## PAGE 373

**ဣတ္ထတ္တာယ**=ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန်ခန္ဓာအစဉ်၏ အဖြစ်မှ၊ **အပရံ**=နောက်ထပ်တခြားသော အနာဂတ်ခန္ဓာအစဉ်သည်၊ **န(အတ္ထိ)**-ငါ့မှာအကြောင်းမဟုတ်သောကြောင့် ဤ**ဣတ္ထတ္တံ**ပုဒ်၏ အနက်၌ မပါဝင်နိုင်။

သီလက္ခန်ပါဠိတော်နိဿယသစ်၌ကား“**ဣတ္ထတ္တာယ**=ဤ ၁၆-ပါးသောမဂ်ကိစ္စအပြား၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်အကျိုးငှာ” ဟု ရိုးရာမဂ်အကြောင်းကိုယူ၍ အနက်ပြန်ဆိုထား၏။ ထိုသို့ပြန်ဆိုခြင်းကြောင့် “**နာပရံ ဣတ္ထတ္တာယ**=မဂ်အကျိုးငှာ မဂ်ကို ဖြစ်ပွားစေခြင်းကိစ္စမရှိတော့ပြီ”ဟု မဆီလျော်သောအနက်အဓိပ္ပာယ် ပေါ်ထွက်လာ၏။

အချို့ဆရာတော်တို့ကမူ “**ပဉ္စမော**=ငါးခုတို့၏ပြည့်ကြောင်း” ဟူရာ၌ငါးခုမြောက် နောက်ဆုံးအရာဝတ္ထုသည် ငါးခုပြည့်ခြင်း၏အကြောင်းဖြစ်သကဲ့သို (၁၆) ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏အကြောင်းမှာ (၁၆) ပါးမပြည့်သေး၍ နောက်ဆုံးဖြည့်စွက်ရမည်ဖြစ်သော အရဟတ္တမဂ်ကိစ္စလေးပါးဖြစ်၏ဟု အဓိပ္ပာယ်ယူ၍ ထိုအရဟတ္တမဂ် ကိစ္စလေးပါးကိုသာ **ဣတ္ထတ္တာယ**အရကောက်ယူတော်မူကြ၏။

သို့သော် ယင်းသို့ကောက်ယူခြင်းမှာ **ဣတ္ထသဒ္ဒါ**၏ ပဝတ္တိနိမိတ်ကိုသတိမထားဘဲ အလွတ်ကောက်ယူခြင်းသာ ဖြစ်သည့်အပြင် ဤ၌ အရဟတ္တမဂ်ကိစ္စလေးပါးသည် မဂ်ကိစ္စ (၁၆)ပါး အရေအတွက် ပြည့်ခြင်း၏အကြောင်းသာဖြစ်နိုင်၍ မဂ်ကိစ္စ (၁၆)ပါး ဖြစ်ပေါ်လာခြင်း၏ အကြောင်းကား မဖြစ်နိုင်၊ထို့အပြင် မဂ်ကိစ္စ (၁၆)ပါးတွင် အရဟတ္တမဂ်ကိစ္စလေးပါးလည်း ပါဝင်နေသောကြောင့် အရဟတ္တမဂ်ကိစ္စလေးပါး သည်ပင်လျှင် အရဟတ္တမဂ်ကိစ္စလေးပါးဖြစ်ပေါ် လာခြင်း၏အကြောင်း (သူသည်ပင် သူ၏အကြောင်း)မှာ သာ၍ပင်မဖြစ်နိုင်။ ဤတိုင်အောင် စကားများသည် **ဣတ္ထတ္တာယ**ပုဒ်ကို အနက်သုံးနည်းပေးရာတွင် ပဌမအနက်အတွက် ရှင်းလင်းချက်တည်း။

ဒုတိယအနက်ကို “**ကိလေသက္ခယာယ ဝါ**”ဟူသော ဒုတိယအဖွင့်အတိုင်း ပြန်ဆိုထား၏။ **အယံ ပကာရော ဣတ္ထ**=ဤကိလေသာတို့ကိုကုန်ခန်းစေခြင်းဟူသော ထူးထွေကွဲပြားခြားနားသော ပဟာနကိစ္စ (ဤမည်သောပဟာနကိစ္စဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသောပဟာနကိစ္စဝိသေသတည်း) **ဣတ္ထံ ဘာဝေါ**၊ **ဣတ္ထတ္တံ**-ယင်းပဟာနကိစ္စဝိသေသ၏ ဖြစ်ကြောင်းဖြစ်ရာ ပဟာနကိစ္စအမျိုးဇာတ်(ထိုကဲ့သို့အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော ပဟာနကိစ္စအမျိုးအစားတည်း)။

## PAGE 374

မရှိတော့ပြီ၊ **ဣတိ**=သို့၊ **ပဇာနာတိ**=သိ၏] **အဿ**=ထိုရဟန်းမှာ၊ **တတိယာ**=သုံးကြိမ်မြောက်ဖြစ်ပေါ်လာသော၊ **အယံ ဝိဇ္ဇာ**=ဤအရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာကို ဝါ=ဤသစ္စာလေးပါးကိုသိတတ်သော အရဟတ္တမဂ်ဉာဏ်ကို၊ ဝါ=သည်၊ **အဓိဂတာ**=သည်၊ **ဟောတိ**=၏၊ **အပ္ပမတ္တဿ**=ဘဲ၊ **အာတာပိနော**=လျက်၊ **ပဟိတတ္တဿ**=လျက်၊(အရဟတ္တမဂ်ဉာဏ်ကို ရခြင်းငှါ ကိုယ်နှင့်အသက်မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်) **ဝိဟရတော**=မှာ၊ **ယသ္မာ**=ကြောင့်၊ **ဝိဇ္ဇာ**=အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာသည်၊ **ဥပ္ပဇ္ဇေယျ**၏၊ဤ၌လည်း **ဣတ္ထ**နှင့် **ဣတ္ထတ္တံ**တို့အရ ပဟာနကိစ္စဝိသေသနှင့် ပဟာနကိစ္စသာမညလောက်သာ ထူးခြား၍ ပဟာနကိစ္စချည်း ယူရခြင်း အားဖြင့်ကားတူ၏၊ ထို့ကြောင့် ဤသုတ်အဋ္ဌကထာ၌ **ကိလေသက္ခယာယ** ဟုလည်းကောင်း,သီလက္ခန်အဋ္ဌကထာ၌ **ကိလေသက္ခယဘာဝါယ** ဟုလည်းကောင်း ဘာဝပုဒ်ပါခြင်းမပါခြင်းအတွက် အနက်အရ မထူးခြားလှတော့ပေ။ ဤနည်း၌ ၁၆-ပါးသော မဂ်ကိစ္စအားလုံးကို မယူဘဲ ဟာနကိစ္စတပါးမျှကိုသာ ယူထား၏။

အကြောင်းကား ထို ၁၆-ပါးတို့တွင် ပဟာနကိစ္စသာ ပဓာနဖြစ်၍ ကျန်မဂ်ကိစ္စတို့မှာ ပဟာနကိစ္စ၏ အကျိုးတရား အပဓာနများသာ ဖြစ်သောကြောင့်တည်း။

တတိယအနက်ကို **အထဝါ** **ဣတ္ထတ္တာယာတိ** **ဣတ္ထဘာဝတော**, **ဣမသ္မာ ဧဝံပကာရာ ဣဒါနိ ဝတ္တမာနက္ခန္ဓသန္တာနာ အပရံ ခန္ဓသန္တာနံ မယှ နတ္ထိ** ဟူသော အဖွင့်အတိုင်း ပြန်ဆိုထား၏၊ **အယံ ပကာရော ဣတ္ထ**=ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန်ခန္ဓာအစဉ်၊ (ဤမည်သော ခန္ဓာအစဉ်ဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသော ယခုဖြစ်ဆဲခန္ဓာအစဉ်ဝိသေသတည်း) **ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ**=ဤကွဲပြားခြားနားသောပစ္စုပ္ပန်ခန္ဓာအစဉ်၏ ဖြစ်ကြောင်းဖြစ်ရာ ပစ္စုပ္ပန်ခန္ဓာအစဉ်အမျိုးဇာတ်၊(အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော ပစ္စုပ္ပန်ခန္ဓာအစဉ်အမျိုးအစားတည်း) ဤနည်း၌ **ဣတ္ထတ္တာယ**မှ သဝိဘတ်ကို အပါဒါန်အနက်၌သက်။

သီလက္ခန်ပါဠိတော်အဋ္ဌကထာနိဿယသစ်၌ကား “**ဣတ္ထတ္တာယ** ကို“**ဣတ္ထံ**+ **အတ္တာယ**”ဟု ပုဒ်ဖြတ်သင့်၏ဟုလည်းကောင်း၊ **ဣတ္ထဘာဝတော**ဟူသော သံဝဏ္ဏနာပါဌ်၌လည်း“**ဣတ္ထအတ္တဘာဝတော**”ဟု ရှိသင့်၏ ဟုလည်းကောင်းကြံတော်မူ၏၊ သို့သော် ဤတတိယနည်းမှာ“**အာဂန္တာ ဣတ္ထတ္တံ**” စသည်တို့၌ ဖွင့်ပုံနှင့် သိပ်မထူးခြားသော ဖွင့်ရိုးဖွင့်စဉ်သာ ဖြစ်သောကြောင့်ထိုကဲ့သို့ မကြံသင့်ပါ၊ ဒုကစာပိုဒ် ၃၇-သုတ်နှင့် စတုက္ကစာပိုဒ် ၁၇၁-သုတ်၌လည်းကြည့်။
## PAGE 375

**တသ္မာ** = ကြောင့်၊ **အဝိဇ္ဇာ** = အဝိဇ္ဇာကို၊ **ဝါ** = သစ္စာလေးပါးကို မသိမြင်အောင် ဖုံးကွယ်ထားတတ်သော မောဟကို၊ **ဝါ** = သည်၊ **ဝိဟညေယျ ယထာ** = သို့၊ **ဝါ** = သို့၊ **ယသ္မာ** = ကြောင့်၊ **အာလောကော** = အရဟတ္တမဂ်ဉာဏ် အရောင်အလင်းသည်၊ **ဥပ္ပဇ္ဇေယျ** = ၏၊ **တသ္မာ** = ကြောင့်၊ **တမော** = အဝိဇ္ဇာအမိုက်မှောင်ကို၊ **ဝါ** = သည်၊ **ဝိဟညေယျ ယထာ** = သို့၊ **ဝါ** = သို့၊ **ဧဝမေဝံ** = ပင်၊ **တဿ** ထိုအရဟတ္တမဂ်ဉာဏ် ဝိဇ္ဇာကို ရပြီးသောရဟန်းမှာ၊ **ယသ္မာ** = ကြောင့်၊ **ဝိဇ္ဇာ** = အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာသည်၊ **ဥပ္ပန္နော** = ဖြစ်ပြီ၊ **တသ္မာ** = ကြောင့်၊ **အဝိဇ္ဇာ** = ကို၊ **ဝါ** = သည်၊ **ဝိဟတာ** = ပြီ၊ **ဝါ** = ပြီ၊ **ယသ္မာ** = ကြောင့်၊ **အာလောကော** = သည်၊ **ဥပ္ပန္နော** = ပြီ၊ **တသ္မာ** = ကြောင့်၊ **တမော** = ကို၊ **ဝါ** = သည်၊ **ဝိဟတော** = ပြီ၊ **ဝါ** = ပြီ၊ **ဣတိ** = ဤသို့၊ (အဝေါစ = မိန့်တော်မူပြီ)

**အနစ္စာဝစသီလဿ** = ရံခါတိုးမြှင့်၍ ရံခါယုတ်လျော့နိမ့်ကျသွားသော သီലရှိသူ မဟုတ်သော၊ **ဝါ** = ဧကန်မြင့်မား တိုးပွားသော သီലရှိသော၊ [ဥစ္စ = မြင့်သော+အဝစ = နိမ့်ကျသော၊ ဥစ္စာဝစံ သီလံ ယဿာတိ ဥစ္စာဝစသီလော၊ နု ဥစ္စာဝစသီလော အနစ္စာဝစသီလော] **နိပကဿ** = ပညာရှိပုဂ္ဂိုလ် ဖြစ်သော၊ **ဈာယိနော** = ဈန်ဝင်စားလေ့ရှိသော၊ **ဝါ** = ကသိုဏ်းအစရှိသော အာရုံ, အနိစ္စတာစသော လက္ခဏาနှင့် နိဗ္ဗာန်အာရုံတို့ကို စူးစိုက်စွာရှုတတ်သော၊ **ယဿ** = အကြင် ဂေါတမရှင်တော်မြတ်ဘုရား၏၊ **ဝါ** = အကြင် မြတ်စွာဘုရားတပည့်ရဟန္တာပုဂ္ဂိုလ်၏၊ [ဤဂါထာတို့၏ အနက်အဓိပ္ပာယ်မှာ မြတ်စွာဘုရားအနေအားဖြင့်လည်း ဖြစ်နိုင်၏၊ ဘုရားတပည့် ရဟန္တာအနေဖြင့်လည်း ဖြစ်နိုင်၏၊ ထို့ကြောင့် သမ္မာသမ္ဗုဒ္ဓဿ ဝသေန ဂါထာနံ အတ္ထံ ဝတွာ စသည်ဖြင့် ဋီကာမိန့်ဆို၏] **စိတ္တံ** = စိတ်သည်၊ **ဝသီဘူတံ** = ဝသီတော်သို့ ရောက်သည်၊ **ဝါ** = လိုတိုင်းပြီးမြောက်သိဒ္ဓိပေါက်သည်အဖြစ်သို့ ရောက်သည်၊ **ဝါ** = စွမ်းရည်သတ္တိရှိသည်အဖြစ်သို့ ရောက်သည်၊ [စတုက္ကစာပိုဒ်--၅-သုတ်ကြည့်]

**ဧကဂ္ဂံ** = တစ်ခုတည်းသောအာရုံရှိသည်၊ **သုသမာဟိတံ** = (အရဟတ္တဖိုလ်သမာဓိဖြင့်) တစ်ခုတည်းသောအာရုံ၌ ကောင်းစွာထားအပ်သည်။ (ဟောတိ = ဖြစ်၏) **ဝေ** = စင်စစ်အားဖြင့်၊ **တမောနုဒံ** = အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ရှားတော်မူသော၊ **ဓီရံ** = အရဟတ္တဖိုလ်ဝီရိယရှိတော်မူသော။ **တေဝိဓံ** = သုံးပါးသော ဝိဇ္ဇာရှိတော်မူသော၊ **မစ္စုဟာယိနံ** = သေခြင်းတရားကို ပယ်စွန့်တော်မူပြီးသော၊ **သဗ္ဗပ္ပဟာယိနံ** = အားလုံးသော အကုသိုလ်တို့ကို ပယ်စွန့်တော်မူပြီးသော၊ **တံ** = ထိုဂေါတမမြတ်စွာဘုရားကို၊ **ဝါ** = ထိုမြတ်စွာဘုရားတပည့် ရဟန္တာပုဂ္ဂိုလ်ကို၊ **ဒေဝမနုဿာနံ**၊ နတ်လူတို့၏၊ **ဟိတံ** = အစီးအပွားဟူ၍၊ **ဝါ** = အစီးအပွားကို

