## PAGE 388

**ပရိစ္စ**=ပိုင်းခြား၍၊ **ပဇာနာတိ**=သိ၏၊ (ကိန္တိ=သို့၊ ပဇာနာတိ=ဟူမူ) **ယထာ**=အကြင်အခြင်းအရာအားဖြင့်၊ **ဣမဿ**=ဤအရှင်သည်၊ **မနောသင်္خါရာ**=မနောသင်္ခါရတို့ကို၊ ဝါ=စိတ်သည် စီမံပြုလုပ်အပ်သော ဝေဒနာ, သညာတို့ကို၊ **ပဏိဟိတာ**=ကောင်းစွာ ထားအပ်ကုန်ပြီ၊ ဝါ=ပဓာနအဖြစ်ဖြင့် ထားအပ်ကုန်ပြီ၊ ဝါ=ဖြစ်စေအပ်ကုန်ပြီ၊ (တထာ=ထိုမနောသင်္ခါရတို့ကို ကောင်းစွာထားခြင်းဟူသောအခြင်းအရာအားဖြင့်၊ ဝါ=မနောသင်္ခါရတို့ကို ကောင်းစွာထားခြင်းဟူသောအကြောင်းကြောင့်) **ဣမဿ စိတ္တဿ**=ဤဈာန်စိတ်၏။

**အနန္တရာ**=အခြားမဲ့၌၊ ဝါ=အခြားမဲ့ဖြစ်သော ဈာန်မှထရာအခါ၌၊ **အမုံ နာမ ဝိတက္က**=ထိုမည်သော အကြံအစည်ကို၊ **ဝိတက္ကေဿတိ**=ကြံစည်လိမ့်လတ္တံ့၊ ဝါ=ဖြစ်စေလိမ့်လတ္တံ့၊ ဣတိ=ဤသို့၊ (ပဓာနာတိ=၏)

သော-ထိုပုဂ္ဂိုလ်သည်၊ (ထိုစေတောပရိယဉာဏ်ရသော ၁။ **ယထာ ဣမဿ**-ပ။ **ဝိတက္ကေဿတီ**-တိ၌ ဆိုလိုရင်းမှာ – စေတောပရိယအဘိညာဉ်ရသော ပုဂ္ဂိုလ်သည် ဈာန်ဝင်စားနေသော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ သမာပတ်အတွင်းမှ ဈာန်စိတ်အခြေအနေကို ကြည့်ပြီးလျှင် “ဤဈာန်ဝင်စားသောပုဂ္ဂိုလ်သည် ဤနည်း ဤပုံ ဈာန်စိတ် (မနောသင်္خါရ) တို့ကိုဖြစ်စေသောကြောင့် ဈာန်မှထသောအခါ ဤမည်သော အကြံကိုကြံစည်လိမ့်မည်၊ ထို့ကြောင့် သူ၏ဈာန်သမာဓိသည် ဆုတ်ယုတ်ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ်မတိုးတက်ဘဲ ရပ်တန့်နေလိမ့်မည်၊ သို့မဟုတ် သူသည် အထက်ဈာန်တရားထူးကို တိုးတက်ရရှိလိမ့်မည်၊ မဂ်ဖိုလ်ကိုရလိမ့်မည်။ အဘိညာဉ်ကိုဖြစ်စေလိမ့်မည်” ဤသို့စသည်ဖြင့် သူတစ်ပါး စိတ်ကိုသိသည်ဟူလို။

**မနသာ သင်္ခရိယန္တိ**-တိ **မနောသင်္خါရာ**၊ ဝေဒနာ သညာ။ **ပဏိဟိတာ**-တိ ပုရိမပရိဗန္ဓဝိနယေန (ရှေး၌ဖြစ်သော နီဝရဏကิလေသာ ဘေးရန်အတားအဆီးတို့ကို ပယ်ရှားခြင်းအားဖြင့်) ပဓာနဘာဝေန နိဟိတာ ဌပိတာ၊ တေနာဟ “**စိတ္တသင်္ခါရာ သုဋ္ဌပိတာ**”-တိ။ ပါထိကဝဂ်ဋီကာ၊ ၆၈။

ဤ၌ မနောသင်္خါရအရ ဝေဒနာသညာ တရားနှစ်ပါးကိုသာ ယူထားခြင်းမှာ ပဓာနဘာဝေန နိဟိတာနှင့်အညီ ပဓာနအကျဆုံး, အရေးပါဆုံးတရားများဖြစ်သောကြောင့်ဟု ယူဆ၏။ ထို့ကြောင့် “**အဝိတက္ကံ အဝိစာရံ သမာဓိ**” ဟူသောဤသုတ်ပါဠိတော်နှင့် အညီ ဝိတက်, ဝိစာရနှစ်ပါးကို ချန်လှပ်၍ ကျန်သောဈာန်စိတ်စေတသိက်အားလုံးကိုပင် မနောသင်္خါရဟု ဆိုသင့်၏။ “**သညာ ဝေဒနာ စ စိတ္တသင်္ခါရော**၊ **ဌပေတွာ ဝိတက္ကဝိစာရေ သဗ္ဗေပိ စိတ္တသမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော**” ဟူသော သင်္ခါရယမိုက် ပါဠိတော် ကိုလည်း သတိပြုလေ။

## PAGE 389

ပုဂ္ဂိုလ်သည်) **ဗဟုံ**=များစွာ၊ ဝါ=များစွာသော သရာဂစသော (၁၆) ပါးသောစိတ်ကို၊ **စေပိ အာဒိသတိ**=မူ ဤနေရာ၌ကား စေတောပရိယဉာဏ်၏အရာဖြစ်သောကြောင့် ဗဟုံအရ စိတ်မှတပါး တခြားသော အကြောင်းအရာများမပါဝင်နိုင်၊ စေတောပရိယဉာဏ်သည် စိတ်စေတသိက်တို့ကိုသာ အာရုံပြုသောကြောင့် သရာဂစသော စိတ် (၁၆) ပါးတို့သာ ပါဝင်နိုင်ကြောင်းကို ပဋိသမ္ဘိဒါမဂ်ဋ္ဌ၊ ဒု၊ ၃၁၀-၌ဖွင့်၏]။ပ။

**ဗြာဟ္မဏ**=ဏ္ဏား၊ **ဣဒံ**=ဤသူတစ်ပါးစိတ်ကို သိ၍ ပြောပြခြင်းကို။ **အာဒေသနာပါဋိဟာရိယံ**=ဟူ၍၊ **ဝုစ္စတိ**=၏၊ [**ပရဿ စိတ္တံ ဉတွာ အာဒိသနံ ကထနံ အာဒေသနာ**၊ **အာဒေသနာ စ သာ ပါဋိဟာရိယဉ္စာ**-တိ **အာဒေသနာပါဋိဟာရိယံ**]

**ဗြာဟ္မဏ**=ဏ္ဏား၊ **အနုသာသနီပါဋိဟာရိယံ**=အနုသာသနီပါဋိဟာရိယဟူသည်၊ **ကတမဉ္စ**=နည်း။ပ။ **ဧကစ္စော**=အချို့သောသူသည်၊ **ဧဝံ**-ဤသို့၊ **အနုသာသတိ**=ဟောပြောညွှန်ပြဆုံးမ၏၊ (ကိန္တိ အနုသာသတိ)

**ဧဝံ**=ဤနေက္ခမ္မ၀ိတက်စသည်တို့ကို၊ **ဝိတက္ကေထ**=ကြံစည်ကြကုန်လော၊ ဝါ=ဖြစ်စေကြကုန်လော၊ **ဧဝံ**=ဤကာမဝိတက်စသည်တို့ကို၊ **မာ ဝိတက္ကယိတ္ထ**=မကြံစည်ကြကုန်လင့်၊ **ဧဝံ**=ဤအနိစ္စသညာစသည်တို့ကို၊ ဝါ=ဤသို့အနိစ္စဒုက္ခ, အနတ္တ, အသုဘဟူ၍၊ **မနသိကရောထ**=နှလုံးသွင်းကြကုန်လော၊ **ဧဝံ**=ဤနိစ္စသညာစသည်တို့ကို၊ ဝါ=နိစ္စ, သုခ, အတ္တ, သုဘဟူ၍၊ **မာ မနသိ အကတ္ထ**=နှလုံးမသွင်းကြကုန်လင့်၊ **ဣဒံ**=ဤ ကာမဂုဏ်ငါးပါး၌ တပ်မက်သောရာဂကို၊ **ပဇာထ**=ပယ်စွန့်ကြကုန်လော၊ **ဣဒံ**-ဤမဂ်တရားသို့၊ ဝါ=ကိုး **ဥပသမ္ပဇ္ဇ**=ရောက်၍၊ ဝါ=ပြီးစီးစေ၍၊ **ဝိဟရထ**=နေကြကုန်လော၊ ဣတိ (အနုသာသတိ=၏)

**ဗြာဟ္မဏ**=ဏ္ဏား၊ **ဣဒံ**=ဤမြတ်စွာဘုရားနှင့် သာဝကတို့စဉ်လာမပြတ် ဟောကြားအပ်သော အဆုံးအမ တရားဒေသနာတော်ကို၊ **အနုသာသနီပါဋိဟာရိယံ**=ဟူ၍၊ **ဝုစ္စတိ**=၏၊ **သာဝကာနဉ္စ ဗုဒ္ဓါနဉ္စ သတတံ ဓမ္မဒေသနာ အနုသာသနီပါဋိဟာရိယံ**။ သီလက္ခန်ဋ္ဌ၊ ၃၂၂။

**သတတံ ဓမ္မဒေသနာ**-တိ **သဗ္ဗကာလံ ဒေသေတဗ္ဗဓမ္မဒေသနာ**၊ ၎င်းဋီကာ၊ ၃၉ဝ။ **အနုသာသိယာ**-တိ **အနုသာသနီ**=သွန်သင်ညွှန်ပြ ဟောကြားအပ်သောတရားတော်၊ **အနုသာသနီ စ သာ ပါဋိဟာရိယဉ္ဇာ**-တိ **အနုသာသနီပါဋိဟာရိယံ**]

**ဗြာဟ္မဏ**=ဏ္ဏား၊ **ပါဋိဟာရိယာနိ**=ပြာဋိဟာတို့သည်၊ **ဣမာနိ တီဏိ**=တည်း။ **ဗြာဟ္မဏ**=ဏ္ဏား၊ **တီဏိ**=သုံးမျိုးကုန်သော၊ **ဣမေသံ ပါဋိဟာရိယာနံ**=ဤပြာဋိဟာတို့တွင်၊ **ကတမံ ပါဋိဟာရိယံ**=အဘယ်ပြာဋိဟာသည်၊ **အဘိက္ကန္တတရာ**=သာလွန်ကောင်းမွန်လျက်လည်းကောင်း၊ ဝါ=မွန်၍ လည်းကောင်း၊ **ပဏီတတရဉ္စ**=သာလွန်မြင့်မြတ်လျက်လည်းကောင်း၊ ဝါ=မြတ်၍
## PAGE 390

လည်းကောင်း၊ **တေ**=သင့်အား၊ **ဝါ**=သင်၏စိတ်၌၊ **ခမတိ**=နှစ်သက်ပါသနည်း၊ **ဝါ**=နှစ်သက်မှုကို ဖြစ်စေပါသနည်း၊ **ဣတိ** (အဝေါစ=မေးမြန်းတော်မူပြီ)

**ဘော ဂေါတမ**၊ **တတြ**=ထိုသုံးမျိုးသော ပြာဋိဟာတို့တွင်၊ **ယဒိဒံ ပါဋိဟာရိယံ**=အကြင်ပြာဋိဟာသည်၊ (အတ္ထိ-ရှိ၏) **ဣဓ**=၌၊ **ဧကစ္စေ**။ပ။ **ဝတ္တေတိ**=၏၊ **ဘော ဂေါတမ**၊ **ဣဒံ ပါဋိဟာရိယံ**=ဤဣဒ္ဓိပြာဋိဟာသည်၊ (အတ္ထိ) **ယော**=အကြင်ပုဂ္ဂိုလ်သည်၊ [ဇဝ-အနက်မရှိ] **နံ**=ထိုဣဒ္ဓိပြာဋိဟာကို၊ **ကရောတိ**=ပြု၏၊ **သော ဧဝ**=(ဣဒ္ဓိပြာဋိဟာကိုပြုသော) ထိုပုဂ္ဂိုလ်သည်သာလျှင်၊ **နံ**=ထိုဣဒ္ဓိပြာဋိဟာကို၊ **ပဋိသံဝေဒေတိ**=ခံစားရ၏၊ **ယော**=သည်။ပ၊ **တဿေဝ**=(ဣဒ္ဓိပြာဋိဟာကိုပြုသော) ထိုပုဂ္ဂိုလ်အတွက်သာလျှင်၊ **တံ**=ထိုဣဒ္ဓိပြာဋိဟာသည်၊ **ဟောတိ**=ဖြစ်၏၊ **ဘော ဂေါတမ**၊ **ဣဒံ ပါဋိဟာရိယံ**=ဤဣဒ္ဓိပြာဋိဟာသည်၊ **မေ**=အကျွန်ုပ်အား၊ **မာယာသဟဓမ္မရူပံ ဝိယ**=မျက်လှည့်နှင့်တူသော အကြောင်းသဘောရှိသကဲ့သို့၊ [မျက်လှည့်နှင့်တူသကဲ့သို့ ဟုပင်ဆိုလို၏] **ဟုတွာ**=ဖြစ်၍၊ **ခါယတိ**=ထင်မြင်လာပါ၏။ [**သဟ သမာနော ဓမ္မော ကာရဏံ သဟဓမ္မော**၊ **သဟဓမ္မော ရူပံ** (သဘော) **သဟဓမ္မရူပံ**၊ **မာယာယ သဟဓမ္မရူပံ ယဿ ပါဋိဟာရိယဿာတိ မာယာသဟဓမ္မရူပ**]

**ဘော ဂေါတမ**၊ **ယမ္ပိဒံ ပါဋိဟာရိယံ**=အကြင်ပြာဋိဟာသည်လည်း၊ (အတ္ထိ) **ဣဓ**။ပ။ **ဘော ဂေါတမ**၊ **ဣဒမ္ပိ ပါဋိဟာရိယံ**=ဤအာဒေသနာပြာဋိဟာသည်လည်း (အတ္ထိ) **ယော**=သည်၊ **နံ**=ထိုအာဒေသနာပြာဋိဟာကို၊ **ကရောတိ**=၏၊ **သောဝ**=ထိုပုဂ္ဂိုလ်သည်သာလျှင်၊ **နံ**=ထိုအာဒေသနာပြာဋိဟာကို။ပ။ **တဿေဝ**=(အာဒေသနာပြာဋိဟာကို ပြုသော)ထိုပုဂ္ဂိုလ်အတွက်သာလျှင်၊ **ဟောတိ**=၏၊ **ဘော ဂေါတမ**၊ **ဣဒမ္ပိ ပါဋိဟာရိယံ**=ဤအာဒေသနာပြာဋိဟာသည်လည်း၊ **မာယာသဟဓမ္မရူပံ ဝိယ**=စိန္တာမဏိမည်သော မာယာအတတ်နှင့်တူသော အကြောင်းသဘောရှိသကဲ့သို့၊ **ဝါ**=သူတစ်ပါးစိတ်အကြံကို သိကြောင်းအတတ်နှင့်တူသော အကြောင်းသဘောရှိသကဲ့သို့ (**ဟုတွာ**) **မေ**=အား၊ **ခါယတိ**=၏၊ [**ပရေသံ စိန္တံ မနတိ ဝိဇာနာတိ ဧတာယာတိ စိန္တာမဏိ**]

**ဘော ဂေါတမ**၊ **ယဉ္စ ခေါ ဣဒံ ပါဋိဟာရိယံ**=အကြင်ပြာဋိဟာသည်လည်း၊ (အတ္ထိ) **ဣဓ**=၌။ပ၊ **ဘော ဂေါတမ**၊ **တီဏိ**=ကုန်သော၊ **ဣမေသံ ပါဋိဟာရိယာနံ**=တို့တွင်၊ **ဣဒမေဝ ပါဋိဟာရိယံ**=ဤအနုသာသနီပြာဋိဟာသည်သာလျှင်၊ **အဘိက္ကန္တတရဉ္စ**=လည်းကောင်း၊ **ပဏ္ဍိတတရဉ္စ**=လည်းကောင်း၊ **မေ**=အကျွန်ုပ်အား၊ **ဝါ**=အကျွန်ုပ်၏စိတ်၌၊ **ခမတိ**=နှစ်သက်ပါ၏၊ **ဝါ**=၏။

