## PAGE 439

လွန်ကဲစွာပြည့်နှက်နေသည်ကို၊ **ဝါ**=သူ၏အထက်၌ ထိုးနှက်နှိပ်စက်အပ်သည်ကို၊ **အကံသု**=ပြုကြကုန်ပြီ၊ (**ကိန္တိ**=အဘယ်သို့၊ **အကံသု**=ပြုကြကုန်သနည်းဟူမူ) **အာဝုသော သရဘ**=ငါ့ရှင်သရဘ၊ **ဗြဟာရညေ**=ကြီးစွာသော တော၌၊ **ဇရသိင်္ဂါလော**=မြေခွေးအိုသည်၊ **သီဟနာဒံ**=ခြင်္သေ့၏ ဟောက်သံကို၊ **နဒိဿာမီတိ**=ဟောက်လိုက်မည်ဟု၊ (**အာရဘန္တော**= ကြိုးစားအားထုတ်လသော်) **သိင်္ဂါလကံယေဝ**=မြေခွေးအူသံကိုသာလျှင်၊ **နဒတိ သေယျထာပိ**= အူလိုက်လေသကဲ့သို့၊ **ဘေရဏ္ဍကံယေဝ**=မြေခွေးအူသံကိုသာလျှင်၊ **ဝါ**=ဘေရဏ္ဍမည်သော ငှက်အသံကဲ့သို့ ဆိုးဝါးကွဲအက် မနှစ်သက်ဖွယ်အသံကို သာလျှင်၊ **နဒတိ သေယျထာပိ**=သို့၊ **အာဝုသော သရဘ**=ငါ့ရှင်သရဘ၊ **ဧဝမေဝ**= ဤအတူပင်လျှင်၊ **တွံ**=သင်သည်၊ **သမဏေန ဂေါတမေန**=ရှင်ရဟန်းဂေါတမကို၊ [အညတြဝ=မတွေ့မမြင်၊ အဝေးကကြဉ်ဖယ်နေရ၍သာလျှင်၊ ရှင်ရဟန်း ဂေါတမ၏ကွယ်ရာ၌သာလျှင် ဟူလို] **သီဟနာဒံ**=ခြင်္သေ့ဟောက်သံကို။ပ။ **သိင်္ဂါလကံယေဝ**=လျှင်၊ **နဒသိ**=အူလိုက်လေ၏။ပ။

**သဉ္စမ္ဘရိ** ၊ **သဉ္စမ္ဘရိတံ**ကို အမှန်ယူ၍ **သမ္ဘရိတန္တိ ပဒစ္ဆေဒေါ** (ရှေးမူဟောင်း) ဟု ဖွင့်ခြင်းဖြစ်ရာ၏။ သို့သော် **အဓိ**သဒ္ဒါဖြင့် **ဓာတုဒွေဘော်**၏ **ဘုသတ္ထ**ကိုပြလျက် **သဉ္စန္တရိ**ပါဌ်ကိုပင် ဖွင့်သည်ဟုဆိုနိုင်ပါသေး၏။ **သဉ္စမ္ဘရိတံ**ကို အမှန်ယူကြသော နောက်ဆရာတို့ကား ထိုရှေးမူဟောင်းဋီကာသစ်ပါဌ်ကို ပယ်ဖျက်၍ “**သံ, အဓိ, အဘိ, ဘရိတန္တိ ပဒစ္ဆေဒေါ**” ဟု ဆဋ္ဌသင်္ဂါယနာမူ ထိုဋီကာသစ် (၃၉ဝ) ၌ ပြင်ဆင်ထားကြလေ၏။

ထို့အပြင် အချို့ဆရာတို့သည် **သမ္ဘရိ** (**သဉ္စမ္ဘရိ**) ပုဒ်၌ **ဣ**ပစ္စည်းကို ဘောဟောကြံကြ၏။ သို့သော် **သမ္ဘရိ**ပုဒ်သည် **သရဘံ ပရိဗ္ဗာဇကံ** ဟူသော ပကတိကံနှင့် အရတူ ဝိကတိကံ ဖြစ်သောကြောင့် “**သမန္တတော ဘုသံ ဘရတိ နိရန္တရံ ဖုဋ္ဌော ဟောတီတိ သမ္ဘရိ**” ဟု ကတ္တုသာဓနဝစနတ္ထကြံရမည်ဖြစ်၏။ အကယ်၍ ဘောဟောကြံလျှင်ကား **အကံသု**၌ **ဒွိကမ္မက**မဟုတ်သော **ကရု**ဓာတ်အတွက် အရမတူသော ကံပုဒ်နှစ်ခုထပ်နေသောကြောင့် သဒ္ဒစည်းကမ်းပျက်၏။ ဤနိဿယခန်း၌ “သူ၏အထက်၌ ထိုးနှက်နှိပ်စက်အပ်သည်ကို” ဟူသော ဒုတိယအနက်ကား “**ဥပရိ ဝိဇ္ဈိသူတိ ဝုတ္တံ ဟောတိ**” ဟူသော အဖွင့်အတိုင်း **ဝါစာယသန္နိတောဒကေန** ဟူသော ကရိုဏ်းနှင့်ဆီလျော်အောင် ပြန်ဆိုထားသော အဓိပ္ပါယ်နက်တည်း။

ထို့အပြင် အဋ္ဌကထာမှ “**ဖုဋ**” သဒ္ဒါကိုလည်း ဖောက်ခွဲဖျက်ဆီးခြင်း (**ဘေဒန**) အနက်ဟောမကြံစည်သင့်ပါ၊ **အဝီစိ မညေ ဖုဋ္ဌော**။ပ။ **နိရန္တရံ ဖုဋ္ဌော** နေရယိကသတ္တေဟိ ပရိပုဏ္ဏော ဟူသော တိကစာပိုဒ် (၅၇) သုတ်၌ကဲ့သို့ **ပရိပုဏ္ဏ**အနက်ဟော (**ဖရ**ဓာတ်၊ **တ**ပစ္စည်းဖြင့်ပြီးသော) **ဖုဋ္ဌ**သဒ္ဒါသာဖြစ်သင့်ပါသည်။

## PAGE 440

**၁။** **အမ္ဗကမမ္မရီ** … ကြက်မငယ်သည်၊ **ပုရိသကရဝိတံ**= ကြက်ဖ၏ တွန်သံကို၊ **ရဝိဿာမီတိ**=တွန်လိုက်မည်ဟု၊ (**အာရဘန္တော**=သော်) **အမ္ဗကမမ္မရိရဝိတံယေဝ**=ကြက်မငယ်၏ မပီမသ တွန်သံကိုသာလျှင်၊ **ရဝတိ သေယျထာပိ**=တွန်လိုက်လေသကဲ့သို့။ပ။ **ရဝသိ**=တွန်လိုက်လေ၏။ပ။

**ဥသဘော**=နွားတကောင်သည်၊ **သုညာယ**=ခေါင်းဆောင်ဦးစီး နွားကြီးဆိတ်သုန်းသော၊ **ဂေါသာလာယ**=နွားခြံ၌၊ **ဂမ္ဘီရံ**=လေးနက်မြည်ဟီးနွားသံကြီးကို၊ **နဒိတဗ္ဗံ**=မြည်ဟီးစေသင့်သည်ဟု၊ **မညတိ သေယျထာပိ**= မှတ်ထင်နေသကဲ့သို့။ပ။ **မညသိ**=မှတ်ထင်နေ၏၊ **ဣတိ**=ဤသို့၊ (**သဉ္စန္တရိ**=ကို၊ **အကံသု**=ပြုကြကုန်ပြီ) **အထ ခေါ**=၌၊ **တေ ပရိဗ္ဗာဇကာ**=တို့သည် ။ပ။ **သဉ္စမ္ဘရိ**=ကို၊ **အကံသု**=ပြီ၊ **ဣတိ**=ဤတွင်အပြီးတည်း၊ **စတုတ္ထ**=တည်း။

### ၅-ကေသမုတ္တိသုတ်

**၆၆။** [တချို့ကိုစာပိုဒ် ၆၄-၌ကြည့်] **ယေန**=အကြင်အရပ်၌၊ **ကေသမုတ္တိနာမ**=ကေသမုတ္တမည်သော၊ **ကာလာမာနံ**=ကာလာမမင်းတို့၏၊ **နိဂမော**=နိဂုံးသည်၊ (**အတ္ထိ**=ရှိ၏) **တံ**=ထိုကေသမုတ္တနိဂုံးရှိရာ အရပ်သို့၊ **အဝသရိ**=ရောက်တော်မူပြီ၊ **ကေသမုတ္တိယာ**=ကေသမုတ္တနိဂုံးသား ဖြစ်ကြသော၊ **ကာလာမာ**=ကာလာမမင်းတို့သည်၊ **အဿောသုံ ခေါ**=ကြားသိကြကုန်ပြီးသည်သာ၊ (**ကိန္တိ**=သို့၊ **အဿောသုံ** ဟူမူ)။ပ။ **ဘန္တေ** =အရှင်ဘုရား၊ **သန္တိ**=ယခုဖြစ်နေကြသည်မှာ၊ **ဝါ**=ယခုရှိနေကြသည်မှာ၊ **ဧကေ**=အချို့ကုန်သော၊ **သမဏဗြာဟ္မဏာ**=သမဏ, ဗြာဟ္မဏတို့သည်၊ (**သမဏ, ဗြာဟ္မဏအမည်ခံပုဂ္ဂိုလ်တို့သည်**) **ကေသမုတ္တံ**=ကေသမုတ္တနိဂုံးသို့၊ **အာဂစ္ဆန္တိ**=လာကြပါကုန်၏၊ **တေ**=ထိုသမဏဗြာဟ္မဏတို့သည်၊ **သကံ**=မိမိဥစ္စာဖြစ်သော၊ **ဝါဒံယေဝ**=အယူဝါဒကိုသာလျှင်၊ **ဒီပေန္တိ**=ပြောပြကြပါကုန်၏၊ **ဇောတေန္တိ**= ထင်ရှားတောက်ပြောင်စေကြပါကုန်၏၊ **ပရပ္ပဝါဒံ ပန**=သူတပါးတို့ အယူဝါဒကိုကား၊

**၁။ အမ္ဗကမမ္မ။** ။ဤ၌လည်း စာမူအမျိုးမျိုးရှိနေ၏၊ **အတ္တနောမတိယာ**ဖြင့် ဓာတ်ပစ္စည်းပုဒ်ပါဌ်ကြံရန် လွယ်ကူသော် reversible လည်း မည်သည့်ပါဌ်မှန်ကန်ကြောင်း ခိုင်လုံသောကျမ်းဂန်သာဓကဖြင့် တိတိကျကျဆုံးဖြတ်ရန်ကားခဲယဉ်း၏။ စည်ရှင်ဆရာတော်၏ ဝိသုဒ္ဓါရုံပိဋကအဘိဓာန်၌မူ “**အမ္ဗကမမ္မရီ**” ဟု ရှိသင့်ကြောင်း မိန့်ဆို၏၊ **အမ္မကာယ**=အမသတ္တဝါ၏၊ **မမ္မရော** (**မဇ္ဈရော**)=မရ် မရ်ဟူသောအသံ (မပီသသောအသံ)၊ **အမ္မကမမ္မရော ဧတိဿာ အတ္ထိတိ အမ္ဗကမမ္မရီ**=အမသတ္တဝါ၏ မရ်မရ်ဟူသော မပီမသ တွန်သံရှိသော သတ္တဝါမ၊ **ဝါ**=ကြက်မငယ်၊ ဤသို့ ဝစနတ္ထပြုတော်မူ၏။
## PAGE 441

**ခုံသေန္တိ**=ပုတ်ခတ်ကြပါကုန်၏၊ **ဝမ္ဘန္တိ**=အောက်တန်းစားဟု အသိအမှတ်ပြုကြပါကုန်၏၊ ဝါ=ကဲ့ရဲ့ကြပါကုန်၏၊ **ပရိဘဝန္တိ**-အယုတ်စား အညံ့စားသဘောထားကြပါကုန်၏၊ ဝါ=ရှုတ်ချကြပါကုန်၏၊ **ဩမက္ခိ**=မြှောက်ပင့်ချေဖျက်အပ်သည်ကို၊ **ကရောန္တိ**=ပြုကြပါကုန်၏။

**ဘန္တေ**=ဘုရား၊ **အပရေပိ**=နောက်ထပ် တမျိုးတခြားလည်း ဖြစ်ကုန်သော၊ **ဧကေ**=ကုန်သော။ ပ။ **တေပိ**-ထိုသမဏဗြာဟ္မဏတို့သည်လည်း။ ပ။ **ဘန္တေ**=ဘုရား၊ **တေသံ အမှာကံ**=ထိုတပည့်တော်တို့မှာ၊ **နောကာ** [နိပါတမတ္တံ] **ကင်္ခါ**=ယုံမှားသံသယသည်၊ **ဟောတိ ဧဝ**=ဖြစ်ပါတော့သည်သာ၊ **ဝိစိကိစ္ဆာ**=သို့လောသို့လောတွေးတောခြင်းသည်၊ **ဟောတိ ဧဝ**=သာ၊ (**ကိန္တိ**=သို့၊ **ဟောတိ**=ဖြစ်သနည်းဟူမူ) **သမဏဗြာဟ္မဏာနံ**=သမဏဗြာဟ္မဏ ဖြစ်ကြကုန်သော၊ **ဣမေသံ ဘဝတံ**=ဤအရှင်ဆရာကြီးတို့တွင်၊ **ကော နာမ**=အဘယ်မည်သော ဆရာကြီးသည်၊ **သစ္စံ**=မှန်သောအယူဝါဒကို၊ **အဟ**=ပြောလေသနည်း၊ **ကော**=အဘယ်ဆရာကြီးသည်၊ **မုသာ**=လွဲမှားသောဝါဒကို၊ **အဟ**=နည်း၊ **ဣတိ**=သို့၊ (**ကင်္ခါ**=သည်း **ဟောတိ ဧဝ**=သာ၊ **ဝိစိကိစ္ဆာ**=သည်၊ **ဟောတိ ဧဝ**=သာ)

**ကာလာမာ**=ကာလာမတို့၊ **ဝေါ**=သင်တို့အား၊ **ကဉ္စိတုံ**=ယုံမှားခြင်းငှာ၊ **အလံ**=သင့်ပါပေ၏၊ **ဝိစိကိစ္ဆိတုံ**=သို့လောသို့လောတွေးတောခြင်းငှာ၊ **အလံ**=၏၊ **ပန**=အမှန်တကယ်ပင်၊ **ဝေါ**=သင်တို့မှာ၊ **ကင်္ခနိယေ**=ယုံမှားသင့်သော၊ **ဌာနေ ဧဝ**=အရာဌာန၌သာလျှင်၊ **ဝိစိကိစ္ဆာ**-သည်၊ **ဥပ္ပန္နော**=ဖြစ်ပါ၏။

**ကာလာမာ**=ကာလာမတို့၊ **တုမှေ**=သင်တို့သည်၊ **ထ**=သိနားလည်ထားကြကုန်လော၊ **အနုဿဝေန** အဆင့်ဆင့်ပြောစကား ကြားရုံမျှဖြင့်လည်း၊ **မာ ဂဏှိတ္ထ**=(ဟုတ်လှပြီဟု) အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်၊ **ပရမ္ပရာယ**=မိဘဘိုးဘွားအဆက်ဆက် ပြောစကားဖြင့်လည်း၊ **မာ** (**ဂဏှိတ္ထ**)-လင့်၊ **ဣတိကိရာယ**=အဲဒါဒီလိုတဲ့ဟု မသေမချာ ပြောစကားဖြင့်လည်း၊ **မာ** (**ဂဏှိတ္ထ**)=လင့်၊ [**ဣတိ ကိရ ဧတန္တိ ပဝတ္တာ ကထာ ဣတိကိရာ**]

**ပိဋကသမ္ပဒါနေန**=ကျမ်းဂန်ကို သင်ပြပေးရာ ပုဂ္ဂိုလ်၏ အဖြစ်အားဖြင့်လည်း၊ [**ပိဋကံ ဂမ္မော သမ္ပဒီယတိ ဧတဿာတိ ပိဋကသမ္ပဒါနံ** ဟူသော ဋီကာဝိဂြိုဟ်အနက်တည်း] ဝါ=မိမိကိုယ်ကို ကျမ်းဂန်ကို သင်ယူထားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးအနေထား၍လည်း၊ **မာ** (**ဂဏှိတ္ထ**)=(မိမိတို့ကျမ်းဂန်နှင့် ကိုက်ညီ၏ဟု) အတည်အမြဲစွဲမှတ် မထားကြကုန်လင့်၊ ဤစကား, ဤအယူ ဝါဒသည် ငါတို့ သင်ယူထားသော ကျမ်းဂန်နှင့် ကိုက်ညီ သည်ဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်၊]၊ **တက္ကဟေတု**=(ဤအတိုင်းသာ ဖြစ်လောက်ရာ၏ဟု)

