## PAGE 370

**အယံ ဝိဇ္ဇာ**=ဤစုတူပပါတဉာဏ်ဝိဇ္ဇာသည်၊ ဝါ=ဤစုတိပဋိသန္ဓေကိုသိတတ်သော ဒိဗ္ဗစက္ခုအဘိညာဉ်သည်၊ ဝါ=ကို၊ **အဓိဂတာ**=သည်၊ **ဟောတိ**=၏၊ **အပ္ပမတ္တဿ**=ဘဲ၊ **အာတာပိနော**=လျက်၊ **ပဟိတတ္တဿ**=ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်၊ (ဒိဗ္ဗစက္ခုဉာဏ်ကိုရခြင်းငှာ ကိုယ်နှင့်အသက်မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်) **ဝိဟရတော**=နေသောပုဂ္ဂိုလ် တဦးဦးမှာ၊ **ယသ္မာ**=ကြောင့်၊ **ဝိဇ္ဇာ**=စုတူပပါတဉာဏ်ဝိဇ္ဇာသည်၊ **ဥပ္ပဇ္ဇေယျ**=ဖြစ်ပေါ်လာရာ၏၊ **တသ္မာ**=ကြောင့်၊ **အဝိဇ္ဇာ**=အဝိဇ္ဇာကို၊ ဝါ=စုတိပဋိသန္ဓေကို မသိအောင် ဖုံးကွယ်တတ်သော မောဟကို၊ ဝါ=သည် **ဝိဟညေယျ ယထာ**=သို့၊ ဝါ=သို့၊ **ယသ္မာ**=ကြောင့်၊ **အာလောကော**=စုတူပပါတဉာဏ် အရောင်အလင်းသည်၊ **ဥပ္ပဇ္ဇေယျ**=၏၊ **တသ္မာ**=ကြောင့်၊ **တမော**=အဝိဇ္ဇာအမိုက်မှောင်ကို၊ ဝါ=သည်၊ **ဝိဟညေယျ ယထာ**=သို့၊ ဝါ=သို့၊ **ဧဝမေဝံ**=ပင်၊ **တဿ**=ထိုစုတူပပါတဉာဏ်ဝိဇ္ဇာကို ရပြီးသော ရဟန်းမှာ၊ **ယသ္မာ**-ကြောင့်၊ **ဝိဇ္ဇာ**=စုတူပပါတဉာဏ်ဝိဇ္ဇာသည်၊ ဝါ= စုတိ ပဋိသန္ဓေကို သိတတ်သောဒိဗ္ဗစက္ခုအဘိညာဉ်သည်၊ **ဥပ္ပန္နော**=ဖြစ်ပြီ၊ **တသ္မာ**- ထို့ကြောင့်၊ **အဝိဇ္ဇာ**=အဝိဇ္ဇာကို၊ ဝါ=စုတိပဋိသန္ဓေကို မသိအောင် ဖုံးကွယ် တတ်သော မောဟကို၊ ဝါ=သည်း **ဝိဟတာ**=ပြီ၊ ဝါ=ပြီ၊ **ယသ္မာ**=ကြောင့်၊ **အာလောကော**=သည်၊ **ဥပ္ပန္နော**ပြီ၊ **တသ္မာ**=ကြောင့်၊ **တမော**=ကို၊ ဝါ=သည်၊ **ဝိဟတော**=ပြီ၊ ဝါ=ပြီ။

**သော**-သည်၊ **ဧဝံ**=တိုင်း၊ ဝါ=၍၊ **စိတ္တေ**=ဝိပဿနာ၏ အခြေခံစတုတ္ထဈာန်စိတ်သည်၊ **သမာဟိတေ**=သော်။ပ။ **ကမ္မနိယေ**=ဝိပဿနာအမှု၌ခိုင်ခံ့လျောက်ပတ်လသော်။ပ။ **အာသဝါနံ**=အာသဝတရားတို့၏၊ **ခယဉာဏာယ**=အကြွင်းမဲ့ ကုန်ခန်းကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်အကျိုးငှာ၊ **စိတ္တံ**=ဝိပဿနာစိတ်ကို၊ **အဘိနိန္နာမေတိ**= (အာသဝက္ခယဉာဏ်သို့)ရှေ့ရှုညွှတ်စေ၏၊ **သော**=ထိုရဟန်းသည်၊ [ထို့နောက် ဤတိကစာပိုဒ် ၁၂− နှင့် ဒုကစာပိုဒ် ၄၆ ကြည့်]။ပ။

**ဣမေ**=ဤလောဘ ဒိဋ္ဌိ မောဟတို့သည်သာ၊ **အာသဝါ**=အသဝတို့မည်၏၊ **ဣတိ**=ဤသို့၊ (**အာသဝေ**=အာသဝတရားတို့ကို) **ယထာဘူတံ**=စွာ၊ **ပဇာနာတိ**=ထိုးထွင်း၍သိ၏၊ (သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍သိခြင်းဖြင့် သိ၏)

**အယံ**=ဤတဏှာသည်သာ **အာသဝသမုဒယော**=အာသဝတို့၏ ဖြစ်ကြောင်း သမုဒယသစ္စာမည်၏၊ **ဣတိ**=သို့၊ (**တဏှ**=အာသဝတို့ကို ဖြစ်စေတတ်သော တဏှာကို) **ယထာဘူတံ**=စွာ။ပ။

**အယံ**=ဤနိဗ္ဗာန်သည်သာ၊ **အာသဝနိရောဓော**=အာသဝတို့၏ချုပ်ကြောင်း နိရောဓသစ္စာမည်၏၊ **ဣတိ**=သို့၊ (**နိဗ္ဗာနံ**=အာသဝနှင့် သမုဒယတို့မဖြစ်ကြောင်းနိဗ္ဗာန်ကို)။ပ။

**အယံ**=ဤမဂ္ဂင်ရှစ်ပါးသည်သာ၊ **အာသဝနိရောဓဂါမိနီ**=အာသဝတို့၏ ချုပ်ကြောင်း နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော၊ **ပဋိပဒါ**=အကျင့်ဖြစ်သောမဂ္ဂသစ္စာမည်၏၊ **ဣတိ**=သို့၊ (**အရိယမဂ္ဂ**=နိဗ္ဗာန်ရောက်ကြောင်း အရိယမဂ်ကို) **ယထာဘူတံ**=စွာ၊ **ပဇာနာတိ**=၏ (သဘော-----၏

**ဧဝံ**=ဤသို့၊ **ဇာနတော**=သစ္စာလေးပါးကိုသိသော၊ **ဧဝံ**=သို့၊ **ပဿတော**=သစ္စာလေးပါးကို မြင်သော၊ **တဿ**=ထိုရဟန်း၏၊ ဝါ=ထိုရဟန်းမှာ၊ [တနည်း-- **တဿ**=ထိုရဟန်း၏ ၊ဝါ=သည်၊ **ဧဝံ**=ဤသို့၊ **ဇာနတော**=သစ္စာလေးပါးကို သိသည်အဖြစ်ကြောင့်၊ **ဧဝံ**=သို့၊ **ပဿတော**=အဖြစ်ကြောင့် **ကာမာသဝါပိ**=ကာမာသဝမှလည်း၊ **စိတ္တံ**=စိတ်သည်၊ **ဝိမုစ္စတိ**=လွတ်ကင်း၏၊ **ဘဝါသဝါပိ**=ဘဝါသဝမှလည်း။ပ။ **အဝိဇ္ဇာသဝါပိ**=အဝိဇ္ဇာသဝမှလည်း။ပ။ **ဝိမုတ္တသ္မိံ**=အာသဝ ကိလေသာတို့မှလွတ်ကင်းပြီးသောစိတ်၌၊ (**စိတ္တံ**=ငါ၏စိတ်သည်) **ဝိမုတ္တံ**=အာသဝကိလေသာတို့မှ လွတ်ကင်းပြီ၊ **ဣတိ**-ဤသို့၊ **ဉာဏံ**=ပစ္စဝေက္ခဏာဉာဏ်သည်၊ **ဟောတိ**=ဖြစ်၏။

တနည်း-(**စိတ္တေ**=စိတ်သည်) **ဝိမုတ္တသ္မိံ**=အာသဝကိလေသာ တို့မှကင်းလွတ်ပြီးလသော်၊ (**စိတ္တံ**=ငါ၏စိတ်သည်) **ဝိမုတ္တံ**=အာသဝကိလေသာတို့မှ ကင်းလွတ်ပြီ၊ **ဣတိ**=ဤသို့၊ **ဉာဏံ**=ပစ္စဝေက္ခဏာဉာဏ်သည်၊ **ဟောတိ**=၏]

## PAGE 371

**ဇာတိ**=ပဋิသန္ဓေသည်၊ **ခီဏာ**=ကုန်ပြီ၊ **ဗြဟ္မစရိယံ**=မြတ်သော မဂ်အကျင့်ကို၊ ဝါ=မဂ္ဂဗြဟ္မစရိယကို၊ **ဝုသိတံ**=ကျင့်သုံးအပ်ပြီ၊ **ကရဏီယံ**=ပြုသင့်ပြုထိုက်သော(၁၆)ပါးသော မဂ်ကိစ္စကို၊ **ကတံ**=ပြုအပ်ပြီ၊ **ဣတ္ထတ္တာယ**=ဤ၁၆-ပါး ကွဲပြားသောမဂ်ကိစ္စ၏ အဖြစ်ဟူသော အကျိုးငှာ၊ ဝါ=ဤထူးထွေကွဲပြားခြားနားသော ကိလေသာ ကုန်ခန်းစေခြင်းကိစ္စ၏ အဖြစ်ဟူသော

၁။ ၁၆-ပါးသော မဂ်ကိစ္စ။ ။မဂ်လေးပါးတို့တွင် တပါးတပါးဖြင့်ပြုရမည့် ကိစ္စသည် လေးပါးစီရှိ၏၊ (၁)ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်းဟူသော ပရိညာကိစ္စ (၂)သမုဒယသစ္စာကို ပယ်သတ်ခြင်းဟူသော ပဟာနုကိစ္စ။ (၃)နိရောဓသစ္စာကိုမျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယာကိစ္စ။ (၄)မဂ္ဂသစ္စာကို ဖြစ်ပွားစေခြင်းဟူသော ဘာဝနာကိစ္စတို့တည်း၊ မဂ်တပါး၌ လေးကိစ္စဖြစ်၍ မဂ်လေးပါး၌(၁၆)ပါးဖြစ်၏၊ ၎င်းတို့ကို မဂ်ကိစ္စ(၁၆)ပါး ဟုခေါ်သည်။

၂။ နာပရံ ဣတ္ထတ္တာယ။ ။ဣမေ ပကာရာ ဣတ္ထိ- ဤ(၁၆)ပါးကွဲပြားသော မဂ်ကိစ္စတို့၊ ဣတ္ထံ ဘာဝေါ ဣတ္ထတ္ထံ=ဤ(၁၆)ပါးကွဲပြားသောမဂ်ကိစ္စတို့၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်ကိစ္စဇာတ်။ မနုဿတ္တံ(လူ၏ဖြစ်ကြောင်းဖြစ်ရာ လူအမျိုးဇာတ်)၌ကဲ့သို့ ဇာတိသဒ္ဒါကြံ၍ မဂ်ကိစ္စဇာတ်ဟုဆိုသည်]

ဤ၌ **ဣတ္ထ**အရ ဤမည်သော(၁၆)ပါးကွဲပြားသော မဂ်ကိစ္စဟု
## PAGE 372

အကျိုးငှာ၊ **အပရံ**=နောက်ထပ်တမျိုးတခြား မဂ်ဖြစ်ပွားစေခြင်းကိစ္စသည်။

**န(အတ္ထိ)**=ငါ့မှာ မရှိတော့ပြီ၊ **ဣတိ**=ဤသို့၊ **ပဇာနာတိ**=သိ၏၊ [တနည်း-အထူးညွှန်ပြအပ်သော မဂ်ကိစ္စဝိသေသကိုယူရ၏။ ဘာဝပစ္စည်း သက်ထားသော“**ဣတ္ထတ္တံ**”အရကား ထို(၁၆)ပါးသော မဂ်ကိစ္စဝိသေသ၏ ဖြစ်ကြောင်းဖြစ်သောမဂ်ကိစ္စဇာတ်(ထိုကဲ့သို့ အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော(၁၆)ပါးသောမဂ်ကိစ္စအမျိုးအစား)ကိုယူရ၏။ ဤသို့ယူရာ၌ **ဣတ္ထံ**အရ မဂ်ကိစ္စဝိသေသကိုလည်းကောင်း, **ဣတ္ထတ္တံ**အရ မဂ်ကိစ္စဇာတ်(မဂ်ကိစ္စသာမည)ကိုလည်းကောင်းယူရသဖြင့် အရကောက်မတူဟု . ဆိုဖွယ်ရှိသော်လည်း ထိုနှစ်ပုဒ်လုံးအရ(၁၆)ပါးသော မဂ်ကိစ္စချည်းသာဖြစ်၍ သိပ်ထူးခြားလှသည်မဟုတ်။

ဤနည်းအရ“**နာပရံ ဣတ္ထတ္တာယ**”၏ဆိုလိုရင်းမှာ“ဤသို့သော(၁၆)ပါးသော မဂ်ကိစ္စမျိုး(ဒီလိုမဂ်ကိစ္စမျိုး)ပြုလုပ်ဘို့အတွက် ငါ့မှာ နောက်ထပ်မဂ်ဖြစ်ပွားစေဖွယ်မလိုတော့ပြီ”ဟူလို။ **နာပရံ ဣတ္ထတ္တာယာတိ** ပုန **ဣတ္ထဘာဝါယ**, **ဧဝံသောဠသဝိဓကိစ္စဘာဝါယ** **ကိလေသက္ခယာယ** ဝါ **မဂ္ဂဘာဝနာကိစ္စ** **မေ** **နတ္ထိ**။

သီလက္ခန်ဋီကာသစ်၌ပြထားသော သဒ္ဒဝိဒူတို့အလိုအားဖြင့်- **ဣမေ ပကာရာ အဿတ္တီတိ ဣတ္ထ**=ဤ(၁၆)ပါး အပြားရှိသော မဂ်ကိစ္စဟူသောပကာရဝန္တ တည်း၊ **ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ**-ဤ(၁၆)ပါး အပြားရှိသောမဂ်ကိစ္စ၏ ဖြစ်ကြောင်းဖြစ်ရာ ၁၆-ပါးအပြား(မဂ်ကိစ္စ၏ ၁၆-ပါးသောအပြားဟူသော ပကာရ)တည်း၊ ဤသို့ ပကာရဝန္တ နှင့် ပကာရဟု ခွဲခြားကောက်ရ၏။ ဒဗ္ဗသဒ္ဒါဖြစ်သော **ဒဏ္ဍပုဒ်**၌ ဘာဝပစ္စည်းဆင့်ထားသော **ဒဏ္ဍိတ္တံ**ပုဒ်၏အရကောက်ပုံမျိုးတည်း။

ဤနေရာ၌ သတိပြုဖွယ်ရှိသည်မှာ သဒ္ဒထုံးစံအတိုင်း သဒ္ဒပ္ပဝတ္တိနိမိတ်ဖြစ်သော အကြောင်းသာလျှင် ဘာဝပစ္စည်း၏ အနက်ဖြစ်၏။ အခြားသောရိုးရာအကြောင်းတို့မှာ ဘာဝပစ္စည်း၏အနက်မဟုတ်၊ ထို့ကြောင့် ဘာဝပစ္စည်း၏အရ ရိုးရာအကြောင်းတို့ကို မကောက်ယူမိရန် သတိထားသင့်၏။

ဥပမာအားဖြင့် **မနုဿဿ ဘာဝေါ မနုဿတ္တံ**-လူ၏ဖြစ်ကြောင်း။ ဤ၌ လူဖြစ်ခြင်း၏အကြောင်းမှာ ရှေးကုသိုလ်ကံသာတည်း၊ သို့သော် ထိုကုသိုလ်ကံမှာ ရိုးရာအကြောင်းမျှသာဖြစ်၍ **မနုဿတ္တံ**ပုဒ်နှင့်မဆိုင်။ ထို့ကြောင့်လူဇာတ်ဖြစ်သော သဒ္ဒပ္ပဝတ္တိနိမိတ်အကြောင်းကိုသာ **မနုဿတ္တံ**အရ ကောက်ယူရသည်။ ထို့အတူ ၁၆-ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏ ရိုးရာအကြောင်းမှာဝိပဿနာမဂ်တို့တည်း။ ထိုဝိပဿနာနှင့် မဂ်တို့သည် သဒ္ဒပ္ပဝတ္တိနိမိတ်

