ရှိကုန်၏၊ **သမာဒါန** = ကောင်းစွာလက်ခံ ကျင့်သုံးအပ်သော + **ကမ္မ** = ကံအမျိုးမျိုး ဝါ = မိစ္ဆာဒိဋ္ဌိ၏ အစွမ်းဖြင့် ကာယကံစသည်တို့၌ သူတပါးတို့ကို လက်ခံ ကျင့်သုံးစေကြကုန်၏၊ **တေ** = ထိုသတ္တဝါတို့သည် ။ပ။ **နိရယံ** = သို့၊ **ဥပပန္နာ** = ကပ်ရောက်ကြရကုန်၏၊ ဝါ - လားရောက်ကြရကုန်၏။ (တနည်း)

#### ၁။ အပါယံ . . . နိရယံ ဥပပန္နာ။

(တနည်း) **အပါယံ** = သုဂတိဘဝမှ ကင်းကွာသော ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် လေးသွယ်သော ဘဝသို့လည်းကောင်း၊ **ဒုဂ္ဂတိ** = ဒုက္ခ၏ဖြစ်ရာ ငရဲ, ပြိတ္တာ, အသုရကာယ် သုံးသွယ်သော ဘဝသို့လည်းကောင်း၊ **ဝိနိပါတံ** = စည်းစိမ်ချမ်းသာအပေါင်းမှ ပျက်စီးလျက် ကျရောက်ရာ ငရဲ, အသုရကာယ် နှစ်သွယ်သော ဘဝသို့လည်းကောင်း၊ **နိရယံ** = သာယာဘွယ်သုခ အနည်းငယ်မျှမရှိရာ အဝီစိစသော ငရဲသို့ လည်းကောင်း၊ **ဥပပန္နော** = လားရောက်ကြကုန်၏။

ဤနည်း၌ အပါယမှ အယသဒ္ဒါသည် သုဂတိအနက်ဟောတည်း၊ **ဧတိ ပဝတ္တတိ သုခံ ဧတ္ထာတိ အယော** = သုခ၏ဖြစ်ရာဘဝ (သုဂတိဘဝ)။

**သဗ္ဗသမုဿယေဟိ ဝိနိပတန္တိ ဧတ္ထာတိ ဝိနိပါတော** = အားလုံးသော ချမ်းသာစည်းစိမ် ဂုဏ်သိရ် သမ္ပတ္တိ အစုအဝေးတို့မှ ပျက်စီးလျက် ကျရောက်ရာဘဝ။

**ကမ္မပ္ပဝစနီယဖြစ်သင့်မသင့်။** ။ဤနေရာ၌ **ဥပပန္နာ**မှ **ဥပသဒ္ဒါ**ကို ကမ္မပ္ပဝစနီယဟု မိန့်ဆိုတော်မူလိုကြ၏။ သို့သော် အကယ်၍ ကမ္မပ္ပဝစနီယ
## PAGE 369

**နိရယံ**=၌၊ **ဥပပန္နော**=ဖြစ်ကြရကုန်၏။ ဧကကနိပါတ် စာပိုဒ်(၄၃)လည်းကြည့်

**ဘောန္တော**=အိုအချင်းတို့၊ **ဣမေ ဝါ ပနု သတ္တာ**=ဤသတ္တဝါတို့သည်ကား၊ **ကာယသုစရိတေန**=ကာယသုစရိတ်ကုသိုလ်နှင့် ဧကကစာပိုဒ် ၂၈၇(ဆ) စသည်ကြည့်။ပ။

**အနုပဝါဒကာ**=မကဲ့ရဲ့ မစွပ်စွဲ မဆဲရေးကြကုန်၊ **သမ္မာဒိဋ္ဌိကာ**=မှန်ကန်သော အယူရှိကြကုန်၏၊ **သမ္မာဒိဋ္ဌိကမ္မသမာဒါနာ**=သမ္မာဒိဋ္ဌိ၏ အစွမ်းဖြင့် ကောင်းစွာခံယူ ကျင့်သုံးအပ်သော ကံအမျိုးမျိုး ရှိကုန်၏၊ ဝါ=သမ္မာဒိဋ္ဌိ၏အစွမ်းဖြင့် ကာယကံစသည်တို့၌ သူတပါးတို့ကို ကောင်းစွာခံယူ ကျင့်သုံးစေကြကုန်၏

**တေ**=ထိုသတ္တဝါတို့သည်။ပ။

**သုဂတိ**=ကောင်းသော လားရောက်ရာဖြစ်သော၊ **လောကံ**=လူ့ဘုံဘဝသို့လည်းကောင်း၊ သုဂတိကောင်းသောလားရောက်ရာဖြစ်သော၊ လိုက်ခဲ့]

**သဂ္ဂေ**=ရူပါရုံစသော အာရုံတို့ဖြင့် လွန်စွာမြင့်မြတ်သော၊ **လောကံ**=နတ်ဘုံဘဝသို့ လည်းကောင်း၊ **ဥပပန္နော**=လားရောက်ကြရကုန်၏၊ လူ့ဘဝသည် သုဂတိသာ ဖြစ်၏၊ သဂ္ဂမဖြစ်၊ နတ်ဘဝကား သုဂတိ, သဂ္ဂ နှစ်မျိုးလုံး ဖြစ်၏၊ ဤအခန်းဆိုင်ရာ ဝိသုဒ္ဓိမဂ်စသည် ဖွင့်သည့်အတိုင်း အနက်ပေးခြင်း ဖြစ်၏။ ဧကကနိပါတ် စာပိုဒ် ၄၄၊ ပဉ္စကနိပါတ် စာပိုဒ် ၃၁ သုမနသုတ်နှင့်လည်း တိုက်ဆိုင်ကြည့်ပါ]

**ဣတိ**=ဤသို့၊ **ပဇာနာတိ**=သိ၏၊ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ သို့ပြန်စပ်သည်]

**ဣတိ**=ဤသို့၊ **ဒိဗ္ဗေ**။ပ။ **ပဇာနာတိ**=၏။

**အဿ**=ထိုရဟန်းမှာ၊ **ဒုတိယာ**=နှစ်ကြိမ်မြောက် ဖြစ်ပေါ်လာသော၊ ဖြစ်သည်မှန်လျှင် ထိုဥပသဒ္ဒါသည် လက္ခဏ, ဣတ္ထမ္ဘူတက္ခာနစသောအနက်တို့တွင် မည်သည့်အနက်ကိုထွန်းပြသနည်းဟု စဉ်းစားရန်ရှိ၏။ ပါဠိသဒ္ဒါကျမ်းတို့၌ ကမ္မပ္ပဝစနီယအမည်စာရင်းမှာပင် ဥပသဒ္ဒါကို မထည့်သွင်းကြ၊ အဋ္ဌကထာ၌လည်း “ဥပပန္နောတိ ဥပဂတာ”ဟု ဖွင့်ပြီးနောက် “သတ္တမီအနက်အတွက်ကိုမူ "တတ္ထ အဘိနိဗ္ဗတ္တာတိ အဓိပ္ပာယော”ဟု အဓိပ္ပါယ်မျှသာဖွင့်၏။

ဤအင်္ဂုတ္တိုရ်ဋ္ဌ၊ ဒု(၃၃၂)၌လည်း– သဟဗျတံ ဥပပဇ္ဇတိတိ သဟဘာဝံ ဂစ္ဆတိ (ဥပဂစ္ဆတိ) တတ္ထ နိဗ္ဗတ္တတိတိ အတ္ထော”ဟု အလားတူပင်ဖွင့်၏။ တနည်းအားဖြင့်မူ ယင်းသို့အဓိပ္ပါယ်ဖွင့်ဟုမကြံဘဲ “ဥပပန္နာ၌ ဥပသဒ္ဒါကို ဓာတ္ဝတ္ထာနဝတ္တကကြံ၍ ဒုတိယာဝိဘတ်ကို သတ္တမီအနက်ဟောကြံနိုင်၏၊ ဤသို့အားဖြင့် ဥပပန္နာ၌ ဥပသည် ကမ္မပ္ပဝစနီယ မဖြစ်သင့်ရကား ထိုဥပသဒ္ဒါနှင့် အပါယံစသောပုဒ်တို့ကို တွဲ၍ “**အပါယံ ဥပ**=၌၊ **ပန္နော**=ဖြစ်ကြရကုန်၏” ဟူ၍ အနက် မပြန်ဆိုသင့်။ သတ္တကနိပါတ်စာပိုဒ်(၅၃)နန္ဒမာတာသုတ်*ယက္ခယောနိဥပပန္နာ၌လည်း ရေးထားပါသေးသည်။

