## PAGE 400

စက္ခုသမ္ဖဿ, သောတသမ္ဖဿစသည်ဖြင့် ခွဲခြားဟောတော်မူ၏။] **ဖဿပစ္စယာ**=ဖဿဟူသော အကြောင်းကြောင့်၊ **ဝေဒနာ**=(၃၂-ပါးသော လောကီဝိပါက်စိတ်နှင့်ယှဉ်သော) ဝေဒနာသည်၊ **သမ္ဘဝတိ**=ဖြစ်၏။ [ထိုဝေဒနာကို စက္ခုသမ္ဖဿဇာဝေဒနာစသည်ဖြင့် ဟောတော်မူ၏။]

**ဝေဒနာပစ္စယာ**=ဝေဒနာဟူသော အကြောင်းကြောင့်၊ **တဏှာ**=၁၀၈-ပါးသော တဏှာသည်၊ **သမ္ဘဝတိ**=ဖြစ်၏။ [ရူပတဏှာ, သဒ္ဒတဏှာစသည်ဖြင့် ခွဲခြားဟောတော်မူ၏။] **တဏှာပစ္စယာ**=တဏှာဟူသော အကြောင်းကြောင့်၊ **ဥပါဒါနံ**=(မြဲမြံစွာ စွဲလမ်းတတ်သော တဏှာဒိဋ္ဌိဟူသော) ဥပါဒါန်သည်၊ **သမ္ဘဝတိ**=ဖြစ်၏။ **ဥပါဒါနပစ္စယာ**=ဥပါဒါန်ဟူသော အကြောင်းကြောင့်၊ **ဘဝေါ**=ကမ္မဘဝ, ဥပပတ္တိဘဝသည်၊ **သမ္ဘဝတိ**=ဖြစ်၏။

[၂၉-ပါးသော လောကီကုသိုလ် အကုသိုလ်စေတနာသည် မုချအားဖြင့် ကမ္မဘဝမည်၏။ ထိုစေတနာနှင့်ယှဉ်သော အဘိဇ္ဈာစသည်တို့သည်လည်း (အာစยဂါမီဖြစ်သောကြောင့်) ပရိယာယ်အားဖြင့် ကမ္မဘဝမည်၏။ လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်သည် ဥပပတ္တိဘဝမည်၏။]

**ဘဝပစ္စယာ**=ကမ္မဘဝဟူသော အကြောင်းကြောင့်၊ **ဇာတိ**=ဘဝအသစ် ထပ်၍ဖြစ်ခြင်းသည်၊ **ဝါ**=ပဋိသန္ဓေနေခြင်းသည်၊ **သမ္ဘဝတိ**=ဖြစ်၏။ **ဇာတိပစ္စယာ**=ဘဝအသစ် ထပ်၍ဖြစ်ခြင်းဟူသော အကြောင်းကြောင့်၊ **ဇရာမရဏံ**=အိုခြင်း သေခြင်းသည်လည်းကောင်း၊ **သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ**=ပူဆွေးဝမ်းနည်းခြင်း စိုးရိမ်ခြင်း ပြင်းထန်စွာ ပင်ပန်းခြင်းတို့သည် လည်းကောင်း၊ **သမ္ဘဝန္တိ**=ဖြစ်ကုန်၏။ **ဧဝံ**=ဤသို့၊ **ဝါ**=ဤအဝိဇ္ဇာအစရှိသော အကြောင်းကြောင့်သာလျှင်၊ **ကေဝလဿ**=အားလုံးစုံသော၊ **ဝါ**=သုခမဖက် သက်သက်သော၊ **ဝါ**=သတ္တဝါကောင်, အသက်ကောင်မဖက် သက်သက်သော၊ **ဧတဿ ဒုက္ခက္ခန္ဓဿ**=ဤဝဋ်ဒုက္ခအစုအဝေး၏၊ **သမုဒယော**=ဖြစ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ [ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဋ္ဌကထာ သုတ္တန္တ ဘာဇနီယ အဖွင့်ကို ယူ၍ အနက်ရေးသည်]

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဒံ**=ဤတဏှာကို၊ (ဤဆိုအပ်ခဲ့ပြီးသော ဥပါဒါန်စသည်၏ အကြောင်းဖြစ်သော တဏှာကို) **ဒုက္ခသမုဒယော**=ဒုက္khသမုဒယမည်သော၊ **အရိယသစ္စံ**=အရိယသစ္စာဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဒုက္ခနိရောဓော**=ဒုက္khနိရောဓမည်သော၊ **အရိယသစ္စံ**=အရိယသစ္စာဟူသည်၊ **ကတမဉ္စ**=အဘယ်နည်း၊ **အဝိဇ္ဇာယတွေဝ**=အဝိဇ္ဇာ၏သာလျှင်၊ **အသေသဝိရာဂနိရောဓာ**=အကြွင်းမဲ့ပျက်စီးခြင်း, အကြွင်းမဲ့ချုပ်ခြင်းကြောင့်၊ **ဝိရာဂ**=ပျက်စီးခြင်း၊ **ဝါ**=သင်္ခါရတရားတို့ကို မတပ်မက်ကြောင်း ရွံ့မုန်းကြောင်း အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ချုပ်ခြင်းကြောင့်၊ [**ဝိရာဂ**=မတပ်မက်ကြောင်း

## PAGE 401

အရဟတ္တမဂ်၊ **သင်္ခါရနိရောဓော**=သင်္ခါရတို့၏ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ **သင်္ခါရနိရောဓာ**=သင်္ခါရတို့၏ ချုပ်ခြင်းကြောင့်၊ **ဝိညာဏနိရောဓော**=ဝိညာဏ်၏ ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ **ဝိညာဏနိရောဓာ**=ဝိညာဏ်၏ ချုပ်ခြင်းကြောင့်၊ **နာမရူပနိရောဓော**=နာမ်ရုပ်၏ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ **နာမရူပနိရောဓာ**=ကြောင့်၊ **သဠာယတနနိရောဓော**=သဠာယတန၏ ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ **သဠာယတနနိရောဓာ**=ကြောင့်၊ **ဖဿနိရောဓော**=ဖဿ၏ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ပ။ **ဝေဒနာနိရောဓော**=ဝေဒနာ၏ချုပ်ခြင်းသည်။ပ။ **တဏှာနိရောဓော**=တဏှာ၏ ချုပ်ခြင်းသည်။ပ။ **ဥပါဒါနနိရောဓော**=ဥပါဒါန်၏ ချုပ်ခြင်းသည်။ပ။ **ဘဝနိရောဓော**=ဘဝ၏ ချုပ်ခြင်းသည်။ပ။ **ဇာတိနိရောဓော**=ဇာတိ၏ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။ **ဇာတိနိရောဓာ**=ကြောင့်၊ **ဇရာမရဏံ**=သည်လည်းကောင်း။ပ။ **နိရုဇ္ဈန္တိ**=ချုပ်ကုန်၏။ **ဧဝံ**=ဤသို့၊ **ဝါ**=ဤအဝိဇ္ဇာစသည်တို့၏ ချုပ်ခြင်းကြောင့် သာလျှင်၊ **နိရောဓော**=ချုပ်ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဒံ**=ဤအဝိဇ္ဇာအစရှိသော ဝဋ်ဒုက္ခအစုအဝေး၏ အပြီးသတ်ချုပ်ခြင်းကို၊ **ဝါ**=ဤအဝိဇ္ဇာအစရှိသော ဝဋ်ဒုက္ခ၏ အပြီးသတ်ချုပ်ရာ နိဗ္ဗာန်ကို၊ **ဒုက္ခနိရောဓော**=ဒုက္khနိရောဓမည်သော အရိယသစ္စာဟူ၍ ဝုစ္စတိ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဒုက္ခနိရောဓဂါမိနီ**=ဒုက္ခနှင့်တဏှာ၏ အပြီးသတ်ချုပ်ရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော၊ **ပဋိပဒါ**=အကျင့်ဖြစ်သော၊ **အရိယသစ္စံ**=အရိယသစ္စာဟူသည်၊ **ကတမဉ္စ**=အဘယ်နည်း၊ **အရိယော**=ကိလေသာတို့မှ ဝေးကွာသော၊ **ဝါ**=ဖြူစင်သန့်ရှင်း အပြစ်ကင်းသော၊ **အဋ္ဌင်္ဂိကော**=ရှစ်ပါးသော အစိတ်အပိုင်းရှိသော၊ **အယမေဝ မဂ္ဂေါ**=ဤမဂ်ပင်တည်း။ **သေယျထိဒံ**=ထိုအဋ္ဌင်္ဂိကမဂ်ဟူသည်၊ **သေယျထာ**=အဘယ်နည်း၊ [တနည်း-**ဣဒံ အယံ မဂ္ဂေါ**=ဤအဋ္ဌင်္ဂိကမဂ်ဟူသည်၊ **သေယျထာ**=အဘယ်နည်း]၊ **သမ္မာဒိဋ္ဌိ**=မှန်ကန်စွာ သိတတ်သော ပညာလည်းကောင်း၊ **သမ္မာသင်္ကပ္ပေါ**=မှန်ကန်စွာ ကြံစည်တတ်သော သဘောတရားလည်းကောင်း။ပ။ [ဧကကနိပါတ် စာပိုဒ် (၄၁၉) ကြည့်] **သမ္မာသမာဓိ**=မှန်ကန်စွာ တည်ကြည်သော သဘောတရားလည်းကောင်းတည်း။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဒံ**=ဤမဂ္ဂင်ရှစ်ပါးကို၊ပ။ “**ဣမာနိ စတ္တာရိ**။ပ။ **ဝိညူဟိ**” ဟူ၍၊ **ဣတိ**=သော။ပ။ **ဣဒံ**=ဤဒုက္ခသစ္စာစသည်ကို၊ **ပဋိစ္စ**=အကြောင်းပြု၍၊ **ဝုတ္တံ**=ဟောတော်မူပြီ၊ **ဣတိ** (အဝေါစ)။

#### ၂-ဘယသုတ်

**၆၃။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ဣမာနိ တီဏိ**=(ယခုဟောတော်မူမည့်) ဤသုံးမျိုးတို့ကို
## PAGE 402

**အမာတာပုတ္တိကာနိ**=အချင်းချင်း ကူညီစောင့်ရှောက်နိုင်သော အမိနှင့်သား မရှိရာဖြစ်ကုန်သော၊ ဝါ=အမိနှင့်သား အချင်းချင်းအကူအညီ မပေးနိုင်လောက်အောင် ကြီးမားဆိုးရွားလှကုန်သော၊ **ဘယာနီတိ**=ဘေးတို့ဟူ၍၊ **အဿုတဝါ**=အကြားအမြင် သုတမရှိသော၊ [ဧကကနိပါတ် စာပိုဒ် ၅၁ ကြည့်]

**ပုထုဇ္ဇနော**=ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ **ဘာသတိ**=ပြောဆို၏၊ **တီဏိ**=သုံးမျိုးတို့ ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်း၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ယံ** (**ယသ္မိံ သမယေ**)=အကြင်အခါ၌၊ **မဟာအဂ္ဂိဍာဟော**=ကြီးမားသော မီးစွဲလောင်ခြင်းသည်၊ **ဝုဋ္ဌာတိ**=အုံကြွဖြစ်လာ၏၊ **သော သမယော**=ထိုအခါသည်၊ (ကြီးစွာသော မီးစွဲလောင်မှု အုံကြွဖြစ်လာရာ ထိုအခါသည်) **ဟောတိ**=ဖြစ်တတ်၏၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **မဟာအဂ္ဂိဍာဟေ**=မီးကြီးအုံကြွဖြစ်လာသည်၊ **ဝုဋ္ဌိတေ**=အုံကြွဖြစ်လာလတ်သော်၊ **တေန**=ထိုမီးကြီးသည်၊ **ဂါမာပိ**=ရွာတို့ကိုလည်း၊ **ဍယှန္တိ**=လောင်အပ်ကုန်၏၊ **နိဂမာပိ**=နိဂုံးတို့ကိုလည်း၊ **ဍယှန္တိ**=လောင်အပ်ကုန်၏၊ **နဂရာပိ**=မြို့တို့ကိုလည်း၊ **ဍယှန္တိ**=လောင်အပ်ကုန်၏၊

**ဂါမေသုပိ**=ရွာတို့၌လည်း၊ **ဍယှမာနေသု**=လောင်အပ်ကုန်လတ်သော်၊ **နိဂမေသုပိ**=နိဂုံးတို့၌လည်း။ပ။ **တတ္ထ**=ထိုမီးစွဲလောင်ရာ မြို့ရွာနိဂုံး၌၊ ဝါ=ဖြစ်ပေါ်လာသော ထိုမီးဘေးကြောင့်၊ **မာတာပိ**=မိခင်သည်လည်း၊ **ပုတ္တံ**=သားသမီးကို၊ (**ပဿိတုံ**=တွေ့မြင်ခြင်းငှါ၊ ဝါ=တွေ့မြင်နိုင်ခွင့်ကို) **နပ္ပဋိလဘတိ**=မရ၊ **ပုတ္တောပိ**=သားသမီးသည်လည်း၊ **မာတရံ**=မိခင်ကို၊ (**ပဿိတုံ**=တွေ့မြင်ခြင်းငှါ၊ ဝါ=တွေ့မြင်နိုင်ခွင့်ကို) **နပ္ပဋိလဘတိ**=မရ၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပဌမံ**=ရှေးဦးစွာသော၊ **ဣဒံ**=ဤကြီးမားသော မီးဘေးကို၊ **အမာတာပုတ္တိကံ**=အချင်းချင်း ကူညီစောင့်ရှောက်နိုင်သော အမိနှင့်သား မရှိရာဖြစ်သော၊ ဝါ=အမိနှင့်သား အချင်းချင်း အကူအညီ မပေးနိုင်လောက်အောင် ကြီးမားဆိုးရွားသော၊ **ဘယန္တိ**=ဘေးဟူ၍။ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပုန စပရံ**=နောက်ထပ်အခြားသော ဘေးတစ်မျိုးကား၊ **ယံ** (**ယသ္မိံ သမယေ**)=အကြင်အခါ၌၊ **မဟာမေဃော**=ကြီးစွာသော မိုးသည်၊ **ဝုဋ္ဌာတိ**=တက်လာ၏၊ **သော သမယော**=မိုးကြီးတက်လာရာ ထိုအခါသည်၊ **ဟောတိ**=ဖြစ်၏၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **မဟာမေဃေ**=မိုးကြီး၊ **ဝုဋ္ဌိတေ**=တက်လာလတ်သော်၊ **မဟာဥဒကဝါဟကော**=(မြစ်ကမ်းပြည့်မျှ) ကြီးမားလှသော ရေအယဉ်သည်၊ **သဉ္စာယတိ**=ဖြစ်လာ၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **မဟာဥဒကဝါဟကေ**=မိုးကြီးရေလျှံမှု၊ **သဉ္စာယန္တေ**=ဖြစ်လတ်သော်၊ **တေန**=ထိုကြီးစွာသော ရေအယဉ်သည်၊ **ဂါမာပိ**=ရွာတို့ကိုလည်း၊ **ဝုယှန္တိ**=မျှောအပ်ကုန်၏၊ ဝါ=ရိုက်ခတ်သယ်ဆောင်သွားအပ်ကုန်၏။ပ။ **ဝုယှမာနေသု**=မျှောအပ်ကုန်လတ်သော်။ပ။ **တတ္ထ**=ထိုရေမျှောရာ ဌာန၌၊ ဝါ=ထိုရေဘေးကြီးကြောင့်။ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဒုတိယံ**=နှစ်ခုမြောက်သော၊

