## PAGE 457

(ထိုမဖြစ်....... အကြောင်းသည်) **အယံ**= ဤသုဘနိမိတ်ပါတည်း။ **သော ပစ္စယော**=ထိုအကြောင်းသည်။ **အယံ**= ဤသုဘနိမိတ်ပါတည်း။ **ဣတိ**=ဤသို့။ (**ဗျာကရေယျာထ**=ဖြေဆိုကြကုန်လော) ။ပ။ **ဝေပုလ္လာယ**=ငှာ၊ **သံဝတ္တတိ**=၏။ **သော ဟေတု**=ထိုအကြောင်းသည်။ (ထိုမဖြစ်သေးသော ဒေါသဖြစ်လာခြင်း, ဖြစ်ပြီးသော ဒေါသ၏ တိုးတက် များပြား ဖြစ်ပွားလာခြင်း၏ အကြောင်းသည်) **ကော ပန**=နည်း၊ **သော ပစ္စယော**=ထိုအကြောင်းသည်၊ **ကော**=နည်း။ **ဣတိ**=သို့ (သစေ ပုစ္ဆေယျ=အကယ်၍ ပရိဗိုဇ်တို့က မေးမြန်းကြကုန်ရာငြားအံ့၊ ဧဝံ ပုဋ္ဌေဟိ=ဤသို့ မေးမြန်းခံကြရကုန်သော။ တုမှေဟိ=သင်တို့သည်။ **သော ဟေတု**=ထိုအကြောင်းသည်) **ပဋိဃနိမိတ္တံ**=ပဋိဃနိမိတ်ပါတည်း။ ဝါ=ဒေါသ၏အကြောင်းဖြစ်သော အနိဋ္ဌာရုံပါတည်း။ **ဣတိ**=သို့၊ **ဝစနီယံ**=သည်။ **အဿ**=ဖြစ်၏၊ **ပဋိဃနိမိတ္တံ**=ကို။ **အယောနိသော**=ဖြင့်၊ **မနသိ ကရောတော**=သော။ **တဿ**=ထိုပုဂ္ဂိုလ်မှာ။ပ။ **ဝေပုလ္လာယ**=ငှာ၊ **သံဝတ္တတိ**=၏၊ **အာဝုသော**=တို့၊ **ယေန**=ကြောင့်၊ **အနုပ္ပန္နော** ။ပ။ **သံဝတ္တတိ**=၏၊ **သော ဟေတု**=သည်၊ **အယံ**=ဤပဋိဃနိမိတ်ပါတည်း၊ **သော ပစ္စယော**=သည်၊ **အယံ**=ဤပဋိဃနိမိတ်ပါတည်း။ **ဣတိ**=ဤသို့၊ (**ဗျာကရေယျာထ**=ဖြေဆိုကြကုန်လော)။ပ။ **ဝေပုလ္လာယ**=ငှာ၊ **သံဝတ္တတိ**=၏၊ **သော ဟေတု**=သည်။ **ကော ပန**=နည်း၊ **သော ပစ္စယော**=သည်၊ **ကော**=နည်း၊ **ဣတိ**= ဤသို့၊ (သစေ ပုစ္ဆေယျံ=အံ့၊ **သော ဟေတု**=သည်) **အယောနိသော**=အားဖြင့်၊ **မနသိကာရော**=နှလုံးသွင်းခြင်းပါတည်း (ဥပါဒါနက္ခန္ဓာတို့၌ နိစ္စ, သုခ, အတ္တ, သုဘဟု နှလုံးသွင်းခြင်းပါတည်း) **ဣတိ**=ဤသို့ ၊ **ဝစနီယံ**= သည်၊ **အဿ**=၏၊ **အယောနိသော**=ဖြင့်၊ **မနသိ ကရောတော**=သော၊ **တဿ**= ထိုပုဂ္ဂိုလ်မှာ။ပ။ **သော ဟေတု**=သည်၊ **အယံ**=ဤအယောနိသောမနသိကာရပါတည်း။ပ။

**ယေန**=အကြင်အကြောင်းကြောင့်၊ **အနုပ္ပန္နော**=သော၊ **ရာဂေါ စေဝ**=ရာဂသည်လည်း၊ **နုပ္ပဇ္ဇတိ**=မဖြစ်၊ **ဥပ္ပန္နော**=သော၊ **ရာဂေါ စ**= ရာဂကိုလည်း၊ **ပဟီယတိ**=ပယ်ရှားအပ်၏။ **သော ဟေတု**=ထိုအကြောင်းသည်၊ (ထိုမဖြစ်သေးသောရာဂ၏ မဖြစ်ခြင်း ဖြစ်ပြီးသောရာဂကိုလည်း ပယ်ရှားခြင်း၏ အကြောင်းသည်) **ကော ပန**=နည်း။ပ။ **အသုဘနိမိတ္တံ**=အသုဘနိမိတ်ပါတည်း၊ ဝါ=အသုဘဈာန်၏ အကြောင်းဖြစ်သော ဥဒ္ဓုမာတကစသော အာရုံပါတည်း၊ **ဣတိ**=သို့၊ **ဝစနီယံ**=သည်၊ **အဿ**=၏။ ။ပ။ **ယောနိသော**=ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းအားဖြင့်။ပ။ (**သော ဟေတု**=ထိုအကြောင်းသည်) **စေတောဝိမုတ္တိ**=ဆန့်ကျင်ဘက် နီဝရဏတို့မှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊ **မေတ္တာ**=မေတ္တာဈာန်ပါတည်း၊ **ဣတိ**=သို့၊ **ဝစနီယံ**=သည်၊ **အဿ**=ဖြစ်၏။

## PAGE 458

၄၅၈ ။

**စေတောဝိမုတ္တိ**=သော၊ **မေတ္တံ**=မေတ္တာဈာန်ကို၊ **ယောနိသော**=ကုသိုလ်ဖြစ်ခြင်း၏အကြောင်းအားဖြင့်။ **မနသိ**=စိတ်နှလုံး၌၊ **ကရောတော**=သွင်းပိုက်ထားသော၊ ဝါ=ဖြစ်ပေါ်လာစေသော၊ **တဿ**=ထိုပုဂ္ဂိုလ်မှာ ။ပ။ **အာဝုသော**=တို့၊ **ယေန**=အကြင်အကြောင်းကြောင့်၊ **အနုပ္ပန္နော**=သော၊ **ဒေါသော စေဝ**=ဒေါသသည်လည်း၊ **နုပ္ပဇ္ဇတိ**=မဖြစ်၊ **ဒေါသော စ**=လည်း၊ **ပဟီယတိ**= ၏၊ **သော ဟေတု**=သည်၊ **အယံ**=ဤမေတ္တာစေတောဝိမုတ္တိပါတည်း၊ **သော ပစ္စယော**=သည် **အယံ**=ဤမေတ္တာ စေတောဝိမုတ္တိပါတည်း၊ **ဣတိ**= သို့၊ (**ဗျာကရေယျာထ**) [ဧကကနိပါတ် နိဝရဏပ္ပဟာနဝဂ်ပြန်ကြည့်ပါ]

#### ၉ - အကုသလမူလသုတ်

**၇၀။** **ဘိက္ခဝေ**=ရဟန်းတို့၊ **အကုသလမူလာနိ**=အကုသိုလ်၏ အကြောင်းရင်းတို့ သည်၊ ဝါ=အကုသိုလ်ဟူသော အကြောင်းရင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ၊ **ကတမာနိ**=အဘယ်တို့နည်းဟူမူ၊ **လောဘော**= လောဘဟူသော၊ **အကုသလမူလံ**=အကုသိုလ်တို့၏ အကြောင်းရင်းလည်းကောင်း၊ ဝါ=အကုသိုလ်ဟူသော အကြောင်းရင်းလည်းကောင်း၊ **ဒေါသော**=ဒေါသဟူသော၊ **အကုသလမူလံ**=လည်းကောင်း၊ **မောဟော**=မောဟဟူသော၊ **အကုသလမူလံ**=လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့။

**ယဒပိ** (**ယော အပိ**) **လောဘော**=အကြင်လောဘသည်လည်း။ (**အတ္ထိ**=ရှိ၏) **တဒပိ** (**တံ အပိ**)=ထိုလောဘသည်လည်း [ဤ၌ “**တဒပိ** (**သော အပိ လောဘော**)=ထိုလောဘသည်လည်း”ဟု ပုလ္လိင်ပြောင်း၍လည်းဆိုနိုင်၏] **အကုသလမူလံ**=အကုသိုလ်တို့၏ အကြောင်းရင်းမည်၏။ ဝါ=အကုသိုလ်ဟူသော အကြောင်းရင်းမည်၏၊ **လုဒ္ဓေါ**=တပ်မက်လျက်၊ ဝါ လောဘကြီး၍၊ **ကာယေန**=ကိုယ်ဖြင့်လည်းကောင်း၊ ဝါ=ကာယဝိညတ်ဟူသော ကာယဒွါရဖြင့်လည်းကောင်း၊ **ဝါစာယ**=နှုတ်ဖြင့်လည်းကောင်း၊ ဝါ=ဝစီဝိညတ်ဟူသော ဝစီဒွါရဖြင့်လည်းကောင်း၊ **မနသာ**=စိတ်ဖြင့်လည်းကောင်း၊ ဝါ=မနောဒွါရဖြင့်လည်းကောင်း၊ (**ကမ္မံ**=အကုသိုလ်အမှုလုပ်ငန်းကို) **ယဒပိ** (**ယံ အပိ**) **အဘိသင်္ခရောတိ**=အကြင်ပေါင်းစုပြုလုပ် အားထုတ်အံ့။ **တဒပိ** (**တံ အပိ**)=ထိုပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း (ထိုလောဘကြီး၍ ကိုယ်နှုတ်စိတ်ဖြင့် အကုသိုလ်အမှုလုပ်ငန်းကို ပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း) **အကုသလံ**=အကုသိုလ်မည်၏။

**လုဒ္ဓေါ**=လျက်။ ဝါ=၍။ **လောဘေန**=လောဘသည်။ **အဘိဘူတော**=လွှမ်းမိုးအပ်သည်၊ **ပရိယာဒိန္နစိတ္တော**=ထက်ဝန်းကျင်မှ သိမ်းယူအပ်သော ကုသိုလ်စိတ်ရှိသည်။ ဝါ=ကုန်ခန်းစေအပ်သော ကုသိုလ်စိတ်ရှိသည်၊ (**ဟုတွာ**= ဖြစ်၍)
## PAGE 459

**ပရဿ**=သူတစ်ပါးကို။ **အသတာ**=အစစ်အမှန် မဟုတ်သော အကြောင်းအရာဖြင့်။ **ဒေါသံ**=အပြစ်ကို။ **ဝတွာ**=ပြောဆို၍) ဝါ=သတ်ဖြတ်ညှင်းဆဲခြင်းအားဖြင့်သော်လည်းကောင်း။ **ဗန္ဓနေန ဝါ**=ချုပ်နှောင်ခြင်းအားဖြင့်သော်လည်းကောင်း၊ **ဇာနိယာ ဝါ**=ပစ္စည်းဥစ္စာ ဆုံးရှုံးစေခြင်းအားဖြင့်သော်လည်းကောင်း၊ **ဂရဟာယ ဝါ**=ကဲ့ရဲ့ရှုတ်ချခြင်းအားဖြင့် သော်လည်းကောင်း။ **ပဗ္ဗာဇနာယ ဝါ**=မြို့ရွာနိုင်ငံမှ နှင်ထုတ်ခြင်းအားဖြင့်သော်လည်းကောင်း။ **ဒုက္ခံ**=ဆင်းရဲကို၊ **ယဒပိ ဥပ္ပါဒယတိ**= အကြင်ဖြစ်စေအံ့။

(အဟံ=ငါသည်) **ဗလဝါ**=အင်အားကြီးမားသူသည်။ **ဗလက္ကော**=အင်အား၌ရပ်တည်သူသည်။ **အမှိ**=ဖြစ်၏။ **ဣတိပိ**=ဤသို့လည်း။ **ယဒပိ (ဝဒတိ)**=အကြင် အင်အားကြီးမားကြောင်း ပြောဆိုအံ့။ [**ဗလေ ထာတိ တိဋ္ဌတီတိ ဗလတ္ထော**၊ တနည်း (အဟံ=ငါသည်) **ဗလဝါ**=သည်၊ **အမှိ**=၏၊ (မေ=ငါ့မှာ) **ဗလတ္ထော**=ခွန်အားဖြင့်အလိုဆန္ဒသည်။ ဝါ=ခွန်အားဖြင့်ပြုဖွယ်ကိစ္စသည်၊ **အတ္ထိ**=ရှိ၏၊ **ဣတိပိ**=လည်း၊ **ယဒပိ ဝဒတိ**=အံ့။ **ဗလေန အတ္ထော ဗလက္ကော**] **တဒပိ**=ထိုသူတစ်ပါးကို ဒုက္ခဖြစ်စေခြင်း, အင်အားကြီးမားကြောင်း ပြောဆိုခြင်းသည်လည်း။ **အကုသလံ**=အကုသိုလ်မည်၏၊

[**ဣတိဿမေ**=ဣတိ+အ+ဣမေ] **ဣတိ**=ဤသို့လျှင်၊ **အဿ**=ထိုပုဂ္ဂိုလ်၏၊ (သန္တာနေ=ခန္ဓာအစဉ်၌) **လောဘဇာ**=လောဘကြောင့်ဖြစ်ကုန်သော၊ **လောဘနိဒါနာ**=လောဘဟူသော အကြောင်းရင်းရှိကုန်သော၊ **လောဘသမုဒယာ**=လောဘဟူသော ဖြစ်ကြောင်းရှိကုန်သော၊ **လောဘပစ္စယာ**=လောဘဟူသော အကြောင်းရှိကုန်သော၊ **အနေကေ**=တစ်ပါးမကများပြားလှကုန်သော၊ **ပါပကာ**=ယုတ်မာကုန်သော၊ **အကုသလာ**=အကုသိုလ်ဖြစ်ကုန်သော။

**ဣမေ ဓမ္မာ**=ဤတရားတို့သည်၊ **သမ္ဘဝန္တိ**=ဖြစ်ကုန်၏။ **ပဒုဋ္ဌော**=ဒေါသသည်ဖျက်ဆီးအပ်လျက်၊ ဝါ=ဒေါသထွက်၍၊ **ကာယေန**=လည်းကောင်း။ ပ။ **မနသာ**=လည်းကောင်း၊ (ကမ္မ=ကို) **ယဒပိ (ယံပိ)** **အဘိသင်္ခရောတိ**=အံ့။ ပ။ **ဒုဋ္ဌော**=လျက်၊ ဝါ=၍၊ **ဒေါသေန**=သည်၊ **အဘိဘူတော**။ ပ။ **မူဋ္ဌော**=တွေဝေလျက်၊ ဝါ=ပညာမရှိမသိ၍။ ပ။ **ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**=ဤသို့သဘောရှိသော၊ **အယံ ပုဂ္ဂလော**=ဤပုဂ္ဂိုလ်ကို၊ **အကာလဝါဒီတိပိ**=ပြောဆိုသင့်ရာအခါ၌ မပြောဆိုတတ်သောသူဟူ၍လည်းကောင်း၊ ဝါ=မပြောဆိုသင့်ရာအခါ၌ ပြောဆိုသောသူဟူ၍လည်းကောင်း၊ **အဘူတဝါဒီတိပိ**=တကယ်အစစ် အဖြစ်မှန်ကို မပြောဆိုတတ်သောသူဟူ၍လည်းကောင်း၊ ဝါ=မမှန်ကန်သော ဖြစ်ရပ်ကိုပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ **အနတ္တဝါဒီတိပိ**=အကြောင်းကိုမပြောဆိုတတ်သောသူဟူ၍လည်းကောင်း၊ ဝါ=အကြောင်းကင်းဘိ အကျိုးမရှိသော စကားကိုပြောဆိုတတ်သောသူဟူ၍လည်းကောင်း၊ **အဓမ္မဝါဒီတိပိ**=အမှန်သဘောကို မပြောဆို

