## PAGE 403

**ဣဒံ**=ဤဘေးကြီးကို။ပ။ **ယံ** (**ယသ္မိံ သမယေ**)=အကြင်အခါ၌၊ **အဋဝိသံဘောပေါ**=တောပုန်းဓားပြ ထကြွသောင်းကျန်းခြင်းကြောင့်ဖြစ်သော၊ **ဘယံ**=ကြောက်ရွံ့ခြင်းသည်၊ **ဟောတိ**=ဖြစ်၏။

**စက္ကသမာရုဠှာ**=ဣရိယာပုထ်စက်၊ ယာဉ်ရထားစက်ကို တက်စီးကြကုန်လျက်၊ **ဇာနပဒါ**=ဇနပုဒ်နယ်ပယ်နေ လူတို့သည်၊ **ပရိယာယန္တိ**=ဝန်းကျင်ပတ်လည် ထိုဤရပ်ခြား ပြေးသွားကြရကုန်၏၊ **သော သမယော**=(တောပုန်းဓားပြတို့ကြောင့် ကြောက်လန့်လျက် ထွက်ပြေးကြရာ) ထိုအခါသည်၊ **ဟောတိ**=ဖြစ်တတ်၏၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **အဋဝိသံဘောပေ**=တောပုန်းဓားပြဘေး၊ **ဘယေ**=ကြောက်ရွံ့ခြင်းသည်၊ **သတိ**=ဖြစ်လတ်သော်၊ **စက္ကသမာရုဠှေသု**=ယာဉ်ကိုစီးကြကုန်လျက်၊ **ဇာနပဒေသု**=ဇနပုဒ်သားတို့သည်၊ **ပရိယာယန္တေသု**=ဝန်းကျင်ပတ်လည် ထိုဤရပ်ခြား ပြေးသွားကြကုန်လတ်သော်၊ **တတ္ထ**=ထိုပြေးသွားကြရာအရပ်၌၊ ဝါ=ထိုတောပုန်းဓားပြဘေးကြောင့်။ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **တတိယံ**=သုံးခုမြောက်သော၊ **ဣဒံ**=ဤတောပုန်းဓားပြဘေးကို။ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဣမာနိ တီဏိ**=ဤဘေးသုံးမျိုးတို့ကို။ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **တီဏိ**=သုံးမျိုးကုန်သော၊ **သမာတာပုတ္တိကာနိယေဝ**=အချင်းချင်း ကူညီစောင့်ရှောက်နိုင်သော အမိနှင့်သားရှိသည်သာဖြစ်ကုန်သော၊ ဝါ=အမိနှင့်သားအချင်းချင်း အကူအညီ ပေးနိုင်လောက်သေးသည်သာ ဖြစ်ကုန်သော၊ **တာနိ ဣမာနိ ဘယာနိ**=ထိုဘေးတို့ကို၊ **အမာတာပုတ္တိကာနိ**=ကုန်သော၊ **ဘယာနီတိ**=ဘေးတို့ဟူ၍။ပ။ **နဂရေသုပိ**=မြို့တို့ကိုလည်း၊ **ဍယှမာနေသု**=လောင်အပ်ကုန်လတ်သော်၊

၁။ **အဋဝိသံဘောပေါ**။ ။ **အဋဝိယာ**=တော၏၊ ဝါ=တောပုန်းဓားပြ၏၊ **သံဘောပေါ**=ထကြွသောင်းကျန်းခြင်း။ ဤ၌မူ ထကြွသောင်းကျန်းခြင်းကြောင့်ဖြစ်သော ကြောက်ရွံ့ခြင်းတိုင်အောင် ကာရဏူပစာရအားဖြင့် ယူပါ။

၂။ **စက္ကသမာရုဠှာ**။ ။ **စက္က**=စက်ဘီးကို + **သမာရုဠှ**=တက်စီးသူ။ ဤ၌ "**စက္က**" အရ ရပ်ခြင်းသွားခြင်းစသော ဣရိယာပုတ်တည်းဟူသော ဘီး (**ဣရိယာပထစက္က**) ကိုလည်းကောင်း၊ ရထားလှည်းစသော ဘီးတပ်ယာဉ် (**ယာနစက္က**) ကိုလည်းကောင်း ယူရ၏။ ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ ထိုယာဉ်ရှိသူတို့က ယာဉ်ပေါ်၌ ပစ္စည်းဥစ္စာကိုတင်၍ ထိုယာဉ်ဖြင့် ထွက်ပြေးကြ၏။ ယာဉ်မရှိသူတို့ကမူ ကိုယ်ခန္ဓာ၏ ရပ်ခြင်းသွားခြင်းစသော ဣရိယာပုထ်ဟူသော ဘီးကိုသာ အားကိုးလျက် ပစ္စည်းများကို ထမ်းပိုးဖြင့်ထမ်း၍လည်းကောင်း၊ ဦးခေါင်းဖြင့်ရွက်၍လည်းကောင်း ထွက်ပြေးကြ၏။ ထို **ယာနစက္က**, **ဣရိယာပထစက္က** ကို တက်စီးသူများကို "**စက္ကသမာရုဠှ**" ဟု ခေါ်၏။

## PAGE 404

**ယံ** (**ယသ္မိံ သမယေ**)=အကြင်အခါ၌၊ **ကဒါစိ ကရဟစိ**=တစ်ခါတစ်ရံ တစ်ခါတစ်ရံ၌၊ **မာတာပိ**=မိခင်သည်လည်း၊ **ပုတ္တံ**=သားကို၊ (**ပဿိတုံ**) **ပဋိလဘတိ**=ရနိုင်သေး၏။ပ။ **ပဋိလဘတိ**=၏၊ **သော သမယော**=(သားအမိနှစ်ဦး တွေ့မြင်ခွင့် ရနိုင်လောက်ရာ) ထိုအခါသည်၊ **ဟောတိ**=ရှိပါသေး၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပဌမံ**=ရှေးဦးစွာသော၊ **သမာတာပုတ္တိကံယေဝ**=အမိနှင့်သားရှိသည်သာဖြစ်သော၊ **ဣဒံ ဘယံ**=ဤဘေးကို။ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **တီဏိ**=သုံးမျိုးကုန်သော၊ **သမာတာပုတ္တိကာနိယေဝ**=ကုန်သော **ဣမာနိ ဘယာနိ**=ဤဘေးတို့ကို။ပ။

**ဘာသတိ**=ပြောဆို၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဣမာနိ တီဏိ**=(ယခုဟောတော်မူမည့်) ဤသုံးမျိုးတို့သည်ကား၊ **အမာတာပုတ္တိကာနိ**=အချင်းချင်း ကူညီစောင့်ရှောက်နိုင်သော အမိနှင့်သား မရှိရာဖြစ်ကုန်သော၊ **ဘယာနိ**=ဘေးတို့တည်း။ပ။ **ဇရာဘယံ**=ဇရာဘေးလည်းကောင်း၊ ဝါ=အိုခြင်းကိုစွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း၊ **ဗျာဓိဘယံ**=ဗျာဓိဘေးလည်းကောင်း၊ ဝါ=မကျမ်းမမာ နာခြင်းကိုစွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း၊ **မရဏဘယံ**=မရဏဘေးလည်းကောင်း၊ ဝါ=သေခြင်းကိုစွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း၊ **ဣတိ**=ဤသည်တို့တည်း။

**ဘိက္ခဝေ**=ရဟန်းတို့၊ **မာတာ**=မိခင်သည်၊ **ဇီရမာနံ**=အိုမင်းကြီးရင့်နေသော၊ **ပုတ္တံ**=သားကို၊ **အဟံ**=ငါသည်သာ၊ **ဇီရာမိ**=(သား၏ ကိုယ်စား) အိုချင်ပါ၏၊ **မေ**=ငါ၏၊ **ပုတ္တော**=သားသည်၊ **မာ ဇီရီတိ**=မအိုပါစေသတည်းဟူ၍၊ **ဧဝံ**=ဤသို့တောင့်တ၍၊ (**ပရိတ္တာတုံ**=အိုဘေးမှ ကယ်တင်စောင့်ရှောက်ခြင်းငှါ၊ ဝါ=စောင့်ရှောက်နိုင်ခွင့်ကို) **န လဘတိ**=မရ၊

**ဝါ ပန**=သို့မဟုတ်၊ **ပုတ္တော**=သားသည်၊ **ဇီရမာနံ**=အိုမင်းကြီးရင့်နေသော၊ **မာတရံ**=မိခင်ကို၊ **အဟံ**=ငါသည်သာ၊ **ဇီရာမိ**=(မိခင်၏ ကိုယ်စား) အိုချင်ပါ၏။ **မေ**=ငါ၏၊ **မာတာ**=မိခင်သည်၊ **မာ ဇီရီတိ**=မအိုပါစေသတည်းဟူ၍၊ **ဧဝံ**=ဤသို့တောင့်တ၍၊ (**ပရိတ္တာတုံ**=အိုဘေးမှ ကယ်တင်စောင့်ရှောက်ခြင်းငှါ) **န လဘတိ**=မရ။ပ။

**ဗျာဓိယမာနံ**=မကျမ်းမမာ နာနေသော၊ **ပုတ္တံ**=သားကို၊ **အဟံ**=ငါသည်၊ **ဗျာဓိယာမိ**=နာချင်ပါ၏။ **မာ ဗျာဓိယီတိ**=မနာပါစေသတည်းဟူ၍၊ **ဧဝံ**=ဤသို့တောင့်တ၍၊ (**ပရိတ္တာတုံ**=နာဘေးမှ ကယ်တင်စောင့်ရှောက်ခြင်းငှါ၊ ဝါ=စောင့်ရှောက်နိုင်ခွင့်ကို) **န လဘတိ**=မရ။ပ။ **မီယမာနံ**=သေနေသော။ပ။ **မီယာမိ**=သေချင်ပါ၏။ **မာ မီယီတိ**=မသေပါစေသတည်းဟူ၍။ **ဧဝံ**=ဤသို့တောင့်တ၍၊ (**ပရိတ္တာတုံ**=သေဘေးမှ ကယ်တင်စောင့်ရှောက်ခြင်းငှါ)

၁။ **ဗျာဓိယာမိပုဒ် ရုပ်ပြီး**။ ။ **ဗျာဓိ ဘဝတိ** (မကျမ်းမမာ နာခြင်းဆင်းရဲဖြစ်၏) ဟူသော အနက်၌ (**ဓာတုရူပေနာမသ္မာ ဏယော စ**-ဟူသော ကစ္စည်းသုတ်ဖြင့်) **ဗျာဓိ** ဟူသော နာမ်ပုဒ်နောင် ဏယပစ္စည်းသက်၍ (သို့မဟုတ်- **ဓာတုတ္ထ နာမသ္မိ**-ဟူသော မောဂ္ဂလာန် ၅-ခါဒိကဏ္ဍ၊ ၁၂-သုတ်ဖြင့် ဣပစ္စည်းသက်၊ ထိုဣကို ဧပြု၊ ဧကိုလည်း အယပြု၍) **ဗျာဓိယ**-ဟု နာမဓာတ်ဖြစ်၏။ ထို့နောက် မာနပစ္စည်း, မိဝိဘတ်တို့ဖြင့် "**ဗျာဓိယမာနံ ဗျာဓိယာမိ**" ဟု ရုပ်ပြီးပုံ ကြံသင့်သည်။
## PAGE 405

**န လဘတိ**။ပ။ **ဘိက္ခဝေ** = တို့၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့သည်။ပ။ **ဘယာနိ** = တို့တည်း။

**ဘိက္ခဝေ** = တို့ ( **ယော မဂ္ဂေါ** = အကြင်လမ်းစဉ်သည်၊ **ယာ ပဋိပဒါ** = အကြင်အကျင့်သည် ) **တီဏိ** = သုံးမျိုးကုန်သော၊ **သမာတာပုတ္တိကာနံ** = ကုန်သော၊ **ဣမေသံ စ ဘယာနံ** = ဤဘေးတို့ကိုလည်းကောင်း၊ **တီဏိ** = ကုန်သော၊ **အမာတာပုတ္တိကာနံ** = ကုန်သော၊ **ဣမေသံ စ ဘယာနံ** = လည်းကောင်း၊ **ပဟာနာယ** = ပယ်ခွါခြင်းငှါ၊ **သမတိက္ကမာယ** = ကျော်လွန်ခြင်းငှာ၊ **သံဝတ္တတိ** = ဖြစ်၏ ၊ **သော မဂ္ဂေါ** - ( ပယ်ခွါကျော်လွန်ကြောင်းဖြစ်သော ) ထိုလမ်းစဉ်သည်၊ **အတ္ထိ** = ရှိ၏၊ **သာ ပဋိပဒါ** = ( ပယ်ခွါကျော်လွန်ကြောင်းဖြစ်သော ) ထိုအကျင့်သည်၊ **အတ္ထိ** = ရှိ၏၊ **ဘိက္ခဝေ** = တို့၊ ( **ယော မဂ္ဂေါ** = သည်၊ **ယာ ပဋိပဒါ** = သည် ) **တီဏိ** = ကုန်သော၊ **သမာတာပုတ္တိကာနံ** = ကုန်သော။ပ။ **သမတိက္ကမာယ** = ငှါ၊ **သံဝတ္တတိ** = ၏၊ **သော မဂ္ဂေါ** - ထိုလမ်းစဉ်ဟူသည်၊ **ကတမော စ** = အဘယ်နည်း၊ **သာ ပဋိပဒါ** = ထိုအကျင့်ဟူသည်၊ **ကတမာ စ** = နည်း၊ **အရိယော** = သော၊ **အဋ္ဌင်္ဂိကော** = သော၊ **အယမေဝ မဂ္ဂေါ** = တည်း။ပ။ [ယခင်သုတ်ကြည့်] **ဘိက္ခဝေ** = တို့၊ ( **ယော မဂ္ဂေါ** **ယာ ပဋိပဒါ** ) **တီဏိ** = ကုန်သော၊ **သမာတာပုတ္တိကာနံ**။ပ။ **သံဝတ္တတိ** = ၏၊ **သော မဂ္ဂေါ** - ဟူသည်၊ **အယံ ခေါ** = ဤမဂ္ဂင်ရှစ်ပါးတည်း၊ **သာ ပဋိပဒါ** = သည်၊ **အယံ** = ဤမဂ္ဂင်ရှစ်ပါးတည်း၊ **ဣတိ** = သို့ ) ( **အဝေါစ** = မိန့် ) **ဒုတိယံ** = ၂-ခုမြောက် သုတ်တည်း။

#### ၃-ဝေနာဂပုရသုတ်

**၆၄။** **ဧကံ** = တပါးသော၊ **သမယံ** = အခါ၌၊ **ဘဂဝါ** = မြတ်စွာဘုရားသည်၊ **မဟတာ** = အရေအတွက်အားဖြင့် များစွာသော၊ **ဝါ** = ( အပို့စ္ဆတာစသော ) ဂုဏ်အားဖြင့် မြင့်မြတ်သော၊ **ဘိက္ခုသံဃေန** = ရဟန်းအပေါင်းနှင့်၊ **သဒ္ဓိ** = အတူတကွ၊ **ကောသလေသု** = ကောသလမည်သော ဇနပုဒ်၌၊ **ဝါ** = ကောသလ၊

၁။ “**ကောသလေသု**” ၌ ဗဟုဝုစ်ဝိဘတ်၏ ဧကဝုစ်အနက်ဖွင့်။ ။ ကောသလဇနပုဒ်သည် တခုတည်းသာရှိ၏။ သို့သော် ထိုဇနပုဒ်ကို ပိုင်ဆိုင်ကြသောမင်းသားများစွာတို့၏ နေရာဌာနဖြစ်သောကြောင့် တခုတည်းသော ဇနပုဒ်ကိုပင် ( ရဋီသဒ္ဒါဖြစ်၍ ) **ကောသလေသု** ဟု ဗဟုဝုစ်ဖြင့်ဆိုကြောင်း... ကျွန်ုပ်တို့ဖွင့်ကြသည်။ အနက်ပေးသောအခါ၌လည်း “**ကောသလေသူတိ** ဧဝံနာမကေဇနပဒေ” ဟူသော အဖွင့်အတိုင်း ဧကဝုစ်အနက်ပေးရသည်။

**ကောသလေသု** ဟူသော အာဓာရပုဒ်၌ ဇနပုဒ်အနက်ဟောယူ၍ ဧကဝုစ်အနက်ကိုသာ ပေးရသော်လည်း **ကောသလာနံ ဗြာဟ္မဏဂါမော** ၌ကား

