## PAGE 427

ပေါင်နှစ်ဖက် ဖွဲ့ယှက်နေခြင်းဟူသော ပလ္လင်ကို၊ **အာဘုဇိတွာ** = ဖွဲ့ခွေ၍၊ **ကာယံ** = အထက်ပိုင်းကိုယ်ကို၊ **ဥဇုံ** = ဖြောင့်မတ်စွာ၊ (၁၈-ချောင်းသော ကျောက်ကုန်း ဆူးရိုးတို့ကို အချင်းချင်း ထိစေခြင်းဖြင့် ဖြောင့်ဖြောင့်စန့်စန့်) **ပဏိဓာယ** = ထား၍၊ **သတိ** = သတိကို၊ **ပရိမုခံ** = ကမ္မဋ္ဌာန်းသို့ရှေ့ရှု၊ [**အဘိမုခံ**နှင့် အနက်တူ၏] **ဝါ** = ပါးစပ်ပေါက်၏ အနီးဖြစ်သော နှာသီးဖျားနှင့် အထက်နှုတ်ခမ်းအလယ်၌၊ **ဥပဋ္ဌပေတွာ** = ထား၍၊ **နိသီဒါမိ** = ထိုင်နေ၏။

(တနည်း) **ပရိမုခံ** = အသမ္မောသ တရားကို သိမ်းယူလျက် ဆန့်ကျင်ဘက် သမ္မောသမှ ထွက်မြောက်တတ်သော၊ **ဝါ** = အသမ္မောသတရားကို သိမ်းယူလျက် ဆန့်ကျင်ဘက် သမ္မောသမှ ထွက်မြောက်အောင်၊ **သတိ** = သတိကို၊ **ဥပဋ္ဌပေတွာ** = ဖြစ်စေ၍၊ **နိသီဒါမိ** = နေ၏။

**သော** = ထိုငါသည်၊ **ကာမေဟိ** = ကာမတို့မှ၊ **ဝိဝိစ္စဧဝ** = ဆိတ်ငြိမ်၍သာလျှင်၊ [ဒုကနိပါတ်စာပိုဒ်-၁၃ ကြည့်] ။ပ။

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **သော အဟံ** = ထိုငါသည်၊ **ဧဝံဘူတော** = ဤရူပဈာန်လေးပါးတို့တွင် တစ်ပါးပါးကို ဝင်စားသူဖြစ်သည်။ (**ဟုတွာ** = ဖြစ်ပြီး၍) **စေ စင်္ကမာမိ** = အကယ်၍ စင်္ကြံသွားအံ့၊ (ဧဝံ သတိ = ဤသို့ စင်္ကြံသွားသည်ရှိသော်) **တသ္မိံ သမယေ** = (ရူပဈာန်တစ်ပါးပါး ဝင်စားပြီး၍ စင်္ကြံသွားရာ) ထိုအခါ၌၊ **မေ** = ငါ၏၊ **ဧသော စင်္ကမော** = ဤစင်္ကြံသွားခြင်းသည်၊ **ဒိဗ္ဗာ** = ဒိဗ္ဗမည်သော၊ **ဝါ** = ဒိဗ္ဗဝိဟာရ ရူပဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော။

#### ၂။ ပရိမုခံပုဒ်၏ နောက်အနက်ဖွင့်နှစ်မျိုး

ဤဒုတိယနည်း၌ **မုခဿ သမီပံ ပရိမုခံ** (ပါးစပ်ပေါက်၏အနီး) ဟု ဝစနတ္ထပြု။ အထက်နှုတ်ခမ်း၏ အလယ်အရပ်ကို မုခနိမိတ္တဟုခေါ်၏ [ဈာနဝိဘင်းအဋ္ဌကထာ၊ ၃၅၂] ထိုမုခနိမိတ္တနှင့် နှာသီးဖျားကို **ပရိမုခ** (ပါးစပ်ပေါက်၏အနီး) ဟု ခေါ်သည်။

တတိယနည်း၌- **ပရိ (ပရိဂ္ဂဟိတ)** = မမေ့ပျောက်မှုဟူသော အသမ္မောသကို သိမ်းယူတတ်သော သတိတရား + **မုခ (မောက္ခ = နိယျာန)** = မေ့ပျောက်မှု သမ္မောသမှ ထွက်မြောက်သော သတိတရား။ **အသမ္မောသံ ပရိဂ္ဂဏှာတိတိ ပရိဂ္ဂဟိတံ**။ **ပရိဂ္ဂဟိတံ မုခံ ပရိမုခံ** ဟု ဝိဂြိုဟ်ပြု။ **ပရိဂ္ဂဟိတံ** = မမေ့ပျောက်ခြင်းသဘောဟူသော အသမ္မောသကို ယူငင်သိမ်းပိုက်လျက်၊ **မုခံ (မောက္ခံ = နိယျာနံ)** = မေ့ပျောက်ခြင်းသဘောဟူသော သမ္မောသမှ ထွက်ခွာလွတ်မြောက်သော သတိတည်း-ဟု အနက်ဆို၊ **ပရိမုခံ** ပုဒ်၌ မုခသဒ္ဒါကို မောက္ခသဒ္ဒါ, နိယျာနသဒ္ဒါတို့နှင့် အနက်တူ ပရိယာယ်ဟုကြံပါ။ သို့မဟုတ် မောက္ခမှ သြကို ဥပြန်၊ ကကိုချေ၍ “**မုခ**” ဟုရုပ်ပြီးသည်ဟုသော်လည်းကြံပါ။

## PAGE 428

ဣရိယာပုထ်ဖြစ်သော၊ **စင်္ကမော** = စင်္ကြံသွားခြင်းသည်၊ **ဟောတိ**-၏။ပ။

**စေ တိဋ္ဌာမိ** = အကယ်၍ ရပ်နေအံ့၊ (ဧဝံ သတိ = ဤသို့ ရပ်နေသည့်ရှိသော်) **တသ္မိံ သမယေ** = (ရူပဈာန်တစ်ပါးပါးဝင်စားပြီး၍ ရပ်နေရာ) ထိုအခါ၌၊ **မေ** = ငါ၏၊ **ဧတံ ဌာနံ** = ဤရပ်နေခြင်းသည်၊ **ဒိဗ္ဗ** = ဒိဗ္ဗမည်သော၊ **ဝါ** = ဒိဗ္ဗဝိဟာရရူပဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ **ဌာနံ** = ရပ်ခြင်းသည်၊ **ဟောတိ** = ၏။ပ။

**နိသီဒါမိ** = အကယ်၍ ထိုင်နေအံ့၊ (ဧဝံ သတိ = ဤသို့ ထိုင်နေသည်ရှိသော်) **တသ္မိံ သမယေ** = ထိုအခါ၌၊ **မေ** = ငါ၏၊ **ဧတံ အာသနံ** = ဤထိုင်နေခြင်းသည်၊ **ဒိဗ္ဗိ** = သော၊ **ဝါ** = သော၊ **အာသနံ** = သည်၊ **ဟောတိ**-၏။ပ။

**သေယျံ** = လျောင်းစက်ခြင်းကို၊ **စေ ကပ္ပေမိ** = အကယ်၍ ပြုငြားအံ့၊ (ဧဝံ သတိ = ဤသို့ လျောင်းစက်နေသည်ရှိသော်) **တသ္မိံ သမယေ** = ၌၊ **မေ** = ငါ၏၊ **ဧတံ သယနံ** = ဤလျောင်းစက်နေခြင်းသည်၊ **ဒိဗ္ဗိ** = သော၊ **ဝါ** = သော၊ **ဥစ္စာသယန မဟာသယနံ** = မြင့်သောနေရာ, ကြီးမားခမ်းနား ဆန်းပြားသော အိပ်ရာခင်းပေါ်၌ လျောင်းစက်ခြင်းမည်သည်၊ **ဟောတိ** = ၏။

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **ယဿ** = အကြင်ဒိဗ္ဗဥစ္စာသယနမဟာသယနကို၊ **အဟံ** = ငါသည်၊ **ဧတရဟိ** = ယခုအခါ၌၊ ။ပ။ **အကသိရလာဘီ** = မပင်မပန်း လွယ်ကူစွာ ရနိုင်သူဖြစ်၏၊ **ဒိဗ္ဗ** = ဒိဗ္ဗမည်သော၊ **ဝါ** = ဗြဟ္မာ၏ အဖြစ်သို့ ပို့ဆောင်တတ်သော၊ **တံ ဥစ္စာသယနမဟာသယနံ** = ထိုမြင့်သောနေရာ မဟာသယနရာခင်းဟူသည်၊ **ဣဒံ** = ဤဒိဗ္ဗဝိဟာရရူပဈာန်လေးပါးပင်တည်း၊ **ဣတိ** (အဝေါစ)။ပ။

**ဘောတာ ဂေါတမေန** = အရှင်ဂေါတမကို၊ **အညတြ** = ကြဉ်ဖယ်ထား၍၊ **အညော** = အရှင်ဂေါတမမှ တစ်ပါးတခြားသော၊ **ကော** = အဘယ်ပုဂ္ဂိုလ်သည်၊ **ဧဝရူပဿ** = ဤသို့သဘောရှိသော၊ **ဒိဗ္ဗဿ** = ဒိဗ္ဗမည်သော၊ **ဝါ** = ဗြဟ္မာ၏ အဖြစ်သို့ ပို့ဆောင်တတ်သော၊ **ဥစ္စာသယန မဟာသယနုဿ** = မြင့်သောနေရာ မဟာသယနရာခင်းကို၊ **နိကာမလာဘီ** = အလိုရှိတိုင်း ရနိုင်ခြင်းရှိသည်။ပ။ **အကသိရလာဘီ** = သည်၊ **ဘဝိဿတိ** = ဖြစ်နိုင်ပါလတ္တံ့နည်း၊ (န ဘဝတိ ဧဝ = မဖြစ်နိုင်သည် သာတည်း)။

**ဘော ဂေါတမ** = အရှင်ဂေါတမ၊ **ယဿ** = အကြင် ဗြဟ္မမည်သော ဥစ္စာသယန မဟာသယနကို၊ **ဘဝံ ဂေါတမော** = အရှင်ဂေါတမသည်။ပ။ **အကသိရလာဘီ** = ဖြစ်၏၊ **ဗြဟ္မ** = ဗြဟ္မမည်သော၊ (ဗြဟ္မဝိဟာရမည်သော) **တံ ဥစ္စာသယနမဟာသယနံ** = ရာခင်းဟူသည်၊ **ကတမံ ပန** = အဘယ်ပါနည်း၊ **ဣတိ** (အဝေါစ)။ပ။

**သော** = ထိုငါသည်၊ **မေတ္တာသဟဂတေန** = မေတ္တာနှင့်တကွဖြစ်သော၊ **စေတသာ** = စိတ်ဖြင့်၊ **ဧကံ** = တစ်ခုသော၊ **ဒိသံ** = အရပ်မျက်နှာကို၊ **ဝါ** = အရပ်မျက်နှာ၌နေသော သတ္တဝါအပေါင်းကို၊ **ဖရိတွာ** = ဖြန့်၍၊ **ဝါ** = အာရုံပြု၍၊ **ဝိဟရာမိ** = နေ၏၊ **တထာ** = ထို့အတူ၊ **ဒုတိယံ** = နှစ်ခုမြောက်သော၊ (ဒိသံ = အရပ်မျက်နှာကိုလည်း။ ဝါ = အရပ်မျက်နှာ၌)
## PAGE 429

နေသော သတ္တဝါအပေါင်းကိုလည်း၊ **ဖရိတွာ**=၍၊ **ဝိဟရာမိ**=၏၊) **တထာ**=တူ၊ **တတိယံ**=သုံးခုမြောက်သော၊ (**ဒိသံ**=လည်း၊ **ဝါ**=လည်း၊ **ဖရိတွာ**=၍၊ **ဝိဟရာမိ**=၏) **တထာ**=တူ၊ **စတုတ္ထ**=လေးခုမြောက်သော၊ (**ဒိသံ ဖရိတွာ ဝိဟရာမိ**) **ဣတိ**=ဤနည်းအားဖြင့်၊ **ဝါ**=ဤအရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်လေးမျက်နှาတို့၌ ဖြန့်သည့်နည်းတူပင်၊ **ဥဒ္ဓံ**-အထက်အရပ်ကိုလည်းကောင်း၊ **ဝါ**=အထက်အရပ်၌နေသော သတ္တဝါအပေါင်းကိုလည်းကောင်း၊ **အဓော**=အောက်အရပ်ကိုလည်းကောင်း၊ **ဝါ**=လည်းကောင်း၊ **တိရိယံ**=အထောင့်အရပ်ကိုလည်းကောင်း၊ **ဝါ**=လည်းကောင်း၊ (**ဖရိတွာ ဝိဟရာမိ**) ဤတိုင်အောင် **ဩဓိသော မေတ္တာဖရဏ** (အရုပ်မျက်နှา သတ္တဝါတို့ကို ပိုင်းခြားကန့်သတ်၍ မေတ္တာဖြန့်ပုံ) ဖြစ်၏၊ ထို့နောက် ယင်းသို့ မကန့်သတ်သော **အနောဓိသော မေတ္တာဖရဏ** ကို ပြလို၍ **သဗ္ဗဓိ** စသည်ဖြင့် ဟောတော်မူ၏]

**သဗ္ဗဓိ**’အားလုံးသော အရပ်မျက်နှာတို့၌၊ **သဗ္ဗတ္တတာယ**=အားလုံးသော သတ္တဝါတို့၌ မိမိကိုယ်၏အဖြစ်အားဖြင့်၊ **ဝါ**=အားလုံးသော သတ္တဝါတို့၌ မိမိနှင့်တန်းတူညီမျှသည်အဖြစ်အားဖြင့်၊ **ဝါ**=ကမ္မဋ္ဌာန်းမှ တခြားပြင်ပအာရုံသို့ မပျံ့လွင့်ဘဲ အားလုံးသောစိတ်၏ အဖြစ်အားဖြင့်၊ **သဗ္ဗာဝန္တ**=အားလုံးသော သတ္တဝါအပေါင်းရှိသော၊ **လောကံ**=သတ္တလောကကို၊ **မေတ္တာသဟဂတေန**=သော၊ **ဝိပုလေန**=ကျယ်ပြန့်သော၊ **ဝါ**=ကျယ်ပြန့်စွာ ဖြန့်တတ် အာရုံပြုတတ်သော၊ [အသုဘကမ္မဋ္ဌာန်း စသည်တို့၌ကဲ့သို့ အာရုံ၏တစိတ်တဖို့ တချို့မျှကိုသာမက သတ္တဝါအာရုံ၌ အကြွင်းအကျန်မရှိအောင် ကျယ်ပြန့်စွာဖြန့်၍ အာရုံပြုသောဟူလို] **မဟဂ္ဂတေန**=(ဘုံအားဖြင့်) မဟဂ္ဂုတ်ဖြစ်သော၊ **ဝါ**=ကိလေသာပယ်ခွါနိုင်ခြင်းစသော ဂုဏ်အားဖြင့် မြတ်သည်အဖြစ်သို့

၁။**သဗ္ဗတ္တတာ**။ ။**အတ္တနော ဘာဝေါ ဘာဝေါ အတ္တတာ**။ **သဗ္ဗေသု သတ္တေသု အတ္တတာ သဗ္ဗတ္တတာ** အားလုံးသော သတ္တဝါတို့၌ မိမိကိုယ်၏ (ဝါ-မိမိကိုယ်နှင့် တန်းတူညီမျှသည်၏) အဖြစ်။ (တနည်း) **သဗ္ဗာ အတ္တတာ သဗ္ဗတ္တတာ**=အားလုံးသောစိတ်၏ အဖြစ်။ အားလုံးသောစိတ်အနေအားဖြင့် ကမ္မဋ္ဌာန်းအာရုံမှ တပါးသော ပြင်ပအာရုံသို့ အနည်းငယ်မျှ မပျံ့လွင့်ဘဲ၊ **ဖရိတွာ ဝိဟရာမိ**=ဖြန့်၍နေ၏ဟူလို။ [အပ္ပမညာဝိဘင်းဋ္ဌ၊ ၃၆၁]။ ဤဒုတိယနည်း၌ “စိတ္တဘာဝေန” ၏နေရာ၌ စိတ္တဘာဂေနဟု ဝိသုဒ္ဓိမဂ်၊ ပ-၃၀၂ ၌ ဂငယ်ဖြင့်ရှိ၏။

