## PAGE 397

“**ဣမာနိ ဆ**။ပ။ **ဝိညူဟီတိ**=ဣမာနိ ဆ။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=ဤသို့သော၊ **ဧတံ**=ဤစကားကို၊ (**မယာ**=ငါဘုရားသည်) **ဝုတ္တံ**=မိန့်ဆိုအပ်ပြီး၊ **ဧတံ**=ကို၊ **ကိံ**=ကို၊ **ပဋိစ္စ**=၍၊ **ဝုတ္တံ**=ဟူမူ၊

**ဘိက္ခဝေ**=တို့၊ **ဖဿာယတနာနိ**=တို့သည်၊ **စက္ခု**=စက္ခုပသာဒဟူသော၊ **ဖဿာယတနံ**=ဝိပါက်ဖဿ၏ဖြစ်ရာဌာနလည်းကောင်း၊ **သောတံ**=သောတပသာဒဟူသော၊ **ဖဿာယတနံ**=လည်းကောင်း၊ **ဃာနံ**=ဃာနပသာဒဟူသော။ပ။

**ဇိဝှါ**=ဇိဝှါပသာဒဟူသော။ပ။ **ကာယော**=ကာယပသာဒဟူသော။ပ။ **မနော**=စိတ်ဟူသော၊ **ဖဿာယတနံ**=လည်းကောင်း (ဣတိ=ဤသို့) ဣမာနိ ဆ=ဤ-၆-ပါးတို့တည်း၊ “**ဣမာနိ ဆ**။ပ။ **ဝိညူဟီတိ**=ဣမာနိ ဆ။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=သော၊ **ယံတံ**။ပ။ **ဣဒံ**=ဤစက္ခုပသာဒစသည်ကို၊ **ပဋိစ္စ**=၍၊ **ဝုတ္တံ**=ပြီ။

“**ဣမေ အဋ္ဌာရသ**။ပ။ **ဝိညူဟီတိ**=ဣမေ အဋ္ဌာရသ။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=သော၊ **တံ**=ကို။ပ။

**စက္ခုနာ**=စက္ခုဝိညာဏ်ဖြင့်၊ **ရူပံ**=ရူပါရုံကို၊ **ဒိသွာ**=မြင်ရ၍၊ **သောမနဿဋ္ဌာနိယံ**=သောမနဿ၏ အကြောင်းရင်းဌာနဖြစ်သော၊ **ရူပံ**=ရူပါရုံကို၊ **ဥပဝိစရတိ**=စွဲကပ်၍ဖြစ်၏၊

**ဒေါမနဿဋ္ဌာနိယံ**=ဒေါမနဿ၏အကြောင်းရင်းဌာနဖြစ်သော။ပ။ **ဥပေက္ခာဋ္ဌာနိယံ**=ဥပေက္ခာ၏ အကြောင်းရင်းဌာနဖြစ်သော။ပ။

**သောတေန**=သောတဝိညာဏ်ဖြင့်၊ **သဒ္ဒံ**=သဒ္ဒါရုံကို၊ **သုတွာ**=ကြားရ၍၊ **သောမနဿဋ္ဌာနိယံ**=သော၊ **ရူပံ**=ကို၊ **ဥပဝိစရတိ**=၏၊ စသည်ဖြင့်ဖော်ဆို]

**ဃာနေန**=ဃာနဝိညာဏ်ဖြင့်၊ **ဂန္ဓံ**=ဂန္ဓာရုံကို၊ **ဃာယိတွာ**=နမ်း၍။ပ။

**ဇိဝှါယ**=ဇိဝှါဝိညာဏ်ဖြင့်၊ **ရသံ**=ရသာရုံကို၊ **သာယိတွာ**=လျက်၍။ပ။

**ကာယေန**=ကာယဝိညာဏ်ဖြင့်၊ **ဖေါဋ္ဌဗ္ဗံ**=ဖေါဋ္ဌဗ္ဗာရုံကို၊ **ဖုသိတွာ**=တွေ့ထိ၍။ပ။

**မနသာ**=မနောဝိညာဏ်ဖြင့်၊ **ဓမ္မံ**=ဓမ္မာရုံကို၊ **ဝိညာယ**=သိ၍။ပ။

“**ဣမေ အဋ္ဌာရသ**။ပ။ **ဝိညူဟီတိ**=ဣမေ အဋ္ဌာရသ။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=သော။ပ။ **ဣဒံ**=ဤသောမနဿဋ္ဌာနိယ မနောပဝိစာရစသည်ကို၊ **ပဋိစ္စ**=၍၊ **ဝုတ္တံ**=ပြီ။

“**ဣမာနိ**။ပ။ **ဝိညူဟီတိ**=ဣမာနိ။ပ။ဝိညူဟိ” ဟူ၍၊ ဣတိ=သော။ပ။

**ဘိက္ခဝေ**=တို့၊ **ဆန္ဒ**=၆-ပါးကုန်သော၊ **ဓာတူနံ**=ဓာတ်တို့ကို၊ (ပဋိသန္ဓေနေမည်ဖြစ်သော သတ္တဝါ၏ ပထဝီအစရှိသောဓာတ်တို့ကို) **ဥပါဒါယ**=အကြောင်းပြု၍၊ **ဂဗ္ဘဿ**=သန္ဓေသား လူသတ္တဝါကလေး၏၊ **အဝက္ကန္တိ**=(အမိဝမ်းတွင်း၌) သက်ရောက်ဖြစ်လာခြင်းသည်၊ **ဟောတိ**=ဖြစ်၏၊

**ဩက္ကန္တိယာ**=သက်ရောက်ဖြစ်လာခြင်းသည်၊ **သတိ**=ဖြစ်လသော်၊ **နာမရူပံ**=နာမ်ရုပ်သည်၊ (ကာမဝိပါက် နာမ်ခန္ဓာလေးပါးနှင့် ကာယ, ဘာဝ, ဝတ္ထုဒသကဟူသော ရုပ်ကလာပ် သုံးစည်းသည်) **ဟောတိ**=၏၊

**နာမရူပပစ္စယာ**=နာမ်ရုပ်ဟူသော အကြောင်းကြောင့်၊ **သဠာယတနံ**=၆-ပါးသော

## PAGE 398

**အာယတနံ**=အာယတနသည်၊ (စက္ခုစသော- ၆-ပါးသော အဇ္ဈတ္တိကာယတနသည်) **ဟောတိ**=၏။

**သဠာယတနပစ္စယာ**=၆-ပါးသော အာယတန ဟူသောအကြောင်းကြောင့်၊ စက္ခုစသော ၆-ပါးသော အဇ္ဈတ္တိကာယတနနှင့် ရူပါရုံစသော ၆-ပါးသော ဗာဟိရာယတနဟူသော အကြောင်းကြောင့် **ဖဿော**=ဖဿသည်၊ (ကာမဝိပါက်စိတ်နှင့်ယှဉ်သော ဖဿသည်) **ဟောတိ**=၏။

**ဖဿပစ္စယာ**=ဖဿဟူသောအကြောင်းကြောင့်၊ **ဝေဒနာ**=ဝေဒနာသည်၊ (ကာမဝိပါက်စိတ်နှင့် ယှဉ်သော ဝေဒနာသည်) **ဟောတိ**=၏၊

**ဘိက္ခဝေ**=တို့၊ **အဟံ**=ငါသည်၊ **ဝေဒိယမာနဿ**=သိနိုင်မည့်ပုဂ္ဂိုလ်အားသာလျှင်၊ “**ဣဒံ**=ဤတဏှာမှတစ်ပါး တခြားသော တေဘူမကခန္ဓာငါးပါးသည်သာလျှင်၊ **ဒုက္ခံ**=ဒုက္ခသစ္စာမည်၏” ဣတိ=ဤသို့၊ **ပညပေမိ**=သိစေတော်မူ၏၊ ဝါ=သိအောင်ဟောကြားတော်မူ၏။

“**အယံ**=ဤရှေးဘဝက ဖြစ်ခဲ့သော တဏှာသည်သာလျှင်၊ **ဒုက္ခသမုဒယော**=ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာ မည်၏၊ ဣတိ=သို့၊ **ပညပေမိ**=၏၊

**အယံ**=ဤနိဗ္ဗာန်သည်သာ၊ **ဒုက္ခနိရောဓော**=ဒုက္ခနှင့် တဏှာ၏ အပြီးသတ်ချုပ်ရာ နိရောဓသစ္စာမည်၏၊ [ဒုက္ခသဒ္ဒါဖြင့်တဏှာကိုလည်းယူရ၏]။ပ။

**အယံ**=ဤမဂ္ဂင်ရှစ်ပါးသည်သာ၊ **ဒုက္ခနိရောဓဂါမိနီ**=ဒုက္ခနှင့် တဏှာ၏ အပြီးသတ်ချုပ်ရာ နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော၊ **ပဋိပဒါ**=အကျင့်ဖြစ်သော မဂ္ဂသစ္စာမည်၏။ပ။

**ဘိက္ခဝေ**=တို့၊ **ဒုက္ခံ**=ဒုက္ခမည်သော၊ **အရိယသစ္စံ**=အရိယသစ္စာဟူသည်၊ **ကတမဉ္စ**=နည်း၊

**ဇာတိပိ**=ရုပ်နာမ်ခန္ဓာ ဦးစွာပဌမ ဖြစ်ရခြင်းသည်လည်း၊ **ဒုက္ခာ**=ဆင်းရဲတည်း၊ ဝါ=ဆင်းရဲဒုက္ခ၏အကြောင်းတည်း၊

**ဇရာပိ**=ခန္ဓာဟောင်းမြင်း, ရင့်ရော်ခြင်းသည်လည်း၊ **ဒုက္ခာ**=တည်း၊

**မရဏမ္ပိ**=ခန္ဓာပျက်ယွင်းသေရခြင်းသည်လည်း၊ **ဒုက္ခံ**=တည်း၊

**သောက**+**ပရိဒေဝ**+**ဒုက္ခ**+**ဒေါမနဿ**+**ဥပါယာသာပိ**=ပူဆွေးဝမ်းနည်းခြင်း+ငိုကြွေး မြည်တမ်းခြင်း+ကိုယ် ဆင်းရဲခြင်း+စိတ်ဆင်းရဲခြင်း+ပြင်းထန်စွာပင်ပန်းခြင်းတို့သည်လည်း၊ **ဒုက္ခာ**=ဆင်းရဲတို့တည်း၊ ဝါ=တည်း၊

**အပ္ပိယေဟိ**=မိမိ မချစ်ခင်အပ်, ရွံမုန်းအပ်သော ပုဂ္ဂိုလ်, ပစ္စည်းဝတ္ထုတို့နှင့်၊ **သမ္ပယောဂေါ**=အတူယှဉ်တွဲ နေရခြင်းသည်လည်း၊ **ဒုက္ခော**=တည်း၊

**ပိယေဟိ**=မိမိ ချစ်ခင်အပ်သော ပုဂ္ဂိုလ်, ပစ္စည်း ဝတ္ထုတို့နှင့်၊ **ဝိပ္ပယောဂေါ**=ခွဲခွါနေရခြင်းသည်လည်း၊ **ဒုက္ခော**=တည်း၊

**ယမ္ပိ** (**ယေနပိ**) အကြင်လိုချင်တောင့်တမှု တဏှာဖြင့်လည်း၊ **ဣစ္ဆံ**(**ဣစ္ဆန္တော**)=မရနိုင်သော အရာဝတ္ထုကို အလိုရှိလသော်၊ **န လဘတိ**=မရ၊ **တမ္ပိ**=ထိုမရနိုင်သော အရာဝတ္ထုကို လိုချင်မှု တဏှာသည်လည်း၊
## PAGE 399

**ဝါ**=ထိုမရနိုင်သော အရာဝတ္ထုကို လိုချင်ကြောင်းတဏှာသည်လည်း၊ **ဒုက္ခံ**=တည်း၊ [တနည်း-**ဣစ္ဆ**=အလိုရှိအပ်သော အရာဝတ္ထုကို၊ **ယံ န လဘတိ**=အကြင်မရ၊ **တမ္ပိ**=ထိုအလိုရှိအပ်သော အရာဝတ္ထုကို မရခြင်းသည်လည်း၊ **ဒုက္ခံ**=တည်း၊ တနည်း-**ယံ**=အကြင်လိုချင်ခြင်းကို၊ **န လဘတိ**=လိုချင်သည့်အတိုင်းမရ၊ **တမ္ပိ**=ထိုမရနိုင်သောလိုချင်ခြင်းသည်လည်း၊ **ဝါ**=ထိုမရနိုင်သည်ကို လိုချင်ခြင်းသည်လည်း၊ **ဒုက္ခံ**=တည်း]၊ **သံခိတ္တေန**=အကျဉ်းချုပ်အားဖြင့်၊ **ပဉ္စ**=ငါးပါးကုန်သော၊ **ဥပါဒါနက္ခန္ဓာ**=ဥပါဒါန်တို့၏အာရုံဖြစ်သော လောကီရုပ်နာမ်ခန္ဓာတို့သည်၊ **ဒုက္ခာ**=တို့တည်း၊ **ဘိက္ခဝေ**=ရဟန်းတို့၊

**ဣဒံ**-ဤဇာတိစသော တရားအပေါင်းကို၊ **ဒုက္ခံ**=ဒုက္ခမည်သော၊ **အရိယသစ္စံ**-အရိယသစ္စာဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဒုက္ခသမုဒယော**=ဒုက္khသမုဒယမည်သော၊ **အရိယသစ္စံ**=အရိယသစ္စာဟူသည်၊ **ကတမဉ္စ**=အဘယ်နည်း၊ **အဝိဇ္ဇာပစ္စယာ**=အဝိဇ္ဇာဟူသော အကြောင်းကြောင့်၊ **ဝါ**=သစ္စာလေးပါးစသည်တို့၌ မသိခြင်း မောဟဟူသော အကြောင်းကြောင့်၊ **သင်္ခါရာ**=(၂၉-ပါးသော လောကီကုသိုလ်, အကုသိုလ် စေတနာဟူသော) သင်္ခါရတို့သည်၊ **သမ္ဘဝန္တိ**=ဖြစ်ကုန်၏။ [ထို ၂၉-ပါးကိုပင် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနဉ္စာဘိသင်္خါရဟုလည်းကောင်း၊ ကာယသင်္ခါရစသည်ဖြင့်လည်းကောင်း အသီးအသီးခွဲခြားဟောတော်မူ၏။]

**သင်္ခါရပစ္စယာ**=သင်္ခါရဟူသော အကြောင်းကြောင့်၊ **ဝိညာဏံ**=(၃၂-ပါးသော လောကီဝိပါက်စိတ်ဟူသော) ဝိညာဏ်သည်၊ **သမ္ဘဝတိ**=ဖြစ်၏။ **ဝိညာဏပစ္စယာ**=ဝိညာဏ်ဟူသော အကြောင်းကြောင့်၊ **ဝါ**=၂၉-ပါးသော အဘိသင်္ခါရဝိညာဏ်နှင့် ၃၂-ပါးသော လောကီဝိပါက် ဝိညာဏ်ဟူသော အကြောင်းကြောင့်၊ [လောကီကုသိုလ် အကုသိုလ်ကံ (စေတနာ) ၂၉-ပါးနှင့်ယှဉ်သောစိတ်ကို အဘိသင်္ခါရဝိညာဏ်ဟုလည်းကောင်း, ကမ္မဝိညာဏ်ဟုလည်းကောင်း ခေါ်၏။]

**နာမရူပံ**=နာမ်တရား, ရုပ်တရား, နာမ်ရုပ်တရားသည်၊ **သမ္ဘဝတိ**=ဖြစ်၏။ **နာမရူပပစ္စယာ**=နာမ်တရား, ရုပ်တရား, နာမ်ရုပ်တရားဟူသော အကြောင်းကြောင့်၊ **သဠာယတနံ**=သဠာယတနသည်၊ **ဝါ**=၆-ခုမြောက် မနာယတနနှင့် ၆-ပါးသော အဇ္ဈတ္တိကာယတနသည်။ **သမ္ဘဝတိ**=ဖြစ်၏။

**သဠာယတနပစ္စယာ**=သဠာယတနဟူသော အကြောင်းကြောင့်၊ **ဝါ**=၆-ခုမြောက် မနာယတန, ၆-ပါးသော အဇ္ဈတ္တိကာယတန, ၆-ပါးသော ဗာဟိရာယတနဟူသော အကြောင်းကြောင့်၊ **ဖဿော**=(၃၂-ပါးသော လောကီဝိပါက်စိတ်နှင့်ယှဉ်သော) ဖဿသည်၊ **သမ္ဘဝတိ**=ဖြစ်၏။ [ထိုဖဿကို

