## PAGE 454

မထောင်လွှားရာ (**အနုန္နတောဝ**=မာနတရားဖြင့် မထောင်လွှား ဘဲသာလျှင်) **မန္တယေ**=ပြောဆိုဆွေးနွေးရာ၏၊ ဝါ=ပြောဆိုဆွေးနွေးသင့်၏၊ ဝါ=ပြောဆိုဆွေးနွေးပါလေ၊ **ဣတိ** (အဝေါစ) **သတ္တမံ**။

### ၈-အညတိတ္ထိယသုတ်

**၆၉။ ဘိက္ခဝေ**=ရဟန်းတို့၊ **အညတိတ္ထိယာ**=ဗုđသာသနာပ အယူဝါဒရှိကြကုန်သော၊ (မြတ်စွာဘုရားအဆုံးအမအယူဝါဒမှ တပါးသောအယူဝါဒရှိကုန်သော) **ပရိဗ္ဗာဇကာ**=ပရိဗိုဇ်တို့သည်၊ **ဧဝံ**=ဤသို့၊ **သစေ ပုစ္ဆေယျု**=အကယ်၍မေးမြန်းကြကုန်ရာငြားအံ့။

(**ကိန္တိ**=အဘယ်သို့၊ **ပုစ္ဆေယျု**= မေးမြန်းကြကုန်ရာသနည်းဟူမူ) **အာဝုသော**=ငါ့ရှင်တို့၊ **ဓမ္မာ**=တရားသဘော တို့သည်၊ **ဣမေ တယော**=ဤသုံးမျိုးတို့တည်း။

**တယော**=သုံးမျိုးတို့ဟူသည်၊ **ကတမေ**=အဘယ်တို့နည်းဟူမူ၊ **ရာဂေါ**=ရာဂလည်းကောင်း၊ **ဒေါသော**=ဒေါသလည်းကောင်း၊ **မောဟော**=မောဟလည်းကောင်းတည်း။

**အာဝုသော**=ငါ့ရှင်တို့၊ **ဓမ္မာ**=တရားသဘောတို့သည်၊ **ဣမေ တယော**=တည်း။

**အာဝုသော**=ငါ့ရှင်တို့၊ **တီဏိ**=သုံးမျိုးကုန်သော၊ **ဣမေသံ ဓမ္မာနံ**=ဤတရားတို့၏၊ **ဝိသေသော**=ထူးခြားချက်ကား၊ **ကော**=အဘယ်နည်း။

**အဓိပ္ပါယော**=လွန်ကဲစွာအားထုတ်ကြောင်းအပြုအမူသည်၊ **ကော**=နည်း၊ [အဓိကံ ပယသတိ ပယုဇ္ဇတိ ဧတေနာတိ အဓိပ္ပယာသော။ အဓိ+ပ+ယသု+ဏ] **နာနာကရဏံ**=တသီးတခြားကွဲပြားအောင်ပြုကြောင်းဖြစ်သော ထူးခြားချက်သည်၊ **ကိ**=အဘယ်ပါနည်း၊ **ဣတိ**=ဤသို့၊ (**သစေ ပုစ္ဆေယျု**=ငြားအံ့)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံ**=ဤသို့၊ **ပုဋ္ဌာ**=မေးမြန်းခံကြရကုန်သော၊ **တုမှေ**=သင်တို့သည်၊ **အညတိတ္ထိယာနံ**=ကုန်သော၊ **တေသံ ပရိဗ္ဗာဇကာနံ**=ထိုပရိဗိုဇ်တို့အား၊ **ကိန္တိ**=အဘယ်သို့၊ **ဗျာကရေယျာထ**=ဖြေဆိုကြကုန်မည်နည်း၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မေးတော်မူပြီ)။

**ဘန္တေ**=မြတ်စွာဘုရား၊ **နော**=တပည့်တော်တို့၏၊ **ဓမ္မာ**=တရားတို့သည်၊ **ဘဂဝံမူလကာ**=မြတ်စွာဘုရားတည်းဟူသော ပင်ရင်းမူလပုဂ္ဂိုလ်ရှိပါကုန်၏။

**ဘဂဝံနေတ္တိကာ**=မြတ်စွာဘုရားတည်းဟူသော ထုတ်ဆောင်ညွှန်ပြတတ်သောပုဂ္ဂိုလ်ရှိပါကုန်၏၊ **ဘဂဝံပဋိသရဏာ**=မြတ်စွာဘုရားတည်းဟူသော။

၁။ **ဘဂဝံပဋိသရဏာ**။ ။ပဋိသရန္တိ ဩသရန္တိ သမောသရန္တိ ဧတ္ထာတိ **ပဋိသရဏံ**=ပေါင်းဆုံစုဝေးရာပုဂ္ဂိုလ်၊ **ဘဂဝါ ပဋိသရဏံ ဧတေသန္တိ ဘဂဝံပဋိသရဏာ** = မြတ်စွာဘုရားတည်းဟူသော ပေါင်းဆုံစုဝေးရာပုဂ္ဂိုလ်ရှိသော တရားတော်များ။ ဆိုလိုသည်မှာ-ကုသိုလ်, အကုသိုလ်

## PAGE 455

ပေါင်းဆုံစုဝေးရာပုဂ္ဂိုလ်ရှိပါကုန်၏၊ **ဘန္တေ**=မြတ်စွာဘုရား၊ **ဝတ**=အမှန်စင်စစ်၊ ဝါ=ကြံစည်တွေးခေါ် အရှည်မျှော်၍၊ **သာဓု**=တောင်းပန်ပါကုန်၏။

**ဘာသိတဿ**=ဟောတော်မူအပ်သော၊ **ဧတဿ**=ဤတရား၏၊ **အတ္ထော**= အနက်အဓိပ္ပါယ်သည်၊ **ဘဂဝန္တံယေဝ**=မြတ်စွာဘုရား၏သာလျှင်၊ **ပဋိဘာတု**=အဖို့တွက်တာဖြစ်ပါစေလော။

**ဘဂဝတော**=မြတ်စွာဘုရား၏၊ (**သမ္မုခါ**=မျက်မှောက်တော်၌) **သုတွာ**=ကြားနာကြရကုန်၍၊ **ဘိက္ခု**= ရဟန်းတို့သည်၊ **ဓာရေဿန္တိ**=နှုတ်တက်ဆောင်ထားမှတ်သားကြပါကုန်လတ္တံ့၊ **ဣတိ**=ဤသို့။ (**အဝေါစုံ**= လျှောက်ကြကုန်ပြီ)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **တေနဟိ**= ထိုသို့ အသင်တို့ တောင်းပန်ကြခြင်းကြောင့်၊ (**တုမှေ**=သင်တို့သည်၊ **ဣမံ ဓမ္မံ**= ဤတရားကို) **သာဓုကံ**=ကောင်းစွာ၊

= (ဖဿ, ဝေဒနာ) အစရှိသော စတုဘူမကတရားတို့သည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်၌ ပေါင်းဆုံစုဝေး ထင်ပေါ်လာကြကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုစတုဘူမကတရားတို့၏ ပေါင်းဆုံစုဝေးရာပုဂ္ဂိုလ် (ဗဟိုဌာန) ဖြစ်တော်မူ၏ဟု ဆိုလိုသည်။

(တနည်း) **ပဋိသရတိ သဘာဝပဋိဝေဓဝသေန ပစ္စေကံ ဥပေစ္စတီတိ**=**ပဋိသရဏံ**=သဘောမှန်ကို ထိုးထွင်းသိသောအားဖြင့် သဘောတရားတို့သို့ အသီးအသီး ချဉ်းကပ်တတ်သောပုဂ္ဂိုလ်။

(တနည်း) **ပဋိသရတိ ပဋိဝိဇ္ဈတီတိ**=**ပဋိသရဏံ**=သဘောတရားတို့ကို ထိုးထွင်းသိသောပုဂ္ဂိုလ်။ ဤသို့လည်း အဋ္ဌကထာအဖွင့်ကိုရှု၍ ဋီကာဝိဂြိုဟ်ပြုသေး၏။

ထိုအဋ္ဌကထာ အဖွင့်အတိုင်း “**ဘဂဝံပဋိသရဏာ**=သဘောမှန်ကို ထိုးထွင်းသိသောအားဖြင့် မြတ်စွာဘုရားတည်းဟူသော, အသီးအသီး ချဉ်းကပ်တတ်သော ပုဂ္ဂိုလ် ရှိပါကုန်၏၊ ဝါ-မြတ်စွာဘုရားတည်းဟူသော ထိုးထွင်းသိတတ်သောပုဂ္ဂိုလ်ရှိပါကုန်၏” ဟုလည်း ဝိဂြိုဟ်နက် ဆိုနိုင်သေး၏။

**ဘဂဝံမူလကာ**စသော ပုဒ်တို့၏ သဒ္ဒါကျမ်းဆရာတို့ ရုပ်စီရင်ပုံကို ဤသုတ်နိဿယ-ပထမအကြိမ်ရိုက်နှိပ်စဉ်က မရေးခဲ့မိသောကြောင့် စတုတ္ထတွဲ အဋ္ဌကနိပါတ်နိဿယ စာပိုဒ် (၆) ဒုတိယလောကဓမ္မသုတ်ရောက်မှ ရေးထားသည်။

၁။ **ပဋိဘာတုပုဒ်အဖွင့်လေးမျိုး**။ ။**ပဋိဘာတူတိ စ ဘာဂေါ ဟောတု** (ဋီကာ)။

တနည်း-**ဘဂဝန္တံယေဝ**=၏သာလျှင်၊ **ပဋိဘာတု**=ဉာဏ်အားရှေ့ရှုထင်လာပါစေလော၊ [**ဥပဋ္ဌာတူတိ ဉာဏဿ ပစ္စုပဋ္ဌတု**] ဝါ=ဉာဏ်ဖြင့်ထင်မြင်ပါစေလော၊ [**ဉာဏေန ဒိဿတု**]။

တနည်း-**ဘာသိတဿ**=ဟောတော်မူအပ်သော၊ **ဧတဿ**=ဤတရား၏၊ **အတ္ถော**=ကို၊ **ဘဂဝန္တံ ယေဝ**=၏သာလျှင်၊ **ပဋိဘာတု**=ဉာဏ်တော်သည် ဟောပြတော်မူအပ်ပါလော [**ဒေသီယတူတိ ဝါ အတ္ထော**]။ ဤနောက်ဆုံးနည်း၌ **ပဋိဘာတု**ပုဒ်ကို ကမ္မရုပ်ကြံရလိမ့်မည်။
## PAGE 456

၄၅၆ ။

**သုဏာထ**=နာယူကြကုန်လော၊ **မနသိ**=စိတ်နှလုံး၌၊ **ကရောထ**= သွင်းပိုက်ထားကြကုန်လော၊ **ဘာသိဿာမိ**= ငါဟောတော်မူအံ့၊ **ဣတိ**=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) **ဧဝံ ဘန္တေ**=ကောင်းပါပြီ အရှင်ဘုရား၊ **ဣတိခေါ**=ဤသို့လျှင်၊ [ဒုကစာပိုဒ် ၁၇-သုတ်ကြည့် ။ပ။ **ပရိဗ္ဗာဇကာနံ**=တို့အား၊ **ဧဝံ**=ဤသို့၊ **ဗျာကရေယျာထ**= ဖြေဆိုကြကုန်လော၊ (ကိန္တ=အဘယ်သို့၊ **ဗျာကရေယျာထ**= ဖြေဆိုကြရကုန်မည်နည်းဟူမူ) **အာဝုသော**=ငါ့ရှင်တို့၊ **ရာဂေါ**=ရာဂသည်၊ ဝါ=တပ်မက်ခြင်း သဘောဖြစ်သော တဏှာ လောဘသည်၊ **အပ္ပသာဝဇ္ဇာ**= နည်းသောအပြစ်ရှိ၏၊ (လောကကဲ့ရဲ့ဖွယ်အပြစ်နှင့် အပါယ်ဘုံ၌ဖြစ်သော အကျိုးဝิပါက်အပြစ်အားဖြင့် နည်းသောအပြစ်ရှိ၏) **ဒန္ဓဝိရာဂီ**=နှေးကွေးသော ချုပ်ပျောက်ပျက်ပြယ်ခြင်း သဘောရှိ၏၊ **ဒေါသော**= ဒေါသသည်၊ **မဟာသာဝဇ္ဇာ**=ကြီးမားသောအပြစ်ရှိ၏၊ **ခိပ္ပဝိရာဂီ**=လျင်မြန်သော ချုပ်ပျောက် ပျက်ပြယ်ခြင်းသဘောရှိ၏ ။ **မောဟော**= မောဟသည်။ ။ပ။

**ဒန္ဓဝိရာဂီ**=၏၊ **ဣတိ**=ဤသို့၊ (**ဗျာကရေယျာထ**=လော) သော **အာဝုသော**=တို့၊ **ယေန**=အကြင်အကြောင်းကြောင့်၊ **အနုပ္ပန္နော**=မဖြစ်သေးသော၊ [ဧကကနိပါတ်စာပိုဒ် ၁၁-သုတ်၌လည်းကြည့်] **ရာဂေါ ဝါ**=ရာဂသည်လည်း၊ **ဥပ္ပဇ္ဇတိ**=ဖြစ်လာ၏၊ **ဥပ္ပန္နော**=ဖြစ်ပြီးသော၊ **ရာဂေါဝါ**=ရာဂသည်လည်း၊ **ဘိယျောဘာဝါယ**=ထပ်ကာထပ်ကာတိုး၍ဖြစ်ခြင်းငှာ၊ **ဝေပုလ္လာယ**=ပြန့်ပွားများပြားသည် အဖြစ်ငှာ၊ **သံဝတ္တတိ**=ဖြစ်၏၊ **ဟေတု**=ထိုအကြောင်းသည် ။ (ထိုမဖြစ်သေးသောရာဂ၏ ဖြစ်လာခြင်း, ဖြစ်ပြီးသောရာဂ၏ တိုးတက်များပြားဖြစ်ပွား လာခြင်း၏အကြောင်းသည်) **ကော ပန**=အဘယ်ပါနည်း၊ **သော ပစ္စယော**= ထိုအကြောင်းသည်၊ (ထိုမဖြစ်---ဖြစ်ပွားလာခြင်း၏ အကြောင်းသည်) **ကော**=အဘယ်ပါနည်း။ **ဣတိ**=ဤသို့။ (သစေ ပုစ္ဆေယျုံ= အကယ်၍ ပရိဗိုဇ်တို့က မေးမြန်းကြကုန်ရာငြားအံ့။ ဧဝံ ပုဋ္ဌေဟိ= ဤသို့ မေးမြန်းခံကြရကုန်သော၊ တုမှေဟိ=သင်တို့သည်။ **သော ဟေတု**= ထိုအကြောင်းသည်) **သုဘနိမိတ္တံ**=သုဘနိမိတ်ပါတည်း။ ဝါ=တင့်တယ်လှပ၏ ဟု ယူဆအပ်သော ရူပါရုံစသော အာရုံအကြောင်းတရား ပါတည်း။ **ဣတိ**=ဤသို့။ **ဝစနီယံ**=ဖြေဆိုအပ်သည်။ ဝါ=ဖြေဆိုရမည်။

**အဿ**=ဖြစ်၏။ **သုဘနိမိတ္တံ**=သုဘနိမိတ်ကို၊ ဝါ=ကို။ **အယောနိသော**=ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်။ **မနသိ ကရောတော**=စိတ်နှလုံး၌သွင်း ပိုက်ထားသော။ ဝါ=စိတ်နှလုံး၌ ထင်ပေါ် လာစေသော၊ **တဿ**=ထိုပုဂ္ဂိုလ်မှာ။ **အနုပ္ပန္နော**။ပ။ **သံဝတ္တတိ**=၏၊ **အာဝုသော**=တို့၊ **ယေန**=အကြင်အကြောင်းကြောင့်၊ **အနုပ္ပန္နော**=သော၊ **ရာဂေါ ဝါ**=ရာဂသည်လည်း၊ **ဥပ္ပဇ္ဇတိ**=၏။ပ။ **သံဝတ္တတိ**=၏၊ **သော ဟေတု**=ထိုအကြောင်းသည်။

