## PAGE 391

**ဘော ဂေါတမ**၊ **အစ္ဆရိယံ**=လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပါပေစွ၊ **ဘော ဂေါတမ**၊ **အဗ္ဗုတံ**=မဖြစ်စဖူး အသစ်အထူးဖြစ်ပါပေစွ၊ **ဘောတာ ဂေါတမေန**=အရှင်ဂေါတမသည်၊ **ယာဝ**=အလွန်အကဲသာလျှင်၊ **ဣဒံ**=ဤတရားစကားကို၊ **သုဘာသိတံ**=ကောင်းစွာဟောကြားတော်မူအပ်ပါပြီး **မယံ**=အကျွန်ုပ်တို့သည်၊ **ဘဝန္တံ ဂေါတမံ**=အရှင်ဂေါတမကို၊ **တီဟိ**=သုံးမျိုးကုန်သော၊ **ဣမေဟိ ပါဋိဟာရိယေဟိ**=ဤပြာဋိဟာတို့နှင့်၊ **သမန္နာဂတံ စ**=ပြည့်စုံသောပုဂ္ဂိုလ်ဟူ၍လည်း၊ **ဓာရေမ**=သိမြင်မှတ်သားနားလည်ပါကုန်၏၊ **ဟိ**=အမှန်တကယ်ပင်၊ **ဘဝံ ဂေါတမော**=အရှင်ဂေါတမသည်။ပ။ **ဝတ္တေတိ**=၏။

**ဟိ**=ပင်၊ **ဘဝံ ဂေါတမော**=သည်၊ **အဝိတက္ကံ**။ပ။ **ဝိဟရထ**=လော၊ **ဣတိ**=ဤသို့၊ (**အနုသာသတိ**=၏၊ **ဣတိ**=သို့၊ **အဝေါစ**=လျှောက်ပြီ)

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **အဒ္ဓါ ခေါ**=ဧကန်စင်စစ်အားဖြင့်ပင်၊ **တေ**=သင်သည် (!အာသဇ္ဇ)=ငါ့ဂုဏ်တို့ကို မသွယ်မဝိုက် တိုက်ရိုက်တိုက်ခတ်၍၊ **ဥပနီယ**=ငါ့ဂုဏ်တို့၏ အနီးသို့ကပ်ဆောင်၍၊ **အယံ ဝါစာ**=ဤစကားကို (!ဘာသိတာ)=ပြောဆိုအပ်ပြီ၊ **အပ်စ**=အမှန်စင်စစ်ကား၊ **အဟံ**=ငါကိုယ်တိုင်သာလျှင် (!တေ)=သင့်အား (!ဗျာကရိဿာမိ)=ပြောဆိုပေအံ့၊ **ဗြာဟ္မဏ**=ပုဏ္ဏား (!ဟိ)=အမှန်တကယ်ပင် (!အဟံ)=ငါသည်။ပ။ **ဝိဟရထ**=နေကြကုန်လော၊ **ဣတိ** (**အနုသာသာမိ**=ဟောပြောညွှန်ပြ ဆုံးမတော်မူ၏၊ **ဣတိ အဝေါစ**=မိန့်တော်မူပြီ)

**ဘော ဂေါတမ**၊ **ဘောတာ ဂေါတမေန**=အရှင်ဂေါတမကို (!အညတြ)=ကြဉ်ဖယ်ထား၍ (!ယော)=အကြင်ရဟန်းသည် (!တီဟိ)=သုံးမျိုးကုန်သော (!ဣမေဟိ ပါဋိဟာရိယေဟိ)=ဤပြာဋိဟာတို့နှင့် (!သမန္နာဂတော)=ပြည့်စုံ၏၊ **အညော**=အရှင်ဂေါတမမှ တပါးတခြားသော (!သော ဧကဘိက္ခုပိ)=(ပြာဋိဟာသုံးမျိုးတို့နှင့် ပြည့်စုံသော) ထိုတစ်ပါးတစ်လေသော ရဟန်းသည်လည်း (!အတ္ထိ ပန)=ရှိပါသေးသလော၊ **ဣတိ** (**အဝေါစ**=လျှောက်)

**ဗြာဟ္မဏ**=ပုဏ္ဏား (!ဧကံယေဝ သတံ)=ရဟန်းတစ်ရာတည်းသာလျှင် (!န အတ္ထိ)=ရှိသည်မဟုတ် (!ဒွေ သတာနိ)=ရဟန်းနှစ်ရာတို့သာလျှင် (!န အတ္ထိ)=ရှိကုန်သည်မဟုတ် (!တီဏိ သတာနိ)=ရဟန်းသုံးရာတို့သာလျှင် (!န အတ္ထိ)=ရှိကုန်သည်မဟုတ် (!စတ္တာရိ သတာနိ)=ရဟန်းလေးရာတို့သာလျှင် (!န အတ္ထိ)=ဟုတ် (!ပဉ္စ သတာနိ)=ရဟန်းငါးရာတို့သာလျှင် (!န အတ္ထိ)=ဟုတ် (!အထ ခေါ)=အဟုတ်သော်ကား (!ယေ ဘိက္ခူ)=အကြင်ရဟန်းတို့သည် (!တီဟိ)=ကုန်သော (!ဣမေဟိ ပါဋိဟာရိယေဟိ)=တို့နှင့် (!သမန္နာဂတာ)=ပြည့်စုံကုန်၏ (**တေ ဘိက္ခု**=ထိုရဟန်းတို့သည်) **ဘိယျောဝ**=ထို့ထက်မက များလှကုန်သည်သာတည်း၊ **ဣတိ** (**အဝေါစ**=မိန့်)

## PAGE 392

**ဘော ဂေါတမ**၊ **ဧတရဟိ**=ယခုအခါ၌ (!တေ ဘိက္ခု)=ထိုပြာဋိဟာသုံးမျိုးနှင့် ပြည့်စုံသော ရဟန်းတို့သည် (!ကဟံ)=အဘယ်အရပ်၌ (!ဝိဟရန္တိ)=နေကြပါကုန်သနည်း၊ **ဣတိ** (**အဝေါစ**=လျှောက်)

**ဗြာဟ္မဏ**=ပုဏ္ဏား (**တေ ဘိက္ခု**=တို့သည်) **ဣမသ္မိံ ယေဝ ဘိက္ခုသံဃေ**=ဤရဟန်းအပေါင်း၌သာလျှင် (**ဝိဟရန္တိ**=နေပါကုန်၏) **ဣတိ** (**အဝေါစ**=မိန့်တော်မူပြီ)

[အဘိက္ကန္တ စသည်ကို ဒုကစာပိုဒ် ၁၆-သုတ်၌ကြည့်]

**ပဌမော**=ပထမသော၊ **ဗြာဟ္မဏဝဂ္ဂေါ**=ဗြာဟ္မဏဝဂ်တည်း။

### (၇) ၂-မဟာဝဂ်

#### ၁-တိတ္ထာယတနသုတ်

**၆၂။** **ဘိက္ခဝေ**=ရဟန်းတို့၊ **တိတ္ထာယတနာနိ**=မှားယွင်းသော အယူရှိသူတို့၏ ပေါက်ဖွားရာ မိစ္ဆာအယူတို့သည် **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **ယာနိ**=ယင်းမိစ္ဆာအယူသုံးမျိုးတို့သည် [သဏ္ဌဟန္တိ၌စပ်] ဝါတို့ကို [သမနုယုဉ္ဇိယမာနာနိ စသည်၌စပ်] **ပဏ္ဍိတေဟိ**=ပညာရှိတို့က **သမနုယုဉ္ဇိယမာနာနိ**=စစ်ဆေးမေးမြန်းအပ်ကုန်လသော်၊ **သမနုဂါဟိယမာနာနိ**=နှိုက်ယူစုံစမ်း မေးမြန်းအပ်ကုန်လသော်၊ **သမနုဘာသိယမာနာနိ**=ကောင်းစွာဆွေးနွေး မေးမြန်းအပ်ကုန်လသော်၊ **ပရံ**=ရှေးဟောင်းအဆက်ဆက်သို့ [ဆရာအဆက်ဆက်, အယူဝါဒအဆက်ဆက်, အတ္တဘောအဆက်ဆက်တို့တွင် တစ်မျိုးမျိုးသော]

**၁။ တိတ္ထာယတနာနိ။** ။“**အာယတန**=မှားယွင်းသောအယူရှိသူတို့၏ ပေါက်ဖွားရာ, ပေါင်းဆုံစုဝေးရာ ဌာနဖြစ်သော + **တိတ္ထိ**=မိစ္ဆာအယူ” ဟု အလွယ်အနက်မှတ်ပါ၊ **တရန္တိ ဥပ္ပလဝန္တိ သတ္တာ ဧတ္ထာတိ တိတ္ထိ**=သတ္တဝါတို့ ငုတ်ချီပေါ်ချီဖြစ်ရာ မိစ္ဆာအယူ၊ **တိတ္ထဘူတာနိ အာယတနာနိ တိတ္ထာယတနာနိ**=မိစ္ဆာအယူဟူသော ပေါက်ဖွားရာ, စုဝေးရာဌာန။ (တစ်နည်း) **တိတ္ထိယ**=မှားယွင်းသော အယူရှိသောသူ။ **တိတ္ထိယာနံ အာယတနာနိ ကာရဏာနိ တိတ္ထိယာယတနာနိ** (မှားယွင်းသော အယူရှိသူတို့၏ အကြောင်းဖြစ်သော မိစ္ဆာအယူတို့) ဟု ဝစနတ္ထပြု၍ **ဣယ**ကိုချေလျှင် **တိတ္ထာယတန**-ဟု ဖြစ်၏။

**၂။ သမနုယုဉ္ဇိယမာနာနိ။** “**သမနုယုဉ္ဇိယမာနာနိ**” စသော သုံးပုဒ်လုံးပင် “စစ်ဆေးမေးမြန်းခြင်း” အနက်ကိုဟောသော ပရိယာယ်ပုဒ်များ ဖြစ်၏။

(တစ်နည်း) **သမနုယုဉ္ဇိယမာနာနိ**=(ထိုမိစ္ဆာအယူတို့ဟူသည် အဘယ်နည်းဟု) စစ်ဆေးမေးမြန်းအပ်ကုန်လသော်၊ **သမနုဂါဟိယမာနာနိ**=(အဘယ်ကြောင့် ထိုမိစ္ဆာအယူများ ဖြစ်သနည်းဟု) နှိုက်ယူမေးမြန်းအပ်ကုန်လသော်၊ **သမနုဘာသိယမာနာနိ**=(ထိုမိစ္ဆာအယူတို့ကို စွန့်ပစ်ဘို့ရန်) ကောင်းစွာသွန်သင် ဆုံးမအပ်ကုန်လသော်။
## PAGE 393

ရှေးဟောင်းအဆက်ဆက်သို့)၊ **ဂန္ဓာ**ပိ=ရှည်ဝေးစွာ လိုက်သွားပြီး၍လည်း၊ **ဝါ**=ရှည်ဝေးစွာ လိုက်သွားပါသော်လည်း၊ **အကိရိယာယ**=မတီထွင် မပြုလုပ်ခြင်း သဘောမျှ၌သာလျှင်၊ (မိစ္ဆာအယူနှင့် မိစ္ဆာအယူရှိသူတို့ကို တီထွင်ပြုလုပ် မွေးထုတ်လိုက်သူ တရားခံ လက်သည် မထင်ပေါ်ခြင်းသဘော၌သာလျှင်) **သဏ္ဌဟန္တိ**=ရပ်တန့်နေကုန်၏၊ **တီဏိ**=သုံးမျိုးသော မိစ္ဆာအယူတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်းဟူမူ၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **အယံ ပုရိသပုဂ္ဂလော**=ဤသတ္တဝါဖြစ်သော ပုဂ္ဂိုလ်သည်၊ **ယံကိဉ္စိ**=တစုံတခုသော၊ **သုခံ** ဝါ=သုခဝေဒနာကိုလည်းကောင်း၊ **ဒုက္ခံ** ဝါ=ဒုက္ခဝေဒနာ कोလည်းကောင်း၊ **အဒုက္ခမသုခံ** ဝါ=ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်သော ဥပေက္ခာဝေဒနာကိုလည်းကောင်း၊ **ပဋိသံဝေဒေတိ**=ခံစား၏၊ **ဝါ**=မိမိသန္တာန်၌ ဖြစ်လာသည်ကိုသိ၏၊ **သဗ္ဗံ**=အားလုံးသော၊ **တံ**=ထိုဝေဒနာကို၊ **ပုဗ္ဗေကတဟေတု**=ရှေးဘဝ၌ ပြုအပ်ခဲ့သော ကုသိုလ်အကုသိုလ်ကံ ဟူသော အကြောင်းကြောင့်သာလျှင်၊ (**ပဋိသံဝေဒေတိ**=ခံစား၏) **ဣတိ**=ဤသို့၊ **ဧဝံဝါဒိနော**=ဤသို့သော အယူဝါဒရှိကုန်သော၊ **ဧဝံဒိဋ္ဌိနော**=ဤသို့သော အယူဒိဋ္ဌိရှိကုန်သော၊ **ဧကေ**=အချို့ကုန်သော၊ **သမဏဗြာဟ္မဏာ**=သမဏဗြာဟ္မဏတို့သည်၊ **သန္တိ**=ရှိကုန်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **အယံ ပုရိသပုဂ္ဂလော**=ဤပုဂ္ဂိုလ်သည်၊ **ယံကိဉ္စိ**=တစုံတခုသော၊ **သုခံ** ဝါ။ ပ။ **သဗ္ဗံ**၊ **တံ**=ထိုဝေဒနာကို၊ **ဣဿရနိမ္မာနဟေတု**=တလောကလုံးကို အစိုးရသော မဟာဗြဟ္မာ၏ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့်သာလျှင်၊ (**ပဋိသံဝေဒေတိ**=ခံစား၏) **ဣတိ**=ဤသို့၊ **ဧဝံဝါဒိနော**=ဤသို့သော အယူဝါဒရှိကုန်သော၊ **ဧဝံဒိဋ္ဌိနော**=ဤသို့သော အယူဒိဋ္ถိရှိကုန်သော၊ **ဧကေ သမဏဗြာဟ္မဏာ သန္တိ**။ ပ။

**အဟေတု**=အကြောင်းမဲ့သက်သက်သာလျှင်၊ **အပ္ပစ္စယာ**=အကြောင်းမရှိဘဲသာလျှင်၊ (**ပဋိသံဝေဒေတိ**=ခံစား၏) **ဣတိ**=ဤသို့၊ **ဧဝံဝါဒိနော**။ ပ။ **သန္တိ**=ရှိကုန်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **တတြ**=ထိုသုံးမျိုးသော သမဏဗြာဟ္မဏတို့တွင်၊ **ယေ တေ သမဏဗြာဟ္မဏာ**=အကြင်သမဏဗြာဟ္မဏတို့သည်၊ **အယံ ပုရိသပုဂ္ဂလော**=ဤပုဂ္ဂိုလ်သည်၊ **ယံ ကိဉ္စိ**။ ပ။ **ပုဗ္ဗေကတဟေတု**=ကြောင့်၊ (**ပဋိသံဝေဒေတိ**=ခံစား၏) **ဣတိ**=ဤသို့၊ **ဧဝံဝါဒိနော**=ဤသို့သော အယူဝါဒရှိကုန်၏၊ **ဧဝံဒိဋ္ဌိနော**=ဤသို့သော အယူဒိဋ္ဌိရှိကုန်၏။

**အဟံ**=ငါဘုရားသည်၊ **တေ**=(ပုဗ္ဗေကတဝါဒီဖြစ်သော) ထိုသမဏဗြာဟ္မဏတို့ထံသို့၊ **ဥပသင်္ကမိတွာ**=သွား၍၊ **ဧဝံ**=ဤသို့၊ **ဝဒါမိ**=မေးမြန်းပြောဆို၏၊ (**ကိန္တိ**=အဘယ်သို့ ဝဒါမိ=မေးမြန်းပြောဆိုသနည်း ဟူမူ) **အာယသ္မန္တော**=အရှင်တို့၊ **အယံ ပုရိသပုဂ္ဂလော**=ဤပုဂ္ဂိုလ်သည်၊ **ယံကိဉ္စိ**။ ပ။ **ပုဗ္ဗေကတဟေတု**=ကြောင့်၊ (**ပဋိသံဝေဒေတိ**=ခံစား၏) **ဣတိ**=ဤသို့၊ **တုမှေ**=သင်တို့သည်၊ **ဧဝံဝါဒိနော ကိရ**=ဤသို့သော အယူဝါဒရှိကြကုန်သတဲ့၊ **ဧဝံဒိဋ္ဌိနော ကိရ**=ဤသို့သော အယူဒိဋ္ဌိရှိကြကုန်သတဲ့၊

