## PAGE 382

ဟောတော်မူအပ်သော အကျင့်လမ်းစဉ်ဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြခြင်းငှါ ကျင့်ကြသောပုဂ္ဂိုလ်တို့ သိန်းပေါင်းများစွာ ရှိကုန်လသော်) **ပဗ္ဗဇ္ဇာဓိကရုဏံ**= ကြောင့်၊ **ယဒိဒံ** (**ပုညပ္ပဋိပဒါ**)=အကြင်ကုသိုလ်အကျင့်သည်၊ (**ဟောတိ**) **ဣစ္စာယံ** (**ဣတိ အယံ ပုညပ္ပဋိပဒါ**)=ဤကုသိုလ်အကျင့်သည်၊ **ဧကသာရီရိကာ**=သော၊ **ပုညပ္ပဋိပဒါ ဝါ**=ကုသိုလ်အကျင့်သည်သော်လည်း၊ **ဟောတိ**=ဖြစ်သလော၊ **အနေကသာရီရိကာ**=သော၊ **ပုညပ္ပဋိပဒါ ဝါ**=လည်း၊ **ဟောတိ**=လော၊ **ဣတိ**=ဤသို့၊ (**ပုစ္ဆိ**=မေးတော်မူပြီ) **ဘော ဂေါတမ**=မ၊ **ဧဝံ သန္တေ**=သော်၊ **ပဗ္ဗဇ္ဇာဓိကရဏံ**=ကြောင့်၊ **ယဒိဒံ ပုညပ္ပဋိပဒါ**=သည်၊ **ဟောတိ**=၏၊ **ဣစ္စာယမ္ပိ** (**ဣတိ အယမ္ပိ ပုညပ္ပဋိပဒါ**)=သည်လည်း၊ **အနေကသာရီရိကာ**=သော၊ **ပုညပ္ပဋိပဒါ**=သည်၊ **ဟောတိ**=ဖြစ်ပါ၏၊ **ဣတိ** (**အဝေါစ**=လျှောက်ပြီ) **ဧဝံ**= ဤသို့၊ **ဝုတ္တေ**=သင်္ဂါရဝပုဏ္ဏားက လျှောက်ထားအပ်လသော်၊ **အာယသ္မာ အာနန္ဒော**=အရှင်အာနန္ဒာသည်၊ **သင်္ဂါရဝံ**=သင်္ဂါရဝမည်သော၊ **ဗြာဟ္မဏံ**=ကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=မိန့်ဆိုပြီ၊ (**ကိန္တ**=အဘယ်သို့၊ **အဝေါစ**=မူ) **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဒွိန္နံ**=နှစ်မျိုးကုန်သော၊ **ဣမာသံ ပဋိပဒါနံ**= ဤကုသိုလ်အကျင့်တို့တွင်၊ (ဤယဇ်ပူဇော်ခြင်းကြောင့်ဖြစ်သော ကုသိုလ်အကျင့်, ရဟန်းပြုခြင်းကြောင့်ဖြစ်သော ကုသိုလ်အကျင့်တို့တွင်) **ကတမာ ပဋိပဒါ**= အဘယ်ကုသိုလ်အကျင့်သည်၊ **အပ္ပတ္ထတရာ စ**= သာလွန်၍ နည်းပါးသော အလုပ်သမားနှင့် အသုံးအဆောင်တို့ဖြင့် ပြုဖွယ်ကိစ္စရှိသည် လည်းကောင်း၊ **ဝါ**=များစွာသောအလုပ်သမားနှင့် အသုံးအဆောင်တို့မပါဘဲ ပြီးစီးနိုင်သည် လည်းကောင်း၊ **အပ္ပဟိ ဝေယျာဝစ္စကရေဟိ ဝါ ဥပကရဏေဟိ ဝါ အတ္ထော ကိစ္စံ ဧတိဿာ ပဋိပဒါယာတိ အပ္ပတ္တာ၊ ဝိသေသေန အပ္ပတ္တာ အပ္ပတ္ထတရာ**။ ဋီကာ၌ တ္ထကို ဋ္ဌ ပြု၍ အပ္ပဋ္ဌတရာဟု ရှိ၏] **အပ္ပသမာရမ္ဘတရာ စ**=လူသူအများကို သာလွန်၍ နည်းပါးသော ညှဉ်းဆဲမှုရှိသည်လည်းကောင်း၊ **ဝါ**=လူသူအများကို လုပ်ငန်းကိစ္စ ပျက်ကွက်လစ်ဟင်းစေခြင်းအားဖြင့် ညှဉ်းဆဲမှု မရှိသည်လည်းကောင်း၊ **သမာရမ္ဘ**=ညှဉ်းဆဲခြင်း။ **အပ္ပေါ သမာရမ္ဘော ဧတိဿာတိ အပ္ပသမာရမ္ဘာ၊ ဝိသေသေန အပ္ပသမာရမ္ဘာ အပ္ပသမာရမ္ဘတရာ**] **မဟပ္ဖလတရာ စ**=သာလွန်၍များသော အရင်းခံအကျိုးရှိသည်လည်းကောင်း၊ **မဟာနိသံသတရာ စ**=သာလွန်၍ များသော အကျိုးဆက်ရှိသည်လည်းကောင်း၊ (**ဟုတွာ**=ဖြစ်၍) **တေ**=သင့်အား၊ **ခမတိ**=နှစ်သက်ပါသနည်း တနည်း— **တေ**=သင်၏၊ **စိတ္တေ**=စိတ်၌၊ **ခမတိ**=နှစ်သက်မှုကိုဖြစ်စေပါသနည်း] **ဣတိ** (**အဝေါစ**=မေးမြန်းပြီ) **ဧဝံ**=ဤသို့၊ **ဝုတ္တေ**=အရှင်အာနန္ဒာက မေးမြန်းအပ်လသော် ။ပ။

## PAGE 383

**အာယသ္မန္တ အာနန္ဒ**=အရှင်အာနန္ဒာကို ။ပ။ **သေယျထာပိ ဘဝံ ဂေါတမော**= အရှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်သည်လည်းကောင်း၊ **သေယျထာပိ ဘဝံ စ အာနန္ဒော**=အရှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်သည်လည်းကောင်း၊ ဤပုဂ္ဂိုလ်တို့သည်၊ **မေ**=အကျွန်ုပ်၏၊ **ပုဇ္ဇာ**=ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့ပါတည်း။ [**ပူဇာ**=ပူဇော်] **ဧတေ**=ဤပုဂ္ဂိုလ်တို့သည်၊ **မေ**=၏၊ **ပါသံသာ**=ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်တို့ပါတည်း။ **ဣတိ**=(**အဝေါစ**=လျှောက်) **ဒုတိယမ္ပိ**=နှစ်ကြိမ်မြောက်လည်း **ဗြာဟ္မဏံ**=ကို၊ **ဧတံ**=ကို၊ **အဝေါစ** (**ကိန္တိ အဝေါစ**) **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ကေ ဝါ**=အဘယ်ပုဂ္ဂိုလ်တို့သည်လည်း၊ **တေ**=သင်၏၊ **ပုဇ္ဇာ**=ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့ပါနည်း၊ **ကေ ဝါ**=လည်း၊ **တေ**=၏၊ **ပါသံသာ**=ပုဂ္ဂိုလ်တို့ပါနည်း၊ **ဣတိ ဧဝံ**=ဤသို့၊ **အဟံ**=ငါသည်၊ **တေ**=သင့်အား၊ **တျာဟံ**=[**တေ+အဟံ**] **န ခေါ** ပုစ္ဆာမိ=မေးမြန်းနေသည်မဟုတ်၊ **ဗြာဟ္မဏ**=ပုဏ္ဏား၊ **အဟံ**=သည်၊ **တေ**= သင့်အား၊ **ဧဝံ ခေါ**=ဤသို့သာလျှင်၊ **ပုစ္ဆာမိ**=မေးပါ၏၊ (**ကိန္တိ**=သို့၊ **ပုစ္ဆာမိ**=နည်းဟူမူ) **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဒွိန္နံ**=ကုန်သော၊ **ဣမာသံ ပဋိပဒါနံ** ပ။ **မဟာနိသံသတရာ စ**=သည်လည်းကောင်း၊ (**ဟုတွာ**=၍) **တေ**= သင့်အား၊ **ခမတိ**=နည်း၊ **ဣတိ**=သို့၊ (**ပုစ္ဆာမိ**=မေးပါ၏၊ **ဣတိ**=သို့၊ **အဝေါစ**=မိန့်ပြီ) [ဣတိတလုံး အကျေကြံရ၏၊ တိုက်ရိုက်ရှိသော ဣတိဖြင့် ပုစ္ဆာမိသို့လည်းကောင်း, ကျေသောဣတိဖြင့် ဗြာဟ္မဏံ ဧတဒဝေါစ သို့လည်းကောင်း ပြန်လှည့်၍ စပ်ရ၏] ။ပ။ **တတိယမ္ပိ**= သုံးကြိမ်မြောက် လည်း။ ပ။ **အထခေါ**=၌၊ **ဘဂဝတော**=မြတ်စွာဘုရားမှာ၊ **ဧတံ**=ဤအကြံအစည် တော်သည်၊ **အဟောသိ**=ဖြစ်ပြီး (**ကိန္တိ**=အဘယ်အကြံအစည်သည်၊ **အဟောသိ** ဟူမူ) **ယာဝတတိယမ္ပိ**=သုံးကြိမ်တိုင်အောင်သော်မှလည်း၊ **သင်္ဂါရဝေါ**=သော၊ **ဗြာဟ္မဏော**=သည်၊ **အာနန္ဒေန**=အာနန္ဒာက၊ **သဟဓမ္မိကံ**=အကြောင်းနှင့်တကွ ဖြစ်သော၊ **ဝါ**=နည်းလမ်းကျသော၊ **ပုစ္ဆာ**=မေးခွန်းကို၊ **ပုဋ္ဌော**=မေးမြန်းအပ်ပါလျက်၊ **သံသာဒေတိ**=ဆုတ်နစ်စေ၏ ။ဆက်လက်၍ မေးမြန်းခြင်းမပြုနိုင်လောက်အောင် ပြဿနာကို ရပ်တန့်သွားစေ၏။ အဆက်ပြတ်သွားစေ၏ဟူလို] **နော ဝိဿဇ္ဇေတိ**=မဖြေဆို၊ **အဟံ**=ငါသည်၊ (**ဧတေ ဥဘောပိ**=ဤနှစ်ဦးလုံးတို့ကိုပင်) **ယံန္ဒုန ပရိမောစေယျ**=(အချင်းချင်းညှဉ်းပန်းနေခြင်းမှ) လွတ်မြောက်စေရပါမူ ကောင်းလေစွ၊ **ဣတိ**=ဤသို့သော အကြံအစည်တော်သည်၊ (**အဟောသိ**= ဖြစ်ပြီ)။ ပ။

[**ကာရုဇ္ဇ**=ကာ+နု+အဖွဲ့ဗြာဟ္မဏပုဏ္ဏား၊ **အဇ္ဇ**=ယနေ့၊ **ရာဇန္တေ ပုရေး**= မင်းနန်းတော်အတွင်း၌ **ရာဇပုရိသာနံ**=မင်းခစား ယောက်ျားတို့သည်၊
## PAGE 384

**သန္နိသိန္နာနံ**=ပေါင်းစုထိုင်နေကြစဉ်၊ **သန္နိပတိတာနံ**=တစုတဝေးတည်းရောက်နေကြစဉ်၊ **အန္တရာ**=အခြားစကား၏ ကြိုးကြားကြိုးကြား ကာလ၌၊ **ကာ**=အဘယ်မည်သော၊ **ကထာ**=စကားသည်၊ **ဥဒပါဒိ**=ဖြစ်လာခဲ့သနည်း၊ **ဣတိ** (**အဝေါစ**=မိန့်) **ခေါ**=ခေါ+အဇ္ဇဘော **ဂေါတမ**၊ အဇ္ဇ=ယနေ့၊ ရာဇန္တေပုရေ=၌။ပ။ **သန္နိပတိတာနံ**=စဉ်၊ **အန္တရာ**=၌၊ “**ပုဗ္ဗေ**=ရှေး၌၊ **ဘိက္ခု**=ရဟန်းတို့သည်၊ **အပ္ပတရာစေဝ**=အရေအတွက် အထူးနည်းပါးကုန်သည်သာလျှင်၊ **အဟေသုံ**=ဖြစ်ခဲ့ပေကုန်ပြီ။

**စ**=သို့သော်လည်း၊ **ဗဟုတရာ**=အရေအတွက်အထူးများပြားသော ရဟန်းတို့သည်၊ **မနုဿဓမ္မာ**=လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်၊ **ဥတ္တရိ**=သာလွန်သော၊ **ဣဒ္ဓိပါဋိဟာရိယံ**=တန်ခိုးပြာဋိဟာကို၊ **ဒဿေသုံ**=ပြခဲ့ကုန်ပြီ။

**ဧတရဟိ ပန**=ယခုအခါ၌ကား၊ **ဘိက္ခု**=တို့သည်၊ **ဗဟုတရာ စေဝ**=အရေအတွက် အထူးများပြားကုန်သည်သာလျှင်၊ (**ဟောန္တု**-ဖြစ်ပေကုန်၏) **စ**=သို့သော်လည်း၊ **အပ္ပတရာ**=အရေအတွက် အထူးနည်းပါးသော ရဟန်းတို့ကသာလျှင်၊ **မနုဿဓမ္မာ**=ထက်၊ **ဥတ္တရိ**=သော၊ **ဣဒ္ဓိပါဋိဟာရိယံ**=ကို၊ **ဒဿေန္တိ**၊ ပြကြကုန်၏။ **ဣတိ**-ဤသို့သော၊ **အယံ ကထာ**=ဤစကားသည်၊ **ဥဒပါဒိ**=ဖြစ်လာခဲ့ပါပြီ။

ဘော **ဂေါတမ**=မ၊ အဇ္ဇ=ယနေ့၊ ရာဇန္တေ ပုရေ=၌၊ ရာဇပုရိသာနံ။ပ။အန္တရာ၌၊ **အယံ ကထာ**=သည်၊ **ဥဒပါဒိ**=ပြီ၊ **ဣတိ** (**အဝေါစ**=လျှောက်ပြီ)

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ပါဋိဟာရိယာနိ**=ပြာဋိဟာတို့သည်၊ **ဝါ**=မြတ်စွာဘုရားနှင့် သာသနာတော်၏ … ဆန့်ကျင်ဘက်တိတ္ထိယတို့ကို ပယ်ရှားတတ်သော သဘောတရားတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုး

**၁။ ပါဋိဟာရိယာနိ။** ။**ဘဂဝတော စ သာသနဿ စ ပဋိပက္ခေ တိတ္ထိယေ ဟရတိ အပနေတီတိ ပဋိဟာရိယံ၊ ပဋိဟာရိယမေဝ ပါဋိဟာရိယံ။**

(တနည်း) **ပဋိပက္ခ ဝေနေယျဂတေ ကိလေသော ဟရတိ အပစေတီတိ ပဋိဟာရိယံ၊ တမေဝ ပါဋိဟာရိယံ**=ဝေနေယျသတ္တဝါတို့သန္တာန်၌ဖြစ်သော ဆန့်ကျင်ဘက်ကိလေသာတို့ကို ပယ်သတ်တတ်သောတရားသဘော။

(တနည်း) **ဟရိတဗ္ဗ ပဝတ္တေတဗ္ဗန္တိ ဟာရိယံ**၊ (**ဝိဂတူပက္ကိလေသေန ကတကိစ္စေန စ သတ္တဟိတတ္ထိ**) **ပစ္ဆာ ဟာရိယံ ပဋိဟာရိယံ၊ တမေဝ ပါဋိဟာရိယံ**=(ကိလေသာအညစ်အကြေး ကင်းဝေး၍ ၁၆-ပါးသောမဂ်ကိစ္cကိုပြုပြီးသော ဘုရား ရဟန္တာပုဂ္ဂိုလ်သည် သတ္တဝါတို့အကျိုးစီးပွားအလိုငှါ) နောက်ထပ်ဖြစ်စေထိုက်သော တရားသဘော။ ဤသို့စသည်ဖြင့်ဤသုတ်ဋီကာနှင့် ဥဒါနဋ္ဌကထာ (၉) စသည်တို့၌ အမျိုးမျိုး ဖွင့်ထား၏။

