## PAGE 412

**ပရိပုဏ္ဏံ**=လည်းကောင်း၊ **ပရိသုဒ္ဓံ**=ထက်ဝန်းကျင် စင်ကြယ်အောင်လည်းကောင်း၊ (ပစ္စည်းလာဘ်မျိုး, မမျှော်ကိုးဘဲ, အကျိုးလိုလား, မေတ္တာပွားယှဉ်, ထက်ဝန်းကျင် စင်ကြယ်အောင်လည်းကောင်း) [အဝကုဇ္ဇသုတ်၌ကား ထိုသုတ်အဖွင့်အတိုင်း “ပရိသုဒ္ဓံ=အသိမခက်, ရောယှက်မှုကင်း, ရှင်းလင်းပေါ်လွင်အောင် လည်းကောင်း”ဟု အနက်ပေးခဲ့သည်၊] **ဒေသေတိ**-ဟောတော်မူ၏၊ (**ဧဝံ**= အောင်၊ **ဒေသန္တော စ**=ဟောကြားတော်မူလျှင်လည်း) **ဗြဟ္မစရိယံ**= (သိက္ခာ သုံးရပ်ဖြင့် သွင်းယူအပ်သော) မြတ်သောအကျင့်ဖြစ်သော သာသနာတော်ကို၊ ဝါ=မြတ်သော ဘုရားအစရှိသော သူတော်ကောင်းတို့၏ သိက္ခာ သုံးရပ်ဖြင့် သွင်းယူအပ်သော အကျင့်ဖြစ်သော သာသနာတော်ကို၊ **ပကာသေတိ**= ထင်ရှားပြတော်မူ၏၊ **ဣတိ**=ဤသို့၊ **ကိတ္တိသဒ္ဒါ**-သည်၊ **အဗ္ဗုဂ္ဂတော**=ပြီ၊ **ဣတိ**=သို့၊ **အသောသုံ ခေါ**=ကြားသိကြရကုန်ပြီးသည်သာ)

၁။ “**အဗ္ဗုဂ္ဂတော, အသောသုံ**” တို့၏ အာဏာရနယ်ပယ်

သာရတ္ထဋီကာ (ပ-၃၃၆) ဝိမတိ (ပ-၆၆) စသည်တို့နှင့် ရှေးဆရာတော်တို့သည် **အဗ္ဗုဂ္ဂတော** နှင့် **အသောသုံ** တို့၏ အာကာရနယ်ပယ် သတ်မှတ်ပုံ အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိ၏။ **ဒဿနမတ္တမ္ပိ သာဓု ဟောတီတိ ဧဝမဇ္ဈာသယံ ကတွာ** ဟူသော အဋ္ဌကထာ၌ “**ဒဿနံ ဟောတီတိ**” ဟူသော ပါဠိတော်မှ **ဣတိ** ၏စပ်ရာကို “**ဧဝမဇ္ဈာသယံ ကတွာ**” ဟု အသစ်ထည့်ဖွင့်ထား၏။

ထို့ကြောင့် သာရတ္ထ၌လည်းကောင်း, ရူပသိဒ္ဓိဋီကာ (ကမ္မပ္ပဝစနီယယုတ္တေသုတ်) ၌လည်းကောင်း ထိုအာကာရ၏ နယ်ပယ်ကို “**ဒဿနံ ဟောတိ**” တိုင်အောင် မသတ်မှတ်တော့ဘဲ “**ဗြဟ္မစရိယံ ပကာသေတိ**” မှာပင် သတ်မှတ်ကာ ထိုနေရာ၌ **ဣတိ** ပုဒ်ကို ဆောင်ယူ၍ **အဗ္ဗုဂ္ဂတော** သို့ ပြန်လှည့်စပ်တော်မူကြ၏။

ဝိမတိဋီကာ၌ကား **အဗ္ဗုဂ္ဂမနာကာရ** ၏နယ်ပယ်ကို **သစ္ဆိကတွာ ပဝေဒေတိ** ၌ သတ်မှတ်၏။ **သဝနာကာရ** ၏ နယ်ပယ်ကိုကား **ဒဿနံ ဟောတိ** ရောက်မှ အဆုံးသတ်၏။ ပါရာဇိကဏ်ဂဏ္ဌိသစ်၌မူ **ဒဿနံ ဟောတိ** ၌ **အဗ္ဗုဂ္ဂမနာကာရ** ကိုလည်းကောင်း, ထို **အဗ္ဗုဂ္ဂမနာကာရ** ၏ အဆုံး၌ **သဝနာကာရ** ကိုလည်းကောင်း သတ်မှတ်တော်မူ၏။ ဤနိဿယခန်း၌ သာရတ္ထနှင့် ထိုဂဏ္ဌိသစ်နည်းအားဖြင့် နှစ်နည်းအနက်ပေးထားသည်။

ပါရာဇိကဏ်အဋ္ဌကထာ (ပ-၉၈) ၌ **သဒေဝကံ သမာရကံ** စသည်တို့ကိုလည်း **အဗ္ဗုဂ္ဂမနာကာရ** အတွင်း၌ ထည့်သွင်းကြောင်းကို “**အပိစေတ္ထ။ပ။ သဒေဝမနုဿန္တိ အဗ္ဗုဂ္ဂတော**” ဟူသောစကားဖြင့် ထင်ရှား၏။ ထို့ကြောင့် “**ဣတိပိ သော ဘဂဝါ အရဟံ။ပ။ ဗုဒ္ဓေါ ဘဂဝါ**” ဟူသော ဂုဏ်တော်ကိုးပါး

## PAGE 413

**တထာရူပါနံ**=ထိုအရှင်ဂေါတမကဲ့သို့ သဘောရှိကုန်သော၊ **အရဟတံ**=ရဟန္တာပုဂ္ဂိုလ်တို့ကို၊ **ဒဿနံ**=ဖူးမြင်ရခြင်းမျှသည်လည်း၊ ဝါ=ဖူးမြင်ရရုံကလေးမျှသော်မှလည်း၊ **သာဓု ခေါ ပန**=ကောင်းလှပေသည်သာ၊ (မျက်မှောက်, တမလွန့်, တဖန် ပရမတ် နိဗ္ဗာန်ဓာတ်ဟု, သုံးရုပ်စီးပွား, ချမ်းသာများအောင်, ဆောင်နိုင်ပေတတ်, ကောင်းမြတ်လှပေသည်သာ၊) **ဣတိ**=ဤသို့၊ (**အဇ္ဈာသယံ**=အလိုဆန္ဒကို၊ **ကတွာ**=ပြု၍၊) [အဋ္ဌကထာအတိုင်း ထိုနှစ်ပုဒ်ထည့်၍ အနက်ပေးသည်၊ ၎င်းကို **ဥပသင်္ကမိံသု** ၌စပ်ပါ။]

[တနည်း-**ဗြဟ္မစရိယံ**=ကို၊ **ပကာသေတိ**=၏၊ **တထာရူပါနံ**=ကုန်သော၊ **အရဟတံ**=တို့ကို၊ **ဒဿနံ**=လည်း၊ **သာဓု ခေါ ပန**=သာ၊ **ဣတိ**=သို့၊ **ကိတ္တိသဒ္ဓေါ**=သည်၊ **အဗ္ဗုဂ္ဂတော**=ပြီ၊ **ဣတိ**=သို့၊ **အသောသုံ ခေါ**=ကြားသိကြရကုန်ပြီး၍၊ **တထာရူပါနံ**=ကုန်သော၊ **အရဟတံ**=တို့ကို၊ **ဒဿနံ**=လည်း၊ **သာဓု ခေါ ပန**=သာ၊ **ဣတိ**=သို့၊ **အဇ္ဈာသယံ**=ကို၊ **ကတွာ**=ပြုပြီး၍။]

အထ ခေါ=ကြားသိကြပြီးရာ ထိုအခါ၌၊ ဝေနာဂပုရိကာ= ဝေနာဂပုရ ရွာသားဖြစ်ကုန်သော၊ ဗြာဟ္မဏဂဟပတိကာ=တို့သည်၊ ယေန=အကြင်အရပ်၌၊ အဆုံး၌ **အဗ္ဗုဂ္ဂမနာကာရ** မကုန်ဆုံးသေးကြောင်းနှင့် **ဗုဒ္ဓေါ ဘဂဝါတိ** ဟု **ဣတိသဒ္ဒါ** မရှိသင့်သည်မှာ သတိပြုစရာဖြစ်၏။ သို့သော် ဤသုတ် အင်္ဂုတ္တိုရ် အဋ္ဌကထာနှင့် မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု-၂၂၈ (သာလေယျကသုတ်အဖွင့်) တို့၌ကား “**အဗ္ဗုဂ္ဂတောတိ သဒေဝကံ လောကံ အဇ္ဈောတ္ထရိတွာ ဥဂ္ဂတော၊ ကိန္တ? ဣတိပိ သော ဘဂဝါ။ပ။ ဗုဒ္ဓေါ ဘဂဝါတိ**” ဟူ၍ ဖွင့်ထား၏၊ ထိုအဖွင့်အတိုင်းဆိုလျှင်ကား ပါဠိတော်ဝယ် “**ဗုဒ္ဓေါ ဘဂဝါ**” ဟူသော ဂုဏ်တော်ပုဒ်များအဆုံး၌ **အဗ္ဗုဂ္ဂမနာကာရ** ကုန်ဆုံး၍ “**ဗုဒ္ဓေါ ဘဂဝါတိ**” ဟု **ဣတိသဒ္ဒါ** တိုက်ရိုက် ရှိရမည်ကဲ့သို့ဖြစ်နေလေ၏။ သို့သော် ထိုနေရာ၌ **အဗ္ဗုဂ္ဂမနာကာရ** မကုန်ဆုံးသေး၍ **ဣတိသဒ္ဒါ** လည်း တိုက်ရိုက်မရှိသင့်သည် မှန်သော်လည်း **အဗ္ဗုဂ္ဂမနာကာရ** ဝါကျ တချို့တဝက်သို့ ရောက်နေသော “**ဗုဒ္ဓေါ ဘဂဝါ**” ၏ နောက်၌ **ဣတိသဒ္ဒါ** ကိုဆောင်ယူထည့်စွက်၍ နမူနာအနေဖြင့် အနက်ပြန်ဆို ပြလို၍ အဋ္ဌကထာ၌ ယင်းသို့ဖွင့်ထားသည်ဟု ယူဆနိုင်ပါသည်။

သို့မဟုတ် အဋ္ဌကထာမှ ထို **ဣတိသဒ္ဒါ** ကို အာဒိအနက်ဟောကြံပြီးလျှင် “**ဗုဒ္ဓေါ ဘဂဝါ** (**ဘဂဝန္တံ**) မည်တော်မူ၏၊ **ဣတိ**=ဤသို့အစရှိသည်ဖြင့်၊ **အဗ္ဗုဂ္ဂတော**=နတ်နှင့်တကွလောကအားလုံး လွှမ်းခြုံဖုံးလျက် ပျံ့နှံ့တက်ပြီ” ဟူ၍ ထိုအဋ္ဌကထာကို အနက်ပြန်ဆိုသင့်၏။
## PAGE 414

**ဘဂဝါ** = သည်၊ (အတ္ထိ) [ဒုကစာပိုဒ် ၁၆-ကြည့် ။ပ။ **ဥပသင်္ကမိသု** = ရောက်လာကြကုန်၏၊ ဝါးသွားကြကုန်၏၊ **ဥပသင်္ကမိတွာ** = ရောက်လာကြပြီး၍။ ဝါ = သွားကြပြီး၍၊ **အပ္ပေကစ္စေ** = အချို့သောသူတို့သည်၊ **ဘဂဝန္တံ** = မြတ်စွာဘုရားကို၊ **အဘိဝါဒေတွာ** = ရိုသေစွာ ရှိခိုးပြီး၍၊ **ဧကမန္တံ**-၌၊ **နိသီဒိံသု** = ထိုင်နေကြကုန်ပြီ။ပ။ **သမ္မောဒိံသု** = ကုန်ပြီ။ပ။ **အပ္ပေကစ္စေ** = တို့သည်၊ **ယေန** = အကြင် အရပ်၌၊ **ဘဂဝါ** = သည်၊ (အတ္ထိ) **တေန** = မြတ်စွာဘုရား ရှိတော်မူရာထိုအရပ်၌၊ ဝါ = သို့၊ **အဉ္ဇလိ** = လက်အုပ်ကို၊ **ပဏာမေတွာ** = မြှောက်ချီ၍။ပ။

**နာမဂေါတ္တံ** = အမည်အနွယ်ကို၊ **သာဝေတွာ** = ကြားသိစေကြပြီး၍၊ ဝါ = လျှောက်ထား ကြပြီး၍။ပ။ **တုဏှိဘူတာ** = တိတ်ဆိတ်စွာ ဖြစ်ကြကုန်လျက်။ပ။ **နိသိန္နော** = ထိုင်နေပြီးသော၊ **ဝေနာဂပုရိကော** = ဝေနာဂပုရရွာသားဖြစ်သော၊ **ဝစ္ဆဂေါတ္တော** = ဝစ္ဆဂေါတ္တမည်သော၊ **ဗြာဟ္မဏော** = ပုဏ္ဏားသည်၊ **ဘဂဝန္တံ** = မြတ်စွာဘုရားကို၊ **ဧတံ** = ဤစကားကို၊ **အဝေါစ** = လျှောက်ပြီ၊ (ကိန္တိ အဝေါစ)

**ဘော ဂေါတမ** = အရှင်ဂေါတမ၊ **အစ္ဆရိယံ** = လက်ဖျစ်ขတ်တီး အံ့ချီးထိုက်ပါပေစွ၊ **ဘော ဂေါတမ** = မ၊ **အဗ္ဗုတံ** = မဖြစ်ဖူးမြဲ ထူးကဲစွာဖြစ်ပါပေစွ၊ **ဘောတော ဂေါတမဿ** = အရှင်ဂေါတမ၏၊ **ဣန္ဒြိယာနိ** = စက္ခုအစရှိသော ခြောက်ပါးသောဣန္ဒြေတို့သည်၊ **ယာဝစ္ဆိဒံ** = အလွန်အကဲပင်၊ [ဤပုဒ်ကို နိပါတသမုဒါယဟုဖွင့်၏၊ ဧကကစာပိုဒ် ၄၈-၌မူ ဣဒန္တ နိပါတမတ္တံဟုဖွင့်ခဲ့သည်]

**ဝိပ္ပသန္နာနိ** = အထူးကြည်လင်နေပါကုန်၏၊ **ဆဝိဝဏ္ဏော** = အရေ အဆင်းရောင်သည်၊ **ပရိသုဒ္ဓေါ** = ထက်ဝန်းကျင်စင်ကြယ်နေပါ၏၊ **ပရိယောဒါတော** = ထက်ဝန်းကျင်ဖြူစင်နေပါ၏၊ **ဘော ဂေါတမ** = မ၊ **သာရဒံ** = သရဒရာသီ တန်ဆောင်မုန်းလ၌ဖြစ်သော၊ **ဗဒရပဏ္ဍု** = (ဖြူဝါရောင် ရောနှော၍) ဖျော့တော့သော အဆင်းရှိသောရွမ်းပြင်းဆီးသီးသည်၊ **ပရိသုဒ္ဓံ** = ထက်ဝန်းကျင်စင်ကြယ်သည်၊ **ပရိယောဒါတံ** = ထက်ဝန်းကျင်ဖြူစင်သည်၊ **ဟောတိ သေယျထာပိ** = ဖြစ်သကဲ့သို့၊ **ဧဝမေဝံ** = ဤအတူပင်၊ **ဘောတော ဂေါတမဿ** = ၏၊ **ဣန္ဒြိယာနိ** = တို့သည်၊ **ဝိပ္ပသန္နာနိ** = ကုန်၏။ပ။ **ဘော ဂေါတမ** = မ၊ **သမ္မတိ** = ယခုချက်ချင်းပင်၊ **ဗန္ဓနာ**-အညှာမှ၊ **ပမုတ္တံ** = ကြွေကျသော၊ **တာလပတ္တံ** = ထန်းသီးမှည့်သည်၊ **ပရိသုဒ္ဓံ** = သည်၊ **ပရိယောဒါတံ** = သည်၊ **ဟောတိ သေယျထာပိ** = သို့။ပ။

**ဘော ဂေါတမ** = မ၊ **ဒက္ခ**+**ကမ္မာရပုတ္တ**+**သုပရိကမ္မကတံ** = လိမ်မာကျွမ်းကျင်သော+ရွှေပန်းထိမ်ဆရာ၏ သားသည်+ကောင်းစွာပြုအပ်ပြီးသော+ပြေပြစ်ညက်ညောအချောသမှုရှိသော၊ [**သု**(**သုဋ္ဌ**) = ကောင်းစွာ+ **ကတ** = ပြုအပ်

