## PAGE 424

လည်းကောင်း၊ **ဗြဟ္မ** = ဗြဟ္မမည်သော၊ (**ဗြဟ္မဝိဟာရ** မည်သော)၊ ဝါ = မြတ်သော၊ **ဥစ္စာသယန မဟာသယနံ** = လည်းကောင်း၊ **အရိယံ** = အရိယမည်သော၊ (**အရိယဝိဟာရ** မည်သော)၊ ဝါ = အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ အစရှိသော ပုဒ်များကို သွင်း၍ “**ဒိဗ္ဗော စင်္ကမော၊ ဒိဗ္ဗ ဌာနံ၊ ဒိဗ္ဗ အာသနံ၊ ဒိဗ္ဗ ဥစ္စာသယနမဟာသယနံ**” ဟု ဟောတော်မူသည်၊ ထိုပုဒ်များတွင် မြင့်သော ထိုင်စရာ အိပ်စရာ ခုတင်ညောင်စောင်းနှင့် အိပ်ရာခင်းကြီးများကိုသာ **ဥစ္စာသယနမဟာသယန** ခေါ်သည်မဟုတ်ဘဲ ထိုထိုင်စရာ အိပ်စရာ **ဥစ္စာသယနမဟာသယန** နေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း ဣရိယာပုထ်တိုင်အောင် ဌာနပစာရအားဖြင့် **ဥစ္စာသယန မဟာသယန** ဟု ခေါ်ဆိုရမည်ဟု ယခင်က ပြဆိုခဲ့၏၊ သို့ရာတွင် ဤနေရာ၌ မြတ်စွာဘုရားသည် ပုဏ္ဏား၏ စကားစဉ်ကို လိုက်၍ ပုဏ္ဏား၏ စကားနှင့် လိုက်လျောညီထွေ ဖြစ်အောင် **ဥစ္စာသယနမဟာသယန** ဟူသော စကားကို သုံးနှုန်းဟောကြားတော်မူခြင်း ဖြစ်၏။ အမှန်အားဖြင့်ကား -

“**ဒုလ္လဘာနိ တာနိ ပဗ္ဗဇ္ဇိတာနံ၊ လဒ္ဓါ စ ပန န ကပ္ပန္တိ**” ဟူ၍ **ဥစ္စာသယန မဟာသယန** ဖြစ်သော နေရာထိုင်ခင်းများကို ရဟန်းများ အသုံးမပြုကောင်းကြောင်းကို ပုဏ္ဏားအား မြတ်စွာဘုရား ဟောကြားတော်မူပြီး ဖြစ်သည့်အတိုင်းပင် ထို**ဥစ္စာသယနမဟာသယန** ဖြစ်သော နေရာထိုင်ခင်းပေါ်၌ မြတ်စွာဘုရား လျောင်းစက်တော်မူသည်မဟုတ်ပါ၊ “**သော စေ အဟံ ဗြာဟ္မဏ၊ ဧဝံဘူတော သေယျံ ကပ္ပေမိ**” စသည်ဖြင့် အကျယ်တဝင့် ဟောတော်မူသောကြောင့် **ဒိဗ္ဗဝိဟာရ** မည်သော ရူပဈာန်သမာပတ်ကို ဝင်စားအပြီး သမာပတ်မှ ထချိန်တွင် ထို**ဥစ္စာသယနမဟာသယန** နေရာထိုင်ခင်းမဟုတ်သော ရိုးရိုးမြက်သစ်ရွက် အခင်းပေါ်၌သာ မြတ်စွာဘုရား လျောင်းစက်တော်မူပါသည်။

ထို့ကြောင့် ယင်းသို့ **ဒိဗ္ဗဝိဟာရ** ရူပဈာန်သမာပတ်မှ ထ၍ ထိုရိုးရိုးမြက်သစ်ရွက် နေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း ဣရိယာပုထ်ကို “**ဒိဗ္ဗ မေ တံ တသ္မိံ သမယေ ဥစ္စာသယနမဟာသယနံ ဟောတိ**” ဟု ဟောတော်မူသည်။

ယင်းသို့ ဟောတော်မူရာ၌ **ဒိဗ္ဗဝိဟာရ** မည်သော ရူပဈာန်လေးပါးကို သဒိသူပစာရအားဖြင့် **ဥစ္စာသယနမဟာသယန** နေရာထိုင်ခင်းဟု ခေါ်ဆိုပြီးလျှင် ထို**ဥစ္စာသယနမဟာသယန** နေရာထိုင်ခင်းနှင့်တူသော ရူပဈာန်လေးပါးကို ဝင်စားအပြီးတွင် ရိုးရိုးမြက်သစ်ရွက်နေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း ဣရိယာပုထ်ကိုလည်း သမီပျူပစာရ၊ ဌာနျူပစာရအားဖြင့် **ဥစ္စာသယန မဟာသယန** ဟုပင် ခေါ်သည်ဟု ကြံသင့်ပါသည်။

## PAGE 425

[**အရိယာနံ ဣဒံ အရိယံ**] **ဥစ္စာသယန မဟာသယနံ** = လည်းကောင်းတည်း၊ **ဗြာဟ္မဏ** = ပုဏ္ဏား၊ **ယေသံ** (**ဥစ္စာသယန မဟာသယနာနံ**) = တို့ကို၊ **အဟံ** = ငါသည်၊ **ဧတရဟိ ။ပ။ တာနိ ဥစ္စာသယန မဟာသယနာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တို့တည်း၊ **ဣတိ** (အဝေါစ - မိန့်တော်မူပြီး)။

**ဗြဟ္မဝိဟာရ**၊ **ဗြဟ္မာ စင်္ကမော**။ ။ **ဗြဟ္မာနော** = မြင့်မြတ်ကုန်သော၊ (မြင့်မြတ်သော **ဗြဟ္မဝိဟာရ** ဈာန်ဖြစ်ကုန်သော) **ဝိဟာရာ** = နေခြင်းသဘောတရား (ဝါ = နေကြောင်းသဘောတရား) တို့တည်း၊ **ဗြဟ္မဝိဟာရာ** = တရားတို့၊ ဤသို့ ဝစနတ္ထပြု၍ မေတ္တာဈာန်၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဈာန်ဟူသော အပ္ပမညာဈာန်လေးပါးကို **ဗြဟ္မဝိဟာရ** ဟု ခေါ်၏၊ သို့သော် ဤသုတ်၌ကား ယခင် **ဒိဗ္ဗ** ပုဒ်တုန်းက ရေးခဲ့သည့်အတိုင်း “**ဗြဟ္မာ စင်္ကမော၊ ဗြဟ္မ ဌာနံ၊ ဗြဟ္မ အာသနံ၊ ဗြဟ္မ ဥစ္စာသယနမဟာသယနံ**” တို့၌ ထို**ဗြဟ္မဝိဟာရ** ဈာန်လေးပါးကိုသာ “**ဗြဟ္မ**” ဟု ဆိုလိုသည်မဟုတ်ဘဲ ထို**ဗြဟ္မဝိဟာရ** ဈာန်လေးပါး ဝင်စားအပြီးတွင် စင်္ကြံကြွသွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းစက်ခြင်း ဣရိယာပုထ်တို့ကို ပြုတော်မူသော မြတ်စွာဘုရား၏ ထို**ဗြဟ္မဝိဟာရ** ဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော ထိုဣရိယာပုထ်လေးပါးတိုင်အောင် သမီပျူပစာရအားဖြင့် **ဗြဟ္မ** ဟု ဆိုလိုသည်။

**အရိယဝိဟာရ**၊ **အရိယော စက်မော**။ ။ **အရိယာနံ ဝိဟာရာ အရိယဝိဟာရာ** = (ပုထုဇဉ်နှင့်မသက်ဆိုင်သော) အရိယာပုဂ္ဂိုလ်တို့၏ နေခြင်း (ဝါ - နေကြောင်း) သဘောတရားများ။ (တနည်း) **အရိယာ ဥတ္တမာ ဝိဟာရာ အရိယဝိဟာရာ** = မြင့်မြတ်သော ဖလသမာပတ်လေးပါးဟူသော နေခြင်း (နေကြောင်း) သဘောတရားများ။ (တနည်း) **အရိယာနံ ဧတေ အရိယာ** = အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော ဖလသမာပတ်တရားများ၊ **အရိယာ ဝိဟာရာ အရိယဝိဟာရာ** = ထိုဖလသမာပတ်တည်းဟူသော နေခြင်း သဘောတရားများ၊ ဤသို့ ဝစနတ္ထပြု၍ ဖလသမာပတ်လေးပါးကို **အရိယဝိဟာရ** ဟု ခေါ်၏၊ သို့သော် ဤသုတ်၌ကား မြတ်စွာဘုရား၏ အရဟတ္တဖလ သမာပတ်ကိုသာ **အရိယဝိဟာရ** ဟု ဆိုလို၏။ ဤ၌လည်း ယခင်က ရေးခဲ့သည့်အတိုင်းပင် “**အရိယော စင်္ကမော၊ အရိယံ ဌာနံ၊ အရိယံ အာသနံ၊ အရိယံ ဥစ္စာသယနမဟာသယနံ**” တို့၌ ထို**အရိယဝိဟာရ** မည်သော အရဟတ္တဖလသမာပတ်ကိုသာ **အရိယ** ဟု ဆိုလိုသည်မဟုတ်ဘဲ ထို**အရိယဝိဟာရ** အရဟတ္တဖလသမာပတ်နှင့် နီးကပ်ဆက်စပ်သော စင်္ကြံကြွသွားခြင်း စသော ဣရိယာပုထ်တိုင်အောင် သမီပျူပစာရအားဖြင့် **အရိယ** ဟု ဆိုလိုသည်။
## PAGE 426

**ဘော ဂေါတမ** = အရှင်ဂေါတမ၊ **ယဿ** = အကြင်ဒိဗ္ဗမည်သော ဥစ္စာသယနမဟာသယနကို၊ **ဘဝံ ဂေါတမော** = အရှင်ဂေါတမသည်၊ **ဧတရဟိ** = ယခုအခါ၌၊ **အကသိရလာဘီ** = မပင်မပန်း လွယ်ကူစွာ ရနိုင်သူဖြစ်၏၊ **ဒိဗ္ဗိ** = နတ်၌ ဖြစ်သကဲ့သို့ မွန်မြတ်လှသော၊ **တံ ဥစ္စာသယန မဟာသယနံ** = ထိုမြင့်သောနေရာ, ကြီးမားခမ်းနားဆန်းပြားသော အိပ်ရာခင်းဟူသည်၊ **ကတမံ ပန** = အဘယ်ပါနည်း၊ **ဣတိ**-ဤသို့၊ (အဝေါစ = မေးလျှောက်ပြီ)။

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **ဣဓ** = ဤသတ္တလောက၌၊ **အဟံ** = ငါသည်၊ **ယံ ဂါမံ ဝါ** = အကြင်ရွာကိုလည်းကောင်း၊ **ယံ နိဂမံ ဝါ** = အကြင်နိဂုံးကိုလည်းကောင်း၊ **ဥပနိဿာယ** = မှီ၍၊ **ဝိဟရာမိ** = နေ၏၊ **သော (အဟံ)** = ထိုငါသည်၊ **ပုဗ္ဗဏှသမယံ** = နံနက်အခါ၌၊ **နိဝါသေတွာ** = သင်းပိုင်ကို ကောင်းမွန်ညီညာစွာ ပြင်ဝတ်၍၊ **ပတ္တစီဝရံ** = သပိတ်သင်္ကန်းကို၊ **အာဒါယ** = ယူ၍၊ **ဝါ** = ကိုင်ဆောင် ခြုံရုံ၍၊ **တမေဝ ဂါမံ ဝါ** = ထိုရွာကိုပင်လျှင်လည်းကောင်း၊ **တမေဝ နိဂမံ ဝါ** = ထိုနိဂုံးကိုပင်လျှင်လည်းကောင်း၊ **ပိဏ္ဍာယ** = ဆွမ်းအကျိုးငှာ၊ **ပဝိသာမိ** = ဝင်၏။

**သော** = ထိုငါသည်၊ **ပစ္ဆာဘတ္တံ** = ဆွမ်းစားပြီးရာကာလမှ နောက်၌၊ [ရှေးက ရွာတွင်း၌ ဆွမ်းစားဇရပ်ရှိတတ်၏၊ ထိုဆွမ်းစားဇရပ်၌ ဆွမ်းစားပြီးသည်မှ ... နောက်၌ဟူလို] **ပိဏ္ဍပါတပဋိက္ကန္တော** = ဆွမ်းခံရွာမှ ဖဲခွာခဲ့သည်၊ (**သမာနော** = ဖြစ်လတ်သော်) **ဝနန္တမေဝ** = တောသို့သာလျှင်၊ [ဝနမေဝ ဝန္တိ] **ပဝိသာမိ** = ဝင်၏။

**သော** = ထိုငါသည်၊ **တတ္ထ** = ထိုတော၌၊ **ယံ (ယာနိ) တိဏာနိ ဝါ** = အကြင်မြက်တို့သည်လည်းကောင်း၊ **ယဒေဝ** = [ယံ+ဧဝ။ ထိုတွင် ယံကား **ဝစနဝိပလ္လာသ**၊ ဧဝကို တာနိနှင့် တွဲလိမ့်မည်] **ယံ (ယာနိ) ပဏ္ဏာနိ ဝါ** = အကြင်သစ်ရွက်တို့သည်လည်းကောင်း၊ **ဟောန္တိ** = ရှိကုန်၏။ **တာနိဝ** = ထိုမြက်သစ်ရွက်တို့ကိုပင် **ဧကဇံ** = တပေါင်းတည်း၊ **သင်္ဃရိတွာ** = ပေါင်းစု၍၊ **ပလ္လင်္ကံ** = ထက်ဝယ်ဖွဲ့ခွေခြင်းကို၊ **ဝါ** = တင်ပျဉ်ခွေခြင်းကို၊ **ဝါ** = ပတ်ပတ်လည်။

#### ၁။ ပလ္လင်္က အာဘုဇိတွာ

“**ပရိ+အင်္က**”၌ ရကို လ၊ ဣကို အပြု၊ လဒွေဘော်လာ၍ **ပလ္လင်္ကံ**ဟု ဖြစ်၏။ **ပရိ သမန္တတော** = ထက်ဝန်းကျင်ပတ်ပတ်လည်၌၊ **အင်္ကနံ အာသနံ** = ပေါင်နှစ်ဖက်တို့ကို ဖွဲ့ယှက်နေခြင်းတည်း။ **ပလ္လင်္ကံ** = ခြင်း၊ **အာဘုဇိတွာ** = ဖွဲ့ခွေ၍ ဟုဆိုရာ၌ အဘယ်သို့ ဖွဲ့ခွေသနည်းဟု မေးဖွယ်ရှိ၍ “**ပလ္လင်္ကံ**” ဟု မိန့်ဆိုရ၏။ “**ပလ္လင်္ကံ အာဘုဇိတွာ** = တင်ပျဉ်ဖွဲ့ခွေခြင်းဟူသော ဖွဲ့ခွေမှုပြု၍” ဟူလို။

