## PAGE 409

သော ဘဂဝါ-သည်၊ **သဒေဝကံ**=အောက် ကာမာဝစရ နတ်ပြည် ငါးထပ်ရှိနတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ **သမာရကံ**= မာရ်မင်း အမှူးထား, ဝသဝတ္တီဘုံသားနတ်အပေါင်းနှင့်လည်း တကွဖြစ်သော၊ **သဗြဟ္မကံ**=နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့်လည်းတကွ ဖြစ်သော၊ **ဣမံ လောကံ**=ဤသြကာသလောကကိုလည်းကောင်း၊ သဒေဝကံ စသော သုံးပုဒ်တို့၌ပါသောဒေဝ, မာရ, ဗြဟ္မတို့ဖြင့် … သတ္တလောကကို ယူပြီးဖြစ်ရကား “**ဣမံ လောကံ**=(ထိုဒေဝ, မာရ, ဗြဟ္မဟူသော သတ္တလောကနှင့် တကွဖြစ်သော) ဤသြကာသလောကကိုလည်းကောင်း” ဟူသော အနက်အဓိပ္ပါယ်သည်ပြည့်စုံပြီးဖြစ်၏။ ထို့ကြောင့် “**ဣမံ လောကံ**=ဤသြကာသလောက, သတ္တလောကကို လည်းကောင်း” ဟု သတ္တလောကကို နောက်ထပ်ထည့်စွက်အနက်ပေးဖွယ်မလို]

**သဿမဏ ဗြာဟ္မဏိ** = သမဏ, ဗြာဟ္မဏတို့နှင့်လည်း

**၁။** သဿမဏ ဗြာဟ္မဏိပဇံ သဒေဝမနုဿံ။ ။ (က) ဤမြတ်စွာဘုရားသာသနာတော်၏ ဆန့်ကျင်ဘက်ရဟန်းပုဏ္ဏား။ (ခ) ပါပါနိ သမယိတ္ထာတိ သမဏော=မကောင်းမှုတို့ကို ငြိမ်းစေပြီးသော ရဟန္တာ။ ပါပကေ အကုသလေ ဓမ္မံ ဝါဟယိတ္ထာတိ ဗြာဟ္မဏော=မကောင်းမှုအကုသိုလ်တရားတို့ကို ပယ်ရှားမျောသွားစေပြီးသော သူတော်ကောင်း၊ ဤ (က) (ခ) အားလုံးကို ဤ၌ “သမဏ ဗြာဟ္မဏ” ဟုဆိုသည်။ သဟ သမဏဗြာဟ္မဏေဟိ ယာ ပဇာ ဝတ္တတီတိ သဿမဏဗြာဟ္မဏီ။

သဒေဝမနုဿ၌ သမ္မုတိနတ်တည်းဟူသော လူမင်းကို ဒေဝဟုဆိုလို၏၊ ထိုလူမင်းနှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူအားလုံးကို မနုဿဟုခေါ်၏။ သာ ဒေဝမနုဿေဟိ ယာ ပဇာ ဝတ္တတီတိ သဒေဝမနုဿာ။ ထို့အပြင် သဒေဝကံ၌ ဒေဝအရ အောက်ကာမာဝစရနတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းကိုယူရပုံနှင့် သမာရကံ သဗြဟ္မကံတို့၌ မာရ, ဗြဟ္မပုဒ်တို့ အရကောက်ပုံကိုနိသျခန်းအနက်ပေးထားသည့်အတိုင်း သိနိုင်၏။ ယခုတဖန် အဋ္ဌကထာ၌နောက်ထပ်အမျိုးမျိုး အရကောက်ပြသည့်အတိုင်း အနက်ပေး ပြဦးမည်။

သော (ဘဂဝါ)=သည်၊ **သဒေဝကံ**=အရူပါဝစရဗြဟ္မာတို့နှင့်လည်းတကွဖြစ်သော၊ **သမာရကံ**=မာရ်မင်း၏ အာဏာပျံ့နှံ့ရာ ကာမာဝစရနတ်ပြည်ခြောက်ထပ် နတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ **သဗြဟ္မကံ**=ရူပါဝစရဗြဟ္မာအပေါင်းနှင့်လည်း တကွဖြစ်သော၊ **ဣမံ လောကံ**=ဤသြကာသလောကကိုလည်းကောင်း။ **သဿမဏဗြာဟ္မဏိ**=ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်တို့နှင့်လည်း တကွဖြစ်သော၊ ဝါ=ရဟန်းပရိသတ်နှင့် တကွဖြစ်သော

## PAGE 410

တကွဖြစ်သော၊ ဝါ=ဤ သာသနာတော်၏ ဆန့်ကျင်ဘက် ရဟန်း ပုဏ္ဏား, မကောင်းမှုတို့ကို ငြိမ်းစေပြီးသောရဟန္တာ, မကောင်းမှုတို့ကို ပယ်ရှားပုဏ္ဏားပရိသတ်လည်းဖြစ်သော၊ **သဒေဝမနုဿံ**=သမ္မုတိနတ်တည်းဟူသောလူမင်းပရိသတ်, အိမ်ပိုင်ရှင် ဂဟပတိပရိသတ်တို့နှင့်လည်း တကွဖြစ်သော၊ ဝါ=သမ္မုတိနတ်တည်းဟူသော လူမင်းပရိသတ်နှင့်တကွဖြစ်သော အိမ်ပိုင်ရှင်ဂဟပတိပရိသတ်လည်းဖြစ်သော၊ ပဇံ=(ပရိသတ်လေးဖြာ)လူသတ္တဝါအပေါင်းကိုလည်းကောင်း၊ သဿမဏဗြာဟ္မဏာဒိဂ္ဂဟဏေန စတုပရိသဝသေန မနုဿလောကော (ဂဟိတော)။ [အဋ္ဌကထာ]

ဤနည်း၌ ဝိမတိဋီကာ၊ ပ-၆၃-အလိုသဟ သမဏေဟိ ယာ(ဗြာဟ္မဏပဇာ)ဝတ္တတီတိ သဿမဏာ၊ သဿမဏာ စ သာ ဗြာဟ္မဏိ စာတိ သဿမဏဗြာဟ္မဏီ၊ သဟ ဒေဝေဟိ ယာ(မနုဿာ ပဇာ)ဝတ္တတီတိ သဒေဝါ သဒေဝါ စ သာ မနုဿာ စာတိ သဒေဝမနုဿာ”ဟု ဝိဂြိုဟ်ပြုသို့သော် ဝိမတိနောက် မလိုက်ဘဲ ရှေးကအတိုင်းပင် ဝိဂြိုဟ်ပြု၍ သဿမဏဗြာဟ္မဏီနှင့် သဒေဝမနုဿာဟူသော ဝိသေသနပုဒ်တို့အရ သူ့ပုဒ်ဆိုင်ရာဆိုင်ရာပရိသတ် လောက်မျှကို ယူပြီးလျှင် ပဇံဟူသောဝိသေသျပုဒ်အရ အားလုံးပေါင်းပရိသတ်လေးပါးလုံးကို ယူလျှင်လည်း ဖြစ်နိုင်ပါ၏။

တနည်း -**သဿမဏဗြာဟ္မဏိ**=ရဟန်း, ပုဏ္ဏားလူမျိုးတို့နှင့်လည်းတကွဖြစ်သော၊ ဝါ=ရဟန်းနှင့် တကွဖြစ်သော ပုဏ္ဏားလူမျိုးလည်းဖြစ်သော၊ **သဒေဝမနုဿံ**=သမ္မုတိနတ်ဟူသော မင်းမျိုး, အိမ်ပိုင်ရှင် ဂဟပတိမျိုး, လူဆင်းရဲသုဒ္ဒမျိုးတို့နှင့်လည်း တကွဖြစ်သော၊ ဝါ- သမ္မုတိနတ်ဟူသောမင်းမျိုးနှင့်တကွဖြစ်သော ဂဟပတိမျိုး, သုဒ္ဒမျိုးလည်းဖြစ်သော၊ (ပဇံ=အမျိုးလေးဖြာ)လူသတ္တဝါအပေါင်းကိုလည်းကောင်း။ [သမ္မုတိ ဒေဝေဟိဝါ သဟ မနဿလောကော]

တနည်း-**သဿမဏဗြာဟ္မဏိ**=ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ် တို့နှင့်လည်း တကွဖြစ်သော၊ **သဒေဝမနုဿံ**= သမ္မုတိနတ်ဟူသော မင်းပရိသတ်, ဂဟပတိပရိသတ်တို့နှင့်လည်း တကွဖြစ်သော၊ ပဇံ=ကြွင်းသော လူဆင်းရဲ သုဒ္ဒမျိုးနှင့် နဂါး, ဂဠုန်, ငရဲသားစသောသတ္တဝါအပေါင်းကို လည်းကောင်း၊ [စတုပရိသဝသေန အဝသေသသဗ္ဗသတ္တလောကော ဝါ]

တနည်း-**သဿမဏဗြာဟ္မဏိ**=ရဟန်း, ပုဏ္ဏားမျိုးတို့နှင့်လည်းတကွဖြစ်သော၊ **သဒေဝမနုဿံ**=သမ္မုတိနတ်ဟူသော မင်းမျိုး, ဂဟပတိမျိုး, သုဒ္ဒမျိုးတို့နှင့်လည်းတကွဖြစ်သော၊ ပဇံ=ကြွင်းသော နဂါး, ဂဠုန်,
## PAGE 411

မျောသွားစေပြီးသော သူတော်ကောင်းတို့နှင့်လည်း တကွဖြစ်သော။

**သဒေဝမနုဿံ**=သမ္မုတိနတ် တည်းဟူသော လူမင်း, ထိုလူမင်းနှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူတို့နှင့်လည်း တကွဖြစ်သော၊ **ပဇံ**=သတ္တဝါအပေါင်းကိုလည်းကောင်း၊ **သယံ**=ကိုယ်တော်တိုင်၊ **အဘိညာ** (**အဘိညာယ**)=ထူးချွန်လွန်ကဲသော သဗ္ဗညုတ ဉာဏ်ဖြင့် သိ၍၊ **သစ္ဆိကတွာ**=မျက်မှောက်ပြု၍၊ **ပဝေဒေတိ**=ဟောကြားသိစေတော်မူ၏။

**သော (ဘဂဝါ)**=သည်၊ **ဓမ္မံ**=ပရိယတ်တရားတော်ကို၊ **အာဒိကလျာဏံ**=အောင်လည်းကောင်း၊ [စာပိုဒ် (၃၀) အဝကုဇ္ဇသုတ်ကြည့်]။ပ။ ကေဝလငရဲသားစသော သတ္တဝါအပေါင်းကိုလည်းကောင်း [သမ္မုတိဒေဝေဟိ ဝါ သဟ အဝသေသသဗ္ဗသတ္တလောကော ဝါ]

တနည်း-**သဒေဝကံ**=အရူပါဝစရ ဗြဟ္မာတို့နှင့်လည်း တကွဖြစ်သော၊ **သမာရကံ**=ခြောက်ဘုံကာမ, ဒေဝလွှမ်းမိုး, အုပ်စိုးပိုင်နင်း, မာရ်နတ်မင်းနှင့်လည်း တကွဖြစ်သော၊ **သဗြဟ္မကံ**=လက်ချောင်းဆယ်လီ, တခုစီဖြင့်, စုံညီစက္ကဝါ, တထောင်ကွာသို့, ရောင်ဝါလွှမ်းဖြာ, ဈာန်ချမ်းသာမှီး, မဟာဗြဟ္မာကြီးနှင့်လည်းတကွဖြစ်သော၊ **ဣမံ လောကံ**= ဤသြကာသလောကကိုလည်းကောင်း၊ **သဿမဏဗြာဟ္မဏိ**= ဤသာသနာတော်၏ ဆန့်ကျင်ဘက် ရဟန်းပုဏ္ဏားတို့နှင့်လည်း တကွဖြစ်သော၊ **သဒေဝမနုဿံ**=သမ္မုတိနတ် တည်းဟူသော လူမင်း, ထိုလူမင်းတို့နှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူတို့နှင့်လည်း တကွဖြစ်သော၊ **ပဇံ**=သတ္တဝါအပေါင်းကိုလည်းကောင်း။ [ဤနည်းမှာ ဤသုတ်အဋ္ဌကထာ၌ မပါချေ၊ ပါရာဇိကဏ်အဋ္ဌကထာ စသည်၌ “အပိစေတ္ထ” စသည်ဖြင့် ဖွင့်သည်။]

တနည်း-**သဒေဝကံ**=နတ်တို့နှင့်တကွဖြစ်သော၊ **ဣမံ လောကံ**=ဤကြွင်းသော သတ္တလောကနှင့် ဩကာသလောကကိုလည်းကောင်း၊ **သမာရကံ**=မာရ်မင်းနှင့်တကွဖြစ်သော၊ **ဣမံ လောကံ**=ဤကြွင်းသော သတ္တလောကနှင့် ဩကာသလောကကိုလည်းကောင်း၊ **သဗြဟ္မကံ**=(၂၀)သော ဗြဟ္မာတို့နှင့် တကွဖြစ်သော၊ **ဣမံ လောကံ**= လည်းကောင်း။ **သဿမဏဗြာဟ္မဏိ**=ရဟန်းပုဏ္ဏားတို့နှင့် တကွဖြစ်သော။ **ပဇံ**=ကြွင်းသော သတ္တဝါအပေါင်းကိုလည်းကောင်း။ **သဒေဝမနုဿံ**=သမ္မုတိနတ် ဟူသော လူမင်း, ထိုလူမင်းနှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းသော လူတို့နှင့် တကွဖြစ်သော။

**ပဇံ**=ကြွင်းသော သတ္တဝါအပေါင်းကိုလည်းကောင်း။ [ပေါရာဏာဟု စသော အဖွင့်]

