## PAGE 421

**ဥစ္စာသယန, မဟာသယနာနံ**= မြင့်သောနေရာ, အလျားအနံကြီးမားခမ်းနားဆန်းကြယ်သော အိပ်ရာခင်းတို့ကို၊ **နိကာမလာဘီ**= အလိုရှိတိုင်းရနိုင်ခြင်းရှိသည်။ **အကိစ္ဆလာဘီ**=အခက်အခဲမရှိ ရနိုင်ခြင်းရှိသည်၊ **အကသိရလာဘီ**=မနည်းမရှားများပြားစွာ ရနိုင်ခြင်းရှိသည်၊ ဟောတိ နူန=ဖြစ်သည်ထင်ပါ၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**-လျှောက်ပြီ။)

စသည်တို့၌ … **ဥဘတောလောဟိတကူပဓာနံ**ဟူသော အနီးကပ်ဆုံးသောနောက်ပုဒ်သည် ထို**သဥတ္တရစ္ဆဒပုဒ်**၏ ဝိသေသျဖြစ်၏။ ထို့ကြောင့်ယင်းပါဠိတော်၌ “**သဥတ္တရစ္ဆဒံ**=ဥတ္တရစ္ဆဒနှင့်တကွဖြစ်သော၊ **ဝါ**=(မဟာသယနတခု အဖြစ်ဖြင့်)ဥတ္တရစ္ဆဒ အပါအဝင်ဖြစ်သော၊ **ဥဘတော လောဟိတကူပဓာနံ**=ခေါင်းရင်း ခြေရင်းနှစ်ဖက်တို့၌ နီမြန်းသော ခေါင်းအုံးခြေအုံး နှစ်လုံးလည်းကောင်း”ဟု အနက်ဆိုရ၏။

**(**၂**)** **မဟာသယန** အရေအတွက်ကို ပဓာနမထားသော တိကနိပါတ်စာပိုဒ်(၃၅)**ဟတ္ထကသုတ်**၌လည်းကောင်း, **စတုရာသီတိပလ္လင်္ကသဟဿာ အဟေသုံ။ ပ။ သဥတ္တရစ္ဆဒါနိ ဥဘတောလောဟိတကူပဓာနာနိ** ဟူသော ဒီ,မဟာဝဂ္ဂပါဠိတော်၊ **မဟာသုဒဿနသုတ်**(၁၅၃)၌လည်းကောင်း **သဥတ္တရစ္ဆဒပုဒ်, ဥဘတောလောဟိတကူပဓာနပုဒ်**ဟူသော နှစ်ပုဒ်လုံးပင် ဝိသေသနပုဒ်များဖြစ်၍ထိုနှစ်ပုဒ်လုံး၏ ဝိသေသျများမှာ **ပလ္လင်္ကာ, စတုရာသီတိပလ္လင်္ကသဟဿာနိ**ပုဒ်တို့ဖြစ်ကြောင်း သိသာထင်ရှား၏။ ထို**ဟတ္တကသုတ်**နှင့်**မဟာသုဒဿနသုတ်**လိုနေရာမျိုး၌သာ **ဥဘတောလောဟိတကူပဓာနပုဒ်**ကိုဗဟုဗွီဟိသမာသ် တွဲစပ်ရ၏။ အရကောက်ယူသောအခါ၌လည်း အခင်းကိုမယူဘဲ ပလ္လင်္ကကိုယူရ၏။

ဤသို့အားဖြင့် ယခုပြခဲ့သော စိစစ်ချက်များအရ **ဥစ္စာသယန, မဟာသယန**အရေအတွက်ကို သိသာပေါ်လွင်စေရသော ဤဝေနာဂပုရသုတ်စသော**(**၁**)**ပါဠိတော်ကဲ့သို့သော နေရာမျိုး၌ **ဥတ္တရစ္ဆဒ**(နီမြန်းသော အိပ်ရာလွှမ်းအခင်း) **လောဟိတကူပဓာန**(နီမြန်းသော အုံးနှစ်လုံး)တို့ကိုသာ မူရင်းပဓာန အကပ္ပိယပစ္စည်းအဖြစ်ဖြင့် သရုပ်(**အဘိဓေယျတ္ထ**)ထုတ်ပြ သင့်ပါလျက် မထုတ်ပြမူ၍ထို**ဥတ္တရစ္ဆဒ, လောဟိတကူပဓာန**တို့နှင့် တွဲဖက်သုံးစွဲရသော အိပ်ရာထိုင်ခင်းတို့ကိုသာ ပဓာန အကပ္ပိယပစ္စည်းအဖြစ်ဖြင့် သရုပ်ထုတ်ပြထားသောထိုဆိုင်ရာ နိဿယအနက်တို့ကိုလည်းကောင်း၊ **ဥဘတောလောဟိတကူပဓာနပုဒ်**အတွက် “**ဗိမ္မောဟနဝန္တဉ္စ သယနာသနံ**”ဟု ဗဟုဗွီဟိသမာသ်ဖွင့်ပြ၍ **သယနာသန**ကို ပဓာနအရကောက်ပြထားသော ဝိနယဝိနိစ္ဆယဋီကာအဖွင့်ကိုလည်းကောင်း ဝေဖန်စဉ်းစားကြပါကုန်။

## PAGE 422

၄၂၂

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ယာနိ တာနိ ဥစ္စာသယန, မဟာသယနာနိ**=တို့သည်၊ (**သန္တိ**)။ ပ။ (**ဣတိ**=ဤသည်တို့တည်း) **တာနိ**=ထိုဥစ္စာသယန, မဟာသယနတို့ကို၊ **ပဗ္ဗဇိတာနံ**=ရဟန်းတို့သည်၊ **ဒုလ္လဘာနိ**=ခက်ခဲသဖြင့် ရအပ်ကုန်၏၊ **ဝါ**=ရနိုင်ခဲကုန်၏၊ **လဒ္ဓါ စ ပန**=ရပြီး၍လည်း၊ **ဝါ**=ရပြီးလျှင်လည်းပဲ၊ **နကပ္ပန္တိ**=(သုံးစွဲခြင်းငှာ) မအပ်ကုန်၊ **ဝါ**=မသုံးစွဲကောင်းကုန်၊ **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ယေသံ(ဥစ္စာသယန မဟာသယနာနံ)**=အကြင်မြင့်သောနေရာ, ကြီးမားခမ်းနားဆန်းပြားသော အိပ်ရာခင်းတို့ကို၊ **အဟံ**=ငါသည်၊ **ဧတရဟိ**=ယခုအခါ၌၊ **နိကာမလာဘီ**=အလိုရှိတိုင်းရနိုင်ခြင်းရှိ၏။ ပ။ **အကသိရလာဘီ**၏၊ **တာနိ ဥစ္စာသယန မဟာသယနာနိ**=ထိုမြင့်သောနေရာ ကြီးမားခမ်းနားဆန်းပြားသောအိပ်ရာခင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့ပေတည်း၊ **တီဏိ**= သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**= အဘယ်တို့နည်းဟူမူ၊ **ဒိဗ္ဗ**=ဒိဗ္ဗမည်သော၊ (**ဒိဗ္ဗဝိဟာရ**)

**၁။** **ဒိဗ္ဗ ဥစ္စာသယန မဟာသယနံ** ။ “**အာသန္ဒီ ပလ္လင်္ကာ ဂေါနကော**” စသည်ဖြင့် နေရာထိုင်ခင်းကိုသာ **ဥစ္စာသယန မဟာသယန** အဖြစ်ဖြင့်ယခင်ပါဠိတော်ဝါကျတို့၌ ဖေါ်ပြခဲ့၏၊ ထို့ကြောင့် **ဥစ္စာသယန မဟာသယန**သုံးမျိုးကို အကျဉ်းချုပ်ခေါင်းစဉ်မာတိကာအဖြစ်ဖြင့် ထုတ်ပြသောဤနေရာ၌လည်း ထိုယခင်ပါဠိတော်ဝါကျတို့နှင့် ရှေ့နောက်ညီညွတ်အောင် “**ဒိဗ္ဗ**=ဒိဗ္ဗမည်သော၊ **ဥစ္စာသယနမဟာသယနံ**=မြင့်သောနေရာ ကြီးမားခမ်းနားဆန်းပြားသော အိပ်ရာခင်းလည်းကောင်း” စသည်ဖြင့် နေရာထိုင်ခင်းကိုသာ **ဥစ္စာသယနမဟာသယနပုဒ်**၏ အနက်အဖြစ်ဖြင့် မြန်မာပြန်ဆိုရေးသားထားပါသည်၊ သို့သော် အကျယ်တဝင့်ဟောကြားတော်မူအပ်သော ဝိတ္ထာရ ပါဠိတော်ဝါကျတို့၌ကား “**သေယျံ ကပ္ပေမိ၊ ဒိဗ္ဗ မေ**။ ပ။ **ဥစ္စာသယနမဟာသယနံ ဟောတိ**”ဟု ဟောတော်မူသောကြောင့် ထိုဝိတ္ထာရပါဠိတော်ဝါကျတို့၌ ပါရှိသော **ဥစ္စာသယနမဟာသယနပုဒ်**ကို အနက်မြန်မာပြန်ဆိုသောအခါ **ဥစ္စာသယန မဟာသယန**မည်သော နေရာထိုင်ခင်းကိုသာမက ထိုနေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်းဣရိယာပုထ်တိုင်အောင် ဌာနပစာရအားဖြင့်ယူ၍အနက်မြန်မာပြန်ဆိုရ၏။ နောက်၌လည်းထပ်၍ပြဆိုဦးမည်

**၆**

ထိုဝိတ္ထာရပါဠိတော်ဝါကျတို့၌ စင်္ကြံသွားခြင်း ဣရိယာပုထ်ကို – “**ဒိဗ္ဗော မေ**။ ပ။ **သေယျံ ဟောတိ**”ဟုလည်းကောင်း, ရပ်ခြင်းဣရိယာပုထ်ကို “**ဒိဗ္ဗ မေ**။ ပ။ **ဌာနံ ဟောတိ**”ဟု လည်းကောင်း, ထိုင်ခြင်းဣရိယာပုထ်ကို “**ဒိဗ္ဗ မေ**။ ပ။ **အာသနံ ဟောတိ**”ဟုလည်းကောင်း, လျောင်းစက်ခြင်း ဣရိယာပုထ်ကို
## PAGE 423

မည်သော)၊ ဝါ = ဗြဟ္မာ၏ အဖြစ်သို့ ပို့ဆောင်တတ်သော၊ **ဥစ္စာသယနမဟာသယနံ** = မြင့်သောနေရာ၊ ကြီးမားခမ်းနားဆန်းပြားသောအိပ်ရာခင်း။

“**ဒိဗ္ဗ မေ ။ပ။ ဥစ္စာသယနမဟာသယနံ ဟောတိ**” ဟုလည်းကောင်း ဟောတော်မူသည်။ ထိုဣရိယာပုထ်လေးမျိုးတို့တွင် ဒိဗ္ဗစင်္ကမဣရိယာပုထ်အတွက် ဋီကာဖွင့်ထားသည်မှာ -

**စတ္တာရိ ရူပါဝစရဇ္ဈာနာနိ ဒိဗ္ဗဘာဝါဝဟတ္တာ ဒိဗ္ဗဝိဟာရာ နာမ ဟောန္တီတိ တဒါသန္နိပ္ပဝတ္တစင်္ကမောပိ တဒုပစာရတော ဒိဗ္ဗော နာမ ဟောတီတိ အာဟ “စတ္တာရိ ဟိ ရူပဇ္ဈာနာနီ”တိ အာဒိ။** ဤသို့ စသည်ဖြစ်၏။

* ထိုအဖွင့်နှင့်အညီ **ဒိဗ္ဗ** ပုဒ်ကို “**ဒိဝ+ဗျ**” ဟု ခွဲ၍ **ဒိဝိ ဘဝေါ ဒိဗ္ဗာ** = ဗြဟ္မာ့ပြည်၌ ဖြစ်သော ပုဂ္ဂိုလ် (ဗြဟ္မာ)။ ထို့နောက် ဘာဝတဒ္ဓိတ် ဏပစ္စည်းဆင့်၍ **ဒိဗ္ဗဿ ဘာဝေါ ဒိဗ္ဗ** = ဗြဟ္မာ၏အဖြစ် (ဗြဟ္မာဘဝ)။ ထို့နောက် **ဒိဗ္ဗ အာဝတီတိ ဒိဗ္ဗာ (ဒိဗ္ဗ)** = ဗြဟ္မာဘဝသို့ ပို့ဆောင်တတ်သော ရူပဈာန်လေးပါး။ [ဏပစ္စည်း ထပ်ဆင့်သည်၊ သို့မဟုတ် “ဒိဗ္ဗာဝဟ” ဟု ဆိုလိုလျက် အာဝဟပုဒ်ကို ချေထားသည်ဟု ကြံပါ] **ဝိဟရဏံ ဝိဟာရော** = နေခြင်းသဘောတရား၊ (တနည်း) **ဝိဟရတိ ဧတေနာတိ ဝိဟာရော** = နေကြောင်းသဘောတရား၊ **ဒိဗ္ဗော ဝိဟာရော ဒိဗ္ဗဝိဟာရော** = ဗြဟ္မာဘဝသို့ ပို့ဆောင်တတ်သော ရူပဈာန်လေးပါးတည်းဟူသော နေခြင်း (ဝါ = နေကြောင်း) သဘောတရား။ ဤသို့ ဝစနတ္ထပြု၍ ရူပဈာန်လေးပါးကို **ဒိဗ္ဗဝိဟာရ** ဟု ခေါ်၏၊ **ဒိဗ္ဗ** ဟုလည်း ခေါ်၏၊ ဤသုတ်၌ ဟောတော်မူသည့်အတိုင်း ရူပဈာန်လေးပါးကိုသာ ယူခြင်းဖြစ်သည်၊ အခြားနေရာ၌ကား အရူပသမာပတ်များကိုလည်း **ဒိဗ္ဗဝိဟာရ** ဟု ခေါ်၏။]

သို့သော် - “**သော စေ အဟံ ဗြာဟ္မဏ၊ ဧဝံဘူတော စင်္ကမာမိ**” စသည်ဖြင့် မြတ်စွာဘုရားသည် **ဒိဗ္ဗဝိဟာရ** မည်သော ရူပဈာန်လေးပါးကို ဝင်စားအပြီးတွင် စင်္ကြံကြွသွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းစက်ခြင်း ဣရိယာပုထ်တို့ကို ပြုတော်မူသည်ဟု ဟောထားသောကြောင့် “**ဒိဗ္ဗော မေ ။ပ။ စင်္ကမော၊ ဌာနံ၊ အာသနံ၊ ဥစ္စာသယနမဟာသယနံ ဟောတိ**” တို့၌ **ဒိဗ္ဗဝိဟာရ** မည်သော ရူပဈာန်လေးပါးကိုသာ **ဒိဗ္ဗ** ဟု ဆိုလိုသည်မဟုတ်ဘဲ ထိုဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော စင်္ကြံကြွသွားခြင်း အစရှိသော ဣရိယာပုထ်တိုင်အောင် သမီပျုပစာရအားဖြင့် **ဒိဗ္ဗ** ဟု ခေါ်ဆိုရ၏။ ရူပဈာန်နှင့် နီးကပ်စက်စပ်သော ဣရိယာပုထ်ကို **သမီပ** (ရူပဈာန်၏အနီး) ဟု ယူ၍ ရူပဈာန်ကို **သမီပီ** (အနီးရှိသောဈာန်) ဟု ယူကာ သမီပျူပစာရဟု ခေါ်ဆိုခြင်းဖြစ်သည်]။

“**ဒိဗ္ဗ ဥစ္စာသယန မဟာသယန**” ပုဒ်၌ ဥပစာအမျိုးမျိုး **ဝိဟာရ** ၌ **ဝိဟာရ** ပုဒ်ကို ဖြုတ်၍ ထို**ဝိဟာရ** ပုဒ်နေရာ၌ **စင်္ကမ**

