## PAGE 436

**တုဏှီဘူတော**=ဖြစ်သည်။ပ။ **အပ္ပဋိဘာနော**=သည်၊ (ဟုတွာ)**နိသီဒိဿတိ**=ထိုင်နေလတ္တံ့၊ (ဣတိ=ဤသို့) **တီဏိ**=သုံးမျိုးကုန်သော၊ **ဌာနာနံ**=အကြောင်းတို့တွင်၊ သုံးမျိုးကို ဂဏန်းစဉ်အတိုင်းသိပါ] **အညတရံ**=တမျိုးမျိုးသော၊ **ဌာနံ**=အကြောင်းသို့၊ **န နိဂစ္ဆေယျ**=မရောက်နိုင်ရာ၊ **ဧတံ (ဌာနံ)**=ဤမရောက်နိုင်ခြင်းတည်းဟူသော အကြောင်းသည်၊ **အဋ္ဌာနံ**=မရအပ် မရနိုင်သော အကြောင်းတည်း၊ **ဝါ**=မရှိနိုင် မဖြစ်နိုင်သော အကြောင်းတည်း၊ ဧကကစာပိုဒ် ၂၆၈-ကြည့်] **ဧသော (အဝကာသော)**=ဤမရောက်နိုင်ခြင်း ဟူသော အခွင့်အလမ်းသည်၊ **အနဝကာသော**=မရအပ် မရနိုင်သော အခွင့်အလမ်းတည်း၊ **ဝါ**-မရှိနိုင် မဖြစ်နိုင်သော အခွင့်အလမ်းတည်း၊ ဤသုံးမျိုးသော အကြောင်းတို့တွင် တမျိုးမျိုးသို့ မရောက်ဘို့ရန် အကြောင်း အခွင့်အလမ်းမရှိ၊ ဧကန်ရောက်မည်သာဟူလို]။ပ။ **ခီဏာသဝဿ**=ကုန်ခန်းပြီးသော အာသဝရှိသူဟူ၍၊ **ပဋိဇာနတော**= သော၊ **တေ**=အရှင်ဂေါတမမှာ၊ **ဣမေ အာသဝါ**= ဤမည်သော အာသဝတို့သည်၊ **အပရိက္ခိဏာ**=မကုန်ခန်းသေးပါကုန်၊ **ဣတိ**=ဤသို့၊ (ဝဒေယျ=အံ့) **အဟံ**=ငါသည်၊ **တံ**=ထိုပြောဆိုသော ပုဂ္ဂိုလ်ကို၊ **တတ္ထ**= မကုန်ခန်းသေးပါဟု ပြောဆိုအပ်သော ထိုအာသဝတို့၌။ပ။ **ယဿ အတ္ထာယ**= အကြင်မဂ်ဖိုလ် အကျိုးငှာ၊ **တေ**=အရှင်ဂေါတမသည်၊ **ဓမ္မော**=သစ္စာလေးပါးတရားကို၊ **ဒေသိတော**=ဟောကြားအပ်ပြီ၊ **သော**=ထိုသစ္စာလေးပါးတရားသည်၊ **သမ္မာ**= အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် ၊ **တက္ကရဿ**=ထိုသစ္စာလေးပါး တရားကို လိုက်နာပြုကျင့်သော ပုဂ္ဂိုလ်၏၊ **သမ္မာ**=အကြောင်းမှန် နည်းလမ်းမှန် အားဖြင့်၊ ဋီကာအတိုင်း “သမ္မာ”ကို တက္ကရဿဟူသော ရှေ့ပုဒ်၌စပ်၍ လည်းကောင်း, ဒုက္ခက္ခယာယဟူသော နောက်ပုဒ်၌စပ်၍ လည်းကောင်း နှစ်ထပ် အနက်ပြန်ဆိုသည်].

**ဒုက္ခက္ခယာယ**=ဝဋ်ဒုက္ခအားလုံး ကုန်ဆုံးခြင်းငှာ၊ (**တံ အတ္ထ**=ထိုမဂ်ဖိုလ် အကျိုးကို) **န နိယျာတိ**=မဖြစ်စေနိုင်ပါ၊ **ဝါ**= မပြီးစီးစေနိုင်ပါ၊ **ဣတိ**-ဤသို့၊ (ဝဒေယျ=အံ့)၊ **အဟံ**=ငါသည်၊ **တံ**=ကို၊ **တတ္ထ**=ထိုအနိယျာနိက တရား၌၊ (မဂ်ဖိုလ်ဟူသောအကျိုးကို မဖြစ်စေနိုင်ပါဟု သူတပါးတို့ ကြံဆပြောဆိုအပ်သော ထိုသစ္စာလေးပါးတရား၌)

[တနည်း-**ယဿ အတ္ထာယ**-အကြင်ရာဂ ဒေါသကို ပယ်သတ်ခြင်း စသော အကျိုးငှာ၊ **တေ**=အရှင်ဂေါတမသည်၊ **ဓမ္မော**=အသုဘ ကမ္မဋ္ဌာန်း, မေတ္တာဘာဝနာ စသောတရားကို၊ **ဒေသိတော**=ပြီ၊ **သော**=ထိုအသုဘကမ္မဋ္ဌာန်း, မေတ္တာဘာဝနာစသောတရားသည်၊ **သမ္မာ**=ဖြင့်၊ **တက္ကရဿ**=(အသုဘ ကမ္မဋ္ဌာန်း, မေတ္တာဘာဝနာစသော) ထိုတရားကို လိုက်နာပြုကျင့်သော

## PAGE 437

ပုဂ္ဂိုလ်၏၊ **သမ္မာ**=ဖြင့်၊ **ဒုက္ခက္ခယာယ**=ငှာ၊ **တံ အတ္ထံ**=ထိုရာဂဒေါသကို ပယ်သတ်ခြင်းစသော အကျိုးကို၊ **န နိယျာတိ**=ပါ၊ **ဣတိ**=ဤသို့၊ **ဝဒေယျ**=အံ့၊ **အဟံ**=သည်၊ **တံ**=ကို၊ **တတ္ထ**=ထိုအနိယျာနိကတရား၌၊ (ရာဂဒေါသကို ပယ်သတ်ခြင်းစသော အကျိုးကို မဖြစ်စေနိုင်ပါဟု သူတပါးတို့ ကြံဆ ပြောဆိုအပ်သော ထိုအသုဘကမ္မဋ္ဌာန်း, မေတ္တာဘာဝနာအစရှိသော တရား၌)

**ဧသော (အဝကာသော)**သည်၊ **အနဝကာသော**=တည်း၊ **ဣတိ**=(**အဝေါစ**=မိန့်) **အထခေါ**-၌၊ **ဘဂဝါ**-သည်၊ **သိပ္ပိနိကာတီရေ**=၌၊ **ပရိဗ္ဗာဇကာရာမေ**=၌၊ **တိက္ခတ္တုံ**-သုံးကြိမ်၊ **သီဟနာဒံ**=မြင့်မြတ်သော မိန့်ခွန်းစကားတော်ကို၊ **ဝါ**= ခြင်္သေ့မင်းကဲ့သို့ ရဲတင်းစွာ မိန့်မြွက်အပ်သော မိန့်ခွန်းစကားတော်ကို၊ **ဝါ**= တစုံတယောက်က မကန့်ကွက်နိုင် မပယ်ဖျက် နိုင်သော မိန့်ခွန်းစကားတော်ကို၊ စတုက္ကနိပါတ်စာပိုဒ် ၈-သုတ်၌လည်းကြည့် **နဒိတွာ**-မိန့်မြွက်တော်မူပြီး၍၊ **ဝေဟာသံ**-ကောင်းကင်သို့၊ **ပက္ကာမိ**=ပျံတက်ကြွသွားတော်မူပြီ။

**အထခေါ**=၌၊ **တေ ပရိဗ္ဗာဇကာ**တို့သည်၊ **ဘဂဝတော**=မြတ်စွာဘုရားသည်၊ **အစိရပက္ကန္တဿ**=ကြွသွားတော်မူပြီး၍ မကြာမြင့်မီပင်၊ **သရဘံ**=သော၊ **ပရိဗ္ဗာဇကံ**=ကို၊ **သမန္တတော** ထက်ဝန်းကျင်မှ၊ **ဝါစာယသန္နိတောဒကေန** စကားတည်းဟူသော ကောင်းစွာ ထိုးနှက်နှိပ်စက်ကြောင်း

G၁။ **ဝါစာယသန္နိတောဒကေန**။ **သမန္တတော** **နိဂ္ဂဏှနဝသေန** **တောဒနံ** **ဝိဇ္ဇနံ** **သန္နိတောဒကံ**၊ **သမ္မာ ဝါ နိတုဒန္တိ ပီန္တိ ဧတေနာတိ သန္နိတောဒကံ**၊ **ဝါစာယာတိ စ ပစ္စတ္တေ ကရဏဝစနံ**(ဤသုတ်ဋီကာ)။ **ဝါစာယ သန္နိတောဒကေနာတိ ဝစနသင်္ခါတေန သမန္တတော နိစ္စံ ကတွာ ဥပတုဒနတော သန္နိတုဒကေ**၊ **ဝိဘတ္တိအလောပေန သော နိဒ္ဒေသော**၊ **တေနာဟ “ဝစနပတောဒေနာ”တိ**။သံယုတ်ဋီကာ၊ ဒု၊ ၁၉၇။

ဤ၌“**ဝါစာယ**+**သန္နိတောဒကေန**”ဟု နှစ်ပုဒ်ခွဲခြင်း(ဝါကျယူခြင်း) မပြုမူ၍ သံယုတ်ဋီကာအတိုင်း **ဝါစာယ**၌ ကရိုဏ်းဝိဘတ် မကျေသော ခလုတ္တကမ္မဓာရယသမာသ်အဖြစ်ဖြင့်“**ဝါစာယသန္နိတောဒကေန**” ဟု တပုဒ် တည်းယူမှသာ **ဝါစာယ**-၌ ကရိုဏ်းဝိဘတ်သည် ပဌမာအနက်ဟောဖြစ်နိုင်၍ ဤသုတ်ဋီကာအဖွင့်နှင့် ကိုက်ညီ၏။ ထိုကရိုဏ်းဝိဘတ်၏ ပဌမာအနက်ဟော ဖြစ်ကြောင်းကို စာသင်သားတို့မျက်စိ၌ပို၍ထင်ရှားအောင် “**ဝါစာယ သန္နိတောဒကံ**=စကားတည်းဟူသော ကောင်းစွာထိုးနှက်ကြောင်း နှင်တံ ချွန်သည်၊ **ဝါစာယသန္နိတောဒကာနိ**=စကား----ချွန်တို့သည်”ဟူ၍ ပဌမာဝိဘတျ၍ ပုဒ် ပြောင်းလဲကြည့်ပါ။
## PAGE 438

နှင်တံချွန်ဖြင့်၊ **ဝါ**=စကားတည်းဟူသော ပတ်ပတ်လည်မှ ဝိုင်းအုံနှိပ်ကွပ်ထိုးသတ်ခြင်းဖြင့်၊ [တနည်း-**ဝါစာယ**=စကားတည်းဟူသော နှင်တံချွန်ဖြင့်၊ **သန္နိတောဒကေန**=ပတ်ပတ်လည်မှဝိုင်းအုံနှိပ်ကွပ် ထိုးသတ်ခြင်းဖြင့်(တနည်း) **သန္နိတောဒကေန**=ကောင်းစွာထိုးနှက် နှိပ်စက်ကြောင်းဖြစ်သော၊ **ဝါစာယ**=စကားတည်းဟူသော နှင်တံချွန်ဖြင့်] **သဉ္စန္တရိ**=ထက်ဝန်းကျင်မှ **ဝါစာယ**ပုဒ်၌ **ယ** အက္ခရာမပါဘဲ “**ဝါစာသန္နိတောဒကေန**” ဟူသောပါဌ်သည်လည်း ဋီကာအဖွင့်ပါဌ် မဟုတ်သော်လည်း ယုတ္တပါဌဖြစ်သည်သာ၊ နိဿယခန်းဝယ် ထောင့်ကွင်းအတွင်း၌ **ဝါစာယ**ပုဒ်နှင့် **သန္နိတောဒကေန**ပုဒ်တို့ကို တခြားစီခွဲကာ ဝါကျပြုလုပ်၍ အနက်ပေးထားခြင်းမှာ စာသင်သားတို့အတွက် ပို၍လွယ်ကူစေလိုသောကြောင့် ဖြစ်၏။

**၂။သဉ္စမဇ္ဈိမကံသု။** ။The Pali Text Society (P.T.S) အဘိဓာန်နှင့် မော်နီယာဝီလျံအဘိဓာန်တို့၌ “**သမ္ဘရိ**” ဟူသော ပါဠိပုဒ်ကိုလည်းကောင်း၊ “**ဇမ္ဘရိ**” ဟူသော ဝေဒိကသက္ကတပုဒ်ကိုလည်းကောင်း ထုတ်ပြပြီးလျှင် ထိုပုဒ်၌လည်း Reduplicated ဟူ၍ **ဓာတုဒွေဘော်**ပြုထားကြောင်းကို ပြဆိုထား၏။ ထိုပြဆိုထားချက်ကို နည်းမှီပြီးလျှင် “**ဘရ**ဓာတ် **ဣ**ပစ္စည်း” ဟုခွဲ၍ **ဓာတုဒွေဘော်**ပြုလျှင် “**ဘရ် ဘရ်+ဣ=ဘဗ္ဘရိ=ဗဗ္ဘုရိ**” ဟု အဆင့်ဆင့်ဖြစ်ပြီးနောက် **ဇမ္ဘရိ**ဟုဖြစ်စေ၊ ပါဠိတော်အတိုင်း **ဇမ္ဘရိ** (ထို့နောက် **သံ**ဥပသာရဖြင့်) **သဉ္စန္တရိ** ဟုဖြစ်စေ ရုပ်ပြီးစေသင့်၏။

**ဓာတုဒွေဘော်**ပြုထားသော ရုပ်များစွာရှိရာတွင်လည်း **တိတိက္ခတိ**၌ “**တိတိ**” ဟု ဒွေဘော်ပြုထားသော်လည်း “သည်းခံ၏” ဟူသော အနက်ထက်ဘာမျှမပိုလွန်နိုင်၊ **စင်္ကမတိ**၌ကား **ဓာတုဒွေဘော်**ပြထားသည့်အတွက် သွားခြင်းရိုးရိုးမျှသာ မကတော့ဘဲ “လူးလာခေါက်ပြန် စင်္ကြံသွား၏” ဟုအနက်ပိုလွန်လာ၏၊ **မောမူဟ**ပုဒ်၌လည်း သာမန်ရိုးရိုး တွေဝေရုံမျှ မကတော့ဘဲ “**အတိသယေန မုယှန**=အလွန်တွေဝေသောတရား” ဟု အနက်ပိုလွန်းလာ၏။

ဤ**သမ္ဘရိ**ပုဒ်၌လည်း **ဓာတုဒွေဘော်**သည် **တိတိက္ခတိ**၌ကဲ့သို့ အနက်ထူးမရှိသည်မဟုတ်၊ **စင်္ကမတိ**၊ **မောမူဟ**ပုဒ်တို့၌ကဲ့သို့ **အတိသယ**=**ပုနပ္ပုနံ** (-Intensive) အနက်ကိုဟောနိုင်၏။ ထို့ကြောင့် ယင်း**ဓာတုဒွေဘော်**၏ **ဘုသ**အနက်လည်း ပါဝင်အောင် “**သမန္တတော ဘုသံ ဘရိတံ**” ဟု သီလက္ခန်ဋီကာဟောင်း (၃၇၆) ၌ဖွင့်ဆိုထားသည်ဟု ကြံသင့်၏။

ဤနေရာ၌ **ဘ**နှင့် **အ**သည် ဆင်တူရိုးမှားဖြစ်နိုင်သောကြောင့် ထိုဋီကာဟောင်း၌ **အရိတံ**ဟု (အစ၌ **အ**သရဖြင့်) ပါဠိပျက်နေ၏။ ဤသုတ် အင်္ဂုတ္တိုရ်ဋီကာတို့မှ “**သမ္ဘရိတံ**” ဟူသော အဖွင့်ကိုထောက်လျှင် မည်သည့်နည်းနှင့်မျှ **အရိတံ**ဟု မရှိသင့်ကြောင်း သိသာပါသည်။ သီလက္ခန် ဋီကာသစ်၌ကား

