## PAGE 430

ရောက်သော၊ **ဝါ**=မြင့်မြတ်သော ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာရှိသော ပုဂ္ဂိုလ်တို့ သွားအပ်၊ ကျင့်အပ်သော၊ **အပ္ပမာဏေန**=အတိုင်းအဆ ပမာဏမရှိသော၊ ကြိမ်ဖန်များစွာ စီးဖြန်းပွားများခြင်းကြောင့် မေတ္တာစိတ်သည် ဤရွေ့ဤမျှရှိ၏ဟု အတိုင်းအဆမရှိ များပြားလှ၏ဟူလို] **ဝါ**=အတိုင်းအဆမရှိ များပြားလှသော သတ္တဝါတို့ကို အာရုံပြုသော၊ ဤနည်း၌ **အပ္ပမာဏာရမ္မဏေန** ဟု ဆိုလိုလျက် အာရမ္မဏပုဒ်ကို ချေ၍ **အပ္ပမာဏေန** ဟု ဆိုသည်ဟု ကြံပါ] **အဝေရေန**=ဒေါသရန်မရှိသော၊ **ဝါ**=ဒေါသရန်မရှိခြင်း၏ အကြောင်းဖြစ်သော၊ **အဗျာဗဇ္ဇေန**=စိတ်ဆင်းရဲမှု ဒေါမနဿ မရှိသော၊ **စေတသာ**=စိတ်ဖြင့်၊ **ဖရိတွာ**=ဖြန့်၍၊ **ဝါ**-အာရုံပြု၍၊ **ဝိဟရာမိ**=နေ၏။

**ကရုဏာသဟဂတေန**=ကရုဏာနှင့်တကွဖြစ်သော၊ **စေတသာ**=စိတ်ဖြင့်၊ **ဧကံ**=သော၊ **ဒိသံ**=ကို၊ **ဖရိတွာ**။ပ။ **အဗျာဗဇ္ဇေန** သော **စေတသာ**=ဖြင့်၊ **ဖရိတွာ**=၍၊ **ဝိဟရာမိ**=၏၊ **မုဒိတာသဟဂတေန**=မုဒိတာနှင့် တကွဖြစ်သော။ပ။

**ဥပေက္ခာသဟဂတေန**=ဥပေက္ခာနှင့်တကွဖြစ်သော။ပ။ **ဗြာဟ္မဏ**=ဏ္ဏား၊ **သော အဟံ**=ထိုငါသည်၊ **ဧဝံဘူတော**=ဤဗြဟ္မဝိဟာရဈာန်လေးပါးတို့တွင် တပါးပါးကိုဝင်စားသူဖြစ်သည်၊ (**ဟုတွာ**=ဖြစ်ပြီး၍) **စေ စင်္ကမာမိ**=အံ့၊ (**ဧဝံသတိ**-သော်) **တသ္မိံ သမယေ**=(ဗြဟ္မဝိဟာရဈာန်တပါးပါးဝင်စားပြီး၍ စင်္ကြံသွားရာ) ထိုအခါ၌၊ **မေ**=ငါ၏၊ **ဧသော စင်္ကမော**=သည်၊ **ဗြဟ္မာ** ဗြဟ္မမည်သော၊ **ဝါ**=ဗြဟ္မဝိဟာရဈာန်နှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ **စင်္ကမော**=သည်၊ **ဟောတိ**=၏။ပ။ **ဧဝံ ဘူတော**=ဤဗြဟ္မဝိဟာရဈာန်တပါးပါး ဝင်စားသည်၊ (**ဟုတွာ**=၍) **သေယျံ**=ကို၊ **စေ ကပ္ပေမိ**=အံ့၊ (**ဧဝံ သတိ**=သော်) **တသ္မိံ သမယေ**=(ဗြဟ္မဝိဟာရဈာန်တပါးပါး ဝင်စားပြီး၍ လျောင်းစက်ရာ) ထိုအခါ၌၊ **မေ**=၏၊ **ဧတံ သယနံ**=ဤလျောင်းစက်ခြင်းသည်၊ **ဗြဟ္မ**=ဗြဟ္မမည်သော၊ **ဝါ**=ဗြဟ္မဝိဟာရဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ **ဥစ္စာသယနမဟာသယနံ**=မြင့်သောနေရာ၊ ကြီးမားခမ်းနားဆန်းပြားသော အိပ်ရာခင်းပေါ်၌ လျောင်းစက်ခြင်းမည်သည်၊ **ဟောတိ**=၏၊ **ဗြာဟ္မဏ**=ဏ္ဏား၊ **အဟံ**=သည်၊ **ယဿ**=အကြင်ဗြဟ္မမည်သော **ဥစ္စာသယနမဟာသယန** ကို၊ **ဧတရဟိ**။ပ။ **အကသိရလာဘီ**=၏၊ **ဗြဟ္မ**=ဗြဟ္မမည်သော၊ (**ဗြဟ္မဝိဟာရမည်သော**) **တံ ဥစ္စာသယနမဟာသယနံ**=ထိုမြင့်---အိပ်ရာခင်းဟူသည်၊ **ဣဒံ**=ဤမေတ္တာဈာန်စုသော ဗြဟ္မဝိဟာရဈာန်လေးပါးပင်တည်း၊ **ဣတိ** (**အဝေါစ**) ပ။ **ဧဝရူပဿ**=သော၊ **ဗြဟ္မဿ**=ဗြဟ္မမည်သေား **ဥစ္စာသယနမဟာသယနဿ**=ခင်းကို။ပ။

**ဘော ဂေါတမ**-မ၊ **ယဿ**-အကြင်အရိယမည်သော **ဥစ္စာသယနမဟာသယန** ကို၊

## PAGE 431

**ဘဝံ ဂေါတမော**=သည်၊ **ဧတရဟိ**။ပ။ **အရိယံ**=အရိယမည်သော၊ **တံ ဥစ္စာသယနမဟာသယနံ**=ခင်းဟူသည်၊ **ကတမံ ပန**=နည်း၊ **ဣတိ** (**အဝေါစ**) ပ။ **သော**=ထိုငါသည်၊ **ဧဝံ**=ဤသို့၊ **ပဇာနာမိ**=စဉ်းစားဆင်ခြင်သိမြင်၏၊ (**ကိန္တိ**=သို့၊ **ပဇာနာမိ**=ဟူမူ) **မေ**=ငါသည်၊ **ဝါ**=ငါ့မှာ၊ **ရာဂေါ**=ရာဂကို၊ **ဝါ**=ရာဂသည်၊ **ပဟီနော**=ပယ်အပ်ပြီ [တနည်း-**ရာဂေါ**=ရာဂသည်၊ **မေ**=ငါ၏၊ (**စိတ္တသန္တာနတော**=စိတ်အစဉ်မှ၊) **ပဟီနော**=ကင်းကွာပြီ] ။ပ။ [စာပိုဒ် ၃၅-ကြည့်] **အနုပ္ပါဒဓမ္မော**=မရှိ၊ **မေ**=သည်၊ ဝါဒမှာ၊ **ဒေါသော**=ဒေါသကို၊ **ဝါ**=သည်။ပ။ **မေ**=သည်၊ **ဝါ**=မှာ၊ **မောဟော**=မောဟကို၊ **ဝါ**=သည်။ပ။ **အနုပ္ပါဒဓမ္မော**=မရှိ၊ **ဣတိ**=ဤသို့၊ (**ပဇာနာမိ**=စဉ်းစားဆင်ခြင်သိမြင်၏) **ဗြာဟ္မဏ**-ဏ္ဏား၊ **သော အဟံ**=သည်၊ **ဧဝံဘူတော**=ဤသို့ (ရာဂစသည်ကို ပယ်ရှားပြီးဖြစ်ကြောင်းကို) စဉ်စားဆင်ခြင်သိမြင်သူဖြစ်သည်၊ (**ဟုတွာ**=ဖြစ်၍) **စေ စင်္ကမာမိ**=အံ့၊ (**ဧဝံ သတိ**-သော်) **တသ္မိံ သမယေ**=ထိုအခါ၌၊ (**အရဟတ္တဖလသမာပတ်** ဝင်စားပြီးလျှင် ရာဂစသည်ကို ပယ်ရှားပြီးကြောင်း ဆင်ခြင်စဉ်းစားလျက် စင်္ကြံသွားရာ ထိုအခါ၌) **မေ**၏၊ **ဧသော စင်္ကမော**-သည် **အရိယော**-အရိယမည်သေား **ဝါ**=အရိယဝိဟာရမည်သော ဖလသမာပတ်နှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ **စင်္ကမော**=သည်၊ **ဟောတိ**-၏။ပ။ **ဧတံ**=ဤလျောင်းစက်ခြင်းသည်၊ **အရိယံ**=အရိယမည်သော၊ **ဝါ**=အရိယဝိဟာရမည်သော ဖလသမာပတ်နှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ **ဥစ္စာသယနမဟာသယနံ**=မြင့်---လျောင်းစက်ခြင်းမည်သည်း **ဟောတိ**=၏။

**ဗြာဟ္မဏ**=ဏ္ဏား၊ **အဟံ**=သည်၊ **ယဿ**=အကြင်အရိယမည်သော **ဥစ္စာသယနမဟာသယန** ကို၊ **ဧတရဟိ**။ပ။ **အကသိရလာဘီ**-၏၊ **အရိယံ**=အရိယမည်သော၊ အရိယဝိဟာရမည်သော) **ဝါ**=အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ **တံ ဥစ္စာသယနမဟာသယနံ**=ထိုမြ----အိပ်ရာခင်း ဟူသည်၊ **ဣဒံ**=ဤဖလသမာပတ်ပင်တည်း။ပ။ **အရိယဿ**=မည်သော၊ **ဝါ**=အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ **ဥစ္စာသယနမဟာသယနဿ**=ခင်းကို။ပ။

[အဘိက္ကန္တ စသည်ကို ဒုကနိပါတ်စာပိုဒ် ၁၆-ကြည့်၊ ဤ၌ ဝှစ်မတူသော ပုဒ်တို့ကိုသာ အနက်ပေးတော့အံ့] **ဧတေ မယံ**-ထိုအကျွန်ုပ် တို့သည် ။ပ။ **ဂစ္ဆာမ**=ဆည်းကပ်ပါကုန်၏။ပ။ **အဇ္ဇတဂ္ဂေ**=၍၊ **ပါဏုပေတေ**=အသက်တို့ဖြင့် ဆည်းကပ်ကြကုန်လျက်၊ **ဝါ**=လျက်၊ **သရဏံ**=၍၊ **ဂတာ**=သဘောပေါက်သိမြင်ကြကုန်သော၊ **ဥပါသကေ**=ဥပါသကာတို့ဟူ၍၊ **ဝါ**=၍၊ **နော**=အကျွန်ုပ်တို့ကို။ပ။
## PAGE 432

#### ၄။ သရဘသုတ်

**၆၅။** (**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ**=ဤသရဘသုတ်ကို) **ဧဝံ**-ဤသို့၊ **မေ**=တပည့်တော်သည်၊ **သုတံ**=နာယူမှတ်မိထားအပ်ပါပြီ၊ (**ကထံ**=အဘယ်သို့၊ **သုတံ**=ဟူမူ) **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=သည်၊ **ရာဇဂဟေ**=ရာဇဂြိုဟ်မြို့၏အနီး၌၊ **ဂိဇ္ဈကူဋေ**=ဂိဇ္ဈကုဋ်မည်သော၊ (လင်းတနှင့် တူသောအထွတ်ရှိသည်အဖြစ်ကြောင့် ဂိဇ္ဈကုဋ်မည်သော၊ ဝါ= အထွတ်တို့၌ လင်းတတို့တည်ရှိကုန်သည်အဖြစ်ကြောင့် ဂိဇ္ဈကုဋ်မည်သော) **ပဗ္ဗတေ**=တောင်၌၊ ဝါ=တောင်ပေါ်ကျောင်း၌၊ **ဝိဟရတိ**=သီတင်းသုံးနေတော် မူ၏၊ **တေန ပန သမယေန**=(ရာဇဂြိုဟ်မြို့အနီးရှိ ဂိဇ္ဈကုဋ်တောင်ပေါ်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ) ထိုအခါ၌၊ **သရဘော နာမ**=သရဘမည်သော၊ **ပရိဗ္ဗာဇကော**=ပရိဗိုဇ်သည်၊ **ဣမသ္မာ ဓမ္မဝိနယာ**=ဤမြတ်စွာဘုရား အဆုံးအမတရားတည်းဟူသော သာသနာတော်မှ၊ **အစိရပက္ကန္တော**=ထွက်ခွာသွား၍ မကြာမြင့်သေးသည်၊ **ဟောတိ**=၏၊ **သော**=ထိုသရဘပရိဗိုဇ်သည်၊ **ရာဇဂဟေ**=ရာဇဂြိုဟ်မြို့၌၊ **ပရိသတိ**=ပရိသတ်၌၊ **ဧဝံ**=ဤသို့၊ **ဝါစံ**=စကားကို၊ **ဘာသတိ**=ပြောဆို၏၊ (**ကိန္တိ**=သို့၊ **ဘာသတိ**=ဟူမူ) **မယာ**=ငါသည်၊ **သကျပုတ္တိကာနံ**=သာကီဝင်မင်းသား ရှင်ဂေါတမ၏ တပည့်ဖြစ်ကုန်သော၊ **သမဏာနံ**=ရဟန်းတို့၏၊ **ဓမ္မော**=တရားကို၊ **အညာတော**=သိအပ်ခဲ့ပါပြီ၊ **အဟံ**=ငါသည်၊ **သကျပုတ္တိကာနံ**=ကုန်သော၊ **သမဏာနံ**=တို့၏၊ **ဓမ္မံ**=တရားကို၊ **အညာယ စ**-သိပြီး၍သာလျှင်၊ **ဧဝံ**=ဤသို့၊ ဝါ=ဤယခုသင်တို့ မျက်မြင် အတိုင်းပင်၊ **အဟံ**=ငါသည်၊ **တသ္မာ ဓမ္မဝိနယာ**=ထိုရှင်ဂေါတမ၏ အဆုံးအမတရားတည်းဟူသော သာသနာမှ၊ **အပက္ကန္တော**=ခွဲခွါလာခဲ့ပြီ၊ **ဣတိ**=ဤသို့၊ (**ဘာသတိ**=ပြောဆို၏၊)

**အထ ခေါ**=ထိုအခါ၌၊ **သမ္ဗဟုလာ**-များစွာကုန်သော၊ **ဘိက္ခူ**=တောနေရဟန်းတို့သည်။ပ။ **ရာဇဂဟံ**=ရာဇဂြိုဟ်မြို့သို့၊ **ပိဏ္ဍာယ**=ဆွမ်းအကျိုးငှာ၊ **ပဝိသိသု**=ဝင်ကြကုန်ပြီ၊ **တေ ဘိက္ခု**=ထိုရဟန်းတို့သည်၊ **ရာဇဂဟေ**၌၊ **ပရိသတိ**၌၊ “**အညာတော**။ပ။ **အပက္ကန္တော**”**တိ**=“**အညာတော**။ပ။ **အပက္ကန္တော**”ဟူ၍၊ **ဧဝံ**=ဤသို့၊ **ဝါစံ**=စကားကို၊ **ဘာသမာနဿ**=ပြောဆိုသော၊ **သရဘဿ**=သရဘမည်သော၊ **ပရိဗ္ဗာဇကဿ**=ပရိဗိုဇ်၏၊ (**ဝစနံ**=စကားကို) **အသောသုံ ခေါ**=ကြားသိခဲ့ကြကုန်သည်သာ၊

