## PAGE 418

**မြတ်သော အခင်းလည်းကောင်း၊ [စာပိုဒ် ၃၅-လည်းကြည့်] သဥတ္တရစ္ဆဒံ=နီမြန်းသော အိပ်ရာလွှမ်းအခင်းနှင့်တကွ ဖြစ်သော၊ ဝါ=နီမြန်းသော အိပ်ရာ**မိဂစမ္မာနိ” ဟု ပုဒ်ခွဲပြီး**လျှ**င် မိဂစမ္မဟူသော နောက်ပုဒ်ဖြင့် အဇိနဟူသော ရှေ့ပုဒ်၏ “သားကောင် အရေ” ဟူသော အနက်ဟောကြောင်းကို သိစေသည်ဟု ကြံရာ၏။ ဣတိ စိတ္တမနော ဟူသော တတိယ ပါရာဇိကသိက္ခာပုဒ်ပါဠိ၌ မနသဒ္ဒါဖြင့် စိတ္တသဒ္ဒါ၏ စိတ်အနက်ဟောကြောင်း သိစေသကဲ့သို့တည်း။

ပဝေဏီ=အထပ်ထပ် အလွှာလွှာ ဖြစ်သောအခင်း၊ အဇိနေဟိ အဇိနစမ္မေဟိ (အဇိနဟု ခေါ်အပ်သော သားရေတို့ဖြင့်) ကတာ ပဝေဏီ အဇိနပ္ပဝေဏီ။

၁။ သဥတ္တရစ္ဆဒ် ဥဘတောလောဟိတကူပ**ဓာနံ**။ ။ သဥတ္တရစ္ဆဒံ၌ ဥတ္တရစ္ဆဒပုဒ်၏ ဖြစ်သင့်သော အနက် အဆုံးအဖြတ်ကို စာပိုဒ်-၃၅-ဟတ္ထကသုတ်၌ ရေးခဲ့ပြီ။ ဤဝေနာဂပုရသုတ်၌ မဟာသယနရေတွက်သောအခါ နိဿယခန်း၌ အနက်ပေးခဲ့သည့်အတိုင်း ဥတ္တရစ္ဆဒ (နီမြန်းသော အိပ်ရာလွှမ်းအခင်း) ကို မဟာသယန**တစ်**ခုအဖြစ်ဖြင့်လည်းကောင်း၊ လောဟိတကူပဓာန (နီမြန်းသော ခေါင်းအုံး ခြေအုံးနှစ်လုံး) ကို မဟာသယန**တစ်**ခု အဖြစ်ဖြင့်လည်းကောင်း ရေတွက်ပါ။ ထိုခေါင်းအုံး ခြေအုံးသည်လည်း ဦးခေါင်းနှင့် ခြေထောက်၏ အောက်၌ ခုရ, ခံရ, ခင်းရသောကြောင့် မဟာသယနပင်ဖြစ်၏။ ဤနေရာဝယ် ထိုသဥတ္တရစ္ဆဒပုဒ်နှင့် ဥဘတော လောဟိတကူပဓာနပုဒ်တို့ကို အနက်ပေးကြရာ၌ စိစစ်ဖွယ် ရှိသေး၏။

ဟေဋ္ဌာ ရတ္တဝိတာနဿ၊ ဒွိဓာရတ္တုပဓာနကံ။  
အကပ္ပိယမိဒံ သစ္စံ၊ ဒုက္ကဋံ ပရိဘုဉ္ဇတော။ (ဝိနယဝိနိစ္ဆယ၊ ၂၆၆၁-ဂါထာ)

ရတ္တဝိတာနဿ=ဝတ်ပန်း စသည်တို့ဖြင့် ဆိုးအပ်သော ဗိတာန်နီ (အိပ်ရာလွှမ်းအခင်းနီ) ၏၊ ဟေဋ္ဌာ=အောက်၌၊ (အတ္ထတံ-အပ်စပ်သော အခင်းတို့ဖြင့် ခင်းအပ်သော၊ သယနာသနဉ္စ=အိပ်ရာထိုင်နေရာ ညောင်စောင်း, ခုတင်, အင်းပျဉ်သည်လည်းကောင်း စသည်ဖြင့် ဂါထာအနက်ဆိုပါ။

ဤဂါထာနှင့် ၎င်း၏ဋီကာကို နည်းမှီး၍ အနက်ပေး**လျှ**င် “သဥတ္တရစ္ဆဒံ=နီမြန်းသော အိပ်ရာလွှမ်းအခင်းနှင့် တကွဖြစ်သော အိပ်ရာနေရာထိုင်ခင်းလည်းကောင်း” ဟု အိပ်ရာနေရာထိုင်ခင်းကို ပဓာန အဘိဓေယျတ္ထယူ၍ အနက်ပေးရပေလိမ့်မည်။ ထို့အတူ “ဒွိဓာရတ္တူပဓာနကန္တိ သီသပ္ပါဒပဿေ စာတိ ဥဘတော ပပညတ္တရတ္တဗိမ္မောဟနဝန္တသယနာသနံ” ဟူသော ၎င်းဂါထာဋီကာ အဖွင့်အတိုင်းဆို**လျှ**င် “ဥဘတောလောဟိတကူပဓာနံ= ခေါင်းရင်း ခြေရင်း နှစ်ဖက်တို့၌ နီမြန်းသော ခေါင်းအုံး

## PAGE 419

လွှမ်းအခင်းအပါအဝင်ဖြစ်သော၊ မဟာသယန**တစ်**ခု အဖြစ်ဖြင့် ပါဝင်သောဟူလို ဥဘတောလောဟိတကူပဓာနံ= ခေါင်းရင်း, ခြေရင်းနှစ်ဖက်တို့၌ နီမြန်းသော ခြေအုံးရှိသော အိပ်ရာနေရာထိုင်ခင်းလည်းကောင်း” ဟု အနက်ပေးရလိမ့်မည်။

သီလက္ခန် ပါဠိတော်နိဿယသစ် (နှာ-၆၀) ၌လည်း “သဥတ္တရစ္ဆဒံ=အထက်၌ ကြက်အပ်သော ဗိတာန်နီနှင့်တကွဖြစ်သော အခင်းလည်းကောင်း” စသည်ဖြင့် ထိုနှစ်ပုဒ်အရ အခင်းကိုယူ၍ အနက်ပေးထား၏။

ထိုပြခဲ့သော အနက်များအတိုင်းဆို**လျှ**င် ဥတ္တရစ္ဆဒနှင့် အိပ်ရာထိုင်ခင်းဟူသော ပစ္စည်းနှစ်မျိုးသည်လည်းကောင်း၊ လောဟိတကူပဓာနနှင့် အိပ်ရာထိုင်ခင်းဟူသော ပစ္စည်းနှစ်မျိုးသည်လည်းကောင်း (ဤသို့သော ပစ္စည်းနှစ်မျိုး, နှစ်မျိုးသည်) မဟာသယနဖြစ်၏ဟု ဆိုလိုသကဲ့သို့ ဖြစ်နေလေ၏။ သို့ဖြစ်**လျှ**င် ဥတ္တရစ္ဆဒ (နီမြန်းသော အိပ်ရာလွှမ်းအခင်း), လောဟိတကူပဓာန (နီမြန်းသော အုံးနှစ်လုံး) တို့နှင့် တွဲဖက်၍ ခင်းရမည့် ထိုအိပ်ရာထိုင်ခင်းတို့ဟူသည် ဘယ်ဟာ ဘယ်ဟာတွေနည်း။ ထိုအိပ်ရာထိုင်ခင်းတို့သည် ဥတ္တရစ္ဆဒ လောဟိတကူပဓာနတို့နှင့် တွဲဖက်၍ သုံးစွဲသည့်အခါကျမှသာ မဟာသယန ဖြစ်သလော၊ မတွဲဖက်ဘဲ သူတို့ချည်းဆို**လျှ**င် မဟာသယနမဟုတ်ဘူးလော စသည်ဖြင့် လောပေါင်းများစွာ မသေမချာ ဇဝေဇဝါတွေ ဖြစ်လာနိုင်၏။

ထို့အပြင် ဝိနည်းမဟာဝါ စမ္မက္ခန္ဓကအဋ္ဌကထာ (၃၆၉)၊ သီလက္ခန်ဋ္ဌ (၈၄)၊ အင်္ဂုတ္တိုရ်ဋ္ဌ (ဒု ၁၁၆၊ ၁၇၁) စသည်တို့၌ ဂေါနက, စိတ္တကစသည်တို့၌သာ အခင်းကိုယူဘို့ရာ “မဟာကောဇဝေါ။ ဥဏ္ဏာမယတ္ထရကော၊ ပစ္စတ္ထရဏံ” စသည်ဖြင့် ဖွင့်ပြ၍ သဥတ္တရစ္ဆဒနှင့် ဥဘတောလောဟိတကူပဓာနဟူသော နောက်ဆုံးနှစ်ပုဒ်၌ကား ထိုကဲ့သို့ မဖွင့်ပြပါ။ သေတဝိတာနမ္ပိ ဟေဋ္ဌာ အကပ္ပိယပစ္စတ္ထရဏေ သတိ န ဝဋ္ဋတိ။ အသတိ ပန ဝဋ္ဋတိ-ဟူသော အဋ္ဌကထာအဖွင့်သည်လည်း သဥတ္တရစ္ဆဒ၏ မူရင်းပုဒ်နက် (အဘိဓေယျတ္ထ) ကို ဖွင့်သော စကားမဟုတ်။

မူရင်းပုဒ်နက်ထက် ပိုလွန်၍ ဖြစ်သင့်သော အနက်ကိုယူ၍ ဖွင့်ပြသော စကားသာတည်း။ သို့ဖြစ်၍ ထိုစကားနှင့်အလားတူ ဂါထာစီထားသော “ဟေဋ္ဌာရတ္တဝိတာနဿ” ဟူသော ဝိနယဝိနိစ္ဆယကိုကြည့်၍ သဥတ္တရစ္ဆဒပုဒ်ကို အနက်မပေးသင့်ပါ။

ထို့ကြောင့် ဤကျမ်းနိဿယခန်း၌ ခုဒ္ဒသိက္ခာဋီကာအဖွင့်အတိုင်း သဥတ္တရစ္ဆဒပုဒ်ကို ဥဘတောလောဟိတကူပဓာနံ၏ ဝိသေသနပြုလုပ်၍ အနက်ပေးခဲ့ပါသည်။ ဝိဂြိုဟ်ကိုလည်း “သဟ ဥတ္တရစ္ဆဒေန ယံ ဥပဓာနံ ဝတ္တတီတိ သဥတ္တရစ္ဆဒံ” ဟု ပြု။ လောဟိတကံ ဥပဓာနံ လောဟိတကူပဓာနံ။
## PAGE 420

'ခေါင်းအုံးခြေအုံး နှစ်လုံး လည်းကောင်း၊ (**ဣတိ**= ဤသည်တို့တည်း) **ဘဝံဂေါတမော**=အရှင်ဂေါတမ သည်၊ **ဧဝရူပါနံ**= ဤသို့သဘောရှိကုန်သော၊

ထို့နောက် **ဥဘတော ဥဘယတ္ထ ဌာနေသုလောဟိတကူပဓာနံ** **ဥဘတောလောဟိတကူပဓာနံ** ဟု အလုတ္တတပ္ပုရိသ်သမာသ်တွဲပါ။ ဗဟုဗွီဟိသမာသ်တွဲဖို့နှင့် **သယနာသန**(ညောင်စောင်း, ခုတင်, အိပ်ရာခင်း)ကို အရကောက်ဖို့မလိုတော့ပါ။

**သလောဟိတဝိတာနဉ္စ၊ ဥဘတောရတ္တုပဓာနကံ။** [ခုဒ္ဒသိက္ခာ၊ ၁၈၉ ဂါထာ]

ဤဂါထာ၌ **သဥတ္တရစ္ဆဒံ**၏ နေရာ၌ **သလောဟိတဝိတာနံ**ဟု အနက်တူပါဠိသုံးနှုန်းထားခြင်းမျှသာ ထူး၏။ **သလောဟိတဝိတာနန္တိ** ဧတံ “**ဥဘတောရတ္တူပဓာနက**”န္တိမဿ ဝိသေသနံ၊ **လောဟိတဝိတာနေန သဟ ဝတ္တမာနန္တသမာသော**။ ပ။ **ရက္ခံ ဥပဓာနံ သီသူပဓာနံ ပါဒူပဓာနာ ရတ္တူပဓာနကံ**၊ **ဥဘတော မဉ္စဿ သီသပါဒနိက္ခိပနဋ္ဌာနေ ရတ္တုပဓာနကန္တိ အလုတ္တသမာသော**။ · ၎င်းဋီကာသစ်။

ပြခဲ့သော စိစစ်ချက်များ ပို၍ခိုင်လုံအောင် ထပ်မံ၍စိစစ်ဦးအံ့-

**အာသန္ဒီ ပလ္လင်္ကာ**စသော ရှေးရှေးပုဒ်တို့ကို အနက်ပေးရာ၌ “**အာသန္ဒီ**=လည်းကောင်း၊ **ပလ္လင်္ကာ**=လည်းကောင်းစသည်ဖြင့် “လည်းကောင်း” ဟုအဆုံးသတ်သကဲ့သို့ပင် သီလက္ခန်နိဿယစသည်တို့၌ **သဥတ္တရစ္ဆဒံ**ကိုအနက်ပေးသောအခါ “**သဥတ္တရစ္ဆဒံ**=လည်းကောင်း”ဟု အဆုံးသတ်၍အနက်ပေးထား၏။

သို့သော် “**သဝိတက္ကာ ဓမ္မာ**”ဟူသော ပါဠိတော်၌ **သဝိတက္ကာပုဒ်**ကဲ့သို့ပင် **သဥတ္တရစ္ဆဒပုဒ်** သည်လည်း ဝိသေသနပုဒ်ဖြစ်သည်သာမက သူ၏ဝိသေသျပုဒ်လည်း တိုက်ရိုက်ပါရှိနေသောကြောင့် “**သဥတ္တရစ္ဆဒံ**=လည်းကောင်း”ဟု အဆုံးမသတ်သင့်သေးပါ။ “**သဥတ္တရစ္ဆဒံ**=နီမြန်းသောအိပ်ရာလွှမ်းအခင်းနှင့်တကွဖြစ်သော” ဟု ဝိသေသန .. အနက်ပေးကာသူ၏ ဝိသေသျဆီသို့ လှမ်းမျှော်ကြည့် လိုက်ရဦးမည်ဖြစ်၏။

သူ၏ဝိသေသျ(**အဘိဓေယျတ္ထ**)မှာလည်း သိသာပေါ်လွင်နေပြီး ဖြစ်သောကြောင့်အဋ္ဌကထာတို့၌ အဘိဓေယျတ္ထကို အထူးမဖွင့်တော့ဘဲ “**သဥတ္တရစ္ဆဒန္တိ** သဟ ဥတ္တရစ္ဆဒေန၊ ဥပရိ ဗဒ္ဓေန ရတ္တဝိတာန သန္တိ အတ္ထော” ဟူသာဖွင့်ပြတော့၏။ ထို**သဥတ္တရစ္ဆဒပုဒ်**၏ ဝိသေသျ(**အဘိဓေယျတ္ထ**) မှာဖေါ်ပြလတ္တံ့သော ပါဠိတော်များအတိုင်း အမျိုးမျိုးပြောင်းလဲလျက်ရှိ၏။

**(**၁**)** **သေယျထီဒံ** ? **အာသန္ဒီ ပလ္လင်္ကာ** (**အာသန္ဒီ ပလ္လကံ**) စသည်ဖြင့် **ဥစ္စာသယန, မဟာသယန** အရေအတွက်ကို ပေါ်လွင်အောင် ထုတ်ပြသောဤဝေနာဂပုရသုတ်နှင့် ဝိနည်းမဟာဝါပါဠိတော်(နှာ၊၂၈)သီလက္ခန် ပါဠိတော်(၇)

