## PAGE 394

(**ဣတိ**=ဤသို့ ငါကြားရသောစကားသည်) **သစ္စံ**=မှန်ပါသလော၊ **ဣတိ**=ဤသို့၊ (**ဝဒါမိ**=မေးမြန်းပြောဆို၏) **တေ စ**=ထိုသမဏဗြာဟ္မဏတို့သည်လည်း၊ **မေ**=ငါဘုရားက၊ **ဧဝံ ပုဋ္ဌာ**=ဤသို့ မေးမြန်းအပ်ကုန်သည်၊ (**သမာနာ**=ဖြစ်ကုန်လသော်) **အာမ**=မှန်ပါ၏၊ (ပုဗ္ဗေကတအယူရှိ၏ဟုဆိုသည်မှာ မှန်ပါ၏) **ဣတိ**=ဤသို့၊ **ပဋိဇာနန္တိ**=ဝန်ခံကြကုန်၏။

**အဟံ**=ငါသည်၊ **တေ**=ထိုသမဏဗြာဟ္မဏတို့ကို၊ **ဧဝံ**=ဤသို့၊ **ဝဒါမိ**=မေးမြန်းပြောဆို၏၊ (**ကိန္တိ ဝဒါမိ**=အဘယ်သို့ မေးမြန်းပြောဆိုသနည်းဟူမူ) **အာယသ္မန္တော**=အရှင်တို့၊ (**ဧဝံ သန္တေ**=ဤသင်တို့စကားအတိုင်း အမှန်ဖြစ်ခဲ့သော်) **တေန**=ထိုသင်တို့အယူဝါဒအားဖြင့်၊ **ပုဗ္ဗေကတဟေတု**=ကြောင့်၊ **ပါဏာတိပါတိနော**=သတ္တဝါ အသက်ကိုသတ်သော သူတို့သည်၊ [စာပိုဒ် ၇၁-၌ကြည့်] **ဘဝိဿန္တိ**=ဖြစ်ကြကုန်တော့လတ္တံ့။

**ပုဗ္ဗေကတဟေတု**=ကြောင့်၊ **အဒိန္နာဒါယိနော**=ပိုင်ရှင်မပေးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူလုယက်သူတို့သည်၊ **ဘဝိဿန္တိ**=ဖြစ်ကြကုန်တော့လတ္တံ့။ ပ။ **အဗြဟ္မစာရိနော**=မမြတ်သော မေထုန်အကျင့်ကို ကျင့်သောသူတို့သည်။ ပ။ **မုသာဝါဒိနော**=မဟုတ်မမှန်သော စကားကို ပြောသောသူတို့သည်။ ပ။ **ပိသုဏဝါစာ**=ကုန်းတိုက်စကားကို ပြောဆိုသူတို့သည် [စာပိုဒ် (၁၁၈) သုတ်ကြည့်]။ ပ။ **ဖရုသဝါစာ**=ကြမ်းတမ်းသော စကားကို ပြောဆိုသူတို့သည်။ ပ။ **သမ္ဖပ္ပလာပိနော**=ပြိန်ဖျင်းသောစကားကို ပြောဆိုသူတို့သည်။ ပ။ **အဘိဇ္ဈာလုနော**=များသော အဘိဇ္ဈာရှိသော သူတို့သည်။ ပ။ **ဗျာပန္နစိတ္တာ**=ဖောက်ပြန်ခြင်းသို့ရောက်သော ဒေါသမူစိတ်ရှိသူ တို့သည်။ ပ။ **မိစ္ဆာဒိဋ္ဌိကာ**=မှားယွင်းသော အယူရှိသူတို့သည်။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပုဗ္ဗေကတံ**=ရှေးဘဝ၌ပြုခဲ့ဖူးသော ကုသိုလ်အကုသိုလ်ကံကိုသာလျှင်၊ **သာရတော**=အနှစ်သာရအားဖြင့်၊ **ပစ္စာဂစ္ဆတံ**=လက်ခံနေသူတို့မှာ၊ **ဣဒံ**=ဤကုသိုလ်သုစရိုက်ကို၊ **ကရဏီယံ**=ပြုသင့်ပြုထိုက်၏၊ **ဣတိ ဝါ**=ဤသို့လည်းကောင်း၊ **ဝါ**=ဤသို့ပြုသင့်သော ကုသိုလ်သုစရိုက်ကို ပြုကျင့်ခြင်းငှာလည်းကောင်း၊ **ဣဒံ**=ဤအကုသိုလ်ဒုစ္စရိုက်ကို၊ **အကရဏီယံ**=မပြုသင့် မပြုထိုက်၊ **ဣတိ ဝါ**=ဤသို့လည်းကောင်း၊ **ဝါ**=ဤသို့ မပြုသင့်သော အကုသိုလ်ဒုစ္စရိုက်ကို မပြုခြင်းငှာလည်းကောင်း၊ **ဆန္ဒော ဝါ**=လိုလားသောသဘောသည်လည်းကောင်း၊ **ဝါယာမော ဝါ**=ဝီရိယသည်လည်းကောင်း၊ **န ဟောတိ**=မရှိတော့။

**ဣတိ**=ဤသို့၊ **ကရဏီယာကရဏီယေ**=ပြုသင့်သောကုသိုလ်သုစရိုက်၊ မပြုသင့်သော အကုသိုလ်ဒုစ္စရိုက်ကို၊ **သစ္စတော**=အမှန်အကန်အားဖြင့်၊ **ထေတတော**=ခိုင်မြဲသောအားဖြင့်၊ **အနုပလဗ္ဘိယမာနေ**=မရအပ်၊ မသိအပ်လသော်၊ **မုဋ္ဌဿတီနံ**=လွတ်ကင်းသော သတိရှိကုန်၍၊ **အနာရက္ခာနံ**=ဒွါရခြောက်ပါးတို့၌ စောင့်ရှောက်ခြင်းမရှိကုန်ဘဲ၊ **ဝိဟရတံ**=နေကုန်သောသူတို့မှာ၊ **ပစ္စတ္တံ**=မိမိမိမိ၌၊

## PAGE 395

**ဝါ**=ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ **သဟဓမ္မိကော**=(ခိုင်လုံသော) အကြောင်းနှင့်တကွဖြစ်သော၊ **သမဏဝါဒေါ**=ငါသမဏဟု ပြောဆိုခြင်းသည်၊ **န ဟောတိ**=မဖြစ်နိုင်။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံဝါဒီသု**=ဤသို့ ပုဗ္ဗေကတ အယူဝါဒရှိကုန်သော၊ **ဧဝံဒိဋ္ဌိသု**=ဤသို့ ပုဗ္ဗေကတ အယူဒိဋ္ဌိရှိကုန်သော၊ **တေသု သမဏဗြာဟ္မဏေသု**=ထိုသမဏဗြာဟ္မဏတို့၌၊ **မေ**=ငါ၏၊ **ပဌမော**=ရှေးဦးစွာသော၊ **သဟဓမ္မိကော**=အကြောင်းနှင့်တကွဖြစ်သော၊ **အယံ နိဂ္ဂဟော**=ဤနှိပ်ကွပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ ပ။

**အဟံ**=ငါဘုရားသည်၊ **တေ**=(ဣဿရနိမ္မာနဝါဒီဖြစ်သော) ထိုသမဏဗြာဟ္မဏတို့ထံသို့၊ **ဥပသင်္ကမိတွာ**။ ပ။ **အာမ**=(ဣဿရနိမ္မာန အယူရှိ၏ဟု ဆိုသည်မှာ) မှန်ပါ၏။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဿရနိမ္မာနံ**=အစိုးရသော မဟာဗြဟ္မာ၏ ဖန်ဆင်းခြင်းကိုသာလျှင်၊ **သာရတော**။ ပ။ **ဧဝံဝါဒီသု**=ဤသို့ ဣဿရနိမ္မာနအယူဝါဒရှိကုန်သော။ ပ။ **ဒုတိယော**=နှစ်ခုမြောက်သော။ ပ။

**အဟံ**=ငါဘုရားသည်၊ **တေ**=(အဟေတု အပ္ပစ္စယဝါဒီဖြစ်သော) ထိုသမဏဗြာဟ္မဏတို့ထံသို့၊ **ဥပသင်္ကမိတွာ**။ ပ။ **အာမ**=မှန်ပါ၏။ (အဟေတု အပ္ပစ္စယအယူရှိ၏ဟု ဆိုသည်မှာ မှန်ပါ၏)။ ပ။ **အဟေတု**=အကြောင်းမဲ့ သာလျှင်၊ **အပ္ပစ္စယာ**=အကြောင်းမရှိဘဲ သာလျှင်၊ **ပါဏာတိပါတိနော**=သတ္တဝါ အသက်ကိုသတ်သော သူတို့သည်၊ **ဘဝိဿန္တိ**=ဖြစ်ကြကုန်တော့လတ္တံ့။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **အဟေတုံ**=အကြောင်းကင်းသည် အဖြစ်ကို၊ **အပ္ပစ္စယံ**=အကြောင်းမရှိသည် အဖြစ်ကို၊ **သာရတော**=အနှစ်သာရအားဖြင့်၊ **ပစ္စာဂစ္ဆတံ**။ ပ။ **ဧဝံဝါဒီသု**=ဤသို့ အဟေတု အပ္ပစ္စယအယူဝါဒရှိကုန်သော။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **မယာ**=ငါသည်၊ **ဒေသိတော**=ဟောတော်မူအပ်သော၊ **အယံ ခေါ ပန ဓမ္မော**=ဤတရားကိုကား၊ **ဝါ**=ဤတရားသည်ကား၊ **အနိဂ္ဂဟိတော**=အခြားသောပုဂ္ဂိုလ်တို့က မနှိပ်ကွပ်နိုင်သည်၊ **အသံကိလိဋ္ဌော**=ညစ်နွမ်းသော ကိလေသာမရှိသည်၊ **ဝါ**=အခြားသူတို့က မညစ်နွမ်းစေနိုင်သည်၊ **ဝိညူဟိ**=ပညာရှိဖြစ်ကုန်သော၊ **သမဏေဟိ**=သမဏ သူတော်ကောင်းတို့သည် လည်းကောင်း၊ **ဗြာဟ္မဏေဟိ**=ဗြာဟ္မဏ သူတော်ကောင်းတို့သည် လည်းကောင်း၊ **အနုပဝဇ္ဇော**=မကဲ့ရဲ့ မစွပ်စွဲအပ်သည်၊ **အပ္ပဋိကုဋ္ဌော**=မပယ်ရှားမတားမြစ်အပ်သည်၊ **ဝါ**=မဆဲရေးအပ်သည်၊ (**ဟောတိ**=ဖြစ်၏)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **မယာ**=ငါသည်၊ **ဒေသိတော**=ဟောတော်မူအပ်သော၊ **ကတမော ဓမ္မော**=အဘယ်မည်သော တရားသည်၊ **အနိဂ္ဂဟိတော**။ ပ။ **အပ္ပဋိကုဋ္ဌော**=မပယ်ရှားမတားမြစ်အပ်သည် (**ဟောတိ**=ဖြစ်သနည်း)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဓာတုယော**=ဓာတ်သဘောတို့သည်၊ **ဝါ**=အသက်ကောင် သတ္တဝါကောင် မဟုတ်သော အစစ်အမှန် ပရမတ်သဘောတို့သည်၊ **ဣမာ ဆ**=ဤခြောက်မျိုးတို့တည်း၊ **ဣတိ**=ဤသို့၊ **မယာ**=ငါသည်၊ **ဒေသိတော**=ဟောတော်မူအပ်သော၊ **ဓမ္မော**=တရားသည်၊ **အနိဂ္ဂဟိတော**။ ပ။ **အပ္ပဋိကုဋ္ဌော**=ဖြစ်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊
## PAGE 396

**ဖဿာယတနာနိ**=ဝိပါက်ဖဿတို့၏ ဖြစ်ရာဌာနတို့သည်၊ **အာယတန**=ဖြစ်ရာဌာန]ဣမာနိ ဆ=ဤခြောက်မျိုးတို့တည်း၊ ဣတိ=သို့၊ **မယာ**။ပ။

**ဘိက္ခဝေ**=တို့၊ **မနောပဝိစာရာ**=ထိုထိုအာရုံသို့ ကပ်ရောက်၍ စိတ်၏အမျိုးမျိုးအဖုံဖုံဖြစ်ခြင်းသဘောတို့သည်၊ **မန**=စိတ်၏+**ဥပ**=ထိုထိုအာရုံသို့ကပ်ရောက်၍+**ဝိ**=အမျိုးမျိုးအဖုံဖုံ+**စာရ**= ဖြစ်ခြင်း]ဣမေ အဋ္ဌာရသ=ဤ၁၈-ပါးတို့တည်း။ပ။

**အရိယသစ္စာနိ**=အရိယာပုဂ္ဂိုလ်၏ အဖြစ်ကိုပြုတတ်သောအမှန်သဘောတို့သည်။ [“အရိယဘာဝကရသစ္စ”၌ ဘာဝကရကိုချေ]

**ဝါ**=အရိယာပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ်သော အမှန်သဘောတို့သည်၊ [**အရိယပဋိဝိဒ္ဓသစ္စ**=၌ ပဋိဝိဒ္ဓကိုချေ] ဣမာနိ စတ္တာရိ=ဤလေးပါးတို့တည်း။

“**ဣမာ ဆ ဓာတုယော**။ပ။ **ဝိညူဟီတိ**=ဣမာ ဆ ဓာတုယော။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=ဤသို့သော၊ ဧတံ(ဝစနံ)-ဤစကားကို၊ (**မယာ**=ငါဘုရားသည်) **ဝုတ္တံ**=မိန့်ဆိုအပ်ပြီ၊ **ဧတံ**(ဝစနံ)=ဤစကားကို၊ **ကိံ**=အဘယ်အနက်သဘောကို၊ **ပဋိစ္စ**=ရည်ရွယ်၍၊ **ဝုတ္တံ**=မိန့်ဆိုအပ်သနည်းဟူမူ၊

**ဘိက္ခဝေ**=တို့၊ **ဓာတုယော**=တို့သည်၊ **ပထဝီဓာတု**=မြေဓာတ်လည်းကောင်း၊ **ဝါ**=တည်ရာဖြစ်ခြင်းသဘောလည်းကောင်း၊ (မိမိမှ ကြွင်းသော တကွဖြစ်ဘက် မဟာဘုတ်သုံးပါးနှင့် ဥပါဒါရုပ်တို့၏ တည်ရာမှီရာ၏ အဖြစ်ဟူသော ခက်မာခြင်းဓာတ်သဘောလည်းကောင်း)

**အာပေါဓာတု**=ရေဓာတ်လည်းကောင်း၊ **ဝါ**=ပေါင်းစပ်ဖွဲ့စည်းခြင်းသဘောလည်းကောင်း၊ (မိမိမှကြွင်းသော တကွဖြစ်ဖက်မဟာဘုတ်, ဥပါဒါရုပ်တို့ကို ပေါင်းစပ်ဖွဲ့စည်းခြင်းဟူသော အရည်ဓာတ်သဘောလည်းကောင်း)

**တေဇောဓာတု**=အပူငွေ့, အအေးငွေ့ ဓါတ်သဘောလည်းကောင်း၊ **ဝါ**=တကွဖြစ်ဘက် ရုပ်တို့ကို ရင့်ကျက်စေခြင်း ဟူသောအငွေ့ဓာတ်သဘောလည်းကောင်း၊

**ဝါယောဓာတု**=လေဓာတ်လည်းကောင်း၊ **ဝါ**=တကွဖြစ်ဖက်ရုပ်တို့ကို ထောက်ကန်ခြင်း, တောင့်တင်းလာစေခြင်းသဘောလည်းကောင်း၊

**အာကာသဓာတု**=ဟင်းလင်းကွက်လပ် ဓာတ်သဘောလည်းကောင်း၊ **ဝါ**=ရုပ်ကလပ်နှစ်ရပ် မထိစပ်အောင်, ပိုင်းခြားကန့်သတ်,ကွက်လပ်ဓာတ်သဘောလည်းကောင်း၊

**ဝိညာဏဓာတု**=အာရုံကိုသိခြင်းသဘောလည်းကောင်း၊ (သညာ၏ မှတ်သိမှုထက် ထူးခြားစွာ အာရုံကိုရခြင်းသိခြင်း သဘောလည်းကောင်း) ဣတိ=ဤသို့၊ ဣမာ ဆ=ဤ(၆)မျိုးတို့တည်း၊

**ဆယိမာ**=ဆ+ဣမာ **ဣမာ ဆ ဓာတုယော**။ပ။ **ဝိညူဟီတိ**=ဣမာ ဆ ဓာတုယော။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=ဤသို့သော၊ **ယံတံ**=အကြင်စကားကို၊ (**မယာ**=သည်) **ဝုတ္တံ**=ပြီ၊ **ဧတံ**=ဤစကားကို၊ **ဣဒံ**=ဤပထဝီစသော ဓာတ်(၆)ပါးကို၊ **ပဋိစ္စ**=၍၊ **ဝုတ္တံ**=ပြီ။

