## PAGE 379

အဿတ္ထိဆင့်၍ “**သမာဟိတော** = အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်သော စိတ်ရှိ၏။ ဝါ = တည်ကြည်သော စိတ်ရှိ၏” ဟုအနက်ဆို] **ယဿ** = အကြင်ပုဂ္ဂိုလ်၏၊ **စိတ္တံ** = စိတ်သည်။ပ။

### ၁၀-သင်္ဂါရဝသုတ်

**၆၁။** **အထခေါ** = ထိုအခါ၌၊ **သင်္ဂါရဝေါ** = သင်္ဂါရဝမည်သော။ပ။ **ဘော ဂေါတမ** = မ၊ **ဗြာဟ္မဏာ နာမ** = ပုဏ္ဏားမည်ကုန်သော၊ **မယံ** = အကျွန်ုပ်တို့သည်၊ [အ အနက်မရှိ] ယဇ် = ယဇ်အလှူဒါနကို၊ ခြေနှစ်ချောင်းရှိသော သတ္တဝါ, ခြေလေးချောင်းရှိသော သတ္တဝါစသည်တို့တွင် တမျိုးတမျိုး၌ လေးကောင်စီ, ရှစ်ကောင်စီ စသည်သတ်ဖြတ်၍ ပေးလှူပူဇော်အပ်သော အလှူဒါနကို ဆိုလို၏] **ယဇာမပိ** = ကိုယ်တိုင်လည်း ပေးလှူပူဇော်ပါကုန်၏၊ **ယဇာပေမပိ** = သူတပါးကိုလည်း ပေးလှူပူဇော်စေပါကုန်၏၊

**ဘော ဂေါတမ** = မ၊ **တတြ** = ထိုသို့ ယဇ်ပူဇော်ခြင်းကိစ္စ၌၊ **ယော စေဝ** = အကြင်ပုဂ္ဂိုလ်သည်လည်း၊ **ယဇတိ** = ကိုယ်တိုင်ပေးလှူပူဇော်၏၊ **ယော စ** = အကြင်ပုဂ္ဂိုလ်သည်လည်း၊ **ယဇာပေတိ** = သူတပါးကိုပေးလှူပူဇော်စေ၏၊ **သဗ္ဗေ တေ** = အားလုံးသော ထိုပုဂ္ဂိုလ်တို့သည်၊ [ပဋိပန္နော ဟောန္တိ၌စပ်] **ယညာဓိကရဏံ** = ယဇ်ပူဇော်ခြင်း, ယဇ်ပူဇော်စေခြင်း ဟူသော အကြောင်းကြောင့်၊ **ယဒိဒံ** (ယာ ဧသာ ပုညပ္ပဋိပဒါ) = အကြင်ကုသိုလ် အကျင့်သည်၊ (ဟောတိ = ဖြစ်၏) **အနေကသာရီရိကံ** = များစွာသော ခန္ဓာကိုယ်၌ ဖြစ်သော၊ ဝါ = များစွာသော သတ္တဝါတို့၏ အကျိုးစီးပွား အတွက်ဖြစ်သော၊ **တံ ပုညပ္ပဋိပဒံ** = ထိုကုသိုလ်အကျင့်ကို၊ **ပဋိပန္နာ** = ကျင့်ကြကုန်သည်၊ **ဟောန္တိ** = ဖြစ်ပါကုန်၏။

**ဘော ဂေါတမ** = မ၊ **ယော ပန အယံ** = အကြင်ပုဂ္ဂိုလ်သည်ကား၊ **ယဿ ဝါ တဿဝါ** = အမှတ်မရှိ တဦးဦးသော၊ **ကုလာ** = အမျိုးမှ၊ [ယဿ, တဿတို့၌ သာမီဝိဘတ်ကို အပါဒါန်အနက်၌သက်] **အဂါရသ္မာ** = အိမ်မှ (နိက္ခမိတွာ = ထွက်ခွါ၍) **အနဂါရိယံ** = ရဟန်းအဖြစ်သို့ (အိမ်၌ နေထိုင်မှ လူ့အဆင့်အတန်း မြင့်မားကြီးပွါးရေးကို ဆောင်နိုင်သော လယ်လုပ်, နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့) [ဒုကစာပိုဒ် ၂-သုတ်လည်းကြည့်]

**ပဗ္ဗဇိတော** = ဝင်ရောက်လျက်၊ **ဧကံ** = တဦးတယောက်တည်းသော၊ **အတ္တာနံ** = မိမိကိုယ်ကိုသာလျှင်၊ တနည်း -- **ဧကံ အတ္တာနံ** = မိမိတကိုယ်တည်းကိုသာလျှင်] **ဒမေတိ** = (ဣန္ဒြေတို့ကို ဆုံးမခြင်းအားဖြင့်) ဆုံးမ၏။ **ဧကံ** = သော၊ **အတ္တာနံ** = လျှင်၊ **သမေတိ** = (ရာဂစသည်ကို ကင်းငြိမ်းစေခြင်းအားဖြင့်) ကင်းငြိမ်းစေ၏၊ **ဧကံ** = သော၊ **အတ္တာနံ** = လျှင်၊ **ပရိနိဗ္ဗာပေတိ** = (ရာဂစသည်ကို ချုပ်ငြိမ်းစေခြင်း အားဖြင့်) ချုပ်ငြိမ်းစေ၏၊ **ဧဝမဿာယံ** = ဧဝံ+အဿ+အယံ ဟုဖြတ်၊

## PAGE 380

[အ အနက်မရှိ] **ဧဝံ** = ဤသို့ဖြစ်ပါသော်လည်း၊ (ဤသို့ဆုံးမမူ, ငြိမ်းစေမှုပြုပါသော်လည်း) **အဟံ** = ဤပုဂ္ဂိုလ်သည်၊ **ပဗ္ဗဇ္ဇာဓိကရဏံ** = ရဟန်းပြုခြင်း ဟူသော အကြောင်းကြောင့်၊ **ယဒိဒံ** (ယာ ဧသာ ပုညပ္ပဋိပဒါ) = သည်း (ဟောတိ = ၏) **ဧကသာရီရိကံ** = တခုတည်းသော ခန္ဓာကိုယ်၌ဖြစ်သော၊ ဝါ = မိမိတကိုယ်တည်းအတွက်သာဖြစ်သော၊ **တံ ပုညပ္ပဋိပဒံ** = ကို၊ **ပဋိပန္နော** = ကျင့်သူမည်သည်၊ **ဟောတိ** = ၏၊ ဣတိ (အဝေါစ = လျှောက်)

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **တေန ဟိ** = ထိုသို့ဖြစ်လျှင်၊ ဝါ = ထိုသို့ ရဟန်းပြုခြင်းဖြင့် ဧကသာရီရိက ကုသိုလ်အကျင့်ကိုသာ ကျင့်သည်မည်၏ဟု သင်ပြောဆို ခြင်းကြောင့်၊ **ဧတ္ထ** = ဤသင်ပြောဆိုအပ်သော စကား၌၊ **တံ ဧဝ** = သင့်ကိုပင်း **ပဋိပုစ္ဆိဿာမိ** = အံ့၊ [စာပိုဒ် ၃၅-သုတ်ကြည့်] (**အတ္ထော** = သည်) **ယထာ** = ဖြင့်၊ (**ဗျာကရောန္တဿ** = သော) **တေ** = သင့်အား၊ ခမေယျ၏၊ **တထာ** = ဖြင့်၊ **နံ** = ကို၊ (တွံသည်) **ဗျာကရေယျာသိ** = လော၊ **ဗြာဟ္မဏ** = ပုဏ္ဏား၊ **တံ** = ကို၊ (တွံ = သည်) **မညသိ** = နည်း၊ **ဣဓ လောကေ** = ဤသတ္တလောက၌၊ **အရဟံ** = ကိလေသာတို့မှ ဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေါ** = အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **ဝိဇ္ဇာစရဏသမ္ပန္နော** = ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏ(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဝါ = အသိဉာဏ်ဝိဇ္ဇာ, အကျင့်စရဏတို့နှင့် ပြည့်စုံတော်မူသော၊ **သုဂတော** = ကောင်းမြတ်ဖြောင့်တန်း, နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူသော၊ ဝါ = (အကျိုးရှိ, ဟုတ်မှန်, ကြားနာခံခက်, မခံခက်ဟု, နှစ်ချက် ပေါင်းစပ်) ကောင်းမြတ်သော စကားကိုသာ ဆိုသင့်ရာအခါ၌ မိန့်ဆိုတော်မူသေား **လောကဝိဒူ** = (သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူ သော) လောကသုံးပါးကို သိတော်မူသော။

**အနုတ္တရော** = သီလ, သမာဓိ, ပညာစသော ဂုဏ်တို့ဖြင့် မိမိထက် သာလွန်မြင့်မြတ်သောသူ ရှိတော်မမူသော၊ ဝါ = သီလ ---- တို့ဖြင့် လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူသော၊ **ပုရိသဒမ္မသာရထိ** = ဆုံးမသင့် ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူသော၊ [တနည်း -- “**အနုတ္တရော ပုရိသဒမ္မသာရထိ** = ဆုံးမသင့် ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူရာ၌ တန်းတူရည်တူ မှီသူကင်းအောင် စွမ်းဆောင်တော်မူသော” ဟုလည်း ပေါင်း၍ဆိုနိုင်၏] **ဒေဝမနုဿာနံ** = နတ်လူတို့၏၊ **သတ္ထာ** = ဆရာဖြစ်တော်မူသော၊ **ဗုဒ္ဓေါ** = သစ္စာလေးပါးတရားကို ကိုယ်တိုင်လည်းသိ၍ ဝေနေယျသတ္တဝါတို့ကိုလည်း တဆင့်သိစေတော်မူသော၊ **ဘဂဝါ** = (ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တဟူသော)
## PAGE 381

ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ **တထာဂတော**= မြတ်စွာဘုရားသည်၊ **ဥပ္ပဇ္ဇတိ**=ပွင့်ထွန်းပေါ်ပေါက်လာတော်မူ၏။

**သော**=ထိုမြတ်စွာဘုရားသည်၊ **ဧဝံ**=ဤသို့၊ **အာဟ**=မိန့်တော်မူ၏၊ (**ကိန္တိ**=အဘယ်သို့၊ **အာဟ**=မိန့်တော်မူသနည်းဟူမှု၊ **တုမှေ**=သင်တို့သည်) **ဧထ**=လာကြကုန်လော၊ **အယံ**=ဤသည်ကား၊ (ဤဝိပဿနာနှင့် အရိယမဂ်သည်ကား) **မဂ္ဂေါ**=အကျင့်လမ်းစဉ်ပေတည်း၊ **အယံ**=ဤသည်ကား၊ (ဤဝိပဿနာနှင့် အရိယမဂ်သည်ကား) **ပဋိပဒါ**=အကျင့်ပေတည်း၊ **ယထာ**=ယင်းသို့သော အကျင့်လမ်းစဉ်ဖြင့်၊ **ပဋိပန္နော**=ကျင့်သွားပြီးသော၊ **အဟံ**=ငါဘုရားသည်၊ **အနုတ္တရံ**=သူ့ထက်ထူးချွန် လွန်မြတ်သော တရားမရှိသော၊ **ဝါ**=အမြတ်ဆုံးဖြစ်သော၊ **ဗြဟ္မစရိယောဂဓံ**= အရဟတ္တမဂ် ဟူသော မြတ်သော အကျင့်၏ မူရင်းအခြေခံတည်မှီရာ နိဗ္ဗာန်ကို၊ **သြဂဃ**= မူရင်းအခြေခံ တည်မှီရာနိဗ္ဗာန်] **သယံ**=ကိုယ်တိုင်၊ **အဘိညာ**= ထူးသောဉာဏ်ဖြင့် သိ၍၊ (ထူးသော မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်ဖြင့်သိ၍) **သစ္ဆိကတွာ**=မျက်မှောက်ပြု၍၊ **ပဝေဒေမိ**=သိစေတော်မူ၏၊ **ဝါ**=သိအောင် ဟောကြားတော်မူ၏၊ **ဧထ**=လာကြကုန်လော၊ **ယထာ**= အကြင်သို့သော အကျင့်လမ်းစဉ်ဖြင့်။ **ပဋိပန္နာ**=ကျင့်သွားကြမည်ဖြစ်ကုန်သော၊ **တုမှေပိ**= သင်တို့သည်လည်း။ ပ။ **ဥပသမ္ဗဇ္ဇ**=ရောက်၍၊ **ဝိဟရိဿထ**= နေကြရကုန်လတ္တံ့၊ **တုမှေပိ**=လည်း၊ **တထာ**=ထိုအကျင့်လမ်းစဉ်ဖြင့်၊ (ထိုဝိပဿနာနှင့် အရိယမဂ်လမ်းစဉ်ဖြင့်) **ပဋိပဇ္ဇ**=ကျင့်သွားကြကုန်လော၊ **ဣတိ**=သို့) (**အာဟ**= မိန့်တော်မူ၏) **ဣတိ**=ဤသို့ မိန့်တော်မူသည့်အတိုင်း၊ **အယံ သတ္ထာ**=ဤဆရာသခင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သည်လည်း၊ **ဓမ္မံ**=တရားကို၊ **ဒေသေတိ**=ဟောတော်မူ၏၊ **ပရေ စ**=(မြတ်စွာဘုရားမှ) တပါးတခြားသော တရားနာကြား တပည့်သားတို့သည်လည်း၊ **တထတ္ထာယ** (တထာ+အတ္ထာယ)=ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအကျိုးငှါ၊ **ပဋိပတ္တိ**= ကျင့်ကြကုန်၏။

600 **တာနိ ခေါ ပုဂ္ဂ**=(နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအကျိုးငှါ ကျင့်ကြ ကုန်သော) ထိုပုဂ္ဂိုလ်တို့သည်ကား၊ **အနေကာနိပိ သဌာနိ**=များစွာသော အရာတို့သည်လည်းကောင်း၊ **ဝါ**=ရာပေါင်းများစွာတို့သည်လည်းကောင်း၊ **အနေကာနိပိ သဟဿာနိ**=များစွာသော အထောင်တို့သည်လည်းကောင်း၊ **ဝါ**=ထောင်ပေါင်းများစွာတို့သည်လည်းကောင်း၊ **အနေကာနိပိ သတသဟဿာနိ**=များစွာသော အသိန်းတို့သည်လည်းကောင်း၊ **ဝါ**=လည်းကောင်း၊ **ဟောန္တိ**=ဖြစ်ကုန်၏။ ပ။ **ဧဝံ သန္တေ** =ဤသို့ဖြစ်လသော်၊(ဤသို့ မြတ်စွာဘုရား

