## PAGE 442

ကြံဆယူခြင်းဟူသော အကြောင်းဖြင့်လည်း၊ **မာ ဂဏှိတ္ထ**= (ဤအကြံအတိုင်းဟုတ်ပြီဟု) အတည်မယူကြကုန်လင့်၊ **နယဟေတု**=နည်းလမ်းယုတ္တိချိန်ဆယူခြင်းဟူသော အကြောင်းဖြင့်လည်း၊ ဝါ=နည်းယူခြင်း, နည်းမှီးခြင်းဖြင့်လည်း၊ **မာ ဂဏှိတ္ထ**=အတည်မယူကြကုန်လင့်၊ **အာကာရပရိဝိတက္ကေန**=အကြောင်းကို ကြံဆခြင်းဖြင့်လည်း၊ ဝါ=မိမိကြံစည်အပ်သော အကြောင်းဖြင့်လည်း၊ **မာ ဂဏှိတ္ထ** (အကြောင်းခိုင်လုံသည်ဟူ၍) အတည်မယူကြကုန်လင့်၊ **ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ**=တွေးကြံစဉ်းစား၍ကြေနပ်နှစ်သက် လက်ခံထားအပ်သော မိမိအယူအဆဖြင့်လည်း၊ ဝါ=တွေးကြံစဉ်းစား၍ကြေနပ်နှစ်သက် လက်ခံထားအပ်သော အဆနှင့် ကိုက်ညီသဖြင့်လည်း၊ **မာ ဂဏှိတ္ထ**-အတည်မယူကြကုန်လင့်၊ [**နိဇ္ဈာနေ့န**=တွေးကြံစဉ်းစားခြင်းဖြင့်၊ **ခန္တိ**= ကြေနပ်နှစ်သက်သော၊ ဝါ=ကြေနပ်နှစ်သက်၍ လက်ခံထားအပ်သော၊ **ဒိဋ္ဌိ**=အယူအဆ]

**ဘဗ္ဗရူပတာယ**=စကားကိုနာယူထိုက်သော သဘောရှိသောပုဂ္ဂိုလ်၏ အဖြစ်အားဖြင့်လည်း၊ **မာ ဂဏှိတ္ထ**=(ဤပုဂ္ဂိုလ်ပြောစကား မမှားဧကန်မှန်၏ဟု) အတည်မယူကြကုန်လင့်၊ **နော** ငါတို့၏၊ **ဂရု** ဆရာဖြစ်သော၊ **သမဏော**=ရဟန်းပေတည်း၊ **ဣတိ**=ဤသို့အားကိုးတခု အခိုင်အမာပြု၍လည်း၊ **မာ ဂဏှိတ္ထ**=အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။

**ကာလာမာ**=ကာလာမတို့၊ **ယဒါ**=အကြင်အခါ၌၊ **ဣမေ ဓမ္မာ**=ဤတရားတို့သည်၊ **အကုသလာ**=အကုသိုလ်တို့တည်း၊ **ဣမေ ဓမ္မာ**=တို့သည်၊ **သာဝဇ္ဇာ**=အပြစ်ရှိကုန်၏၊ **ဣမေ ဓမ္မာ**=ဤတရားတို့ကို၊ **ဝိညူဂရဟိတာ**=ပညာရှိတို့ ကဲ့ရဲ့အပ်ကုန်၏၊ **ဣမေ ဓမ္မာ**=တို့သည်၊ **သမာတ္တာ**=ပြည့်စုံကုန်သည်၊ **သမာဒိန္နာ**=စွဲမြဲစွာ ယူအပ်ကုန်သည်၊ ဝါ=ဆောက်တည်အပ်ကုန်သည်၊ (**သမာနာ**=ဖြစ်ကုန်လသော်) **အဟိတာယ**=အကျိုးစီးပွားမဲ့အလို့ငှာလည်းကောင်း၊ **ဒုက္ခာယ**=ဆင်းရဲခြင်းငှာလည်းကောင်း၊ **သံဝတ္တန္တိ**=ဖြစ်ကုန်၏၊ **ဣတိ**=ဤသို့၊ **တုမှေ**=သင်တို့သည်၊ **အတ္တနာဝ**=ကိုယ်တိုင်သာလျှင်၊ **ဇာနေယျာထ**=သိကုန်ငြားအံ့၊ **ကာလာမာ**=တို့၊ **အထ**=ထိုသို့သိရာအခါ၌၊ **တုမှေ**=သင်တို့သည်၊ (**ဣမေ ဓမ္မေ**=တို့ကို) **ပဇဟေယျာထ**=ပယ်စွန့် ကြကုန်လော၊

**ကာလာမာ**=တို့၊ **တံ**=ထိုငါဆိုမည့်စကားကို၊ (**တုမှေ**=သင်တို့သည်) **ကိမညထ**=အဘယ်သို့ ထင်မြင်ကြကုန်သနည်း၊ **လောဘော**= လောဘသည်၊ **ပုရိသဿ**=ပုဂ္ဂိုလ်သတ္တဝါ၏၊ **အဇ္ဈတ္တံ**=မိမိခန္ဓာ အစဉ်၌၊ **ဥပ္ပဇ္ဇမာနော**=ဖြစ်လသော်၊ **ဟိတာယ ဝါ**=အကျိုးစီးပွား အလို့ငှာသော်လည်း၊ **ဥပ္ပဇ္ဇတိ**=ဖြစ်သလော၊ **အဟိတာယ ဝါ**=အကျိုးမဲ့ အလို့ငှာသော်လည်း၊ **ဥပ္ပဇ္ဇတိ**=လော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မေးတော်မူပြီ) **ဘန္တေ**=ဘုရား၊ **အဟိတာယ**=အကျိုးမဲ့အလို့ငှာ၊

## PAGE 443

(**ဥပ္ပဇ္ဇတိ**=ဖြစ်ပါ၏) **ဣတိ**=သို့၊ (**အဝေါစုံ**- လျှောက်ကြကုန်ပြီ)

**ကာလာမာ**-တို့၊ **လုဒ္ဓေါ**=တပ်မက်သော၊ ဝါ=လောဘကြီးသော၊ **အယံ ပုရိသပုဂ္ဂလော**=ဤသတ္တဝါဖြစ်သော ပုဂ္ဂိုလ်သည်၊ **လောဘေန**=လောဘသည်၊ **အဘိဘူတော**=လွှမ်းမိုးနှိပ်စက်အပ်သည်၊ **ပရိယာဒိန္နစိတ္တော**=ထက်ဝန်းကျင်မှသိမ်းယူအပ်သော ကုသိုလ်စိတ်ရှိသည်၊ ဝါ=ကုန်ခန်းစေအပ်သော ကုသိုလ်စိတ်ရှိသည်၊ (**ဟုတွာ**=ဖြစ်၍) **ပါဏမ္ပိ**=သတ္တဝါ, အသက်ကိုလည်း၊ **ဟနတိ**=သတ်၏၊ **အဒိန္နမ္ပိ**=ပိုင်ရှင်က မပေးအပ်သော သူတပါးဥစ္စာကိုလည်း၊ **အဒိယတိ**=ခိုးယူလုယက်၏၊ **ပရဒါရမ္ပိ**=သူတပါးမယားကိုလည်း၊ **ဂစ္ဆတိ**=မေထုန်ပျော်ပါးသွားလာလွန်ကျူး၏၊ **မုသာပိ**=မဟုတ်မမှန်သောစကားကိုလည်း၊ **ဘဏတိ**=ပြောဆို၏၊ **ပရမ္ပိ**= သူတပါးကိုလည်း၊ **တထတ္တာယ** (**တထာ+တ္တာယ**) ထိုနည်းမခြား မိမိအလားတူပြုကျင့်သူ၏အဖြစ်ငှာ၊ **သမာဒပေတိ**= ကောင်းစွာနာယူစေ၏၊ ဝါ=ဟောပြောတိုက်တွန်း၏၊ **ယံ**-ယင်းသို့သတ်ဖြတ် ခိုးယူခြင်းစသော အကုသိုလ်အကြောင်းတရားသည်၊ **ယဿ**=ထိုပုဂ္ဂိုလ်၏၊ **ဒီဃရတ္တံ**=ရှည်မြင့်ကြာသော ညဉ့်နေ့ပတ်လုံး၊ **အဟိတာယ**=အကျိုးမဲ့အလို့ငှာ၊ **ဒုက္ခာယ**=ဆင်းရဲခြင်းငှာ၊ **ဟောတိ**-ဖြစ်နိုင်သလော၊ **ဣတိ** (**အဝေါစ**=မေးပြီ) **ဧဝံ ဘန္တေ**=ဖြစ်နိုင်ပါ၏ ဘုရား၊ (**ဣတိ**=သို့၊ **အဝေါစုံ**=လျှောက်ကုန်ပြီ)။ ပ။

**ဒေါသော** = ဒေါသသည် ။ ပ။ **ဒုဋ္ဌော**= ဒေါသသည် ဖျက်ဆီးအပ်သော။ ဝါ=ဒေါသထွက်သော ။ ပ။ **မောဟော**=မောဟသည်။ ပ။ **မုဋ္ဌော**=မောဟဖြင့်တွေဝေသော၊ ဝါ=အမှန်မသိ အမှားသိသော။ ပ။ **ဣမေ ဓမ္မာ**=ဤလောဘ, ဒေါသ, မောဟတရားတို့သည်၊ **ကုသလာ ဝါ**= ကုသိုလ်တို့လော၊ **အကုသလာ ဝါ**=အကုသိုလ်တို့လော၊ **ဣတိ** (**အဝေါစ**- မေးပြီ) **အကုသလာ ဘန္တေ**=အကုသိုလ်တို့ပါဘုရား၊ (**ဣတိ**=ဤသို့၊ **အဝေါစုံ**- ဖြေကြားလျှောက်ထားကုန်ပြီ)

**သာဝဇ္ဇာ ဝါ**=အပြစ်ရှိသော တရား တို့လော၊ **အနဝဇ္ဇာ ဝါ**-အပြစ်မရှိသောတရားတို့လော၊ **ဣတိ** (**အဝေါစ**=မေး) **သာဝဇ္ဇာ ဘန္တေ**=အပြစ်ရှိသောတရားတို့ပါဘုရား၊ (**ဣတိ**=သို့၊ **အဝေါစုံ**=ဖြေ) **ဝိညူဂရဟိတာ ဝါ**=ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့လော၊ **ဝိညူပ္ပသတ္ထာ ဝါ**=ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့လော၊ **ဣတိ** (**အဝေါစ**=မေး) **ဝိညူဂရဟိတာ ဘန္တေ**=ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ပါဘုရား၊ (**ဣတိ အဝေါစုံ**-ဖြေ)

**ဣမေ ဓမ္မာ**=ဤလောဘစသောတရားတို့သည်၊ **သမာတ္တာ**=ပြည့်စုံကုန်သည်၊ **သမာဒိန္နာ**=စွဲမြဲစွာ ယူအပ်ကုန်သည်၊ (**သမာနာ**) **အဟိတာယ**=အကျိုးမဲ့အလို့ငှာ၊ **ဒုက္ခာယ**=ဆင်းရဲခြင်းငှာ၊ **သံဝတ္တန္တိ ဝါ**-ဖြစ်ကုန်သလော၊ **နော** (**သံဝတ္တန္တိ**) **ဝါ**=မဖြစ်ကုန်သလော၊ **ဧတ္ထ**=
## PAGE 444

ဤအဟိတ, ဒုက္خအကျိုးငှာဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာ၌၊ **ကထံ ဝါ**=အဘယ်သို့မူလည်း၊ **ဝေါ**=သင်တို့၏။ (မတိ= ထင်မြင်ယူဆမှုသည်) **ဟောတိ**=ဖြစ်သနည်း၊ **ဣတိ** (အဝေါစ) **ဘန္တေ**=ဘုရား၊ (**ဣမေ ဓမ္မာ**=ဤတရားတို့သည်) **သမတ္တာ**=ယူအပ်ကုန်သည်၊ **သမာဒိန္နာ**=ဆောက်တည်အပ်ကုန်သည်၊ (**သမာနာ**) ။ ပ။ **သံဝတ္တန္တိ**=ဖြစ်ပါကုန်၏၊ [ဣတိ-မလိုသေး]

**ဧတ္ထ**=ဤအဟိတ ဒုက္ခအကျိုးငှာ ဖြစ်ခြင်း မဖြစ်ခြင်း၌၊ **ဧဝံ**=ဤအတိုင်းသာ (ဤအဟိတ ဒုက္ခအကျိုးငှာ ဖြစ်ကုန်၏ ဟူ၍သာ) **နော**=တပည့်တော်တို့၏၊ (မတိ-သည်) **ဟောတိ**=ဖြစ်ပါ၏၊ **ဣတိ** (အဝေါစုံ) **ကာလာမာ**=ကာလာမတို့၊ **ဣတိ**=ဤသို့၊ **ယံ တံ**=အကြင်စကားကို၊ (**မယံ**=ငါတို့သည်) **အဝေါစုမှာ**=ဆိုခဲ့ကြကုန်ပြီ (**ကိန္တိ**=အဘယ်သို့၊ အဝေါစုမှာ=ဆိုခဲ့ကြကုန်သနည်းဟူမူ) **ကာလာမာ**=ကာလာမတို့၊ **တုမှေ**=သင်တို့သည်၊ **ဧထ**=လာကြလော။ ပ။ **ပဇဟေယျာထ**=စွန့်လွှတ်ကြလော၊ **ဣတိ**=ဤသို့ (အဝေါစုမှာ=ဆိုခဲ့ပြီ)

**ဣတိ**=ဤသို့သော၊ **ယံ တံ**=အကြင်စကားကို၊ (**မယာ**=ငါဘုရားသည်) **ဝုတ္တံ**=ဆိုအပ်ခဲ့ပြီ၊ **ဧတံ**=ဤစကားကို၊ **ဣဒံ**=ဤအနက်သဘောကို၊ (လောဘစသောအကုသိုလ်တရားတို့၏ သာဝဇ္ဇစသည်ဖြစ်ခြင်း, အဟိတ ဒုက္ခအကျိုးငှာ ဖြစ်ခြင်းဟူသော ဤအနက်သဘောကို) **ပဋိစ္စ**=ရည်ရွယ်၍၊ **ဝုတ္တံ**=ဆိုအပ်ပြီ။ ပ။

**ဣမေ ဓမ္မာ**=ဤတရားတို့သည်၊ **ကုသလာ**= ကုသိုလ်တို့တည်း။ ပ။ **အနဝဇ္ဇာ**=အပြစ်မရှိကုန်၊ **ဣမေ ဓမ္မာ**=တို့ကို၊ **ဝိညုပ္ပသတ္ထာ**= ပညာရှိတို့ ချီးမွမ်းအပ်ကုန်၏။ ပ။ **ဟိတာယ**=စီးပွားအလို့ငှာ၊ **သုခါယ**=ချမ်းသာခြင်းငှာ၊ **သံဝတ္တန္တိ**=ဖြစ်ကုန်၏၊ **ဣတိ**=ဤသို့၊ **တုမှေ အတ္တနာဝ ဇာနေယျာထ**=သင်တို့သည် ကိုယ်တိုင်ပင် သိကြကုန်ငြားအံ့၊ **ကာလာမာ**=ကာလာမတို့၊ **အထ**=ထိုသို့သိရာအခါ၌၊ **တုမှေ**=သင်တို့သည်၊ (**ဣမေ ဓမ္မေ**=ဤတရားတို့ကို) **ဥပသမ္ပဇ္ဇ**=ပြည့်စုံစေကုန်၍၊ **ဝိဟရေယျာထ**= နေကြကုန်လော။ ပ။

**အလောဘော**=အလောဘသည်၊ **ဝါ**= လောဘ၏ ဆန့်ကျင်ဘက်တရားသည် ။ ပ။ **အလုဒ္ဓေါ**=မတပ်မက် မခင်တွယ် သော။ ပ။ **အနဘိဘူတော**=မလွှမ်းမိုး မနှိပ်စက်အပ်သည်၊ **အပရိယာဒိန္နစိတ္တော**= ထက်ဝန်းကျင်မှ မသိမ်းယူအပ်သော ကုသိုလ်စိတ်ရှိသည်၊ **ဝါ**= မကုန်ခန်း စေအပ်သောကုသိုလ်စိတ်ရှိသည်၊ (**ဟုတွာ**=ဖြစ်၍) **ပါဏံ**=သူတစ်ပါးအသက်ကို၊ **နေဝ ဟနတိ**= မသတ်။ ပ။

**ယံ**=ယင်းသို့ မသတ်ဖြတ် မခိုးယူခြင်းစသော ကုသိုလ်အကြောင်း တရားသည်၊ **အဿ**=ထိုကုသိုလ်ကို ပြုသော ပုဂ္ဂိုလ်၏။ ပ။ **အဒေါသော**= အဒေါသသည်၊ **ဝါ**=ဒေါသ၏ ဆန့်ကျင်ဘက်တရားသည်။ ပ။

[ပေယျာလအတွင်းမှ ထူးသော ပုဒ်နက်များမှာ- **အဒုဋ္ဌော**=ဒေါသသည် မဖျက်ဆီးအပ်သော၊ **အယံ ပုရိသပုဂ္ဂလော**=ဤယောကျာ်းပုဂ္ဂိုလ်သည်။ ပ။ **အမောဟော**=

