## PAGE 415

ပြီးသော+**ပရိကမ္မ** = ပြေပြစ်ညက်ညော အချောသမှု] **ဥက္ကာမုခေ** = မီးဖိုဝ၌၊ **သုကုသလ သမ္ပဟဋ္ဌံ** = အလွန်ကျွမ်းကျင်သော ရွှေပန်းထိန်ဆရာသည်ကောင်းစွာရွှင်ပျ အရောင် မြူးကြွစေအပ်သော၊ [**သုကုသလ** = အလွန်ကျွမ်းကျင်သော ရွှေပန်းထိမ် ဆရာသည်+**သံ** = ကောင်းစွာ+**ပဟဋ္ဌ** = (ထုခတ်ပွတ်သ, အရောင်မြူးကြွ စေခြင်းဖြင့်)ရွှင်ပြစေအပ်သော] **ပဏ္ဍုကမ္ဗလေ** = နီမြန်းသော ကမ္ဗလာအခင်းပေါ်၌၊ **နိက္ခိတ္တံ** = ချထားအပ်သော၊ **နေက္ခံ** = တနိက္ခအလေးချိန်ရှိသော၊ **ဇမ္ဗောနဒံ** = ဇမ္ဗူရစ် ရွှေတုံးရွှေခဲသည်၊ [**ဇမ္ဗူယာ**-သပြေပင်ကိုင်းကြီးများ သွားရာဌာန၌၊ **န** = စီးသွားသောမြစ်သည်၊ **ဇမ္ဗောနဒိ** = ဇမ္မောနှဒီမည်၏၊ **ဇမ္ဗောနဒိယံ နိဗ္ဗတ္တံ ဇမ္ဗောနဒံ**-ထိုမြစ်၌ ဖြစ်သောရွှေ] ဝါ = ဇမ္ဗူရစ်ရွှေဖြင့်ပြုလုပ်အပ်သော အဆင်တန်ဆာရတနာသည်၊ **ဘာသတေ စ သေယျထာပိ** = ထွန်းလင်းလည်း ထွန်းလင်းသကဲ့သို့၊ **တပတေ စ သေယျထာပိ** = အမှောင်ပယ်ဖျောက် အရောင်လည်း တောက်သကဲ့သို့၊ **ဝိရောစတိ စ သေယျထာပိ** = တင့်တယ်လည်း တင့်တယ် သကဲ့သို့။ပ။

**ဘော ဂေါတမ** = မ၊ **ယာနိ တာနိ ဥစ္စာသယန, မဟာသယနာနိ** = အကြင်(သတ်မှတ်ချက်ထက်) မြင့်သောနေရာ, အလျားအနံကြီးမား ခမ်းနားဆန်းကြယ်သော အိမ်ရာခင်းတို့သည်၊ (သန္တိ = ရှိကုန်၏) [**ဥစ္စာ** = မြင့်သော၊ **သယန** = နေရာ(ညောင်စောင်း အိပ်ခုတင် အင်းပျဉ်)+**မဟာ** = ကြီးမားခမ်းနားသော၊ **သယန** = အိပ်ယာခင်း] **သေယျထိဒံ**-ထိုဥစ္စာသယန, မဟာသယနတို့ဟူသည်အဘယ်နည်းဟူမူ၊ **အာသန္ဒီ** = မြတ်စွာဘုရား လက်ရှစ်သစ်ထက်ရှည်သောခြေထောက်ရှိသော ညောင်စောင်း ခုတင် အင်းပျဉ်လည်းကောင်း၊ **ပလ္လင်္ကာ** = ခြေထောက်တို့၌ (ခြင်္သေ့, သစ်, ကျားစသော) သားကောင်အရုပ်ပါရှိသော ညောင်စောင်းခုတင် အင်းပျဉ် လည်းကောင်း၊ [**အာသန္ဒီ**နှင့်**ပလ္လင်္က**တို့သည် **ဥစ္စာသယန**ဖြစ်၍ ကျန်သော **ဂေါနက**စသည်တို့ကား **မဟာသယန**ဖြစ်၏၊ **ဝိန္ဒိယဝိနိစ္ဆယ** (၂၆၅၈)ဂါထာနှင့် **ခုဒ္ဒသိက္ခာဋီကာ** (၁၈၇)ဂါထာ။ **ဂေါနကော** = လက်လေးသစ်ထက်ရှည်သောအမွေးရှိသော ကောဇောနက်ကြီးလည်းကောင်း၊ **စိတ္တကော** = အကွက်ဖော်လျက်ချုပ်ရက်ခြင်းဖြင့် ဆန်းကြယ်သော

**၁။ စိတ္တကော**-၌ အဖွင့်ပါဌ်အမျိုးမျိုး။ ။ **စိတ္တကော**တိ = ဝါနစိတ္တံ ဥဏ္ဏာမယတ္ထရဏံ”ဟူသောအဋ္ဌကထာအဖွင့်၌’ဝါနဝိစိတ္တန္တိ ဘိတိစ္ဆဒါဒိဝသေန

## PAGE 416

သားမွေးအခင်းလည်းကောင်း၊ ဝါ = အကွက်ဖော်ကာရတနာတို့ဖြင့် ဆန်းကြယ်သောသားမွေးအခင်းလည်းကောင်း၊ **ပဋိကာ** = အဖြူရောင်သားမွေးအခင်းလည်းကောင်း၊ **ပဋလိကာ** = အားလုံးစုံ ပန်းပြောက်ခြယ်အပ်သော သားမွေးအခင်းလည်းကောင်း၊ **တူလိကာ** = (သစ်လဲ, နွယ်လဲ, မြက်လဲတို့တွင်တမျိုးမျိုးသော)လဲဖြင့်ပြည့်သော ဘုံလျှိုမွေ့ရာ အခင်းလည်းကောင်း၊ **ဝိကတိကာ** = ခြင်္သေ့ သစ် ကျားစသော အရုပ်များဖြင့် ဆန်းကြယ်စွာရက်လုပ်အပ်သော သားမွေးအခင်း လည်းကောင်း၊ **ဥဒ္ဒလောမီ** = မျက်နှာနှစ်ဖက်တို့မှပေါ်ထွက်သော အမွေးအဆာရှိသော သားမွေးအခင်းလည်းကောင်း၊ **ဝါနေ့န** (**သိဗ္ဗနေ့န**) **ဝိစိတ္တံ**။ **သီလက္ခန်ဋီကာ**၊ ၁၂၈။ ဤသုတ်ဋီကာ၌ကား၊ **ဝါနစိတ္တံ**ဟု မရှိဘဲ **ရတနစိတြ**ဟု ရှိပြီး“**ရတနစိတ္တံ** ဘိတ္တိစ္ဆေဒါဒိဝသေန **ရတန စိတြီ**”ဟုလည်းကောင်း **ဝိနယသင်္ဂဟအဋ္ဌကထာ** (၄၅၂) ၌လည်း“**စိတ္တကော**တိ **ရတနစိတြဥဏ္ဏာမယတ္ထရကော**”ဟုလည်းကောင်းဖွင့်၏။

**နာနာဝဏ္ဏေဟိ ဥဏ္ဏာမယသုတ္တေဟိ ဘိတ္တိစ္ဆေဒါဒိဝသေန ဝါယိတွာ ကကစိတ္တတ္ထရဏော**-ဟူသော **ဝိမတိဋီကာ**၊ ဒု၊ ၁၈၄-အလို **စိတ္တကော** = အပြောက်အကွက်ဖေါ်လျက် ချုပ်ရက်အပ်သဖြင့် ဆန်းကြယ်သော ရောင်စုံသားမွေးအခင်းလည်းကောင်းဟု အနက်ဆို။ **အဘိဓာန်** (၃၁၂-ဂါထာ) နိဿယသစ်စသည်တို့၌ **ဘိတ္တိဆိဒ္ဒ**ဟု ပါဠ်ရှိပြီး“နံရံအပေါက်, နံရံအပြောက်အကွက်”ဟု ပြန်ဆိုတော်မူကြ၏။

**၁။ ဥဒ္ဒလောမီ ဧကန္တ လောမီ**။ ။ **ဥဒိတ** = ပေါ်ထွက်သော+**လောမ** = အမွေး။ **ဥဒိတ**၌ **တ**ကိုချေ။ **ဣ**ကို **အ**ပြု၊ **ဒ**လာ၍“**ဥဒ္ဒ**”ဟုရုပ်ပြီး၏ [**သီလက္ခန်ဋီကာသစ်**၊ ပ-၃၆၃] **ဥဒ္ဒလောမံ ယဿ အတ္တီတိ ဥဒ္ဒလောမီ**။ **ဧက** = တခုသော+**အန္တ** = အဖို့=ဘက်။ **ဧကန္တ တော ဥဂ္ဂတံ လောမံ ဧကန္တလောကံ**။ **တံ ယဿ အတ္ထီတိ ဧကန္တ လောမီ**။ (တနည်း) **အန္တေဟိ ဥဂ္ဂတံ လောမံ အန္တ လောမံ**၊ **ဧကံ သဒိသံ အန္တ လောမံ ဧကန္တ လောမံ** (ထပ်တူညီမျှ မျက်နှာနှစ်ဖက်တို့မှပေါ်ထွက်သော အမွေးပန်းပွင့်) စသည်ဝိဂြိုဟ်ပြု။

**ကဋိဿပုဒ်**အဖွင့်။ **ဝိမတိဋီကာ**၌ ရွှေချည်ကို **ကဋိဿ**ဟုလည်းကောင်း, **ကသဋ** ဟုလည်း ကောင်း ခေါ်ကြောင်းဖွင့်၏။ **အဘိဓာန်ဋီကာ** (၃၁၅ဂါထာ)၌ကား“ **ကဋိဿ ဝါက** = **ကဒ္ဒိဿ**မည်သော လျှော်ချည်ဟု ဖွင့်၏။ **ကောသေယျဉ္စ** **ကဋိဿဉ္စ** **ကဋိဿာနိ** (ဝိရူပေကသေသ်)၊ **တေဟိ ပကတံ အတ္ထရဏံ ကဋိဿံ**။ **အဘိဓာန်ဋီကာ**။
Model OCR: Gemini 1.5 Flash

## PAGE 417

ဝါ=မျက်နှာ**တစ်**ဖက်မှ ပေါ်ထွက်သော အမွေးပန်းပွင့်ရှိသော သားမွေးအခင်းလည်းကောင်း၊ ဧကန္တ လောမီ=မျက်နှာ**တစ်**ဖက်မှ ပေါ်ထွက်သော အမွေးအဆာရှိသော သားမွေးအခင်းလည်းကောင်း၊ ဝါ= မျက်နှာနှစ်ဖက်တို့မှ ပေါ်ထွက်သော အမွေးပန်းပွင့်ရှိသော သားမွေးအခင်း လည်းကောင်း။

ကဋိသံ=ပိုးချည်အတွင်း ရွှေချည်သွင်း၍ ရက်**လျှ**က် ရတနာချည်တို့ဖြင့် ချုပ်အပ်သော အခင်းလည်းကောင်း၊ ဝါ=ပိုးချည်, လျှော်ချည်တို့ဖြင့် ရက်၍ ရတနာချည်တို့ဖြင့် ချုပ်အပ်သော အခင်းလည်းကောင်း၊ ကောသေယျံ=ရတနာချည်တို့ဖြင့် ချုပ်အပ်သော ပိုးချည်အခင်းလည်းကောင်း၊ ကုတ္တကံ=**တစ်**ကျိပ်ခြောက်ယောက်သော ကချေသည်မတို့ ရပ်၍ ကလောက်သော သားမွေးအခင်းလည်းကောင်း၊ ဟတ္ထတ္ထရံ=ဆင်ကျောကုန်းပေါ်၌ ခင်းအပ်သော အခင်းလည်းကောင်း၊ [ဟတ္ထိ+အတ္ထရ] ဝါ=ဆင်ရုပ်အမှတ်အသားဖြင့် ဆန်းပြားစွာ ချုပ်ရက်အပ်သော အခင်းလည်းကောင်း၊ အဿတ္ထရံ=မြင်းကျောကုန်းပေါ်၌ ခင်းအပ်သော အခင်းလည်းကောင်း၊ ဝါ=မြင်းရုပ်အမှတ်အသားဖြင့် ဆန်းပြားစွာ “ချုပ်ရက်အပ်သော အခင်းလည်းကောင်း၊ ရထတ္ထရံ=ရထားပေါ်၌ ခင်းအပ်သော အခင်းလည်းကောင်း၊ အဇိနပ္ပဝေဏီ=(ခုတင်ညောင်စောင်းနှင့် ကိုက်ညီအောင်) သားကောင်အရေ အထပ်ထပ်ချုပ်စပ်အပ်သော အခင်းလည်းကောင်း၊ ဝါ=အထပ်ထပ်သော သားရေအခင်းလည်းကောင်း၊ ကဒလိမိဂပဝရပစ္စတ္ထရဏံ= ဝံပိုင်အရေဖြင့် ပြုလုပ်အပ်သော**။**

**၁။** အဇိနသဒ္ဓါ၏ အနက်စိစစ်ချက်။ ။ အဇိနမှီ ဟညာ ဒီပိ (အရေကြောင့် သစ်ကို သတ်အပ်၏) နာဂေါ ဒန္တေ ဟိ ဟညတေ။ မဟာနိပါတ် သုဝဏ္ဏသာမဇာတ်။ ဓမ္မံတု အဇိနံ ပျထ။ အဘိဓာန်၊ ၄၄၂-ဂါထာ။ The (hair) skin of a tiger, lion, elephant &c. especially of a black antelope (ကျား, ခြင်္သေ့, ဆင်စသော သားကောင်တို့၏ အရေ။ အထူးအားဖြင့် မည်းနက်သော သားကောင်အရေ)။ သက္ကတအင်္ဂလိပ်အဘိဓာန်။

ဤသို့အားဖြင့် ပိဋကကျမ်းဂန်တို့နှင့် အဘိဓာန်တို့၌ အဇိနသဒ္ဒါကို သားကောင်အရေဟူသော အနက်ဟောအဖြစ်ဖြင့်သာ တွေ့ရပြီး သစ်နက်မည်သော သားကောင်အနက်ဟောအဖြစ်ဖြင့် မတွေ့ရပေ။ (မဟာဗုဒ္ဓဝင်၊ ပ-တွဲ၊ ပ-ပိုင်း၊ ဂီ-၌လည်း ကျယ်ဝန်းစွာ စိစစ်ထား၏) ထို့ကြောင့် “အဇိနာနီတိ အဇိနမိဂစမ္မာနိ” ဟူသော ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ၂၂၁-၌ “အဇိန+

