## PAGE 451

**ဩတာရေန္တော** = မစပ်ဆိုင်ဘဲ ထည့်သွင်းပြောဆိုလျက်) **ကထံ** = နဂိုမူရင်းစကားကို၊ **ဗဟိဒ္ဓါ** = အပြင်အပသို့၊ **သစေ အပနာမေတိ** = အကယ်၍ဖယ်ရှားပစ်ငြားအံ့။ ပ။ **သစေ ပါတုကရောတိ** = အကယ်၍ ထင်ရှားပြုငြားအံ့။ ပ။

**သစေ န ပဋိစရတိ** = အကယ်၍ ဖုံးကွယ်မထားအံ့။ ပ။ **သစေ အဘိဟရတိ** = အကယ်၍ ထိုထိုပိဋကကျမ်းဂန်ပါဠိကိုဆောင်ပြ၍ လွှမ်းဖိငြားအံ့၊ **သစေ အဘိမဒ္ဒတိ** = အကယ်၍ အကြောင်းယုတ္တိကိုဆောင်ပြလျက် ချေဖျက်ပစ်ငြားအံ့၊ **သစေ အနုပဇဂ္ဃတိ** = အကယ်၍ ကျယ်လောင်စွာရယ်ငြားအံ့၊ (ပြဿနာမေးသူဖြေသူ၌ ဇဝေဇဝါဖြစ်လာအောင် လက်ခုပ်တီးလျက် ကျယ်လောင်စွာရယ်ငြားအံ့) **ခလိတံ** = အနည်းငယ်မျှနှုတ်ချွတ်ချော်မှုကိုပင်၊ **ဝါ** = မပြောပလောက်သောအရွတ်အဖတ် ချွတ်ယွင်းနေခြင်းမျှကိုပင်၊ **သစေ ဂဏှာတိ** = (ကြီးစွာသောချွတ်ယွင်းချက်အနေထားလျက်) အကယ်၍ ဖမ်းချုပ်ဆုပ်ကိုင်ထားငြားအံ့၊ဖမ်းချုပ်ကာ ကဲ့ရဲ့နေငြားအံ့ဟူလို။ ပ။ **သစေ နာဘိဟရတိ** = အကယ်၍ ထိုထိုပိဋကကျမ်းဂန်ပါဠိဖြင့် မလွှမ်းဖိငြားအံ့။ **ခလိတံ** = ကို၊ **သစေ န ဂဏှာတိ** = အံ့။ ပ။

**ယဒိ ဝါ သဥပနိသောတိ** = မှီရာအခြေခံ အကြောင်းဖြစ်သောဉာဏ်နှင့်တကွဖြစ်သူဟူ၍သော်လည်းကောင်း၊ **ဝါ** = မှီရာအခြေခံ အကြောင်းဖြစ်သော ဉာဏ်ရှိသူဟူ၍လည်းကောင်း၊ **ယဒိ ဝါ အနုပနိသောတိ** = မှီရာအခြေခံအကြောင်းဖြစ်သောဉာဏ် မရှိသူဟူ၍သော်လည်းကောင်း၊ **ဝေဒိတဗ္ဗော** = ၏၊ **ဘိက္ခဝေ** = တို့၊ **အနောဟိတသောတော** = (တရားနာခြင်းငှာ) စွင့်ထောင်ထားအပ်သောနား မရှိသောပုဂ္ဂိုလ်သည်၊ **အနုပနိသော** = မှီ---ဉာဏ်မရှိသည်၊ **ဟောတိ** = ၏။ **ဩဟိတသောတော** = (တရားနာခြင်းငှာ) စွင့်ထောင်ထားအပ်သော နားရှိသောပုဂ္ဂိုလ်သည် **သဥပနိသော** = မှီ----ဉာဏ်ရှိသည်၊ **ဟောတိ** = ၏၊ **သော** - ထိုပုဂ္ဂိုလ်သည်၊ **သဥပနိသော** = ရှိသည်၊ **သမာနော** ဖြစ်လသော်၊ **ဧကံ** = တမျိုးသော၊ **ဓမ္မံ** = အရိယမဂ်ကုသိုလ်တရားကို၊ **အဘိဇာနာတိ** = ထူးသောဉာဏ်ဖြင့်သိ၏။ **ဧကံ** = သော၊ **ဓမ္မံ** = ဒုက္ခသစ္စာတရားကို၊ **ပရိဇာနာတိ** = ပိုင်းခြား၍သိ၏။ (ဝิပဿနာဉာဏ်တည်းဟူသော တိရဏပရိညာဖြင့် ပိုင်းခြားသိ၏) **ဧကံ** = တမျိုးတစားသော၊ **ဓမ္မံ** = အကုသိုလ်တရားအားလုံးကို၊ **ပဇဟတိ** = ပယ်စွန့်၏၊ **ဧကံ** = သော၊ **ဓမ္မံ** = အရဟတ္တဖိုလ်တရားကို၊ **ဝါ** = နိဗ္ဗာန်တရားကို၊ **သစ္ဆိကရောတိ** = မျက်မှောက်ပြု၏၊ **သော** = ထိုပုဂ္ဂိုလ်သည်၊ **ဧကံ** = သော၊ **ဓမ္မံ** = အရိယမဂ်တရားကို၊ **အဘိဇာနန္တော** = ထူးသောဉာဏ်ဖြင့် သိလျက်၊ **ဧကံ** = သော၊ **ဓမ္မံ** = ဒုက္ခသစ္စာတရားကို၊ **ပရိဇာနန္တော** = ပိုင်းခြားသိလျက်၊ **ဧကံ** = သော၊ **ဓမ္မံ** = အကုသိုလ်တရားအားလုံးကို၊ **ပဇဟန္တော** = ပယ်စွန့်လျက်၊ **ဧကံ** = သော၊ **ဓမ္မံ** = အရဟတ္တဖိုလ်တရားကို၊

## PAGE 452

• ဒုတိယ

**ဝါ** = နိဗ္ဗာန်တရားကို၊ **သစ္ဆိကရောန္တော** = မျက်မှောက်ပြုလျက်၊ **သမ္မာ** = အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်၊ **ဝိမုတ္တိ** = အရဟတ္တဖိုလ်ဝိမုတ္တိကို၊ **ဖုသတိ** = ဉာဏ်ဖဿဖြင့်တွေ့ထိ၏၊ (ဉာဏ်နှင့်ယှဉ်သော အတွေ့ဖဿဖြင့်တွေ့ထိ၏) **ဘိက္ခဝေ** = တို့၊ [နောက်ဆုံးဝါကျသို့သွားအံ့ **အနုပါဒါ** = လေးပါးသောဥပါဒါန်တို့ဖြင့်မစွဲလမ်း မဖမ်းယူမူ၍လည်း၊ **စိတ္တဿ** = စိတ်၏၊ **ယဒိဒံ (ယော အယံ) ဝိမောက္ခော** အကြင်အရဟတ္တဖိုလ်ဝိမောက္ခသည်၊ **ဝါ** - အကြင်ကိလေသာတို့မှလွတ်မြောက်ပြီးသော အရဟတ္တဖိုလ်သည်၊ (**အတ္ထိ** = ရှိ၏ ) **ကထာ** = တရားစကားပြောကြားဆွေးနွေးခြင်းသည်၊ **ဧတဒတ္ထာ** = ဤအရဟတ္တဖိုလ် ဝိမောက္ခဟူသောအကျိုးရှိ၏၊ **ဝါ** = ဤအရဟတ္တဖိုလ်ဝိမောက္ခဟူသော တည်ရာမှီရာရှိ၏ ၊ **မန္တနာ** = တိုင်ပင်နှီးနှော တရားစကားပြောခြင်းသည်၊ **ဧတဒတ္ထာ** = ၏၊ **ဥပနိသာ** = မှီရာအခြေခံ အကြောင်းဖြစ်သော ဉာဏ်သည်၊ **ဧတဒတ္ထာ** = ၏၊ **သောတာဝဓာနံ** = (တရားနာခြင်းငှာ) နားကိုစွင့်ထောင်ထားခြင်းသည်၊ **ဧတဒဂ္ဂံ** = ၏၊ **ဣတိ (အဝေါစ = မိန့်)**

**ယေ** = အကြင်သူတို့သည်၊ **ဝိရုဒ္ဓါ** = ဒေါသအမျက်ဖြင့် ဆန့်ကျင်ဘက်ဖြစ်ကြကုန်လျက်၊ **ဝိနိဝိဋ္ဌာ** (ငါ့စကားသာ အမှန်ဟု) ထူးကဲစွဲမြဲစွာ နှလုံးသွင်းသက်ဝင်နေကြကုန်လျက်၊ **ဝါ** = ငါ့စကားသာအမှန်ဟု အစွဲကြီးစွဲလမ်းနေကြကုန်လျက်၊ **သမုဿိတာ** = မာနတရားဖြင့် မောက်ကြွားနေကြကုန်လျက်၊ **အညောညဝိဝရေသိနော** = အချင်းချင်း၏ လွဲမှားပြစ်ချက် လစ်ဟာကွက်ကိုရှာဖွေနေကြကုန်လျက်၊ **ဝိဝရ** = အပေါက်၊ လစ်ဟာကွက်၊ အပြစ် + **ဧသီ** = ရှာဖွေသူ] **အနရိယဂုဏံ** = ယုတ်နိမ့်အောက်ကျသောဂုဏ်နှင့် စပ်သော စကားကို **ဝါ** = အရိယာမဟုတ်သော ပုထုဇဉ်တို့၏ဂုဏ်နှင့်စပ်သော စကားကို၊ [**န အရိယ** = မမြတ်သော၊ ယုတ်နိမ့်သော၊ **ဝါ** = အရိယာမဟုတ်သော ပုထုဇဉ် + **ဂုဏ** = ဂုဏ်၊ **ဝါ** = ဂုဏ်နှင့်စပ်သော စကား] **အာသဇ္ဇ** = သူတပါးဂုဏ်ကို ထိခိုက်ကြကုန်၍၊ **သလ္လပန္တိ** = ပြောဆိုငြင်းခုံနေကြကုန်၏၊ (**တေ** - ထိုသူတို့သည်) **အညောညဿ** = အချင်းချင်း၏၊ **ဒုဗ္ဘာသိတံ** = မကောင်းသဖြင့်ပြောဆိုအပ်သော စကားကိုလည်းကောင်း၊ **ဝိက္ခလိတံ** = အနည်းငယ်မျှ အရွတ်အဖတ် ချွတ်လွဲနေခြင်းကိုလည်းကောင်း၊ **သမ္မမောဟံ** = လွန်စွာတွေဝေနေခြင်းကို လည်းကောင်း၊ **ပရာဇယံ** = ရှုံးခြင်းကိုလည်းကောင်း၊ **အဘိနန္တိ** = နှစ်သက်ကြကုန်၏၊ **အရိယော** = အရိယာသူတော်ကောင်းသည်၊ **တံ ကထံ** = ထိုသို့သောစကားကို၊(ထိုကဲ့သို့ အကုသိုလ်တရား တိုးပွါးစေသော စကားကို) **န အာစရေ** = မပြောဆို။

**ပဏ္ဍိတော** = ပညာရှိသူတော်ကောင်းသည်၊ **ကထာကာမော** = တရားစကားပြောကြားဆွေးနွေးခြင်းကို အလိုရှိသည်၊ **သစေ အဿ** = အကယ်၍ဖြစ်ငြားအံ့၊
## PAGE 453

#### ၂-မဟာဝဂ်

### ၇-ကထာဝတ္ထုသုတ်

**ဧဝံ သတိ**=ဤသို့ဖြစ်လသော်၊ **ကာလံ**=ဆွေးနွေးသင့်ရာ အချိန်အခါကို၊ **အညာယ**=သိ၍၊ **ဓမ္မဋ္ဌပဋိသံယုတ္တာ**=တရား၌တည်၍ တရားနှင့်ယှဉ်စပ်သက်ဆိုင်သော၊ **အရိယစရိတာ**=အရိယာသူတော်ကောင်း တို့သည် ပြောဆိုဆွေးနွေးအပ်သော၊ **ယာ ကထာ**=အကြင်စကားသည် (**အတ္ထိ**=ရှိ၏)။

**တံ ကထံ**=ထိုစကားကို၊ **ဓီရော**=ပညာရှိသည်၊ **အဝိရုဒ္ဓေါ**=ဒေါသ အမျက်ဖြင့်မဆန့်ကျင်ဘဲ၊ **အနုန္နတော**=မာနတရားဖြင့်မမောက်ကြွားဘဲ၊ **အပလာသော**=တန်းတူယှဉ်တူဂုဏ်ပြိုင်မှုမရှိဘဲ၊ **အသာဟသော**= နိုင်ထက်စီးနင်းပြုမှုခြင်းမရှိဘဲ၊ ဝါ=နိုင်ထက်စီးနင်း ပြုတတ်သော ရာဂ ဒေါသ, မောဟမရှိဘဲ၊ **အနုန္နတေန** (န+ဥန္နတေန)=မမောက်မကြွား မထောင်လွှားသော၊ **မနသာ**= စိတ်ဖြင့်၊ **ကထယေ**=ပြောဆိုဆွေးနွေးရာ၏။

**အနုသူယျမာနော**= ငြူစူမှုမပြုတတ်သော၊ **သော**=ထိုပညာရှိ သူတော်ကောင်းသည်၊ **သမ္မာ**=ကောင်းစွာ၊ ဝါ=နည်းမှန်လမ်းမှန်အားဖြင့်၊ **အညာယ**=သိ၍၊ **ဘာသတိ**=ပြောဆို ဆွေးနွေး၏။

**သုဘာသိတံ**=ကောင်းစွာ ပြောဆိုအပ်သောစကားကို၊ **အနုမောဒေယျ**=ဝမ်းမြောက်ရာ၏၊ ဝါ=ဝမ်းမြောက်သင့်၏။

**ဒုဗ္ဘာသိတံ**=မကောင်းသဖြင့် ပြောဆိုမိအပ်လသော်၊ ဝါ=လွဲမှားစွာ ပြောဆိုမိလျှင်၊ **ဒုဗ္ဘာသိတန္တိ ဒုက္ကဋ္ဌံ၊ တသ္မိံ ဒုဗ္ဘာသိတေ န အပသာဒယေ**= မကြိမ်းမောင်း မငေါက်ငမ်းရာ၊ ဝါ=မကြိမ်းမောင်း မငေါက်ငမ်းသင့်။

**ဥပါရမ္ဘံ**=သူ့ထက်ထူးချွန် သာလွန်အောင် ပြုတတ်သော မာနတရားကို၊ [**သာရမ္ဘ**နှင့် အတူတူဖွင့်၏] **န သိက္ခေယျ**=မကျင့်သုံးရာ။

**ခလိတဉ္စ**=အနည်းငယ်မျှ၊ နှုတ်ချွတ်ချော်မှုကိုလည်း၊ **န ဂါဟယေ**=(ကြီးမားသောပြစ်ချက်အနေထား၍) မဖမ်းချုပ်မဆုပ်ကိုင်ရာ၊ **န အဘိဟရေ**= ထိုထိုကျမ်းဂန်ပါဠိဖြင့် မလွှမ်းဖိရာ၊ **န အဘိမဒ္ဒေ**=အကြောင်းယုတ္တိ, ဖြည့်စွက်ထည့်လျက် မချေဖျက်ရာ။

**ပယုတ္တံ**=အမှန်လည်းပါ, အမှားလည်းဖက် ရောယှက်ယှဉ်တွဲနေသော၊ **ဝါစံ**= စကားကို၊ **န ဘဏေ**=မပြောဆိုရာ။

**ဝေ**=စင်စစ်အားဖြင့်၊ **အညာတတ္ထံ**=သိခြင်းငှာလည်းကောင်း၊ **ပသာဒတ္ထံ**= ကြည်လင်ရွှင်ပျစေခြင်းငှာလည်းကောင်း၊ **သတံ**=သူတော်ကောင်းတို့၏၊ **မန္တနာ**= တရားစကားပြောကြား ဆွေးနွေးခြင်းသည်၊ **ဟောတိ**=ဖြစ်၏။

**ဧဝံ ခေါ**=ဤနှစ်မျိုးသော အကျိုးအတွက်သာလျှင်၊ **အရိယာ**=အရိယာသူတော်ကောင်းတို့သည်၊ **မန္တေန္တိ**=ပြောဆိုဆွေးနွေးကြကုန်၏။

**ဧသာ**=ဤသို့ဆွေးနွေးခြင်းသည်၊ **အရိယာနံ**=အရိယာသူတော်ကောင်းတို့၏၊ **မန္တနာ**=ဆွေးနွေးခြင်းပေတည်း။

**မေဓာဝီ**=ပညာရှိသည်၊ **ဧတံ**=ဤအကြောင်းကို (ဤသို့သူတော်ကောင်းတို့ တရားစကားဆွေးနွေးပုံအကြောင်းကို) **အညာယ**=သိ၍၊ **န သမုန္နယေ**= မာနတရားဖြင့်

