## PAGE 448

**အလောဘော**=အလောဘသည်၊ **ဝါ**=လောဘ၏ ဆန့်ကျင်ဘက် တရားသည်၊ **အတ္ထိ**=ရှိသလော။ပ။

**ဧတံ အတ္ထံ**=ဤအလောဘဟူသော အနက်သဘောကို၊ **အနဘိဇ္ဈာတိ**=အဘိဇ္ဈာ၏ ဆန့်ကျင်ဘက်တရားဟူ၍။ပ။

**အလုဒ္ဓေါ**=သော၊ **အနဘိဇ္ဈာလု**=များသောအဘိဇ္ဈာရှိသူမဟုတ်သော၊ **အယံ**=ဤပုဂ္ဂိုလ်သည်။ပ။

**ဧတံ အတ္ထံ**=ဤအဒေါသအနက်သဘောကို၊ **အဗျာပါဒေါတိ**=ဒေါသဗျာပါဒ၏ ဆန့်ကျင်ဘက်တရားဟူ၍။ပ။

**အဒုဋ္ဌော**=ဒေါသသည် မဖျက်ဆီးအပ်သော၊ **အဗျာပဇ္ဇစိတ္တော**=ဖောက်ပြန်ခြင်းသို့ ရောက်သော ဒေါသမူစိတ်မရှိသော၊ **အယံ**=သည်။ပ။

**အမောဟော**=အမောဟသည်၊ **ဝါ**=မောဟ၏ ဆန့်ကျင်ဘက်တရားသည်။ပ။

**ဧတံ အတ္ထံ**=ဤအမောဟအနက်သဘောကို၊ **ဝိဇ္ဇာတိ**=ဉာဏ်ပညာဟူ၍။ပ။

**အမူဠှော**=မောဟဖြင့် မတွေဝေသော၊ **ဝိဇ္ဇာဂတော**=ဉာဏ်ပညာသည် စွဲကပ်အပ်သော၊ **ဝါ** ဖြစ်သော ဉာဏ်ပညာရှိသော၊ **အယံ**=သည်။ပ။ **ဣမေ ဓမ္မာ**=ဤအလောဘအစရှိသော တရားတို့သည်။ပ။

**သော**=ထိုအရိယသာဝကသည်၊ (ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ဖြစ်ပွားစေပြီးသော ထိုအရိယသာဝကသည်) **ဧဝံ**=ဤသို့၊ **ပဇာနာတိ**=ခွဲခြားသိ၏၊ (ဗြဟ္မဝိဟာရသမာပတ်မှထ၍ ဝိပဿနာအားထုတ်သောအခါ ခွဲခြားသိ၏) (ကိန္တိ=သို့၊ **ပဇာနာတိ**=ခွဲခြားသိသနည်းဟူမူ)

**ဣဒံ**=ဤခန္ဓာငါးပါး ဒုက္خသစ္စာတရားသည်၊ **အတ္ထိ**=ရှိ၏၊ **ဟိနံ**=ယုတ်ညံ့သော တဏှာသမုဒယသစ္စာသည်၊ **အတ္ထိ**=ရှိ၏၊ **ပဏီတံ**=မြင့်မြတ်သော မဂ္ဂသစ္စာသည်၊ **အတ္ထိ**=၏၊ **ဣမဿ သညာဂတဿ**=ဤဝိပဿနာသညာ၏၊ [**ဂတသဒ္ဒါ အမ္ဘော**] **ဥတ္တရိ**=နောက်၌၊ **နိဿရဏံ**=ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်သည်၊ **အတ္ထိ**=ရှိ၏၊ **ဣတိ (ပဇာနာတိ)** [ထို့နောက် စาပိုဒ် ၅၉-တိကဏ္ဏသုတ်ကြည့်]

**သော**=ထိုအရိယသာဝကသည်၊ **ဧဝံ**=ဤသို့၊ **ပဇာနာတိ**=၏ (ကိန္တိ ပဇာနာတိ)

**ပုဗ္ဗေ**=ရှေး၌၊ (မေ=ငါ့မှာ) **လောဘော**=လောဘသည်၊ **အဟု**=ဖြစ်ခဲ့ပြီ၊ [**တဒဟု-တံ + အဟု**] **တံ**=ထိုလောဘသည်၊ **အကုသလံ**=အကုသိုလ်မည်သည်၊ **အဟု**=ဖြစ်ပြီ၊ တနည်း-**တဒဟု=တဒါ + အဟု**။ **တဒါ**=ထိုရှေးအခါ၌။ **အကုသလံ**=အကုသိုလ်မည်သည်၊ **အဟု**=ဖြစ်ခဲ့ပြီ]

**သော**=ထိုလောဘ အကုသိုလ်သည်၊ **ဧတရဟိ**=ယခုအခါ၌၊ **နတ္ထိ**=ငါ့မှာမရှိတော့၊ **ဝါ**=မဖြစ်တော့၊ **ဣစ္စေတံ (ဣတိ ဧတံ)**=ဤလောဘအကုသိုလ်မရှိခြင်းသည်၊ **ကုသလံ**=ဘေးရန်ကင်းကြောင်း ကောင်းမြတ်လှပေ၏၊

**ပုဗ္ဗေ**=ရှေး၌၊ (မေ=ငါ့မှာ) **ဒေါသော**=ဒေါသသည်၊ **အဟု**=ပြီ။ **တံ**=ထိုဒေါသသည်၊ **အကုသလံ**=အကုသိုလ်မည်သည်၊ **အဟု**=ဖြစ်ပြီ၊ [“**တဒါ + အဟု**” ဟု ပုဒ်ဖြတ်၍လည်း ဆိုလိုကဆိုပါ]

**သော**=ထိုဒေါသအကုသိုလ်သည်။ **ဧတရဟိ**=၌၊ **နတ္ထိ**=တော့၊ **ဣစ္စေတံ**=ဤဒေါသ အကုသိုလ်မရှိခြင်းသည်၊ **ကုသလံ**=ဘေးရန်ကင်းကြောင်းကောင်းမြတ်လှပေ၏။

## PAGE 449

**ပုဗ္ဗေ**=၌၊ (မေ=ငါ့မှာ) **မောဟော**=သည်၊ **အဟု**=ပြီ။ပ။ **ကုသလံ**=၏ **ဣတိ**=သို့၊ (ပဇာနာတိ)

**သော**=ထိုအရိယသာဝကသည်၊ **ဒိဋ္ဌေဝ ဓမ္မေ**=ယခုမျက်မှောက်ဘဝ၌ပင်၊ **နိစ္ဆာတော**=ဆာလောင်ကြောင်းတဏှာမရှိသည်၊ **နိဗ္ဗူတော**=ကိလေသာဟူ မီးပူကင်းဝေး ငြိမ်းအေးသည်၊ **သီတိဘူတော**=ကိလေသာဟူ အပူမသန်း အေးချမ်းသူဖြစ်သည်၊ **သုခပ္ပဋိသံဝေဒီ**=ကိုယ်စိတ် နှစ်ဖြာချမ်းသာကို ခံစားရသည်၊ **ဝါ**=မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ခံစားရသည်၊ (ဟုတွာ=ဖြစ်၍) **ဗြဟ္မဘူတေန**=မြတ်သည်ဖြစ်၍ ဖြစ်သော၊ **အတ္တနာ**=ကိုယ်စိတ်ဖြင့်၊ **ဝိဟရတိ**=နေ၏၊ **ဣတိ (အဝေါစ)**

#### ၇-ကထာဝတ္ထုသုတ်

**၆၈။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ကထာဝတ္ထူနိ**=စကား၏ဖြစ်ပေါ်လာရာ အကြောင်းရင်းတို့သည်၊ **ဝါ**=စကားပြောဆိုရခြင်း၏ အကြောင်းရင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **တီဏိ**=သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်းဟူမှု၊

**ဘိက္ခဝေ**=တို့၊ **အတီတံ**=အတိတ်ဖြစ်သော၊ **ဝါ**=လွန်ခဲ့ပြီးသော၊ **ယံ အဒ္ဓါနံ**=အကြင်အချိန်ကာလကို **ဝါ**=အကြင် ရုပ်နာမ်ခန္ဓာတရားကို၊ **အာရဗ္ဘ**=အကြောင်းပြု၍၊ “**အတီတံ**=အတိတ်ဖြစ်သော၊ **အဒ္ဓါနံ**=အခါကာလ၌၊ **ဝါ**=အခါကာလတုန်းက၊ **ဧဝံ**=ဤသို့၊ **အဟောသိ**=ဖြစ်ခဲ့ဘူးပြီ” **ဣတိ**=ဤသို့၊ **ကထံ**=စကားကို၊ **ကထေယျ**=ပြောဆိုရာ၏၊ (**သော အဒ္ဓါ ဝါ**=ထိုအတိတ်ဖြစ်သော အခါကာလလည်းကောင်း၊ **ဝါ**=ထိုအတိတ်ဖြစ်သော ရုပ်နာမ်ခန္ဓာတရားလည်းကောင်း)

**ဘိက္ခဝေ**=တို့၊ **အနာဂတံ**=အနာဂတ်ဖြစ်သော၊ **ဝါ**=နောင်လာလတ္တံ့သော၊ **ယံ အဒ္ဓါနံ**=အကြင်အခါကာလကို၊ **ဝါ**=အကြင်ရုပ်နာမ်ခန္ဓာတရားကို၊ **အာရဗ္ဘ**=၍၊ “**အနာဂတံ**=သော၊ **အဒ္ဓါနံ**=အခါကာလ၌၊ **ဧဝံ**=ဤသို့၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့” **ဣတိ**=သို့၊ **ကထံ**=စကားကို၊ **ကထေယျ**=ပြောဆိုရာ၏၊ (**သော အဒ္ဓါ ဝါ**=ထိုအနာဂတ်အခါကာလလည်းကောင်း၊ **ဝါ**=ထိုအနာဂတ်ရုပ်နာမ် ခန္ဓာတရားလည်းကောင်း)

**ဘိက္ခဝေ**=တို့၊ **ဧတရဟိ**=ယခုအခါ၌၊ **ပစ္စုပ္ပန္နံ**=ပစ္စုပ္ပန့်ဖြစ်သော၊ **ဝါ**=ဖြစ်တုန်းဆဲဆဲဖြစ်သော၊ **ယံ အဒ္ဓါနံ**=အကြင်အခါကာလကို၊ **ဝါ**=အကြင်ရုပ်နာမ်ခန္ဓာတရားကို၊ **အာရဗ္ဘ**=၍၊ “**ဧတရဟိ**=ယခုအခါ၌၊ **ဝါ**=ယခုဖြစ်သော၊ **ပစ္စုပ္ပန္နံ**=သော၊ **အဒ္ဓါနံ**=အခါကာလ၌၊ **ဧဝံ**=ဤသို့၊ **ဟောတိ**=ဖြစ်ဆဲဖြစ်၏” **ဣတိ**=ဤသို့၊ **ကထံ**=ကို၊ **ကထေယျ**=၏၊ (**သော အဒ္ဓါ ဝါ**=ထိုပစ္စုပ္ပန်အခါကာလလည်းကောင်း၊ **ဝါ**=ထိုပစ္စုပ္ပန်ရုပ်နာမ်ခန္ဓာတရား လည်းကောင်းတည်း။)
## PAGE 450

**ဘိက္ခဝေ** = တို့၊ **ကထာသမ္ပယောဂေန** = စကားအားဖြင့် ပေါင်းဆုံယှဉ်တွဲခြင်းဖြင့်၊ **ဝါ** = အတူတကွ စကားနှီးနှောပြောဆိုခြင်းဖြင့်၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်တဦးတယောက်ကို၊ **ယဒိ ဝါ ကစ္ဆောတိ** = အတူတကွ စကား နှီးနှောပြောဆိုသင့်သောသူဟူ၍သော်လည်းကောင်း၊ **ယဒိ ဝါ အကစ္ဆောတိ** = အတူတကွ စကားနှီးနှော မပြောသင့်သောသူ ဟူ၍လည်းကောင်း၊ **ဝေဒိတဗ္ဗော** = သိနိုင်၏၊ **ကထေတဗ္ဗော ကထေတုံ ယုတ္တောတိ ကစ္ဆော**။ **ကထ** + ]

**ဘိက္ခဝေ** = တို့၊ **အယံ ပုဂ္ဂလော** = ဤပုဂ္ဂိုလ်သည်၊ **ပဥှံ** = အမေးပုစ္ဆာ ပြဿနာကို၊ **ပုဋ္ဌော** = မေးအပ်သည်၊ **သမာနော** = ဖြစ်လသော်၊ **ဧကံသဗျာကရဏီယံ** = တခုတည်းသောအဖို့အားဖြင့်သာလျှင် ဖြေဆိုသင့်သော၊ **ဝါ** = မခွဲဝေဘဲတမျိုးတည်းဧကန်ပုံသေ ဖြေဆိုရမည်ဖြစ်သော၊ **ပဥှံ** = အမေးပုစ္ဆာပြဿနာကို၊ **ဧကံသေန** = တခုတည်းသောအဖို့အားဖြင့်သာလျှင်၊ **ဝါ** = တမျိုးတည်းဧကန်ပုံသေအားဖြင့် သာလျှင်၊ **သစေ န ဗျာကရောတိ** = အကယ်၍ မဖြေဆိုငြားအံ့၊ **ဝိဘဇ္ဇ ဗျာကရဏီယံ** = အမျိုးမျိုးခွဲဝေ၍ ဖြေဆိုသင့်သော၊ **ပက္ခံ** = ကို၊ **ဝိဘဇ္ဇ** = အမျိုးမျိုးခွဲဝေ၍၊ **သစေ န ဗျာကရောတိ** = အံ့၊ **ပဋိပုစ္ဆာဗျာကရဏီယံ** = ပြန်၍မေးမြန်းကာ ဖြေဆိုသင့်သော၊ **ပဥှံ** = ကို၊ **ပဋိပုစ္ဆာ** = ပြန်၍မေးမြန်း၍၊ **သစေ န ဗျာကရောတိ** = အံ့၊ **ဌပနီယံ** = မဖြေဆိုဘဲထားသင့်သော၊ **ပဥှံ** = ကို၊ **သစေ န ဌပေတိ** = အကယ်၍မဖြေဆိုဘဲ မထားအံ့၊ **ဝါ** = အကယ်၍ ဖြေဆိုနေငြားအံ့၊ **ဘိက္ခဝေ** = တို့၊ **ဧဝံ သန္တေ** = ဤသို့ဖြစ်နေလသော်၊ **အယံ ပုဂ္ဂလော** = ဤပုဂ္ဂိုလ်သည်။ **အကစ္ဆာ** = အတူတကွစကားနှီးနှော မပြောဆိုသင့်သည်၊ **ဟောတိ** = ဖြစ်၏၊ **ဘိက္ခဝေ** = တို့၊ **ပန** = ထိုသို့မဟုတ်ဘဲ၊ **အယံ ပုဂ္ဂလော** = သည်။ ပ။ **ဧကံသေန** = ဖြင့်၊ **သစေ ဗျာကရောတိ** = အကယ်၍ဖြေဆိုငြားအံ့။ ပ။ **ဌပနီယံ** = သော၊ **ပဥှံ** = ကို၊ **သစေ ဌပေတိ** = အကယ်၍ မဖြေဆိုဘဲထားငြားအံ့။ ပ။

**ကစ္ဆာ** = အတူတကွ စကားနှီးနှော ပြောဆိုသင့်သည်၊ **ဟောတိ** - ၏။

။ ပ။ **ဌာနာဌာနေ** = သင့်လျော်သော အကြောင်းဟုတ်သည်, အကြောင်းမဟုတ်သည်၌၊ **သစ္စေ န သဏ္ဌာတိ** = အကယ်၍မရပ်တည်အံ့၊ **ပရိကပ္ပေ** = မပြောင်းမလဲ ခိုင်မြဲစွာကြံစည်၍ မေးခြင်းဖြေခြင်းသဘော၌၊ **သစေ န သဏ္ဌာတိ** = အံ့၊ **အညာတဝါဒေ** = မိမိသိထားအပ်ပြီးသော အယူဝါဒ၌၊ **သစေ န သဏ္ဌာတိ** = အကယ်၍ သံသယကင်း, ရှင်းလင်းစွာ မရပ်တည်နိုင်အံ့၊ **ပဋိပဒါယ** = မေးမြန်းသင့်ရာအခါဝယ် ခွင့်တောင်း၍မေးမြန်းခြင်း ကျင့်ဝတ်၌၊ **သစေ န သဏ္ဌာတိ** = အကယ်၍ မရပ်တည်ငြားအံ့။ ပ။ **အညေန** = အခြားသောစကားတမျိုးဖြင့်၊ **အညံ** = အခြားစကားကို၊ **သစေ ပဋိစရတိ** = အကယ်၍ဖုံးကွယ်ထားအံ့၊ (စာပိုဒ်-၆၅ကြည့်) (**အာဂန္တုက ကထံ** = အခြားစကား အသစ်ကို၊

