## PAGE 385

တို့တည်း။ **တီဏိ**=သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့ နည်းဟူမူ၊ **ဣဒ္ဓိပါဋိဟာရိယံ**=တန်ခိုးဟူသော ပြာဋိဟာ -လည်းကောင်း၊ **အာဒေသနာပါဋိဟာရိယံ**=အာဒေသနာ ပြာဋိဟာလည်းကောင်း၊ **ဝါ**=သူတပါးစိတ်ကိုသိ၍ ပြောပြခြင်းဟူသော ပြာဋိဟာလည်းကောင်း၊ **အနုသာသနီပါဋိဟာရိယံ**=လည်းကောင်း၊ **ဝါ**=မြတ်စွာဘုရားနှင့် သာဝကတို့ အမြဲမပြတ်ဟောကြားအပ်သော အဆုံးအမ တရားဒေသနာဟူသော .. ပြာဋိဟာလည်းကောင်းတည်း။

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဣဒ္ဓိပါဋိဟာရိယံ**=ဣဒ္ဓိပါဋိဟာရိယဟူသည်၊ **ကတမံ စ**=အဘယ်နည်း၊ **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=အချို့ပုဂ္ဂိုလ်သည်၊ **အနေကဝိဟိတံ**=များသော အပြားရှိသော၊ **ဣဒ္ဓိဝိဓံ**=တန်ခိုးအဖို့ကို၊ **ဝါ**- တန်ခိုးအမျိုးအစားကို၊ **ပစ္စနုဘောတိ**=ခံစားသုံးစွဲ၏၊ **ဝါ**- ကိုယ်တွေ့ထိရောက် မျက်မှောက်ပြု၏၊ ပုဂ္ဂိုလ်တယောက်တည်းသည်၊ **ဟုတွာပိ**=ဖြစ်၍လည်း၊ **ဝါ**… ဖြစ်ပါလျက်လည်း၊ **ဗဟုဓာ**=ရာထောင်စသား ပုဂ္ဂိုလ်များပြားလာသည်၊ **ဟောတိ**=ဖြစ်၏၊ **ဗဟုဓာ**=သည်၊ **ဟုတွာပိ**=ဖြစ်ပြီး၍လည်း၊ **ဝါ**-ဖြစ်ပြီးမှလည်း၊ **ဧကော**=ပုဂ္ဂိုလ်တယောက်တည်းသည်၊ **ဟောတိ**-ဖြစ်သွားပြန်၏၊ **အဝိဘာဝံ**=အထင်အရှားမြင်သာသည်အဖြစ်ကို၊ (**ကရောတိ**=ပြု၏) **တိရောဘာဝံ**=ကွယ်ပျောက်သည် အဖြစ်ကို၊ (**ကရောတိ**-၏) [ဝိသုဒ္ဓိမဂ်၊ ဒု၊ ၁၈]

**တိရောကုဋီ**=နံရံ၏ တဖက်သို့လည်းကောင်း၊ **တိရောပါကာရံ**=တံတိုင်း၏ တဖက်သို့ လည်းကောင်း၊ **တိရောပဗ္ဗတံ**=တောင်၏ တဖက်သို့လည်းကောင်း၊ **သေယျထာပိ အာကာသေ**=ဟင်းလင်းပြင် ကောင်းကင်၌ကဲ့သို့၊ **အသဇ္ဇမာနော**=ငြိတွယ်မနေဘဲ၊ **ဂစ္ဆတိ**=သွားနိုင်၏၊ **ပထဝိယာပိ**=မြေ၌လည်း၊ **သေယျထာပိ ဥဒကေ**=ရေ၌ကဲ့သို့၊ **ဥမ္မုဇ္ဇနိမုဇ္ဇံ**=ပေါ်ခြင်း+ငုတ်ခြင်းကို၊ **ကရောတိ**=ပြု၏၊ **သေယျထာပိ ပထဝီယံ**=မြေပြင်၌ကဲ့သို့၊ **ဥဒကေပိ**=ရေပြင်၌လည်း၊ **အဘိဇ္ဇမာနေ**=မကွဲမပျက်အောင်၊ **ဂစ္ဆတိ**=သွားနိုင်၏၊ [ကျွံနစ်ဝင်သွားခြင်း မရှိသဖြင့် မကွဲမပျက်အောင်သွားနိုင်၏ဟူလို]

**အာကာသေပိ**=ကောင်းကင်၌လည်း၊ **ပလ္လင်္ကေန** တင်ပျဉ်ဖွဲ့ခွေ ထိုင်နေခြင်းဖြင့်၊ **ပက္ခ**- အတောင်ရှိသော၊ **သကုဏော သေယျထာပိ** ငှက်ကဲ့သို့၊ **ကမတိ**=သွားနိုင်၏။ **ဧဝံမဟိဒ္ဓိကေ** ဤသို့ကြီးသော တန်ခိုးရှိကုန်သော၊ **ဧဝံမဟာနုဘာဝေ**=ဤသို့ ကြီးသော အစွမ်းအာနုဘော်ရှိကုန်သော၊ **ဣမေပိ စန္ဒိမသူရိယေ**=ဤလတို့ကိုပင်လည်း၊ **ပါဏိနာ**=လက်ဖြင့်၊ **ပရာမသတိ**=သုံးသပ်နိုင်၏၊ **ပရိမဒ္ဓတိ**=ပွတ်တိုက်နိုင်၏၊ **ယာဝ ဗြဟ္မလောကာပိ**=ဗြဟ္မာ့ပြည်တိုင်အောင်လည်း၊ **ကာယေန**=ကိုယ်ဖြင့်၊ **ဝသံ**=မိမိအလိုသို့၊ **ဝတ္တေတိ**=လိုက်စေနိုင်၏၊

## PAGE 386

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဣဒံ**=ဤသို့ ပုဂ္ဂိုလ်တယောက်တည်းက ရာထောင်စသား ပုဂ္ဂိုလ်တိုးပွားလာရခြင်းစသော တန်ခိုးကို၊ **ဣဒ္ဓိပါဋိဟာရိယံ**=ဣဒ္ဓိပါဋိဟာရိယဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏၊ **ဣဇ္ဈတီတိ ဣဒ္ဓိ၊ ဣဒ္ဓိ ဧဝ ပါဋိဟာရိယံ ဣဒ္ဓိပါဋိဟာရိယံ**=တန်ခိုးဟူသော ပြာဋိဟာ၊ **ဝါ**=ဆန့်ကျင်ဘက်တို့ကို ပယ်ရှားတတ်သော တန်ခိုး]

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **အာဒေသနာပါဋိဟာရိယံ**=အာဒေသနာပါဋိဟာရိယဟူသည်၊ **ကတမဉ္စ**=နည်း၊ **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဣဓ**=၌၊ **ဧကစ္စော**-သည်၊ **နိမိတ္တေန**=ကောက်ယူအပ်သော အတိတ်နိမိတ် အမှတ်အသားဖြင့် (တစုံတခုရောက်လာခြင်း, လွန်သွားခြင်း, မိမိအနီး၌ တည်ရှိနေခြင်းဖြင့် ကောက်ယူအပ်သော အတိတ်နိမိတ်ဖြင့်)၊ **အာဒိသတိ**=(တပ်အပ်သေချာ) ပြောဟော၏၊ (**ကိန္တိ**-သို့၊ **အာဒိသတိ**=မူ) **ဧဝမ္ပိ**=ဤသို့သော အခြင်းအရာ အားဖြင့်လည်း၊ **တေ**=သင်၏၊ **မနော**=စိတ်သည်၊ (**သောမနဿ, ဒေါမနဿ, ကာမဝိတက်** စသည်တို့တွင် တမျိုးမျိုးနှင့် ယှဉ်တွဲနေသော စိတ်သည်) **ပဝတ္တတိ**=ဖြစ်နေ၏၊ **ဣတ္ထမ္ပိ**=ဤသို့သော အခြင်းအရာအားဖြင့်လည်း၊ **တေ**=သင်၏၊ **မနော**=စိတ်သည်၊ (**ပဝတ္တတိ**=၏) **ဣတိပိ**=ဤသို့ ဤပုံလည်း၊ **ဝါ**=ဤမည်ဤမည်သော အကြောင်းအရာကိုကြံစည်လျက်လည်း၊ **တေ**=၏၊ **စိတ္တံ**-စိတ်သည်၊ (**ပဝတ္တတိ**=ဖြစ်နေ၏) **ဣတိ**=ဤသို့၊ (**အာဒိသုတိ**=ပြောဟော၏)၊

**သော**-ထိုပုဂ္ဂိုလ်သည်၊ **ဗဟုံ** များစွာ၊ **ဝါ**=များစွာသော စိတ်ကို၊ **ဝါ**=စိတ်နှင့်

**၁။ ဗဟုံ စေပိ အာဒိသတိ။** ။အဋ္ဌကထာမှ ပုံဝတ္ထု၌ ရှင်ဘုရင်၏လက်ထဲဝှက်ထားသော အရာဝတ္ထုမှာ ပုလဲသုံးလုံးဖြစ်၏ဟု ပုရောဟိတ်ပုဏ္ဏားက (အတိတ်နိမိတ်ကောက်၍) မလွဲတမ်းပြောလိုက်ခြင်းမှာ (သူတပါး၏စိတ်ကိုပြောဟောခြင်း မဟုတ်သော်လည်း) အာဒေသနာပါဋိဟာရိယပင်ဖြစ်၏။ ထို့ကြောင့် “**ဧဝံမ္ပိ တေ မနော**” စသည်ဖြင့် သူတပါး၏ စိတ်ကို ပြောဟောခြင်းတမျိုးကိုသာ အာဒေသနာပါဋိဟာရိယ အဖြစ်ဖြင့် ပါဠိတော်၌ တိုက်ရိုက်ပြထားခြင်းသည် နိဒဿနနည်းမျှ (နမူနာလောက်မျှ) သာ ပြထားခြင်းဖြစ်၏ဟု **ဒီ၊ ပါထိကဝဂ်ဋီကာ (၆၇)** ၌ မိန့်ဆို၏။

**ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ဒု၊ ၃၀၉)** ၌ကား **ဗဟုံ စေပိ အာဒိသတိ** ၌သူတပါးစိတ်မှတပါး အခြားသောအကြောင်းအရာများကို ပြောဟောခြင်းကိုပါယူ၍ဖွင့်ထား၏၊ (**ဗဟုံ** ၏ နောက်ဆုံးအနက်ကို သတိပြုပါ) ထိုအဋ္ဌကထာအလိုသူတပါးစိတ်ကိုသာမက အခြားအကြောင်းအရာများကို ပြောဟောခြင်းကိုလည်းပါဠိတော်၌ တိုက်ရိုက်ပြရာရောက်ပါ၏။
## PAGE 387

တကွ များပြားလှသော အခြားအကြောင်းအရာအမျိုးမျိုးကို၊ **စေပိ အာဒိသတိ**=အကယ်၍ပင် ပြောဟောစေကာမူ၊ တံ-ထိုပြောဟောသမျှ အားလုံးစုံသည်၊ **တထေဝ**=ပြောဟောသည့်အတိုင်း မလွဲဧကန် မှန်သည်သာ၊ **ဟောတိ**=၏၊ **အညထာ**=တစ်မျိုးတစ်ခြား အလွဲအမှားအားဖြင့်၊ **နော**(ဟောတိ)=မဖြစ်။

**ဗြာဟ္မဏ**=ဏ္ဏား၊ **ပန**=ထို့အပြင်၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=သည်၊ **နိမိတ္တေန**=ဖြင့်၊ **နဟေဝ အာဒိသတိ**=မပြောဟောသေး၊ [အတိတ်နိမိတ်ကောက်တတ်သော်လည်း ထိုအတိတ်နိမိတ်လောက်မျှဖြင့် မပြောဟောသေး] **အပိ စ ခေါ**=စင်စစ်သော်ကား၊ **မနုဿာနံ ဝါ**=လူတို့၏လည်းကောင်း၊ **အမနုဿာနံ ဝါ**=ဘီလူး တစ္ဆေစသည်တို့၏လည်းကောင်း၊ **ဒေဝတာနံ ဝါ**=စတုမဟာရာဇ်စသော နတ်တို့၏ လည်းကောင်း၊ **သဒ္ဒံ**=အသံကို၊ (သူတစ်ပါးစိတ်ကိုသိ၍ပြောဆိုသံကို) **သုတွာ**=ကြားရ၍၊ **အာဒိသတိ**=၏၊ (ကိန္တိ အာဒိသတိ)။ပ။

**နဟေဝ အာဒိသတိ**=သေး၊ **မနုဿာနံ ဝါ**=လည်းကောင်း။ပ။ **သဒ္ဒံ**=ကို၊ **သုတွာပိ**=ကြားရ၍လည်း၊ **န အာဒိသတိ**=မပြောဟောသေး၊ **အပိ စ ခေါ**=ကား၊ **ဝိတက္ကယတော**=ကြံစည်သောသူ၏၊ **ဝိစာရယတော**=ဆင်ခြင်သုံးသပ်သောသူ၏၊ **ဝိတက္ကဝိပ္ပါရသဒ္ဒံ**=ကြံစည်မှုအရှိန်အဟုန်ကြောင့်ဖြစ်သော အသံကို၊ **သုတွာ**=ကြားရ၍။ပ။

**ဗြာဟ္မဏ**=ဏ္ဏား၊ **ပန**=ထို့အပြင်၊ **ဣဓ**=၌၊ **ဧကစ္စော**=(စေတောပရိယဉာဏ်ကိုရသော) အချို့ပုဂ္ဂိုလ်သည်၊ ပရိစ္စ ဇာနာတိ တိုင်အောင်လှမ်းစပ်] **နိမိတ္တေန**=ဖြင့်။ပ။ **သုတွာပိ**=လည်း၊ **န အာဒိသတိ**=သေး၊ **အပိ စ ခေါ**=ကား၊ **အဝိတက္က**=ဝိတက်လည်းမရှိသော၊ **အဝိစာရံ**=ဝိစာရလည်းမရှိသော၊ **သမာဓိ**=ဈာန်သမာဓိသို့၊ ဝါ=ကို၊ **သမာပန္နဿ**=ကောင်းစွာ ဆိုက်ရောက်ဝင်စားနေသော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏၊ **စေတော**=စိတ်ကို၊ **စေတသာ**=မိမိ၏စိတ်ဖြင့်၊

၁။ **ဝိတက္ကဝိပ္ပါရသဒ္ဒ**။ **ဝိတက္ကဝိပ္ပါရသဒ္ဒံ သုတွာ**-တိ ဝိတက္ကဝေဂဝသေန ဥပ္ပန္နံ `ဝိပ္ပလပန္တာနံ သုတ္တပမတ္တာဒိနံ ကူဇနသဒ္ဒံ သုတွာ။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ။ **ဝိတက္ကဿ ဝိပ္ပါရော**(ကြံစည်မှုဝိတက်၏ ပျံ့နှံ့သော အရှိန်အဟုန်) **ဝိတက္ကဝိပ္ပါရေန ဥပ္ပန္နော သဒ္ဓေါ ဝိတက္ကဝိပ္ပါရသဒ္ဓေါ**။

(၁) အိပ်ပျော်နေသူ, မူးမေ့နေသူ, ရောဂါဒဏ်ခံနေရသူ စသည်တို့၏ယောင်ယမ်းပြောဆိုသံနှင့် ညည်းညူသံ။
(၂) ဤအကြောင်းအရာကိုပြောမည်, ဤလိုပြောမည်စသည်ဖြင့် ကြံစည်စိတ်ကူးရင်း တစ်ယောက်ထီးတည်းပြောဆိုအပ်သောအသံတို့ကို ဝိတက္ကဝိပ္ပါရသဒ္ဒ ဟုခေါ်၏။ အလွန်တိုးတိုးတိတ်တိတ်မဟုတ်လျှင် ထိုအသံကို နီးနီးကပ်ကပ် နေသူများကြားနိုင်၏။

အဋ္ဌကထာ၏ ဝတ္ထုကြောင်းများကိုကြည့်ပါ

